ယခင် အပိုင်း(၂)မှ အဆက် ….
မမအေးတစ်ယောက်တော့ ဘုရားစင်က သောက်တော်ရေတွေ
ကပ်လိုက်၊ ပြန်စွန့်ပြီး တအိမ်လုံး လိုက်ဖြန့်လိုက်ဖြင့် အလုပ်ရှုပ်
နေပါတော့တယ်။ အိပ်မှုံစုံဖွားဖြင့် ကြောင်တောင်တောင် ဖြစ်နေသော
ကိုစိုးအနားတွင် သူတို့ မေးခွန်းများက မရပ်မနား ….
“ကိုကြီးစိုး၊ ဘာ အိပ်မက်တွေ မက်တာလဲ ဟင်း ...”
“အိမ်မက်ထဲက သရဲက ခေါင်းရင်းအိမ်ကလား ကိုစိုး ….”
“သူက ဘယ်လိုလုပ်ပြီး ခြင်ထောင်ထဲကို ၀င်လာတာလဲ ….”
တယောက်တပေါက်စီ မေးနေကြသော မေးခွန်းများကို နားထောင်ရင်း
ကိုစိုးစီမှ အဖြေထွက်မလား၊ သူတို့ ကလေးငယ်တသိုက်ရဲ့ ဦးနှောဏ်
ထဲမှာတော့ ပေါင်ချိန်တို့အဖွား' ဖွားဖွားမြတစ်ယောက်ပဲ သူတို့ လိုချင်
တဲ့ အဖြေကို ပေးနိုင်မယ် ...။
(၆)
နံနက်ခင်း မိုးလင်းကာစ မြေးဖြစ်သူ ပေါင်ချိန်ကို လာခေါ်သော ဖွားဖွားမြ
နံဘေးတွင် ဖြူဖြူအပါအ၀င် ကလေးငယ်အားလုံးက မေးခွန်းတွေ မေးကြ
ပါတယ် … ၊ ဖွားဖွားမြ ပြောပြသည်က ….
“အဖွား ကြုံဖူးတာက …
အဖွားမြကို ရဲမှူးကြီးတို့ တမိသားစုလုံးက “အမေမြ”လို့ ခေါ်လေ့ရှိပါတယ်၊
တန်ဖိုးကြီး အ၀တ်အစားအချို့ကို လျှော်ဖွတ်ခြင်း၊ ပေါ့ပါးသော သန့်ရှင်း
ရေးအချို့ကိုသာ အမေမြ လုပ်ဆောင်ရပါတယ်။ ဤသို့ဖြင့် တနေ့၌ အ၀တ်
လျှော်နေသော အမေမြအား အိမ်စောင့်အဖြစ် အိမ်တွင် တစ်ယောက်တည်း
ထားရစ်ခဲ့ပြီး အပြင်သို့ တမိသားစုလုံး ထွက်ခွာသွားကြပါတယ်။ အိမ်အောက်
ထပ် နောက်ဖေးရှိ ရေချိုခန်းထဲတွင် အ၀တ်လျှော်နေသော အမေမြ'နားထဲ
ငိုရှိုက်သံတစ်ခုကို ပီပီသသ ကြားလိုက်ရလို့ ရုတ်တရက် အံ့အားသင့်
သွားပါတယ်၊ ဒါကြောင့် ရေချိုခန်းထဲမှ အပြင်သို့ မသိမသာ လှမ်းကြည့်
လိုက်သောအခါ သနပ်ခါးကို ခြေစွန်းခေါင်းစွန်း လိမ်းထားသော အပျိုရွယ်
မိန်းကလေးတစ်ဦး တရှုံရှုံငိုကြွေးရင်း အိမ်ပေါ်ထပ်ကနေ လှေကား
အတိုင်း အောက်ထပ်ကို ဆင်းလာပါတယ်၊ ယခင်က ဒီ မိန်းကလေးကို
ဒီအိမ်တွင် တခါမှ မမြင်ဘူးပါ၊ အဲဒီနောက် အိမ်ရှေ့ သံဘာဂျာတံခါးတွင်
တစုံတယောက်နဲ့ တော်တော်ကြာအောင် စကားပြောနေပါတော့တယ်၊
သူများ မိသားစုအတွင်းရေး စပ်စပ်စုစု မလုပ်ချင်သော အမေမြလည်း
အ၀တ်ဆက်လျှော်နေခဲ့ပါတယ်၊ သူတို့နှစ်ဦး ပြောဆိုနေသော စကား
များထဲတွင် “ကိုသက်” နှင့် “မွန်” ဆိုသော တစ်ဦးနှင့် တစ်ဦး ခေါ်ဆို
