Thursday 4 August 2011

လက်ကိုင်ပ၀ါအောက်မှ မျက်ရည်စများ

ရှစ်လေးလုံး တော်လှန်ရေးရဲ့ ကနဦးအစ ချီတက်မှုတွေ
မှာ ဆန္ဒပြချီတက်ကြသူတွေ အားလုံး လက်ကိုင်ပ၀ါကို
မျက်နှာပေါ်မှာ ဖုံးအုပ်လေ့ရှိပါတယ်။ အာဏာရှင် သမ္မတဟောင်း
ဦးစိန်လွင် လက်ထက်မှာ ဖြစ်ပွားတဲ့ ၈- ရက် ၈- လ ရှယ့်ဆယ့်ရှစ်
ပတ်ဝန်းကျင်က အဖြစ်အပျက်တွေမှာ နိုင်ငံတော်နဲ့ နိုင်ငံသား
လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ ကြွေးကြော်သူ ကျောင်းသား
လူငယ်များက လက်ကိုင်ပ၀ါကို တော်လှန်ရေးအတွင်း မရှိမဖြစ်
ပစ္စည်းတစ်ခုအနေနဲ့ အားကိုးခဲ့ကြဖူးပါတယ် …။

ရန်သူ (သို့မဟုတ်) ပြိုင်ဖက် အင်အားစုရဲ့ အမာခံဒေသတစ်ခုကို
ဖြိုချ ဖျက်ဆီးဖို့ သမိုင်းခေတ် အဆက်ဆက်က စစ်ရေးပိုင်းဆိုင်ရာ
ရှုထောင့်တွေမှာ အယူအဆပေါင်း မျိုးစုံ ရှိခဲ့ပါတယ်။ အုပ်ချုပ်သူ
အာဏာပိုင်တွေရဲ့ မူဝါဒအရ ကိုင်တွယ်မှု အတင်းအလျော့တွေသာ
ကွဲပြားပါတယ်။ တို့ဗမာ အစည်းအရုံရဲ့ သမိုင်းမှတ်တမ်းများမှာ
“သာယာဝတီ”၊ “ထားဝယ်” အစရှိတဲ့ အမာခံ ဒေသကြီး (၃) ခု ကို
အခြေခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုင်းတပါးသား အင်္ဂလိပ်
အုပ်ချုပ်သူတွေက အဲဒီ အမာခံဒေသကြီးတွေ အတွင်း တော်လှန်
ပုန်ကန်တဲ့ သခင်လူငယ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တရားရုံးရဲ့
အမိန့်အာဏာ ဘောင်အတွင်းကနေ ရာခိုင်နှုန်း အများစုဖြစ်ဖို့
ကြိုးစားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။






မြန်မာပြည်က (၁၉၈၈) ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံး
တော်လှန်ရေးအတွင်း နေရာဒေသ အများအပြားမှာ နေထိုင်တဲ့
ပြည်သူတွေဟာ အုပ်ချုပ်သူတွေရဲ့ ရက်စက်စွာ ငြိုးတေးခြင်းကို
ခံရပါတယ်။ အစုလိုက် အပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့၊ ရဲစခန်းကို ၀ိုင်းဝန်းပိတ်စို့ နေသူတွေ
တွေကို လေယာဉ်ပျံပေါ်က စက်သေနတ်ပြစ် စာကျဲချပြီး အကြပ်
ကိုင်ခံရတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ၊ ရှစ်လေးလုံး သပိတ်
စခန်းဖြစ်ခဲ့တဲ့ ရွှေတိဂုံစေတီ တည်ရှိရာ ဗဟန်း၊ အခြေခံပညာ
ကျောင်းသားလှုပ်ရှားမှု အားကောင်းခဲ့တဲ့ တာမွေနဲ့ တောင်ဥက္ကလာပ၊
ရန်ကုန်တက္ကသိုလ်နဲ့ ထိစပ်နေတဲ့ ကမာရွတ်နဲ့ လှိုင်မြို့နယ်၊
စစ်ရုံးချုပ်နဲ့ ထိစပ်ခဲ့တဲ့ ဖဆပလ အိမ်ယာ၊ တောပြန် ထောင်ပြန်
နိုင်ငံရေးမျိုးဆက်အချို့ နေထိုင်ရာ မင်းမနိုင် အိမ်ယာများမှာ နေထိုင်
တဲ့ ပြည်သူအများစုဟာ ၁၉၈၈- ခုနှစ် ကနေ ၁၉၉၁၊ ၁၉၉၂ ကာလများ
အတွင်း နိုင်ငံရေးနဲ့ ပက်သက်ပြီး မိသားစုဘ၀ ဖရိုဖရဲ ဖြစ်မှုတွေ၊
ဖိအားပေးမှုတွေကို တွေ့ကြုံကြပါတယ်။



