Wednesday, 17 August 2011

ဘလော့ဒေးအတွက် အမှတ်တရများ (အပိုင်း-၂)

ယခင်အပိုင်း(၁)မှ အဆက် …

အင်တာနက်ပေါ်မှာ နာမည်ကြီး မီဒီယာတွေရဲ့ စာမျက်နှာတွေ၊ အဖွဲ့အစည်း
တွေရဲ့ စာမျက်နှာတွေ၊ အစုအဖွဲ့လိုက် အလုပ် လုပ်ကြတဲ့ ဖိုရမ်တွေ အကြားမှာ
ဘလော့ဂါတွေ ရပ်တည်ဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ကူပါ၊ ရေးတတ်
ဖို့ထက် ရဲရဲဝင့်ဝင့် ရေးရဲတဲ့ ဘလော့ဂါများသာ မရှိခဲ့လျှင် …..
ဘလော့ဂါတွေ အချင်းချင်း နွေးနွေးထွေးထွေးဖြစ်ဖို့ (ကို)အောင်သာငယ်နှင့်
မောင်မျိုးတို့ ကြိုးစားခဲ့ကြတဲ့ ဘလော့ခေတ်ဦးပိုင်းနှင့် ကိုကြီးကျောက် မားမား
မတ်မတ် ရပ်တည်ပေးခဲ့တဲ့ မဝေးသေးတဲ့ မနေ့က ခေတ်တွေအကြား အနည်း
ငယ်တော့ ကွာဟမှုတွေ ရှိပါတယ်။

ကိုသစ်နက်ဆူး၏ ပန်းချီကားထဲ ....
ပန်ဒိုရာ၏ လူပြိန်းများ သိမ်းပိုက်သွားသော မြို့၌ ….
မကေ၏ ဆယ်လမွန်ငါးသည် ….
မခင်ဦးမေ၏ ကင်မရာပါသော တယ်လီဖုန်းအား အလစ်သုတ်ပြီး …
ကိုအောင်သာငယ်၏ ရွှေ့ပြောင်းတောင်ယာထဲ ….
ဖုန်ပေးနေသော လင်းဒီပ၏ ဖရဲသီးစိတ်အား စားရင်း ….
မချစ်ကြည်အေး၏ ကင်မရာ မန်မိုရီ မပြည့်ခင် …..
မသက်ဝေတစ်ယောက် လန့်နိုးသွားသောအခါ ….
ကျွန်ုပ်တို့ ဘလော့ဂါအပေါင်းအား လွတ်လပ်ခွင့် ပြုပါ ….

မြန်မာဘလော့ဂါတွေ ထင်ရှားကျော်ကြားခဲ့တဲ့ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေ
မှာ မြန်မာပြည်တွင်း စာပေလောက'က နာမည်ကြီး တချို့ဟာ အင်တာနက်ပေါ်
က ဘလော့ဂါတွေရဲ့ အခန်းကဏ္ဍကို အထင်မြင် သေးစွာ ဝေဖန်ခဲ့ကြပါတယ်။
ဝေဖန်ခဲ့ကြတဲ့ သူတွေထဲမှာ ပြည်ပရောက်တွေလည်း ရှိပါတယ် ….
“အားအားယားယား ၁၀၉ … ၁၁၀ တွေ ...”
“အလုပ်မရှိ အလုပ်ရှာ … အွန်လိုင်းပေါ်မှာ တောင်ရေ မြောက်ရေးတွေ ...”
“ပေါက်ကရပါ … သတ်ပုံတောင် မှန်တာ မဟုတ်ဘူး ….”
…. စသဖြင့် ခပ်ကြမ်းကြမ်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီလိုဝေဖန်မှုကို ကြံ့ကြံ့ခံပြီး
အွန်လိုင်းပေါ်မှာ တင်ပြရေးသားမှု မရှိခဲ့ရင် ၂၀၀၇ “ရွှေဝါရောင် တော်လှန်ရေး”
နှင့် “နာဂစ်” မုန်တိုင်း အရေးပေါ် ကယ်ဆယ်ရေးတွေမှာ ဘလော့ဂါတွေရဲ့
အခန်းကဏ္ဍ ရှိခဲ့မှာ မဟုတ်ပါဘူး။ ဒီလို ဝေဖန်မှု မျိုးစုံကို ရင်ဆိုင်ပြီး အခြေအနေ
မျိုးစုံ၊ အခက်အခဲမျိုးစုံကြား ပွင့်ပွင့်လင်းလင်း တင်ပြရေးသားခဲ့ကြလို့ အွန်လိုင်း
ပေါ်က မြန်မာဘလော့ဂါတွေရဲ့ အခန်းကဏ္ဍက ထင်ရှားခဲ့တာပါ။