သံများကို တချက်တချက် ကြားနေရပါတယ်၊ သိပ်မကြာသော မိနစ်
အနည်းငယ်အတွင်း လျှော်ပြီးသား အ၀တ်များကို နေလှန်းဖို့အတွက်
အမေမြတစ်ယောက် ရေချိုခန်းအတွင်းမှ ထွက်လာသောအခါ
သံဘာဂျာတံခါးအနီးတွင် စကားပြောနေသူ နှစ်ဦးစလုံး ထူးဆန်းစွာ
မတွေ့ရတော့ပါ။ သို့ပေမယ့် အမေမြ စိတ်ထဲမှာတော့ သူတို့နှစ်ဦး
အိမ်ပေါ်ထပ် ဧည့်ခန်းဆီ တက်သွားကြပုံ ရတယ်လို့ ထင်ခဲ့ပါတယ်။
တနေ့တွင် သူတို့အိမ်က တမိသားစုလုံး အိမ်မှာ ရှိနေခိုက် သူတို့
မိတ်ဆွေများက အိမ် အလည်လာဖို့ ဖိတ်ကြားသောကြောင့် သူတို့
တမိသားစုလုံး အပြင်သွားဖို့ ပြင်ဆင်ကြပါတယ်၊ အပြင်ထွက်ခါနီး
အောက်ထပ် မီးဖိုချောင်တွင် သန့်ရှင်းရေး လုပ်နေသော အမေမြ
အား အိမ်ပိုင်ရှင် ရဲမှူးကြီးကတော်က …
“အမေမြ ရေ၊ ကျမတို့ အိမ်ရှေ့တံခါးကို သော့ခတ်သွားတယ်၊
ဗိုက်ဆာရင် ဒီမှာပဲ စားလိုက်နော်၊ အိမ်ကို ပြန်မနေနဲ့၊ အရေးအကြောင်း
ရှိလို့ အပြင်ထွက်ချင်ရင် သော့အပိုကို လှေကားအဆင်းက တိုင်မှာ
ချိတ်ထားတယ် အမေမြ ….”
ဒီလိုနဲ့ အမေမြတစ်ယောက် မီးဖိုချောင်ထဲတွင် သန့်ရှင်းရေး လုပ်
ပြီးကာစ ရေချိုးခန်းတွင် စိမ့်ထားသော အ၀တ်အနည်းအငယ်ကို
လျှော်ဖို့အတွက် ရေချိုခန်းထဲသို့ ၀င်တော့မယ့်ဆဲဆဲ အရင်တခါက
ကြားခဲ့ဖူးသော ငိုရှိုက်သံ သဲ့သဲ့ကို ကြားရပြန်ပါတယ်၊ လှမ်းကြည့်
လိုက်တော့ အရင်ပုံစံအတိုင် သနပ်ခါးကို ခြေစွန်းခေါင်းစွန်း လိမ်းပြီး
ဆံပင်ကို ဖားလျား ချလျက် အပေါ်ထပ်ကနေ အောက်ထပ်ဆီ
ဖြေးဖြေးချင်း ဆင်းလာပါတယ်။ ရုတ်တရက် အမေမြ စိတ်ထဲ တမျိုး
ဖြစ်သွားပါတယ်၊ တမိသားစုလုံး အပြင်သွားကြတာ ဘယ်လိုဖြစ်ပြီး
ဒီ မိန်းကလေးတစ်ယောက်တည်းကို အိမ်မှာ ထားရစ်ခဲ့တာလဲ … လို့
ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိပါတယ်။ ခဏလောက်အကြာ
မှာ လျှော်ပြီးသား အ၀တ်များ ထည့်ထားသော ဇလုံကို သယ်ပြီး
လှေကား အတက်အဆင်းက တိုင်တွင် ချိတ်ထားသော သော့ကို
ယူလျက် အပြင်ကို အမေမြ ထွက်လာခဲ့ပါတယ်။ သံဘာဂျာတံခါးနား
တွင် မတ်တပ်ရပ်ရင်း ငိုနေသော သူတို့နှစ်ဦးကို ကြည့်ရင်း အမေမြ
စိတ်မကောင်း ဖြစ်သွားပါတယ် …
“ကလေးတို့ မိုးတိုးမတ်တပ်ကြီးနဲ့ အိမ်ထဲဝင်ပြီး အေးအေးဆေးဆေး
စကားပြောကြပါလား၊ အမေမြဆီမှာ သော့ရှိတယ် ...”
