(မှတ်ချက်။ ။ကျနော် အခန်းဆက် ရေးသားနေတဲ့ “ဘလော့ဒေးအတွက်
အမှတ်တရများ” ပို့စ်ထဲမှာ အမည်နာမ ထည့်ရေးထားတဲ့ ဘလော့ဂါ ညီအကို
မောင်နှမတွေ၊ ထည့်မရေးဖြစ်တဲ့ ဘလော့ဂါ မိတ်ဆွေ ရောင်းရင်းတွေကို
လာမယ့် ဘလော့ဒေး (သြဂုတ်လ ၃၁- ရက်) မှာ ဘလော့နဲ့ ပက်သက်
ပြီး မိမိတို့ အယူအဆ၊ ခံစားချက်များ ရှိရင် ရေးပေးကြပါလို့ ခင်မင်
လေးစားစွာ တက်ဂ်(tag) ချင်ပါတယ်။ တချို့လည်း ကျနော် မတက်ဂ်ခင်
ကတည်းက ကိုယ်ပိုင် စိတ်ကူးနဲ့ ဘလော့ဒေး အမှတ်တရ ရေးနေသူများ
ရှိပါတယ်၊ ဥပမာ … မပန်(ပန်ဒိုရာ) ဆိုလျှင် ဘလော့ဒေး ရောက်တိုင်း လူသိ
နည်းနေတဲ့ ဘလော့ဂါအသစ်တွေနဲ့ မိတ်ဆက်ပေးနေကြပါ။
ကိုအောင်သာငယ်၊ ကိုချစ်ဖေ၊ ကိုလူသစ်၊ ကိုသစ်နက်ဆူး၊ ကိုဒူကဘာ၊
ကိုဧရာ၊ လင်းဒီပ၊ ကိုပီတီ၊ ကိုအိုးဝေအောင်၊ ကိုရန်နိုင်၊ ကိုဒီမိုဝေယံ၊
young gun၊ ကိုငြိမ်းချမ်းအောင်၊ မောင်ဖုန်းမြင့်၊ ကိုအဖြူလေး၊ ကိုသင့်ကာ၊
ကိုလင်းဦး (စိတ်ပညာ)၊ (ကို)ငွေလမင်း၊ မောင်လေးတို့ အပါအ၀င်
အမျိုးသား ဘလော့ဂါများ …..
ပန်ဒိုရာ၊ မခင်ဦးမေ၊ မချစ်ကြည်အေး၊ မကိကိ၊ မအိမ့်ချမ်းမြေ့၊မယ်ကိုး၊ မသီတာ၊
မငယ်နိုင်၊ မမေဓါဝီ၊ မရွှေပြည်သူ၊ မကောင်းမွန်ဝင်း၊ အန်တီတင့်၊ ဆောင်း၊ မေသိမ့်သိမ့်ကျော်၊ သဒ္ဓါလှိုင်း၊ မသိင်္ဂါကျော်၊ နှင်းနဲ့မာယာ၊ မဖြိုးဖြိုးလှိုင်၊
မငွေလမင်း၊ အဖြူရောင် နတ်သမီး တို့အပါအ၀င် အမျိုးသမီးဘလော့ဂါများ ….
ဘလော့ပေါ်မှာ စာဖတ်သူဖြစ်တဲ့ မမီးငယ် အပါအ၀င်၊ ဘလော့ပိတ်ပြီး
facebook ပေါ် ရောက်နေတဲ့ ဘလော့ဂါ လူဟောင်းတွေ၊ ဘလော့တွေရဲ့
စာဖတ် ပရိတ်သတ်များလည်း မြန်မာဘလော့များနဲ့ ပက်သက်ပြီး ပြောချင်
တာများရှိရင် ပြောကြပါ၊ ရေးပေးကြပါ ….)
ကိုကြီးကျောက်ရဲ့ စည်းရုံးရေးတွေ ဆက်မရေးခင် နည်းပညာ ဘလော့ဂါ
တွေရဲ့ အခန်းကဏ္ဍကို ပြောချင်ပါတယ်။ အင်တာနက်ပေါ်မှာ ဘလော့လုပ်ဖို့
အဓိက လိုအပ်ချက်က နည်းပညာပါ၊ စာရေးကောင်းတဲ့ သူတွေ၊ ရေးရဲတဲ့
သူတွေနဲ့တင် ဘလော့အသိုင်းအ၀ိုင်း စည်းကားလို့ မရပါဘူး၊ နည်းပညာ
သမားတွေ၊ နည်းပညာ ဘလော့ဂါတွေရဲ့ ကြိုးစားမှုဟာ တန်းဖိုးကြီးတဲ့ ကြိုးစား
မှုတွေပဲ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် နည်းပညာ ဆင်းရဲသူ တစ်ဦးပါ၊
ကိုလင်းထက်၊ ကိုမင်းကျော်၊ ကိုလင်းဦး တို့ဆီမှာ အပူကပ်နေကြပါ၊
သူတို့ကလည်း ကျနော်ကို ခင်ပါတယ်၊ ဂျီမေးလ်မှာ မီးပဲ ပိတ်ပြ
ထားပါတယ် … :P
မဲဝဲလ် (malware) တုန်းက ကိုလင်းထက်သာ မကယ်ရင် ဘလော့ကနေ
ပင်စင် ရတာ ကြာပါပြီ …. :P
ဟိုတလောက Mozzila firefox ကို update လုပ်လိုက်တာ ကိုယ့်ဘလော့
ကိုယ်ပြန်ဖတ်လို့မရ ဖြစ်သွားပါတယ်၊ ကိုသက်ဦး ပြောလို့
Mozzila firefox 3.6 ပြန်သွင်းမှ အဆင်ပြေသွားတယ်၊ ကျနော် အဲဒီလောက်
တော်ပါတယ် …. :D
ဟိုးတလောက “ယူနီကုတ်နဲ့ ပျူကုတ်” လုပ်လိုက်တာ မြန်မာသရီးလည်း
အနိုင်မရ၊ ယူနီကုတ်လည်း အနိုင်မရ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)
စာမျက်နှာက ဧရာ သုံးလိုက်လို့လား မသိဘူး၊ အားလုံး ဗိုလ်နေမြဲ ကျားနေမြဲ
ဖြစ်သွားတယ်၊ eot လုပ်တတ်ရင် လုပ်သင့်ပါတယ်၊ အထိတ်တလန့် သတင်း
တွေကြားရလို့ မြန်မာဖောင့် သွင်းမထားတဲ့ ရုံးတို့၊ အများသုံး ကွန်ပြူတာတို့