ကျောင်းသား၊ တော်လှန်ရေးသမား၊ ဘလော့ဂါ
ကိုဖိုးဇေ(ခ) ကိုမြင့်အောင် (ခ) ကိုနေလ
(၂၀-၁၁-၂၀၀၈)တွင် ကွယ်လွန်သည်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စံတော်ချိန် မတူညီကြတဲ့ ပြည်ပရောက် ဘလော့ရေး
ကြတဲ့ ဘလော့ဂါများ၊ ပြည်တွင်း ဘလော့ဂါများအကြား မကြာခဏ ဆိုသလို
အငြင်းပွားရာ၊ အယူအဆချင်း ထိပ်တိုက်တွေ့ရာကစပြီး ပြင်းပြင်းထန်ထန်
အဆင့်တွေအထိ ပြဿနာ ဖြစ်ပွားလေ့ရှိပါတယ်။ ဒီလို ပြဿနာတွေ အကြား
ပြေပြေလည်လည်ဖြစ်ဖို့ ဒိုင်ခံ ဖြေရှင်းပေးတဲ့သူကတော့ ဘလော့ဂါ
(ကို)အောင်သာငယ် ဖြစ်ပါတယ်။ ဘလော့တစ်ခုလုပ်လို့ ပို့စ် တစ်ခု … နှစ်ခု
တင်အပြီး နောက်ထပ် ပို့စ်အသစ် ထပ်တင်ဖို့ ဘာရေးလို့ ရေးရမှန်း
ခက်ခဲနေတဲ့ ဘလော့ဂါ အသစ်ပေါင်း များစွာအတွက် (ကို)အောင်သာငယ်
က ပျော်ပျော်ရွှင်ရွှင် ကြည်နူးစရာဖြစ်တဲ့ “ပထမဆုံးများ” စသဖြင့်
တက်ဂ်(tag) ဂိမ်းလေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။



ဘလော့ခေတ်ဦးပိုင်းက လူဟောင်း လူသစ်တွေအကြား စောင့်ကြည့်
လေ့လာမှု၊ ချက်ချင်း တုံ့ပြန်ဖို့ နှေးကွေးမှုတွေ ရှိကြပါတယ်။ ဘလော့ဂါ
အသစ်တော်တော် များများမှာ ဖြစ်နေကြ ရောဂါတွေ ဖြစ်တဲ့ ….
ကိုယ့်ဘလော့ရဲ့ လင့်ခ်ကို သူတို့ဆီမှာ ချိတ်ထားလား … ???
ဒီနေ့ ကိုယ့်ဘလာ့ကို အလည်လာတဲ့လူ ဘယ်နှစ်ယောက် ရှိပြီလဲ …???
ပို့စ်အသစ်မှာ ကော်မန့် ဘယ်နှစ်ခု ရပြီလဲ … ???
C-box ထဲမှာ နူတ်ဆက်တဲ့သူ ဘယ်နှစ်ယောက် ရှိပြီလဲ … ???
စသဖြင့် ကိုယ့်ဘလော့ကိုယ် မကြာခဏ ဖွင့်ဖွင့်ကြည့်ပြီး အနည်းနဲ့ အများ
ဆိုသလို အတွေးဝင်လေ့ ရှိပါတယ်။ ဒါကြောင့် စီနီယာကျသော နာမည်ကြီး
ဘလော့ဂါများ၏ C-box များတွင် ခြေရာ ထားခဲ့ခြင်း၊ ပို့စ်များတွင် ကော်မန့်
လိုက်ရေးခြင်းဖြင့် ကိုယ့်ဘလော့ဆီ ပရိတ်သတ် များများရရှိရေး ရောဂါများ
ဆွဲကပ် ကြပါတယ်။ နာမည်ကြီး ဘလော့ဂါများလည်း တချိန်က အဲလို
ဖြတ်သန်းခဲ့ကြဖူးပါတယ်၊ ကျနော်လည်း ထိုနည်းတူစွာ … :P