စစ်အုပ်ချုပ်ရေးရဲ့ အစောပိုင်းအချိန်ကာလများက ဆန့်ကျင်ရေး
အားကောင်းတဲ့ ဒေသများကို အရောင်မျိုးစုံဖြင့် သတ်မှတ်ရေးခြစ်
ပြီး အားလုံးစုံ ငြိမ်ဝပ်ပိပြားရေး ဖြစ်ဖို့ ရက်ရက်စက်စက် ကိုင်တွယ်
ခဲ့ကြပါတယ်။ ၁၉၈၈ ကနေ ၁၉၉၀ ခုနှစ်အတွင်း အုပ်ချုပ်ဖို့ မလွယ်ကူ
တဲ့ မြို့နယ်အချို့ကို ချိတ်ဆွဲလိုက်တဲ့ ပထမဆုံး ခေါင်းစဉ်က “ကျူးကျော်
ရပ်ကွက်” ဆိုတဲ့ ခေါင်းစဉ်ပါ။ ၁၉၈၈ ခုနှစ် လူထု အုံကြွမှုကနေ
၁၉၉၀ မေလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်း အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံတဲ့ အမာခံ ရပ်ကွက်၊ ကျောင်းသား
လှုပ်ရှားမှုတွေ အားကောင်းတဲ့ အမာခံ ဒေသတွေရဲ့ ပြည်သူ ၅၀ (%)
ရာခိုင်နှုန်းကို “ကျူးကျော်ရပ်ကွက်”လို့ ဆိုင်းဘုတ်ချိတ်ပြီး အဲဒီရပ်ကွက်
ထဲကနေ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲတဲ့ မြို့သစ်တွေဆီ မောင်းထုတ်
လိုက်ပါတယ်။

ကျန်ရစ်ခဲ့တဲ့ ပြည်သူ ၅၀ (%) ရာခိုင်နှုန်း နေထိုင်တဲ့ ရပ်ကွက်အတွင်း
မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည်တန်ဆာ လုပ်ငန်း အစရှိတဲ့ လာဘ်
ပေးလာဘ်ယူ ပုံစံမျိုးစုံနဲ့ လည်ပတ်သော လုပ်ငန်းတွေ အလွယ်တကူ
လုပ်ကိုင်ဖို့ လမ်းဖွင့်ပေးထားပါတယ်။ အချင်းချင်း အတွင်းလှိုက်စားတဲ့
အဲဒီ အကျင့်ပျက် စီးပွားရေး လုပ်ငန်းတွေကြောင့် ကျန်ခဲ့တဲ့ ဌာနေ ပြည်သူ
၅၀ (%) ရာခိုင်နှုန်းဟာ ၁- နှစ်၊ ၂- နှစ် အတွင်းမှာပဲ လူမှုရေး စီးပွားရေး
တွေ ခြစားပျက်စီးပြီး အဲဒီဒေသ ရပ်ကွက်ထဲကနေ တစုပြီး တစု၊ တသုတ်
ပြီး တသုတ် ရသင့်ရထိုက်သော ပေါက်ဈေးထက် အဆမတန် လျှော့နည်း
သော ဈေးနှုန်းများဖြင့် ပေါင်နှံရောင်းချပြီး ပြောင်းရွေ့ ထွက်ခွာ ကြပါတယ်။
ဝယ်ယူ ရွှေ့ပြောင်း အခြေချလာသူများက တရုတ်နိုင်ငံက လာရောက်
ရင်းနှီးမြုပ်နှံသူတွေပါ။ ၁၉၉၆ ခုနှစ် မတိုင်ခင်မှာပဲ အဲဒီဒေသ အဲဒီရပ်ကွက်
တွေမှာ ဇာတိချက်မြုပ် ဒေသခံစစ်စစ်တွေရဲ့ အရေအတွက်ဟာ ၁၀ (%)
ရာခိုင်နှုန်း လောက်သာ ကျန်ပါတော့တယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်း တံခါးဖွင့် ဈေးကွက်စီးပွားရေး စနစ်နဲ့အတူ
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ခေါင်းစဉ်သစ်ဟာ လူနေထူထပ်တဲ့
ဆင်ခြေဖုံး ဒေသများအတွင်း အပြင်းအထန် ရိုက်ခတ်လာပါတယ်။
ပညာရပ်ဆိုင်ရာ တက္ကသိုလ်များနဲ့ အပြိုင် စစ်ဖက်ဆိုင်ရာ တက္ကသိုလ်
အများအပြားလည်း ဖွင့်လှစ်လာပါတယ်။ ဘွဲ့ရ အလုပ်လက်မဲ့ အရေ
အတွက်လည်း သိသိသာသာ များပြားလာပါတယ်။ အနာဂတ်မဲ့သလို
ထင်မြင်လာကြတဲ့ လူငယ်လူရွယ် အများအပြား ပြည်ပနိုင်ငံတွေ
ဆီ အစုလိုက်အပြုံလိုက် ထွက်ခွာလာကြပါတယ်။ မိဘနဲ့ နှစ်ပေါင်း
များစွာ ခွဲခွာပြီး နေထိုင်တဲ့ ကလေးသူငယ် အရေအတွက် သိသိ
သာသာ တိုးပွားလာပါတယ်။ ဥပမာ- တချို့ ကလေးငယ်များ
ဆိုလျှင် သူတို့ရဲ့ ဖခင်ဖြစ်သူ သို့မဟုတ် မိခင်ဖြစ်သူကို လေးနှစ်၊
ငါးနှစ်လောက်နေမှ တစ်လ သို့မဟုတ် နှစ်လလောက်ပဲ အတူ
နေထိုင်ခွင့်ရကြပါတယ်။