ကနေ မြန်မာဘလော့တွေဆီ ဖွင့်လိုက်လို့ လေးထောင့်ကွက်ပဲ ထွက်နေရင်
တော့ လေးထောင့်ကွက်တွေက ပြောတဲ့ အမှန်တရားပေါ့ …. :P

ကိုကြီးကျောက် ဘလော့လောကထဲ ၀င်ကာစက ကျနော်ကိုယ်တိုင် အမှုမဲ့
အမှတ်မဲ့ပါ၊ ကိုအောင်သာငယ်ရဲ့ ပို့စ်တစ်ခုထဲမှာ ကိုအောင်သာငယ် အိမ်
ပြောင်းတုန်းက ကုန်တင်ကား ကိစ္စပြောပြတဲ့ ကိုအောင်သာငယ်ရဲ့ မိတ်ဆွေ
တစ်ဦးလို့ပဲ ထင်ခဲ့ပါတယ်၊ နောက် မကေဘလော့မှာ စာရေးထားတာ ဖတ်ပြီး
ဒီအကိုကြီးလည်း ဘူမိသမားပဲလို့ သိရပါတယ်။ ကိုကြီးကျောက်က စိတ်ရှည်
တယ်၊ သည်းခံနိုင်စွမ်း ရှိတယ်၊ စာမျိုးစုံကို ထပ်ခါတလဲလဲ ဖတ်တယ်၊ ကိုယ်ချင်း
စာစိတ် ရှိတယ်၊ မြန်မာဘလော့ဂါ မှန်သမျှကို သူ့ညီအကို မောင်နှမများအဖြစ်
မှတ်ယူထားပုံ ရပါတယ် …
အရင် လွန်ခဲ့တဲ့ ၂-နှစ်ကျော် လောက်က မြန်မာဘလော့ဂါ လောကမှာ
နေ့စဉ် ပို့စ်အသစ်က (၃၀) ကနေ (၅၀)လောက် အထိ ရှိတယ်၊ စနေ ...
တနင်္ဂနွေဆိုရင် ပို့စ်အသစ်က (၁၀၀)ကနေ (၁၅၀)လောက်အထိ တက်လေ့
ရှိတယ်၊ ဒါ ဘလော့ဂါတွေ တင်တဲ့ ပို့စ်တွေ၊ သတင်းတွေ၊ အဖွဲ့အစည်းတွေ၊
တခြားဟာတွေ မပါသေးပါ၊ တစ်ပတ်ကို တစ်ခါလောက် စုပေါင်းပြီး ဖတ်မယ်
ဆိုရင်တောင် မလွယ်တဲ့ ကိစ္စ၊ ကျနော်လိုက်မေးကြည့်တော့ ကျနော့်အသိ
တစ်ယောက်က ပြောပြတယ်၊ သူလည်း ဘလော့ဂါလူဟောင်းတစ်ဦးပါ၊ သူက
“မ.ဆ.လ အာဏာရှင်ဟောင်း ဦးနေ၀င်း စာဖတ်နည်းနဲ့ ဘလော့တွေကို
ဖတ်တယ်” ...၊ (အရှေ့နည်းနည်း၊ အလယ် နည်းနည်း၊ နောက်ဆုံး နည်းနည်း)
အဲလိုပုံစံ ဘလော့ပေါ်မှာ အွန်လိုင်းပေါ်မှာ စာဖတ်တဲ့သူက သူတစ်ယောက်
တည်းတော့ ဟုတ်မယ် မထင်ဘူး၊ ကွန်ပြူတာရှေ့မှာ အချိန်များများ ပေးပြီး
ဘလော့တွေပေါ်က စာကို ဖတ်ဖို့ ဘလော့ဂါတွေ ကိုယ်တိုင် မလွယ်တဲ့ကိစ္စ၊
မိမိရဲ့ ကိုယ်ရေုးကိုယ်တာကို ရေးချင်သလို ရေးထားတဲ့ ပို့စ်၊ သိပ်ပြီး
လိပ်ပတ်မလည်ဘူး ဆိုပါတော့ အဲလို ပုံစံမျိုးကို ရေးထားတဲ့ ဘလော့ဂါက
ကိုယ်နဲ့ မသိဘူး၊ သိပ်မရင်းနှီးဘူး၊ အဲလို ပို့စ်မျိုး အွန်လိုင်းပေါ်မှာ ကျနော်
တွေ့ရင် တခေါက်လောက် ဖတ်ကြည့်မယ်၊ ကော်မန့်တော့ မရေးဘူး၊
C-box ထဲလည်း ခြေရာ မချန်ခဲ့ဘူး၊ တိတ်တိတ်လေး ပြန်ခဲ့မယ်၊ လူ
တော်တော်များများလည်း ကျနော်လို ဖြစ်နိုင်ပါတယ် …
ကိုကြီးကျောက်ကတော့ အဲလို မဟုတ်ဘူး၊ သူက မရှင်းရင် နှစ်ခေါက် …
သုံးခေါက်လောက် ထပ်ဖတ်တယ်၊ အောက်က ကော်မန့်တွေပါ သေသေ
ချာချာ လိုက်ဖတ်တယ်၊ များသောအားဖြင့် ကော်မန့်ပေးတဲ့အထိ ၀င်ရေး
လိုက်သေးတယ်၊ သူ ရေးခဲ့တဲ့ ကော်မန့်က ဘလော့ပိုင်ရှင်အတွက် ကျေနပ်
စရာ၊ ပျော်ရွှင်စရာ၊ ကြည်နူးစရာ ဖြစ်အောင် ရေးခဲ့တာ၊ ပြီးပြီရော လုံးဝ
မရေးပါ၊ ဒါကြောင့် ကိုကြီးကျောက်ကို လူငယ်ဘလော့ဂါတွေက မြန်မာပြည်
မှာ မော်တော်ကား ၀ယ်ပြီးရင် ဦးတိုက်ရတဲ့ “ရွှေညောင်ပင်” နတ်စင်လို ဖြစ်
နေပါတယ်၊ ပို့စ်တင်ပြီးရင် တင်လိုက်တဲ့ ပို့စ် ကိုကြီးကျောက်ဘလော့က
ဆိုဒ်ဘားမှာ တက်ပြီလား၊ သူတို့ ပို့စ်ရဲ့ အောက်ခြေမှာ ကိုကြီးကျောက်ရဲ့
ကော်မန့် ရပြီလားနဲ့ တမျှော်မျှော် ဖြစ်နေပါတယ်၊ အားဆေးနဲ့ တူတဲ့
ကိုကြီးကျောက်ရဲ့ ကော်မန့် တစ်ခုတည်း မဟုတ်ဘူး၊ အနည်းဆုံး တခြား
ဘလော့ဂါ လေး … ငါးဦးပါ လိုက်ပြီး ကော်မန့် ရေးလေ့ရှိပါတယ်။