နာမည်ကြီး ဘလော့ဂါတွေ ပို့စ်အသစ် တင်လိုက်ရင် သူ့ထက်ငါ ကော်မန့်
အရင် ရေးနိုင်ဖို့ နေရာလုတဲ့ ဘလော့ဂါတွေလည်း ရှိပါတယ်။ ပို့စ်ရဲ့
ဆိုလိုရင်း အဓိပ္ပါယ်ကို သေသေချာချာ မဖတ်ပဲ ကော်မန့် ရေးဖို့ပဲ စိတ်
စော နေကြတဲ့ အဖြစ်အပျက်တွေ ရှိဖူးပါတယ်။ မှတ်မှတ်ရရ
ကျနော်ကိုယ်တိုင် (ကို)အောင်သာငယ် ဘလော့ရဲ့ ပို့စ်တစ်ခုမှာ တင်ပြ
ထားတဲ့ ဗွီဒီယိုဖိုင်ထဲက အဆိုတော်ရဲ့ အသံကို နားမထောင်ပဲ
“အကို့အသံ အရမ်း ကောင်းတယ်၊ အားပေးလျက်ပါ … ” လို့ ကော်မန့်
မှာ မှားယွင်းပြီး ရေးသားဖူးပါတယ်။ ဟိုတလောကတောင်
(မ)စုချစ်သူရဲ့ ဘလော့မှာ တင်ပြထားတဲ့ ပန်းချီပုံအောက်ကို သေသေချာချာ
မကြည့်ပဲ “ …... ၊ အမ လက်ရာက ကောင်းပြီးသားပါ ….” လို့ ကော်မန့်
ရေးခဲ့ပါတယ် ….. :P

“အားပေးလျက်ပါ …. ”
“အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်၊ မဂ်လာပါ ….”
“အားရင် အလည်လာဖို့ ဖိတ်ပါတယ် ….”
“ဖတ်ရှုလေ့လာ မှတ်သားသွားပါတယ် ….”
“ဗဟုသုတ ရစရာတွေ သိရလို့ ကျေးဇူးပါ ….”
“ဆက်ရန်ကို စောင့်မျှော်လျက်ပါ ….”
…. စသဖြင့် ကော်မန့်ရေးတဲ့ ဘလော့ခေတ်ဦးပိုင်းက ဘလော့ဂါအသစ်
တို့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း စနောက်တဲ့ နေရာတစ်ခုရှိ
ပါတယ်၊ အဲဒါက ဘလော့ဂါ မောင်မျိုးရဲ့ C-box ပါ၊ ပို့စ်အသစ် တင်တဲ့
ဘလော့ဂါအသစ်ရော၊ ပို့စ်အသစ် မတင်နိုင်သေးတဲ့ ဘလော့ဂါအသစ်
တော်တော်များများ အဲဒီ C-box အတွင်း တစ်ဦးနှင့် တစ်ဦး တွေ့ဆုံ
နေကြပါ၊ ဘလော့ပိုင်ရှင် ဖြစ်တဲ့ မောင်မျိုးဟာ ကျနော် မှတ်ထား
သလောက် တစ်နေ့ သုံးကြိမ်နီးပါး သူ့ C-box ထဲ လာရောက် နူတ်ဆက်
သူတွေကို ပြီးပြီရော မဟုတ်ပဲ နွေးနွေးထွေးထွေး ပြန်လည် နူတ်ဆက်
ပါတယ်၊ ဒါကြောင့် အဲဒီ C-box ကို ဘလော့ဂါအသစ်တွေရဲ့ လဖက်ရည်
ဆိုင်လို့ ကျနော် နာမည်ပေးခဲ့ပါတယ်။ ဘလော့ရေးကာစ ဘလော့ဂါအသစ်
တွေရဲ့ ခံစားချက်တွေ၊ “ဆက်မရေးတော့ဘူးလို့” စိတ်ဓါတ်ကျဆင်းသံ
အမျိုးမျိုးကို ဒိုင်ခံ နားထောင်ပြီး အားပေးစကား ပြောခဲ့သူက ဘလော့ပိုင်ရှင်
မောင်မျိုး ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် “ရွှေဝါရောင် တော်လှန်ရေး” ကနေ ၂၀၁၀ ခုနှစ် “ရန်ကုန်
သင်္ကြန် ဗုံးကွဲမှု” အထိ မြန်မာဘလော့ဂါတွေအကြား မကြာခဏ
ဆိုသလို အတွေးအခေါ်တွေ ထိပ်တိုက်တွေ့ပြီး ငြင်းပွဲတွေ ဖြစ်ပွားလေ့
ရှိပါတယ်။ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် ကန်တော်ကြီးစောင်း ဗုံးကွဲမှု
အပြီးမှာတော့ “ဗုံးပေါက်ကွဲမှု” မှားတယ် မှန်တယ် ဆိုတဲ့ အယူအဆ
ဟာ ဘလော့ဂါ အများစုကြား အပြင်းအထန် ရိုက်ခတ်ခဲ့ပါတယ်။
အဲဒီ အငြင်းပွားမှုနဲ့ စိတ်ဝမ်းကွဲမှုကြောင့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ
ပြုလုပ်ခဲ့တဲ့ “ကြိုတင်မဲ ရွေးကောက်ပွဲ” မတိုင်ခင်မှာပဲ ဘလော့ဂါတွေ
ဆီ ရိုက်ခတ်မှု သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