အမေမြ လှမ်းပြောလိုက်တဲ့ အသံကြောင့် သူတို့ နှစ်ဦးစလုံး အမေမြ
ဖက်ဆီ လှည့်ကြည့်ကြပါတယ်၊ ယခင်က တခါမျှ သူတို့ နှစ်ဦးစလုံးကို
သေသေချာချာ မကြည့်ခဲ့ဖူးသော အမေမြတစ်ယောက် အခုလို
မျက်နှာချင်းဆိုင် ကြည့်ပြီး တော်တော်လေး အံ့အားသင့်သွားပါတယ်၊
သံဘာဂျာတံခါး၏ အပြင်ဖက်တွင် မတ်တပ်ရပ်နေသော အသက်
နှစ်ဆယ့်ခြောက် … နှစ်ဆယ့်ခုနှစ် အရွယ် လူငယ်ဟာ တကိုယ်လုံး
ရေတွေ စိုရွှဲနေပြီး ခိုက်ခိုက်တုန်နေအောင် ချမ်းနေပါတယ်။ သံဘာဂျာ
တံခါးတွင် ခတ်ထားသော သော့ကို ဖွင့်ရင်း အမေမြ မေးလိုက်ပုံက …
“လူလေးရယ်၊ မင်းတကိုယ်လုံး စိုရွှဲနေတာပဲ၊ ဘယ်က လာသလဲ ...”
“ကျနော် … မလေးရှားနဲ့ စင်္ကာပူ နယ်စပ်က ပြန်လာတာ အဖွား ...”
လို့ ပြောရင်း အိမ်ထဲကို ၀င်သွားတဲ့ လူငယ်ရဲ့ စကားကို အပြည့်အဝ
နားမလည်သော အမေမြတစ်ယောက် ဇလုံထဲက အ၀တ်တွေကို အိမ်
အပြင်က တန်းပေါ်တွင် ချိတ်ဆွဲနေပါတယ်၊ အဲလို အ၀တ် လှန်းနေခိုက်
စိတ်ထဲတွင် ခိုးလို့ခုလု ဖြစ်သလို ခံစားနေမိပါတယ်၊ ဒါနဲ့ ရုတ်တရက်
လှည့်ပြီး အိမ်ထဲကို ကြည့်လိုက်တော့ သူတို့ နှစ်စလုံးကို မတွေ့
ရတော့ပါ၊ အမေမြ' စိတ်ထဲ တမျိုး ဖြစ်သွားပြီ …. ဒုက္ခပဲ၊ အိမ်ရှင်တွေ
အပြင်သွားတုန်း၊ သူတို့ သမီးလား … တူမလားလည်း ငါ မသိဘူး၊
တံခါး ဖွင့်ပေးလိုက်မိလိုက်ပြီ၊ အောက်ထပ်မှာ အေးအေးဆေးဆေး
စကား ထိုင်မပြောပဲ၊ အပေါ်ထပ်ကို ဘာကြောင့်များ တက်သွားကြတာ
လဲ၊ ဒုက္ခပဲ … အခုချိန် အိမ်ရှင်တွေ ပြန်လာရင် တံခါးဖွင့် ပေးမိတဲ့
ငါပါ ရောပြီး အပြစ်တင် ခံရတော့မယ် …. လို့ တွေးမိလိုက်ပါတယ်။
ဒါကြောင့် ခက်သုပ်သုပ်လေး အိမ်ထဲ ပြေးဝင်ပြီး လှေကား အဆင်း
ကနေ အပေါ်ထပ်ကို … “အပေါ်ထပ်က သမီးနဲ့ ဧည့်သည် လူလေး
တို့၊ သမီးတို့ စကားပြောချင်ရင် အောက်ထပ်မှာ စကား ထိုင်ပြော
ကြပါလား၊ အိမ်မှာ လူကြီးတွေ မရှိတုန်း အောက်ထပ်မှာပဲ အေးအေး
ဆေးဆေး စကားပြောကြပါလားကွယ်၊ တော်ကြာ လူကြီးတွေ ပြန်လာ
လို့ ကလေးတို့ကို တွေ့သွားရင် အမြင်မတော် ဖြစ်မှာ ဆိုးလို့ပါ ...”