အမျိုးသားရေး၊ စာပေ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ
လက်ဆင့်ကမ်းမှုတွေ အကြီးအကျယ် ပြောင်းလဲမှု ဖြစ်ပွားလာပါတယ်။
ပညာရှင် အများစုကတော့ နိမ့်ကျ လာတယ်လို့ သတ်မှတ်ပါတယ်၊
ပြည်ပ ထွက်ဖို့လည်း အရင်းအနှီး မလုံလောက်၊ ပြည်တွင်းမှာလည်း
စားဝတ်နေရေးအတွက် အလုပ်နေရာ တစ်ခုခုကို ရရှိဖို့ မတတ်နိုင်သော
လူငယ်အများစုရဲ့ အနာဂတ်ဟာ ထိတ်လန့်စရာပါ၊ တချို့ လူငယ်များ
ဆိုလျှင် ဘာသာရေး အလှူခံမဏ္ဍာန်တွေမှာ နေ့စား အလုပ်သမားဘ၀နဲ့
စိတ်မပါပဲ အလှူလိုက်ခံရင်း ၀မ်းစာ ရှာနေရတဲ့ ဖြစ်စဉ်ထဲ ရောက်နေကြပါပြီ။

ရှစ်ဆယ့်ရှစ် ရှေ့ပိုင်းက မြန်မာလူမျိုး အများစု နေထိုင်ခဲ့တဲ့ နေရာ
ဒေသ အတော်များများကို ၀ယ်ယူ ပြောင်းရွေ့နေထိုင်လာကြသူ
တွေကတော့ မြန်မာနဲ့ တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ တရုတ်ပြည်မ
ကြီးကနေ ရွေ့လျားလာတဲ့ လူဦးရေ ပြိုဆင်းမှုပါ၊ တိုင်းပြည်ကို ဆင်းရဲ
တွင်း နစ်အောင် လုပ်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်တိုင်
စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေးအကြောင်း ဂဃနဏ နားလည်
တတ်ကြွမ်းသူတွေ မဟုတ်ပါဘူး၊ အာဏာရတုန်း အာဏာကို အသုံးပြု
ပြီး ရသရွေ့ ခိုးကြ၀ှက်ကြတဲ့ အဆင့်လောက်ပါ။ အကြောင်း တစုံတရာ
ကြောင့် ရာထူးက လက်လွတ်သွားရတဲ့နောက်ပိုင်း ကျန်းမာရေးနဲ့
ပက်သက်ပြီး စင်္ကာပူနိုင်ငံမှာ သွားရောက် ကုသဖို့အတွက် အာဏာရ
ခဲ့တုန်းက ခိုးခဲ့ဝှက်ခဲ့တဲ့ နိုင်ငံတော်ပိုင် ပစ္စည်းတွေကို တရုတ် စီးပွားရေး
ကုမ္ပဏီတွေထံ ဈေးပေါပေါနဲ့ ပြန်ရောင်းပါတော့တယ်။

အသက်အရွယ် ကြီးရင့်လာတဲ့ စစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ မိတ်ဆွေ
အပေါင်းအသင်း အကျင့်ပျက် စီးပွားရေးသမားတွေဟာ ဘ၀ကူး ကောင်း
ဖို့အရေး “တရုတ်အားထား တရားအားထုတ်” နေကြပါပြီလို့ ပြည်သူလူထု
အကြား ဘန်းစကား တစ်ခုလို ယနေ့ ပြောဆိုနေကြပါပြီ။ ပြည်သူအများစု
ကတော့ တချိန်က တိုက်ပွဲဝင်ခဲ့တဲ့ လက်ကိုင်ပ၀ါများအောက်တွင်
မျက်ရည်စများ စိုရွှဲလျက် ….
တိုင်းပြည်လည်း
ဖွတ်ဖွတ်ညက်ညက် ကြေမွ ….။


-စစ်ငြိမ်းဒီရေ

9 comments:

မိုးယံ said...