အဲဒီဓလေ့က ကျနော် မှတ်ထားသလောက် ၂၀၀၈ ခုနှစ်လောက်မှာ မြန်မာ
ဘလော့ အတော်များများမှာ ဖြစ်လေ့ရှိတယ်၊ ၂၀၀၈ ရှေ့ပိုင်းက C-box
ထဲမှာ အချင်းချင်း အားပေး နူတ်ဆက်ကြပါတယ်။ ဘလော့ဂါ အသစ်တွေ
နဲ့ ဘလော့လူဟောင်းတွေ အကြား ယခင် ကြော်ငြာပေးတဲ့ ပုံစံတစ်မျိုး
ရှိပါတယ်။ Google Reader က shared items ထုတ်ပေးတဲ့ HTML ကုတ်
ကို မိမိဆိုဒ်ဘားမှာ ချိတ်ဆွဲခြင်းပါ၊ အရင်က ကိုယ့်ဘလော့မှာ တခြားလင့်ခ်
တွေကို ချိတ်ဆွဲရင် သူတို့ရဲ့ နောက်ဆုံးပို့စ် ပေါ်အောင် အခုလိုမျိုး လင့်ခ်
ချိတ်လို့ မရပါဘူး၊ ဒါကြောင့် ကိုယ် နှစ်သက်မိတဲ့ အခြားဘလော့ဂါ တစ်ဦး
ရဲ့ ပို့စ်ကို google reader ရဲ့ shared items ထုတ်ပေးတဲ့ Html ကုတ်
ကို သုံးပြီး ကိုယ့်စာမျက်နှာမှာ ချိတ်ကြတာပါ၊ ဒီနည်းကို ၂၀၀၈၊ ၂၀၀၉ နဲ့
၂၀၁၀ နှစ်ဆန်းအထိ ဘလော့ဂါတွေ သုံးခဲ့ကြပါတယ်။ ဥပမာ ….
ကိုအောင်သာငယ်တို့ မကေတို့ရဲ့ ဘလော့ဆိုဒ်ဘားမှာ ကျနော်ရေးခဲ့တဲ့
“မှတ်မိသမျှ လွန်ခဲ့သော အနှစ်(၂၀)” ဆိုတဲ့ ပို့စ်ကို သူတို့က သဘောကျလို့
ချိတ်ပေးထားရင် ကျနော့်စာမျက်နှာဆီ စာလာဖတ်တဲ့ အရေအတွက်က
သိသိသာသာ များလာပါတယ်၊ ဒီနည်းနဲ့ ဘလော့သက်တမ်းရှိသူဟာ
သက်တမ်းနုတဲ့ လူသစ်တွေကို စာဖတ်ပရိတ်သတ်နဲ့ မိတ်ဆက် ပေးလေ့
ရှိပါတယ်။ ကိုသင့်ကာ စုစည်းတဲ့ အကောင်းဆုံး ပို့စ်(၁၀၀)လည်း ဘလော့ဂါ
တွေနဲ့ စာဖတ်သူတွေအကြား ရေပန်းစားခဲ့ပါတယ်။
ဘလော့ဂါအသစ်တွေဆီ ကော်မန့်ရေးပြီး အားပေးတဲ့ အလုပ်ကို
ဘလော့သက်တမ်း ရှိသူအများစု လုပ်ခဲ့ပါတယ်၊ အဲဒီလူဟောင်းတွေ
ထဲမှာ ရှာရှာဖွေဖွေ လုပ်တဲ့သူက ကိုလူသစ်ပါ၊ ဘယ်ဘလော့နဲ့မှ
အဆက်အသွယ် လုံးဝမရှိတဲ့ ဘလော့လိုင်းထဲ ၀င်ကာစ ဘလော့ဂါ
အသစ်ဆီ ကော်မန့်ရေးပြီး အားပေးလေ့ရှိပါတယ်၊ ဒါကြောင့် ဘလော့
ခေတ်ဦးက ဘလော့ဂါအများစုရဲ့ ပို့စ်အဟောင်းတွေမှာ ကိုလူသစ်
အမှတ်တရ ရေးခဲ့တဲ့ ကော်မန့်တွေ ရှိပါတယ်၊ သို့ပေမယ့် အိမ်ထောင်
သည်ဖြစ်သော ကိုလူသစ်က လူပျိုကြီးဖြစ်သော ကိုကြီးကျောက်လို
အွန်လိုင်းပေါ်တွင် အချိန်များများ မပေးနိုင်ပါ …. :P
အွန်လိုင်းထုံးစံအတိုင်း roll model တစ်ယောက် ကော်မန့်ပေးရင်
သူ့နောက်ကနေ တခြားလူတွေပါ ကော်မန့်လိုက်ပေးလေ့ ရှိပါတယ်။
ကိုကြီးကျောက် ဘလော့လိုင်းထဲ ၀င်မလာခင်ကတည်းက အဲဒီပုံစံ
မျိုး မြန်မာဘလော့ဂါလောကမှာ ရှိပါတယ်၊ ကိုကြီးကျောက် ပေးခဲ့တဲ့
ကော်မန့်ကို ဖတ်ကြည့်ပြီး ကော်မန့်လိုက်ရေးတဲ့ သူ့မိတ်ဆွေ
ဘလော့ဂါ အများအပြားရှိပါတယ်၊ ဒီလိုပါပဲ ကိုကြီးကျောက်ရဲ့ ပို့စ်
မှာ ကော်မန့် သွားရေးခြင်းဟာလည်း ပျော်စရာ တစ်မျိုးပါ၊ သူ့ရဲ့
C-box အပြင် ကော်မန့်နေရာတွေမှာ ကော်မန့်သွားရေးခဲ့တဲ့ သူတိုင်း
ဟာ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတဲ့သဘောလည်း ဖြစ်စေပါတယ်၊
ဘာကြောင့်လဲဆိုတော့ ဘလော့ဂါအချင်းချင်း အပြန်အလှန် စာဖတ်တဲ့
ပရိတ်သတ်အပြင် ဘလော့ဂါမဟုတ်တဲ့ ပြင်ပ စာဖတ်ပရိတ်သတ်၊
အွန်လိုင်းစာပေ ပရိတ်သတ် အများဆုံး ရရှိခဲ့တဲ့ ဘလော့ဂါတွေထဲ
မှာ ကိုကြီးကျောက်ဟာ ထိပ်ဆုံး စာရင်းဝင် တစ်ဦး ဖြစ်နေလို့ပါပဲ။
ဘလော့ဂါ အချင်းချင်း ငြင်းခုန်ရန်မီးပွားစေမယ့် ပြဿနာ အများအပြား