မြန်မာဘလော့ဂါတွေရဲ့ ခေတ်ဦးပိုင်းမှာ လူချစ်လူခင်
ပေါများခဲ့တဲ့ ကိုစိုးထက်
သမိုင်းကြောင်းကို ကျကျနန ပြောပြတတ်တဲ့
ကိုမောင်ရင် …. တို့ ဘလော့လောကကို အကြောင်းအမျိုးမျိုးကြောင့်
ကျောခိုင်းသွားကြပါတယ်။

ရံဖန်ရံခါ ပွက်လောရိုက်ပြီး ရံဖန်ရံခါ တိတ်ဆိတ် ခြောက်ကပ်လှသော
ကျနော်တို့ မြန်မာဘလော့ဂါများအတွက် အင်တာနက် သိကြားမင်းက
ကိုကြီးကျောက်” ခေါ်သော ချစ်ခင်ဖွယ်ကောင်းသည့် အကိုတစ်ဦးအား
ဘလော့ဂါအဖြစ် ဖန်ဆင်း ပေးခဲ့သောအခါ ….

(မှတ်ချက်။ ။ ဒီ ဘလော့ဒေး အမှတ်တရများ အတွက် မောင်မျိုးမ Rose
မကေ ဆောင်းနှင်းရွက် ကိုဟန်ကြည်ကိုဇော်ကိုစိုးစီမစုချစ်ကိုအေအေတူ
မစောမိုးယံမရွှေစင်ဦး မသက်ဝေနှင့် မချောတို့ကို ခင်မင်စွာ တက်ဂ်
(tag) ပါတယ်၊ ဖြစ်နိုင်ရင် ဘလော့ လောကတစ်ခုလုံးက ဘလော့ဂါ အားလုံး
ကို တက်ဂ်(tag) ချင်ပါတယ်၊ ဘလော့ဒေး အမှတ်တရအဖြစ် ဘလော့နှင့်
ပက်သက်တာတွေ အတွေ့အကြုံတွေ ခံစားချက်များ ရေးပေးကြပါလို့ … :P )

(ဆက်ရန်။)

-စစ်ငြိမ်းဒီရေ

19 comments:

rose said...

သတိတရလေး Tag ထားလို့ ကျေးဇူးပါ ကိုအောင်ရေ။ ရေးမယ်နော်။ ဒီကလည်း အစတည်းက ရေးချင်ချင် ဆိုတော့း)။ ကိုအောင် ရေးထားတဲ့ အကြောင်းအရာလည်း သေသေချာချာ ဖတ်ပါတယ်။ ပထမ ကွန်မန့် ရချင်လို့ အမြန်ရေးတာ မဟုတ်ရကြောင်းပါ (အမြန်ဖြေရှင်းထားမှ ခိခိး))

ကိုဇော် said...

နေပါဦးဗျာ . . .
ကိုအောင်ရေးနေတဲ့ ပို့စ်လေးကို ဘာကြောင့်ရေးရလဲ ဆိုတာ စောင့်ဖတ်လိုက်ဦးမယ်လေ။ ပြီးတော့မှ ရေးတာပေါ့ နော့။

Anonymous said...

