Friday, 8 July 2011

လိုကာနီကော့စ်(Loukanikos)ကို အင်တာဗျူးခြင်း


လိုကာနီကော့စ်* ရေ
“ဆိုကရေတီး*”ကို ပြောပြလိုက်ပါကွာ
မေတ္တာတရားနဲ့ သန်းကြွယ်သူဋ္ဌေးတွေ
ပေါများလှတဲ့မြေမှာ
မောင်ထိပ်ကွက်*ဆိုတဲ့ လူငယ်တစ်ယောက်
ထမင်းတလုတ်အတွက်
မီးပူနဲ့ အကပ်ခံနေရတယ်လို့ ....


လိုကာနီကော့စ် ရေ
“အရစ္စတိုတယ်(လ်)*”ကို ပြောပြလိုက်ပါကွာ
ဟောင်ဒေါင်(Big Splash)*တို့အင်ပါယာကြီး
တနေ့တခြား ကျယ်ကျယ်လာသလို
မောင်ထိပ်ကွက်တို့ ငရဲကလည်း
တနေ့တခြား ပိုပိုပူလာတယ်လို့ ....




-စစ်ငြိမ်းဒီရေ


(မှတ်ချက်။ ။
မောင်ထိပ်ကွက်* အကြောင်း ဒီနေရာမှာ ဖတ်နိုင်ပါတယ် ...
လိုကာနီကော့စ်* အကြောင်း ဒီနေရာမှာ ဖတ်နိုင်ပါတယ် ...
ဟောင်ဒေါင်(Big Splash)*အကြောင်း ဒီနေရာမှာ ဖတ်နိုင်ပါတယ် ....
ဆိုကရေတီး*နဲ့ အရစ္စတိုတယ်(လ်)*= ခရစ်တော် မပေါ်ခင်ခေတ်က
ဂရိနိုင်ငံ၏ အတွေးအခေါ် ပညာရှင်များ။)

3 comments:

မေသိမ့်သိမ့်ကျော် said...

ကလေးတစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းတဲ့ အလုပ်က အင်မတန်မှကို မေတ္တာတရားကင်းမဲ့ပါတယ်။ မလိမ္မာလို့ ဆုံးမမယ်ဆိုရင် ကောင်းကောင်းမွန်မွန်ပြောပေါ့။ နောက်ဆုံးမရရင် မိဘကို သေချာပြန်အပ်လိုက်ရင် ဖြစ်တာပဲလေ။

ခင်မင်လေးစားလျက်

မေသိမ့်သိမ့်ကျော် said...

ကလေးတစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းတဲ့ အလုပ်က အင်မတန်မှကို မေတ္တာတရားကင်းမဲ့ပါတယ်။ မလိမ္မာလို့ ဆုံးမမယ်ဆိုရင် ကောင်းကောင်းမွန်မွန်ပြောပေါ့။ နောက်ဆုံးမရရင် မိဘကို သေချာပြန်အပ်လိုက်ရင် ဖြစ်တာပဲလေ။

ခင်မင်လေးစားလျက်

မိုးယံ said...

လင့်ခ်များထိတိုင် ဖတ်ပြီးပါဂျောင်း.. ကိုကြောင်...အဲ အဲလေ.. ကိုအောင်.။ ခွစ်ခွစ် စတာနော်။