များလည်း ကိုကြီးကျောက်ဟာ ချိုချိုသာသာ ဖျောင်ဖျ ပြောဆိုခဲ့ပါတယ်။
ဘလော့ပေါ်မှာ စာရေးနေတဲ့ ဘလော့ဂါတွေကို အီမေးလ်ကတဆင့်
အကြံဥာဏ်တွေ၊ မှားယွင်းနေတာကို ပြင်ဆင်လိုက်ဖို့ စေတနာနဲ့
လှမ်းပြီး အသိပေးတာတွေ လုပ်ခဲ့ပါတယ်။ သို့ပေမယ့် စိတ်ကောင်း
စေတနာ ပြည့်ဝတဲ့ ဘလော့ဂါ ကိုကြီးကျောက်ကို ကောင်းကင်ဘုံက
ဆင့်ခေါ်ခဲ့ပါပြီ။
ကိုယ်လေးစားတဲ့ သူတွေ၊ ကိုယ့်အပေါ် လေးစားတဲ့သူတွေလည်း
ကိုယ့်ကြောင့် အွန်လိုင်းက မြန်မာဘလော့ဂါလောကမှာ မကြာခဏ
ပြဿနာတွေ ရင်ဆိုင်ရလေ့ရှိပါတယ်၊ မြန်မာဒီမိုကရေစီအရေး
ကြိုစားဆောင်ရွက်နေတဲ့ ပြည်ပရောက် (မ)ဝေနှင်းပွင့်သုန် စကားပြော
ထားတဲ့ “မြန်မာပြည်အတွက် ကျမတို့” ဗွီဒီယိုဖိုင်ကို ကျနော့်ဆီမှာ
တင်ပြခဲ့ပါတယ်၊ အဘ သခင်အုန်းမြင့် ကွယ်လွန်ခြင်း အထိမ်းအမှတ်ပါ၊
အဲဒီပို့စ်တင်လိုက်ချိန်မှာ မွတ်စလင်ဘာသာဝင်ကို နေရာပေးတယ်
ဆိုပြီး ကျနော့်ဆီ ဆဲရေးတိုင်းထွာတဲ့ ကော်မန့်တွေ မရပ်မနား ဆက်တိုက်
ရောက်လာပါတယ်၊ ကျနော်က ခွင့်မပြုတဲ့အခါ ဆဲရေး တိုင်းထွာသူ
“သခင်ကြီး ဇော်မျိုး” ဆိုတဲ့ ဘလော့ဂါဟာ ကိုကြီးကျောက်တို့၊
ဆရာမ မေငြိမ်းအပါအ၀င် ကျနော်ဆီမှာ လင့်ခ်ချိတ်ထားတဲ့ ဘလော့
ဂါ မိတ်ဆွေတွေရဲ့ ကော်မန့်ရေးလို့ရတဲ့ နေရာများမှာ ကျနော့်အပေါ်
မကျေနပ်ကြောင်း လိုက်လံ ရေးသားခဲ့ပါတယ်၊ အဲဒီအချိန်က
ကိုကြီးကျောက်ဟာ ကျန်းမာရေး အခြေအနေ တော်တော်ကိုး
ဆိုးဆိုးဝါးဝါး ဖြစ်နေပါတယ်၊ သူ့ဆီမှာ အဲလို ဆဲရေးတိုင်းထွာ
တဲ့ ကော်မန့်မျိုးတွေ လာမရေးဖို့ မေတ္တာရပ်ခံ တောင်းပန်းခဲ့ပါတယ်၊
ကျနော်လည်း တော်တော်ပဲ စိတ်ပျက် စိတ်မကောင်းဖြစ်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှသည် ယနေ့တိုင်အောင် အွန်လိုင်းပေါ်တွင် ပုံစံအမျိုးမျိုး
ကြိုးစား ပေးဆပ်ခဲ့သော မြန်မာဘလော့ဂါအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ …
စာဖတ်သူအပေါင်းလည်း နွေးထွေး ကြည်နူးကြပါစေ ….
(ပြီးပါပြီ။)
-စစ်ငြိမ်းဒီရေ
41 comments:
ဒီတစ်ခါ ပို့စ်မှာတော့ ကိုကြီးကျောက်အကြောင်း မှတ်မှတ်ရရပို ရှိတယ်. ကျန်တဲ့သူတွေနဲ့နည်း ကိုကြီးကျောက်လောက်သာ မရင်းနှီးတာ သိတယ်၊ဖတ်ဖူးတယ်။
ကျွန်တော့် ဘလော့ဂ်စတုန်းကတော့ အရင်ဖတ်တာများတယ် (ကိုယ်တိုင်ရေးကလည်း ရှိမှမရှိတာကိုး) ကိုကြီးကျောက်ရဲ့ သရဲနဲ့ ကိုပျူရဲ့ သရဲတွေ စဖတ်မိတာပေါ့...အဲဒီမှာ ကိုကြီးကျောက်က“ နှုတ်ဆက်ဖို့ စီပုံးရှာတာ ဟိုးအောက်ရောက်နေတာကိုး ” လို့ အစချီပြီး ကိုယ့်ဆီ ပထမဆုံးဝင်လာတာ။ ဒါပေမယ့် နောက်ပိုင်းကိုယ်က သတင်းတွေကူးတင်လည်း သူက ရယ်စရာဖြစ်အောင်(ပို့စ်နဲ့လည်း မလွတ်အောင်) မန့်တတ်တယ်။ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ သူ့မှာ လူခုနှစ်ယောက် တစ်ပြိုင်တည်းချက်နေတာတောင် ကိုယ့်ကို အသံနဲ့လက်ခံစကားပြောပေးသေးတယ်။ နောက်ဆုံး ရောဂါသည်းနေချိန်မှာတောင်“ ဇော်မျိုး ကို တော့ မဆိုင်တဲ့သူတွေမှာ မဆိုင်တာာတွေ မရေးအောင် ရေးဦးမယ်” လို့ ပြောပြီးတစ်ကယ်လည်း ရေးခဲ့တယ်. သူ့ကြောင့် “ သခင်ကြီး ဇော်မျိုး” လည်း အတော်ငြိမ်သွားတယ်.. ကျေးဇူးကြီးလိုက်တာ ကျောက်ကျောက်မိုးဦးရာ။
ကိုကြီးကျောက်အကြောင်းတွေရော...