ကိုအောင် ရေ

ရွှေစင်ဦး နံမည်လေးဘယ်နေရာမှာ ပါလာမလည်း လို့ ဖတ်လိုက်ရတာ တော်သေးတယ် တဂ် လုပ်ထားတဲ့ အထဲပါလာလို့ ရေးမယ် ရေးမယ် စိတ်ချ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စော(အဝါရောင်မြေ) said...

ကိုအောင် Tag တာကို သူငယ်ချင်းတစ်ယောက်က မေးလ်ပို့ ထားမှ လာကြည့်မိတယ်။ ဘယ်လို ရေးရမလဲ မသိဘူး။ ကြိုးစားကြည့်ပါဦးမယ်။

An Asian Tour Operator said...

ဟုတ်တယ် ကိုအောင် ရေ.. အဲဒီ မောင်မျိုးဆိုတဲ့ ကြောင် လေး (အဲလေ) ကောင် လေးက ချစ်စရာ လေးပါ။
အဆက် မျှော်နေမယ်။ (ဘယ်အဆက်ကိုလဲ မသိဘူး)
:P
ခင်မင်စွာ

sosegado said...

ကိုအောင် ခင်ဗျား၊

အပေါ်ကပြောသလို ကျနော် ကြိုစားရေးကြည့်ပါမယ်၊

လေးစားခင်မင်စွာဖြင့်
sosegado

သက်ဝေ said...

ကျေးဇူး ကိုအောင်...
ဒီ တရက် နှစ်ရက်အတွင်း ရေးပါ့မယ်...း))

ရေးချင်တာတွေကို ပေါ်တင်ကြီး ချရေးလိုက်လို့ အိမ်ကို ခဲနဲ့ အထုခံရရင် ကိုအောင် တရားခံနော်... :D

မိုးယံ said...

ဒီအပိုင်းက ကျွန်တော့အတွက် နည်းနည်းခက်မလားပဲ...ထုံးစံအတိုင်းပေါ့.... သူများတွေ ရေးတာကြည့်ပြီး ကြိုးစားပေးပါ့မယ်... ဗရွတ်ရွှတ်တ ကောင်မို့ အားနည်းချက်များရှိရင် ခွင့်လွှတ်ပေးနော်..။

ကိုအောင်ရေးထားတာကို ဆုံးအောင်ဖတ်ဦးမယ်..။

Anonymous said...

တဂ် ... !
စာက နေတိုင်း ရေးချင်တာတွေ
ရေးနေရတာ ဆိုတော့ ..
အားသေးဘူးးး ကိုအောင် ရယ် .. :D:D
(( နောက်တာပါ ))
အမှတ်တရ တဂ်ပေးတာ
ကျေးဇူးပါ ကိုအောင် ..
ခုတော့ မရေးပါရစေနဲ့ အုံးနော် ..
စာမေးပွဲ လကုန်ထိ ရှိနေလို့ ..
နောက်လထဲ မှ ရေးပေးမယ် .. နော်..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Maung Myo said...

ရေးမယ် အစ်ကိုရေ့ တကယ် မှတ်မှတ်ရရ ရှိနေပေးတာလည်း ကျေးဇူးပါ ။

kay said...

တဂ်ရင် ခု စာထဲက..လူတွေ အကုန်တဂ်လေ..

ကိုအောင် said...

ဟုတ် မကေ ...
ကျနော်လည်း တက်ဂ်(tag) မလို့၊ အားနားနေလို့ အမ၊ နောက်ပို့စ်ကျရင် တက်ဂ်(tag) လိုက်မယ်၊ ကျေးဇူး ....

ချော(အစိမ်းရောင်လွင်ပြင်) said...

တဂ်တယ်ပေါ့ ကိုအောင်
ဟုတ်ကဲ့ တဂ်တော့လဲ ဆက်ရတာပေါ့လေ..
ဘလော်ဂါတွေအကြောင်း ရေးပစ်ပါဦးမယ် ဟီဟီး)

Nge Naing said...