တရုတ်အားထား တရားအားထုတ်ဆို ပိုကောင်းမလား ကိုအောင်.... (ဘယ်လိုမှ မထင်ပါနဲ့ဗျာ...)

ကိုအောင် said...

ပြင်လိုက်ပြီဗျို့ ... :P

Angelhlaing(May everybody be happy and healthy! said...

ဘာမှမပြောတက်လို့ ဖတ်သွားတယ်အကို...:)

Anonymous said...

ဟုပ် မှီလိုက်တယ်။ အမတွေ ကျောင်းတက်တုံး ဖြစ်တာ။ နယ်တွေမှာလည်း နှစ်ကြာလို့  ဆွေးနေတဲ့ ကျည်ဆံနဲ့ ပစ်တာ တချို့ တွေ သေသွားတယ်။ နှစ်ချို့ နေတော့ သေနပ်နဲ့  ပစ်တာ အသံတောင် မကြားရဘူး။ ပုဆိုးမှန်တဲ့ကလေးက ပုဆိုးငုံကြည့်လို့  အပေါက်တွေ့ တော့ ဆိုင်လည်သာ တပ်ပစ်တယ်နဲ့  အော်သေးတယ်။ ပြီးတော့ ထွက်ပြေးပါလေရော။ နောက်တော့ အလုပ်လုပ်မယ်ဆိုပြီ စစ်ထဲလိုက်သွားတယ်။ သူလဲ ထောက်လှမ်းရေးတပ်ထဲ ရောက်ရော အဖွဲ့ လည်းဖျက်ခံရပါလေရော။ မြန်မာပြည်က အလုပ်ရှားတယ်လေ။

sosegado said...

တစ်ခါတစ်လေ မျက်စီတွေကို ပိတ်ထားခဲ့တယ်၊
တစ်ခါတစ်လေ နားတွေကို ပိတ်ထားခဲ့တယ်၊
ဟူး၊ ပါးစပ်တော့ ပိတ်လို့မရဘူး
ဆာတာမခံနိုင်လို့၊

Myanmar Good Knowledg Co., Ltd said...

သတိရတယ်။
အဲဒီနေ့ကို။
တနေကုန် လမ်းပေါ်မှာရှိခဲ့တယ်။

နေ့ဘက်မှာတော့ ဘေးနားပတ်ဝန်းကျင်မှာသေနပ်မှန်လို့သွေးတွေဗလပွ။

ညရောက်တော့ အိမ်ပြူတင်းပေါက်နဲ့မျက်နှာစာမှာ ကျည်ဆံတွေ ဗလပွနဲ့ပေါ့။

ဘာလို့လည်းဆိုတော့အိမ်က မြို့တော်ခန်းမ နဲ့ သိပ်မဝေးဘူးကိုး။

လွယ်အိတ် said...

အစ်ကိုရေ...
ကျွန်တော်က အစ်ကို့အွန်လိုင်းစာဖတ် ပရိသတ်တစ်ယောက်ပါ။ စာရေးဝါသနာပါလို့ ကျွန်တော့်ကိုယ်ပိုင် ဘလော့ကလေး စထောင်ထားပါတယ်။ အစ်ကို့ ဝဘ်ကို ကျွန်တော့် ဘလော့မှာ "လင့်ခ်"တတ်ပေးချင်လို့ပါ။ စာဖတ်ဝါသနာပါတဲ့ ကျွန်တော့်သူငယ်ချင်းတွေပါ ဖတ်ရအောင်လို့ပါ။ ကျေးဇူးပြုပြီး အကြောင်းပြန်ပေးပါဗျာ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့က www.lwal8.blogspot.com ပါ.။

စုချစ် said...

ကိုအောင်ရေ... ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင် တွေ့ကြုံခဲ့ရဖူးတာတွေပါ... သက်ပြင်းတွေပဲ ချသွားပါတယ်...

မေသိမ့်သိမ့်ကျော် said...

စိတ်မကောင်းစရာတွေပါပဲ။

ခင်တဲ့