ဘလော့လောက ကအကြောင်းလေးတွေပါ စေ့စေ့စုံစုံ ရေးပြထားပေးတာ ဗဟုသုတရတဲ့အတွက်ကျေးဇူးပါ။
ကိုကြီးကျောက် အကြောင်းသိရတာ စိတ်မကောင်းဖြစ်ရသလို၊ လေးစားရပါတယ် ခင်ဗျာ။ အစ်ကိုအောင်ရေ၊ တစ်လက်စထဲပြောပါရစေ ဘလော့ လောကတစ်ခုလုံး Tag ထားတဲ့ Blog day လေးကို ကျွန်တော့ဘလော့လေးမှာ ကျွန်တော် တတ်သလောက်လေး ရေးထားပါတယ်။ လာပြီး ဝေဖန်ပေးဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။ ကောင်းသောနေ့လေး ဖြစ်ပါစေ။
"လေးထောင့်ကွက်တွေက ပြောတဲ့ အမှန်တရားပေါ့..." ဖတ်ပြီး ရယ်လိုက်ရတား)) ဘလော့ဂ်ဒေးကို ရေးဖို့ ပြင်ဆင်နေတယ်။ သူများတွေ ရေးတာ အရင်သွားဖတ်ကြည့်လိုက်ဦးမယ်။
ကိုကြီးကျောက်ကို ပြန်သတိရသွားစေတဲ့ အမှတ်တရလေးတွေပါလားဗျာ...
မှတ်မှတ်ရရ လွန်ခဲ့တဲ့နှစ်နှစ်ဝန်းကျင်က ဘလော့လောကထဲကို ရောက်တော့ ကိုယ့်ဘလော့နဲ့ကိုယ် တစ်ယောက်တည်းဖြစ်နေပြီး ဘယ်သူ့ဘလော့တွေကို ဘယ်လိုလိုက်ဖတ်ရမှန်းမသိဘဲ ယောင်ချာချာဖြစ်ခဲ့ဖူးပါတယ်...ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဘလော့ဂါမရှိလေတော့ မေးဖို့မြန်းဖို့လည်း အခက်အခဲရှိနေတာမို့ တစ်ယောက်တည်းတစ်ဘီးလှိမ့်နေချိန်မှာ ကိုကြီးကျောက်ရဲ့ ကွန်မန့်လေးတွေနဲ့ပဲ ခရီးဆက်ဖို့ အားအင်တွေဖြစ်ခဲ့ရပါတယ်...စိတ်ရင်းသဘောရင်း ဖြူစင်သလို အရာရာကို ပွင့်ပွင့်လင်းလင်း ရေးရဲ ပြောရဲရုံသာမက သေမင်းကိုပါ ရဲရဲကြီးရင်ဆိုင်ရဲတဲ့ ကိုကြီးကျောက်က ကျွန်တော့်ရဲ့ဘလော့ဂါ သူရဲကောင်းပါ...
စကားမစပ်...ဘလော့ဒေးအတွက် အမှတ်တရပို့စ်ရေးဖြစ်အောင်လည်း ကြိုးစားနေပါတယ် ကိုအောင်ရေ...
အမှတ်တရ tag တဲ့ အတွက် ကျေးဇူးပါ အစ်ကိုအောင်။ ရေးနိုင်အောင် ကြိုးစားပါ့မယ်။
အခုတလော စာအုပ်တစ်အုပ်ဖတ်ရင်းလည်း လေးလေးကျောက်ကို သတိရနေတာ။
လေးလေးကျောက်အမှတ်တရလေးလည်း ဖြစ်အောင်ရေးချင်လို့ပါ
ဒါပေမယ့် အချိန်ယူတာ ကြာနေမယ်ဆိုရင်တော့ သည်းခံပေးပါလို့း)
အမ်......