ကိုအောင်ရေ အပိုင်း ၁ ရော ၂ ပါ ပေါင်းဖတ်သွားပါတယ်။ ကျွန်မကတော့ သူများတွေလို ရေးစရာ မရှိလို့ အရေးကျဲတယ် ဆိုတာထက် ရေးစရာတွေက မကုန်နိုင်အောင် ရှိပေမဲ့ ရေးချင်စိတ် (သို့) အချိန်ပေးနိုင်မှု အတိုင်းအတာကြောင့် အရေးကျဲလာတာပဲ ရှိပါတယ်။ ပြီးတော့ ဘလော့ဂ်တခုကို သွားလည်ပြီး မှတ်ချက်ပေးရင်လည်း ဘလော့ဂ်ကို လာလည်ဖို့ ဖိတ်ခေါ်တာသက်သက် ဘယ်တော့မှ ရေးလေ့မရှိဘူး။ သေသေချာချာ ဖတ်ပြီးမှပဲ မှတ်ချက်ပေးစရာရှိမှပဲ ရေးတတ်ပြီး မရှိရင် မရေးဖြစ်ဘူး။ ကိုအောင် ပို့စ်လေးက ကိုအောင် ဖြတ်သန်းရတဲ့အထဲက ကောင်းတာလေးတွေကိုပဲ တကူးတက မှတ်တမ်းတင်ထားပြီး ရေးထားတော့ ဖတ်လို့တော်တော်လေး ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုပို့စ်မျိုးကို ကျွန်မသာ ရေးရင်တော့ ဘလော့ဂ်လောကရဲ့ လမ်းခရီး ဒီလောက်အထိ အဆင်ပြေချောမွေ့ပုံပေါ်တဲ့ ပို့စ်ကောင်းလေးတော့ ဖြစ်လာမယ်မထင်ဘူး။

ဘလော့ဂ်လောကကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ပို့စ်ကောင်းလေးတွေ ဆက်လက်ပြီး ရေးနိုင်ပါစေ။

ဟန်ကြည် said...

တက်(ဂ်)တော့လဲ ၀မ်းမြောက်ဝမ်းသာနဲ့ ရေးရဦးမှာပေါ့ ကိုအောင်ရေ...တက်(ဂ်)ပို့ရေးဖြစ်တာ ဒါနဲ့မှ နှစ်ပုဒ်ပဲ ရှိသေးတာဆိုတော့ နည်းနည်းတော့ သတိထားပြီးရေးမှ...တစ်ခါတစ်ခါကျရင် ရေးရင်းနဲ့ ဈာန်ဝင်သွားတတ်လွန်းလို့ဗျာ...

ချစ်ကြည်အေး said...

တို့လည်းမပါဘူး တက်ဂ်တဲ့အထဲမှာ....

ပုံ / မယ်ရေးချင်

ချစ်ကြည်အေး said...

ကိုယ်ရေးချင်တာပဲ ပြောပြီး ပိုစ့်အကြောင်းပြောဖို့ ကျန်ခဲ့လို့၊ တခေါက် ပြန်လာတယ်။ ကျွန်မ မရေးခင် ဘလော့ဂ်ခေတ်ဦးပိုင်းက အကြောင်းလေးတွေ ဖတ်ရတာ ကြည်နူးစရာရယ်။ အံ့ဩစရာကတော့ ဘလော့ဂ်ရွာထဲ အသစ်အဟောင်းမခွဲ နွေးထွေးတတ်ကြတယ် ဆိုတာလေးပါပဲ။ ပြောစရာရှိပြော၊ ဆိုစရာရှိဆို...အကိုအေတီအန်တို့လို ငေါက်စရာရှိလည်း ငေါက်ရင်းပေါ့လေ...။ ပျော်ပါတယ်....:)

PhyoPhyo said...

ကိုအောင်ရေ
ဘလောဂ့်အကြောင်း ဘလောဂ့်ဂါတွေအကြောင်းမသိတာတွေလိုက်ဖတ်နေတာ။
အစ်မကလည်း အိမ်သိပ်မလည်ဖြစ်တော့ အကုန်မသိနိုင်ဘူး။ အားတဲ့အချိန်တော့ နိုင်သလောက်လည်တာပဲ၊
သိသလောက်လင့်တွေသာလိုက်ချိတ်ထားဖြစ်တာ။
အကုန်လုံးချစ်ချစ်ခင်ခင်ပျော်စရာကောင်းပါတယ်။

စုချစ် said...

ဆြာအောင်ရေ...
၃၁ မတိုင်ခင်ရေးမယ်လေနော်...
း)
ပုံ... ငပျင်းစုချစ်