အမေမြ ဘယ်လို လှမ်းပြောပြော အပေါ်ထပ်ဆီမှ ဘာသံမျှ ထွက်
မလာပါ၊ ဒီအိမ်မှာ အလုပ်စလုပ်ကတည်းက တန်ဖိုးကြီး ပစ္စည်းအချို့
ရှိနိုင်သော အိမ်အပေါ်ထပ်ကို အမေမြ တခါမျှ မတက်ခဲ့ဖူးပါ၊ ဒါနဲ့
အောက်ထပ် လှေကားအဆင်း နေရာတွင် ချီတုံချတုံ ဖြစ်နေပါတယ်။
ဒီလိုနဲ့ အမေမြတစ်ယောက် အိမ်အောက်ထပ်မှာ ယောက်ယက်ခပ်
နေခိုက်၊ အိမ်ရှေ့တွင် ဖြတ်သွားသော ရပ်ကွက်ထဲက ဆယ်အိမ်မှူးရဲ့
အသံကို ကြားလိုက် ရပါတယ်။ ဒီလိုနဲ့ အိမ်ရှေ့ဖြတ်သွားတဲ့
ဆယ်အိမ်မှူးနဲ့ အခြားတစ်ယောက်ကို အိမ်ထဲ ခဏခေါ်ပြီး အမေမြ
နှင့် ဆယ်အိမ်မှူးတို့ အိမ်ပေါ်ထပ်ဆီ တက်ခဲ့ကြပါတယ်။
အပေါ်ထပ်ရဲ့ ဧည့်ခန်း၊ သော့ မပိတ်ထားတဲ့ အိမ်ခန်းများ၊ အပြင်
ကနေ သော့ခတ်ထားတဲ့ အိမ်ခန်းများ၊ နေရာအနှံ လိုက်ရှာသော်လည်း
သူတို့ နှစ်ဦးကို ရှာလို့ မတွေ့ပါ၊ အကူအညီပေးသော ဆယ်အိမ်မှူး
ကတောင် အိမ်ကအထွက် …
“ဒေါ်မြ၊ ညဖက် အိပ်ရေးဝအောင်လည်း အိပ်အုံးနော်၊ အိပ်ရေးတွေ
ပျက်ပြီး တောင်ထင် မြောက်ထင် ဖြစ်မနေနဲ့ … ဟားဟားဟား ...”
အိမ်ရှင် မိသားစု အပြင်က ပြန်ရောက်လာသောအခါ အမေမြ
တစ်ယောက် အိမ်ရှင်ရဲမှူးကြီးအား ဖြစ်ကြောင်းကုန်စင်ကို ဖွင့်ပြော
လိုက်ပါတော့တယ်၊ အဲဒီနောက်ပိုင်း ခေါင်းရင်းအိမ် မိသားစုက
… “အသက်အရွယ်ကြီးသူကို သူတို့အိမ်မှာ ကူဖော်လောင်ဖက်
ခိုင်းရတာ သူတို့တွင် အကုသိုလ် မကင်း ” …. ဟု ပြောဆိုပြီး
အမေမြအား ငွေကြေး အနည်းငယ်ကန်တော့ပြီး အိမ် အလုပ်
သမား အဖြစ်မှ ရပ်နားခဲ့ပါတယ် ….
…......... ဖွားဖွားမြ စကားအဆုံးမှာတော့ ကိုစိုးတို့ မမအေးတို့
အပါအ၀င် ဖြူဖြူတို့တသိုက် မျက်လုံးတွေ အပြူးသားပါ။
(၇)
နွေအေးနဲ့ သူ့သူငယ်ချင်းတွေ အိမ်ပေါ်တက်လိုက်၊ အောက်ဆင်း
လိုက်ဖြင့် တနေ့ကုန် အလုပ်ရှုပ်နေပါတယ်၊ သူတို့အုပ်စုကို ကြည့်
ပြီး ဖြူဖြူနဲ့ ကောင်းခန့်တို့ အမွှာညီနောင်က …
“ဘာလုပ်နေတာလဲ၊ အိမ်ပေါ် တက်လိုက်ဆင်းလိုက်နဲ့ ...”