ပြီးသွားပြီလား။
ဖတ်လို့သိပ်ကောင်းပြီး အချက်အလက်လေးတွေက ဗဟုသုတဖြစ်ရတယ်။
ကိုအောင် စုစည်းတင်ပြထားတာကျေးဇူးတင်စရာပါပဲ။
အဟင်း.......ကျွန်မကို လင့်လာချိပ်တဲ့ ပထမဦးဆုံးဘလော့ဂါကတော့ ကိုအောင်ဖြစ်လို့ ကျွန်မအတွက်ကတော့ မမေ့နိုင်စရာပါပဲ။ အခုလိုကျွန်မပြောတာ ပုဂ္ဂိုလ်ရေးဆန်မယ်ထင်သော်လည်း အဲဒီအတွက် စရေးကာစ ကျွန်မအတွက် အားရှိစေခဲ့ပါတယ်။ လူအများအတွက် သော်လည်းကောင်း မိမိနဲ့လက်လှမ်းမီရာကိုသော်လည်းကောင်း အသိအမှတ်ပြု အားပေးတဲ့ ဒီလိုဖေးမမှုကြောင့် လူကိုယ်တိုင်မသိရပဲ နဲ့တောင် ဘလော့ဂါအချင်းချင်း မမြင်ရတဲ့ ကွန်ယက်တွေနဲ့ ပြန်လည်ဆက်သွယ်မိနေ ကြတာဟာ တကယ်ကို ထူးခြားမြတ်နိုးစရာ အသိုင်းအ၀ိုင်းလေးတစ်ခုကို အခုလိုတင်ပြ ပေးထားတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ်။
အစ်ကိုရေ ပထမဆုံး comment လေးနဲ့လာအားပေးတဲ့အတွက် ဂုဏ်ယူ၊ ဝမ်းမြောက်ရပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။
ကိုအောင်ရေ အန်ကယ်နိုင်အကြောင်း ရေးထားတော့ သတိရတယ်။ ကျွန်မဘလော့ဂ်မှာလည်း အနှောင့်အယှက်ပေးသမားတွေ ဒုက္ခပေးလို့ တခြားမိတ်ဆွေတွေ ကျည်ကွယ်မျက်ကွယ် ရှောင်ပြီး မှတ်ချက်မပေးဖြစ် C-Box မှာ နှုတ်မဆက်ဖြစ်တဲ့ အချိန်တွေမှာလည်း အန်ကယ်နိုင်ရှိတုန်းကတော့ ဘယ်သူ့ကိုမှ ဂရုစိုက်ဘူး နှုတ်ဆက်ပြီးမှ ပြန်တာပဲ။ ဇော်မျိုးသူ့ဆီ ရောက်သွားတာ ကျွန်မဘလော့ဂ်ကို လာလို့လည်း ပါတယ်။
Tag တဲ့အတွက် ကျေးဇူးတင်ပါတယ်နော့်။ ဒါပေမဲ့ နဂိုကတည်းက ဘယ်သူမှ မ tag လည်း အဲဒီနေ့ကျရင်တော့ ရေးမယ်လို့ စိတ်ကူးထားပါတယ်။ အခုကိုအောင် tag လိုက်တော့ အဆင်ပြေသွားတာပေါ့။ ဘလော့ဂ်ဒေးရောက်မှ ဒါမှမဟုတ် ရက်ကပ်မှပဲ ရေးမယ်နော့်။ ဘလော့ဂ်မှာ အချိန်သိပ်မပေးနိုင်ခဲ့သလို ဘလော့ဂ်မလည်ဖြစ်တာလည်း ကြာပါပြီ။ ဘလော့ဂ်အသစ်လေးတွေ လာလည်သွားရင်တော့ တခါပဲ ပြန်လည်ဖြစ်ပြီး ကိုအောင်လို ဂရုတစိုက် ဆက်အားမပေးနိုင်ခဲ့ဘူး။ ဘလော့ဒေး နောက်ပိုင်း အချိန်ရရင်တော့ အချိန်နည်းနည်းပိုပေးပြီး ပြန်လည်ပေးမယ်လို့ စဉ်းစားထားတယ်။
အမှတ်ရစရာ လေးတွေပေါ့ဗျာ။ ကျနော် ငှက်အကြောင်းရေးရင် စာကလေးကျောက်၊ ခရီးသွားလုပ်ငန်း အကြောင်းရေးရင် တိုးရစ်ကျောက်၊ စသဖြင့် ပြုံးစရာလေးတွေ လာလာပြီး မန့် တတ်တဲ့ ကိုကြီးကျောက် ကိုတော့ သတိရသွားပြီဗျာ။
၃ပိုင်းလုံးဖတ်သွားတယ်...၊ဝဲစွဲကတည်းကမရောက်ဖြစ်
တာကြာပြီအစ်ကိုရ...၊ကျွန်တော်တို့ကိုကြီးကျောက်ကတော့
တကယ်ခင်စရာကောင်းတဲ့လူတစ်ယောက်ပါပဲ...၊
လက်လှမ်းမမှီခဲ့တဲ့ ဘလော့ရွေခေတ်အကြောင်းဖတ်ရတာ
တကယ်ကောင်းတယ်....။
ဦးနေ၀င်းရဲ့ စာဖတ်နည်းး) ကျနော်လည်းတစ်ခါတလေ လုပ်မိပါရဲ့ ဟဟား
ပြီးသွားပြီလားကိုအောင်ရဲ့၊ ဖတ်ရတာ တဝက်တပျက်ကြီးလိုပဲ...ရေးစရာတွေ ပြောစရာတွေ ကိုအောင့်မှာ ကျန်နေသေးသလို ထင်မိတာပဲဗျ....
ဒီနေ့တောင် ကိုကြီးကျောက်သူငယ်ချင်း ကိုမော်ခမ်းနဲ့တွေ့လို့ ကိုကြီးကျောက်ကို သတိရကြောင်း ပြောမိကြသေးတယ်...
ကိုကြီးကျောက်ကို သတိရ သွားပါတယ်၊
”ကျနော် ဗလာကော်”
ဖေ့စ်ဘုတ်ကို အရင်ရောက်တုန်း ကိုအောင့်စာကိုဖတ်ပြီး အခုပဲ ဘလော့ကို သွားဖတ် ခဲ့ပြီးပြီ။အပိုင်း၃မှာ ကျနော့ကို တဂ်ထားတာတွေ့တယ်။ကျနော့်ကိုယ် ကျနော် ဘလော့ဂါလို့ မခံယူရဲဘူး။ဗလာကော် လို့ပဲ ခံယူထားတယ်။(ဗလာ=ဘာမှရေးစရာမရှိရင် ကော်=ကော်ပီလိုက်ကူးတတ်လို့)။အခု ဖေ့စ်ဘွတ်ခ် ခေတ်စားလာလို့ အချိန်ပေးလိုက်ရတာ ဘလော့တွေဘက် မရောက်ဖြစ် မရေးဖြစ် မဖတ်ဖြစ် ကေူးဖြစ်တော့တာ ကြာပါပြီဗျာ။တခြားအကြောင်းအရာ တဂ်ရင် ရေးဖြစ်မယ်။ဘလော့ဂါတဦးအဖြစ် ရေးဖို့ တဂ်ရင်တော့ မရေးချင်ဘူး။ဘလော့ဂါလို့ ခံစားပြီး မရေးရဲလို့ပါ။ကျနော်က ဗလာကော်တဦးသာ။
(အိုးဝေအောင်)
အမှတ်တရ ဖြစ်စရာတွေချည်းပါပဲ။
အားလုံးကလည်း အွန်လိုင်း ညီအစ်ကို မောင်နှမတွေချည်းပဲ မဟုတ်လား။
အခန်းဆက် သရဲဇာတ်လမ်းတွေကစလို့  ပိုစ့်တိုင်းမလွတ်တမ်း ဖတ်ဖြစ်ပေမဲ့ မန့် တော့ မမန့် ဖြစ်ဘူးရယ် .. အခု Blog Day အမှတ်တရတွေဖတ်မိတော့ သိပ်အားကျသွားတယ် .. မဖြစ်ဖြစ်အောင် စာပြန်ရေးချင်သွားတယ် .. ကျေးဇူးအထူးပါ ကိုအောင်ရေ ...
