ဖြစ်စဉ် အကျဉ်း။ ။ …
မန္တလေးမြို့ ၆၂လမ်း၊ မနော်ရမံ ဥယျာဉ်ရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း
ဓါတ်ပုံနှင့် ပန်းစီးများဖြင့် တစ်ကိုယ် တော် ဝတ်ပြု နေသူ.........။
သူ့ ကို ထ’ရန်လာခေါ်သော သူ အစ်မနှင့်ပြောသော စကားများမှာ...
ဗိုလ်ချုပ်ဆိုတာ ကလေးတွေ သိတောင်မသိကြတော့ဘူး။ မိဘတွေက
ဗိုလ်ချုပ်အကြောင်း မပြောပြကြဘူး ။ မိဘတွေကိုက အဲလိုစိတ်ဓါတ်
တွေမရှိလို့ သားသမီးတွေ မသိတာ..။ ကျွန်တော့် သားသမီးတွေ
အဲလို အဖြစ်မခံနိုင်ဘူး..။ နားလည်ရမယ်..ပြောချင်တာပြော..
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်ကိုလေးစားရမယ်...
(အစ်မမှ- နင့်ကို မလေးစားရဘူး မပြောဘူး၊ ကိုယ့်အိမ်ကနေ
ကိုယ်လေးစားလို့ ..ရတယ်)
ကျွန်တော့်ရဲ့ ရည်ရွယ်ချက် အမှန်အတိုင်း ပြောရယင် လူတွေ
မေ့နေလို့ ....။
(အစ်မမှ- ဘယ်သူမှ မမေ့ဘူး..)
အခုလူတွေ...မမေ့ကြဘူးဆိုယင်.. ကိုယ့်အိမ်ကိုယ်ပြန်ပြီး အလံ
တစ်ဝက်ထောင်လို့ ရတယ်..ဂုဏ်ပြုလို့ ရတယ်..။
(အစ်မမှ- သွားမယ်လာ)
ဒီလို လက်ဆင့်ကမ်းတာ ညံ့ဖြင်းလာလို့  တစ်ဖြေးဖြေးနဲ့ တစ်မြို့
လုံး သူများ ကျွန်ဘဝ ရောက်နေတာ...။
(အစ်မမှ- သွားမယ်လာ.. ၄ နာရီ မပြည့်သေးဘူးလား..)
ညနေ ၄ နာရီမှ ထမယ်...။ ဒိပြင်နိုင်ငံကလာတိုက်တာလို့ သူများ
လက်အောက်ကျတာ မဟုတ်ပဲ.. ခုတော့ တရုတ် က အကုန်သိမ်းသွားပြီ...
ဟု အပြန်အလှန်ပြောဆိုတာ ကြားခဲ့ရပါတယ် (ပြောနေတာ တင်ပေးထား
ပါ့မယ်..)။
သူအစ်မနှင့် အတူ ဦးလေး ဘုန်ကြီးတစ်ပါးလည်း လိုက်လာပါတယ်..။
ကိုဝိုင်ဝိုင်ကေ၏ facebook စာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။
1 comments:
အာဇာနည် ပုဂ္ဂိုလ်တွေ အားလုံးပုံကိုများ မေ့နေကြသလား
Post a Comment