“ဒီည သား သူငယ်ချင်းတွေပါ၊ မိုးလင်းပေါက် ဗွီဒီယိုကြည့်ဖို့
ခေါ်ထားတယ် မမ၊ ဘာမှ မကြောက်နဲ့ သားတို့မှာ အုပ်စုတောင့်ရင်း
ဘာ သရဲမှ လာ မခြောက်ရဲဘူး ….”
ညပိုင်း သူတို့ အိမ်ပေါ်ထပ်တွင် ကိုစိုးနှင့် မမအေးတို့ ဇနီးမောင်နှံ၊
နွေအေးတို့ သူငယ်ချင်းတစု၊ ကောင်းခန့်နှင့် ကျော်ကျော်တို့ အပါ
အ၀င် အိမ်နီးနားချင်းမှ ပေါင်ချိန်၊ သားပု၊ အိုးမဲတုံး၊ ပရစ်ကြော် စတဲ့
ကလေးငယ်များဖြင့် စည်းကားနေပါတယ်၊ ဖြူဖြူနဲ့ နောက်ဖေးအိမ်
မှာ ထွေးထွေးတို့လည်း အားလုံးအလယ် ၀င်ထိုင်ရင်း သူတို့ စိတ်ထဲ
မှာ အားရှိနေသလိုလို ကြောက်စိတ်ပျောက်နေသလို ပျော်ရွှင်နေကြ
ပါတယ်။
(ဆက်ရန်။)
-စစ်ငြိမ်းဒီရေ
16 comments:
ကိုအောင် ရေ
ဖတ်ရတာ မဝလိုက်တာ များများနဲ့ မြန်မြန်တင်ပါဗျို့
ရင်တထိတ်ထိတ်နဲ့ လာဖတ်သွားပါတယ်ရှင်။
ခင်တဲ့
ဖွားဖွားမြ ဇာတ်လမ်းက ဘယ်လိုလဲ
အဲကောင်မလေးနဲ့ကောင်လေးက သရဲတွေလား..
ခင်တဲ့ blackroze
သနပ်ခါးလိမ်းထားတဲ့ သရဲနဲ့၊ ရေစိုသရဲ စုံတွဲက နေ့ခင်းကြီးလည်း ခြောက်တယ်နော်။ လာဖတ်ဖြစ်ပါတယ် ကိုအောင်ရေ...။ ကွန်မန့် မချန်ထားဖြစ်ခဲ့တာ။ နောက်အပိုင်းတွေကို ခပ်စိပ်စိပ်လေး ရေးပေးပါနော်။ မေ့ မေ့ကုန်လို့း)
စလုံး-မလေးရှားနယ်စပ်ကတဲ့
ခေတ်မှီလိုက်တာ . . . အစောပိုင်းက ဖြစ်မယ်။
I agree with Ma Ma Rose....Jasmine
ကိုအောင် ရေ.. ဒီတစ်ပိုင်းက တော့ တိုလွန်း သဗျာ။ :)
လူသဘာဝတွေ တွေ့လိုက်ရပါသည်၊
လူများရင် ကြောက်စိတ်နည်းသွားတယ်၊
ဖတ်ရင်းနဲ့ တောင်ရင်တထိတ်ထိတ် ရှိရတယ် ..အကိုရေ
စောင့်မျှော်လျှက်ပါလို့...
အပိုင်း(၁) က အစ ဖတ်သွားပါတယ်။ သိပ်မလန့်ရအောင် မနက်စောစောဖတ်သွားတာပါ။ ကျေးဇူးပြုပြီး မြန်မြန်လေးဆက်ပေးပါရှင်း)
ကိုအောင်ရေ..
အမြဲလာအားပေးပါတယ်။ တစ္ဆေဇတ်လမ်းတွေကိုတော့ ဇတ်သိမ်းတင်တဲ့နေ့မှပဲ အမြဲတမ်းအစအဆုံးဖတ်ပါတယ်။ ဒီနေ့တော့ အပိုင်း၃ ကိုနှမြှောတသစွာနဲ့လာ ကြည့်သွားပါတယ်။
ဟီး အစ်ကို့ပို့စ်တွေကို ရုံးရောက်မှာဖတ်ရဲတယ်။
part 4 ga val dot mha lar mhar ke hin:'(
part 4 ga aku hti var lo ma tat thay dar le hin?
ကောင်းခန်းရောက်နေပြီ .. အဟိ ..
အပိုင်း(၄)မြန်မြန်တင်ပါဗျို.
Post a Comment