ကိုအောင်ရေ ဖဘကနေ ဗိုင်းရပ်စ်ဝင်လိုက်တာတကြောင်း အရင်လိုအချိန်က ကျမအတွက် မပေးနိုင်တော့တာတကြောင်းကြောင့် ဘလော့တွေ ဖတ်ချင်တာမဖတ်ဖြစ်တော့ဘူး ကိုအောင့်ရဲ့ ဒီပို့စ်အမှတ်တရ ရေးလိုက်တော့ ကိုကြီးကျောက်ကို ပိုပြီးသတိရစေတာအမှန်ဘဲနော် ဘလော့တွေထဲ ရေးသမျှကွန်မန့်တွေထဲမှာ ကိုကြီးကျောက်ရေးတဲ့ကွန်မန့်တွေ ကျမတော့ အကြိုက်ဆုံးဘဲ ဘယ်သူရေးတာနဲ့မှမတူအောင် ( နာမည်ပေးတာကအစ ) ဖတ်သူကို ပြုံးစေတယ် ကျမတို့ အခု အဲဒီအခွင့်အရေးဆုံးရှုံးသွားတယ် ဘယ်လိုမှပြန်မရတော့ဘူးး((
mie nge
ဘလော့ဒေးအတွက် အမှတ်တရ စာစုဆိုပေမယ့်လည့်း
မြန်မာဘလော့တွေရဲ့ သမိုင်းကြောင်းတစွန်းတစ လို ဖြစ်နေလေတော့ကာ ဒီထက်ပိုပြီး အသေးစိတ်အောင် ပိုပြီးတိကျအောင် ရေးစေချင်ပါတယ် ချစ်သူ မုန်းသူရယ် မဟုတ်ပဲနဲ့ ပါသင့်ပါထိုက် သိသင့်သိထိုက်တဲ့ ခေတ်ဦးပိုင်း ဘလော့ဂါတွေ အပါအ၀င် ဘလော့လောက အတွက် ကြိုးပမ်း ထမ်းရွက်ခဲ့သူတွေ အများကြီး ကျန်ခဲ့ပါသေးတယ်
ဥပမာ - ညီလင်းဆက်၊ ကလိုစေးထူး ၊မိုးလှိုင်ည ၊ ဘလာဂေါက် ၊ မောင်ကျော်ဇေယျ ၊ မျက်လုံး ၊ တက်စလာ ၊
ကိုလျှာရှည် ၊ တောကျောင်းဆရာ အစရှိသဖြင့် ပေါ့ ပြီးတော့ MBS ဆိုတဲ့ မြန်မာ ဘလော့ဂါ အဖွဲ့အကြောင်းတွေ ပြည်တွင်းက ဘလော့ဂါတွေ စုဖွဲ့လှုပ်ရှားခဲ့တဲ့ ဘလော့ လှုပ်ရှားမှု အကြောင်းတွေကိုပါ ရေးဖွဲ့နိုင်မယ်ဆိုရင်တော့ လှပတဲ့ ရေးဖွဲ့မှု တစ်ခု ဖြစ်လာနိုင်ပြီး ဘလော့ဒေးအမှတ်တရ ဘလော့သမိုင်း တစ်ပိုင်းတစ်စ ဖြစ်သွားမယ်ထင်ပါတယ် ။
နောက်ဆုံးက ကော်မန့်ဖြစ်တဲ့
အနော်နီမတ်စ် ရေ ...
နောက်တခါကျရင် ဒီထက်ကောင်းအောင် ပြည့်ပြည့်စုံစုံ
ဖြစ်အောင် ကြိုးစားပါ့မယ် ဗျာ၊ ပြည်တွင်းက ဘလော့ဂါ
တွေရဲ့ စုဖွဲ့လှုပ်ရှားမှုတွေအကြောင်း၊ ကြိုးစားခဲ့သူတွေ
ရဲ့ အမည်စာရင်းများ ကျနော် ရေးခဲ့တဲ့ ဒီ(၃)ပို့စ်မှာ
မပါခဲ့ရင် ခွင့်လွှတ်ကြပါဗျာ၊ နောက်တခါကျရင်တော့ အခု
ရေးထာားတာထက် ပြည့်စုံအောင် ထပ်ရေးပါ့မယ်၊
အခုလို ကော်မန့် လာရေးတာ ကျေးဇူးပါ၊
အနော်နီမတ်စ် လုပ်ဖို့ မလိုပါဘူး ...
အမည်ဖော်ပြီး ရေးလို့ ရပါတယ် ...
ကိုအောင်ရေ အစ်မကြိုးစားရေးကြည့်ပါ့မယ်။
ကိုကြီးကျောက်က အားလုံးကိုမေ့ပြီး နတ်သမီးလေးတွေပျော်နေလောက်ပြီ :)
တဂ် ပေးလို့ ကျေးဇူးပါ။ ဘလော့ဒေးအတွက် ကြိုးစားပြီးရေးကြည့်ပါမယ်ရှင့်။ ဘာရေးရမှန်းတော့ စဉ်းစားမရသေးဘူး။ နောက်နေ့ရေးမယ်နော်။
တော်တော်များများဘလော့ဂါတွေကို တဂ်ထားတာပဲ။း)
ခင်တဲ့
တဂ် ပေးလို့ ကျေးဇူးပါ။ ဘလော့ဒေးအတွက် ကြိုးစားပြီးရေးကြည့်ပါမယ်ရှင့်။ ဘာရေးရမှန်းတော့ စဉ်းစားမရသေးဘူး။ နောက်နေ့ရေးမယ်နော်။
တော်တော်များများဘလော့ဂါတွေကို တဂ်ထားတာပဲ။း)
ခင်တဲ့
ဒီပိုစ်ကို ဖတ်ပြီးသား..
မျက်လုံးထဲ ရေကာတာချည်းပဲ မြင်နေလို့လား မသိပါဘူး။ ကိုယ့်နာမယ် လုံးဝ မမြင်ဘူး :D
ဖတ်ပြီး ရယ်ပြီးပဲ ပြန်သွားတာ..
ရေးပေးပါမယ်နော်..
ခင်မင်လျှက်..
မလေး
အရေးအသား အသုံးအနှုံးလေးတွေ ဗဟုသုတ အဖြစ်ယူသွားတယ်နော်။ အတွေ့အကြုံတစ်ခုအဖြစ် ရသွားတာမို့ ကျေးဇူးပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
လေးစားရတဲ့အကို. ကိုအောင်
ခင်မင်စွာ အမှတ်တရတဂ်တာကို ကြိုးစားရေးပေးပါ့မယ်။
ညီမသဒ္ဓါ
ကိုအောင်ရေ ဘလော့ဂ်ဒေး အမှတ်တရပို့စ် ရေးပြီးပါပြီ။ ကိုကြီးကျောက်လိုပဲ တိမ်တိုက်တွေ ပုံနဲ့ တင်ထားပါတယ်။
ကိုအောင်ရေ
တဂ်ထားတဲ့ အတွက် ကျေးဇူးပါ...။ ဘလော့ဂ်ဒေးအမှီ ရေးနိုင်အောင် ကြိုးစားပါ့မယ်...
လေးစားလျက်
ဒီမို
ကျော်ကာခွကာနဲ့ ဝင်ရောက်လာပါတယ် အစ်ကိုရေ. အမြဲ မရောက်ဖြစ်တော့ပေမဲ့ ကျောချမ်းချင်တဲ့အခါ လာဖတ်နေကျပါပဲ။ စာတောင် မဖတ်အားအောင် ရန်းဂန်းတစ်ယောက် တိုင်ပတ် ကြိုးရှု့ပ်နေလို့ပါ။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်ဒေးမှာ တွေးစရာတွေ ရေးစရာတွေအပြင် ဆွေးစရာလေးတွေပါ ရေးကြမယ်လို့ မျှော်လင့်ပါတယ်။ အစ်ကို ကျန်းမာချမ်းသာပါစေဗျား။
ကိုအောင်ရေ
ဒီစနေတနင်္ဂနွေရေးမယ်သိလား။
ကျေးဇူးနော်။
တဂ်တာ ကျေးဇူးပါပဲ။ သုံးပိုင်းစလုံး ဖတ်ပြီး ပြန်လွမ်းမိပါတယ်။ ဘလော့ဂ်ကကြီးကလည်း ဘဝရထားကြီးလိုပဲ ... တက်လာလိုက်၊ ဆင်းသွားလိုက်ကြနဲ့။
ကျနော် ကိုအောင်ရေးပြတာကို ဖြည့်စွက်တဲ့အနေနဲ့ အကြမ်းဖျဉ်း ဘလော့ဂ် လောက ပုံရိပ်ကို ရေးခြယ်ကြည့်ပါဦးမယ်။
ခင်မင်လျက်
သင်ကာ
ရေးပြီးပါကြောင်း..
အလုပ်တွေအရမ်းများနေလို့ ဆားချက်လိုက်တယ် ရောကျော်ပေါ့...ဟိ..
ဘလော့နဲ့ ခဏအဆက်ပြတ်သွားလို့ အခုမှပဲ ရောက်လာနိုင်တာကို အရင်ဆုံး တောင်းပန်ချင်ပါတယ်။ ဘလော့ဒေးအတွက် သေချာအားထုတ်ပြီး အပိုင်း(၃)ပိုင်းခွဲရေးခဲ့တာကိုလည်း လေးစားမိပါတယ်။ ဘလော့အပေါ်ထားတဲ့ လေးနက်မှု အတိုင်းအဆကို တွေ့လိုက်ရပါတယ်။ ဒီပို့စ်မှာ သတိတရ Tag တာခံရလို့လည်း တကယ်ကို ဝမ်းသာမိပါတယ်။ ဘလော့ဒေးအမီ ရေးမယ်နော် အစ်ကိုရေ။
အခုမှပဲ ရေးလို့ ပြီးတယ် ကိုအောင်ရေ . .
http://www.zaw357.net/2011/08/tag.html
ဘာရေးရမှန်း တကယ်ကို မသိလို့ပါ။
တဂ် တဲ့ အတွက် ကျေးဇူးပါ။
ကိုအောင်ရေ Tag Post ကို ဒီမှာ ရေးပြီးပါပြီနော်း)
ကိုအောင်ရေ Tag Post ကို ဒီမှာ ရေးပြီးပါပြီနော်း)
ရေးမယ်ဆို အများကြိးဘဲ ကိုအောင်.. ဇတ်က သိတ်ရှည်တယ် ဇတ်လဲနာတယ် ငိုလိုက်ရယ်လိုက်နဲ့ ဇတ်ကနေရသလိုဘဲ. မင်းသမီးလို့ထင်လိုက် လူကြမ်းဖြစ်လိုက်. မယ်တော်ဖြစ်လိုက်.ဘဝက စုံတယ်။ ကြာခဲ့ပြီကို ခံစားချက်တွေ ကလည်းများတယ်. ရေးရမှာ အားထည့်ရတယ် ပင်ပန်းမယ် ပင်ပန်းမှာ စိုရင် ကြောက်လွန်းလို့ အဟင့်. .။။။။။။။။။။။ ရင်ထဲမှာတော့ရေးပါတယ်။ အခုမဟုတ်ပေမဲ့ တစ်ချိန်ပေါ့..
ဘလော့ဂ်လောကအကြောင်းတော်တော်ပြည့်ပြည့်စုံစုံရေးထားတာပဲ။ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးပါ ကိုအောင်။ ကိုကြီးကျောက်ကိုတော့ သတိရသွားသဗျာ။
ငါ့နာမည်လည်း မပါဘူး ရှာလိုက်ရတာ မောသွားတာပဲ ဘယ်နား ထည့်ရေးထားလည်းလို့ နောင် လာမဖတ်တော့ဘူး မှတ်ထား။
မအယ်
ကိုကြီးကျောက်အကြောင်း ပါလာတော့
လွမ်းမိတယ် ကိုအောင်ရေ ကိုအောင်ရဲ့
သရဲဇတ်လမ်းတွေ ဖတ်ရင်းကကိုကြီးကျောက်
ဘလော့ရောက်သွားတာ အရေးအသားကို
မကြိုက်ပေမဲ့ ဘလိုကြောင့်မှန်းမသိပါဘူး
သူ့တွေကော သူ့ကိုပါတော်တော်ခင်မိသွားပါ
တယ် ကျနော်ထင်တယ် သူ့မှာဓတ်တစ်ခုခုရှိ
လိမ့်မယ် သိရင်ရေးပါအုံး ကိုအောင့်ပရိသတ်ပါ
Post a Comment