Sunday, 10 July 2011

အမှတ်တရ (အပိုင်း- ၂)

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ မဖတ်ရှုသင့်ပါ။)

ယခင် အပိုင်း(၁)မှ အဆက် ….

အိမ်ပေါ်ထပ်က သူတို့အုပ်စုရဲ့ ဆူဆူညံညံအသံတွေကြောင့်
အောက်ထပ်က ကိုစိုးနဲ့ မမအေးတို့ လင်မယားပါ အပေါ်ထပ်
ဆီ ပြေးတက်လာပါတယ်။ ဖြူဖြူတို့ နွေအေးတို့ ဘယ်လိုပြောပြော
ကိုစိုးကတော့ သရဲ တစ္ဆေဆန်ဆန် တဖက်အိမ်ဖက်က လာတဲ့
အသံများကို လက်မခံပါ၊ မမအေးကတော့ မျက်လုံး အ၀ိုင်းသား၊
ကိုစိုးတစ်ယောက် ခေါင်းရင်းဖက်နံရံက ပြတင်းပေါက်ကို ဖွင့်ပြီး
တဖက်အိမ်က ဘာသံများ ကြားရမလဲလို့ စူးစိုက် နားထောင်
နေပါတယ်။ ကိုစိုးရဲ့ အနောက်ကနေပြီး ဖြူဖြူတို့ မောင်နှမတသိုက်
အပါအ၀င် တီဗွီလာကြည့်တဲ့ သူတို့သူငယ်ချင်းအားလုံး တစ်ခုခု
ပေါ်လာနိုးဖြင့် မ၀ံမရဲဖြစ်စွာ စောင့်မျှော်နေကြပါတယ်။

အိမ်နှစ်အိမ်ကြား လမ်းကြားလေးထဲ တိုးဝင်လာတဲ့ လေပြေများက
သူတို့အတွက် အသဲယားစရာ၊ မဲမှောင်တိတ်ဆိတ်နေတဲ့ ခေါင်းရင်း
ရဲ့ နံရံတွေကို ကြည့်ရင်း သူတို့ လက်မောင်းတွေပေါ်က “ကြက်သီး
မွေးညင်း”လေးတွေ ထ’သွားပါတယ်။ ဖြူဖြူတို့အိမ် ပြတင်းပေါက်ကနေ
ခေါင်းထွက်ပြီး ခေါင်းရင်းအိမ် ပြတင်းနံဘေးမှာ တစုံတခုများ ကြားရမလား
လို့ နားစွင့်အာရုံစိုက်နေတဲ့ ကိုစိုးကို ကြည့်ရင်း သူတို့အားလုံး ရင်ခုန်
နေကြပါတယ်။ မိနစ် (၂၀)ခန့် အကြာမှာတော့ ကိုစိုး’နူတ်ဖျားမှ …
“ဘာမှ မရှိပါဘူးကွာ၊ ညီလေးတို့ ညီမလေးတို့ ကြောက်မနေကြနဲ့
အပိုတွေ ….”







သူ့ရှေ့က မှောင်မဲတိတ်ဆိတ်နေသော အိမ်ကြီးကို ကြည့်ရင် ကိုစိုး
ဆက်ပြောနေပုံက … သရဲရှိရင် ထင်ထင်ရှားရှား ပြလိုက်ပါလား၊ ဒီမှာ
သရဲထက်ကြီးတဲ့ သရဲဘကြီး ကိုစိုး ရောက်နေတယ်လို့ …..။ ကိုစိုးက
ရယ်စရာအဖြစ် ပြောလိုက်ပေမယ့် မမအေးကတော့ ကိုစိုး ကျောပြင်
ကို ထုရင်း အနည်းငယ် လန့်နေပုံရပါတယ်။



ကိုစိုး စကားအဆုံးမှာတော့ ဖြူဖြူတို့အားလုံး အိမ်မှာရှိတဲ့ စောင်တွေ
ကို မျှခြုံရင် ဗွီဒီယိုဇာတ်လမ်းကို ဆက်ကြည့်ပါတော့တယ်။ ဖြူဖြူတို့
တတွေ ဗွီဒီယိုကြည့်ရင်း ဗိုက်ဆာရင် စားသောက်နိုင်ဖို့ အောက်ထပ်
က မီးဖိုချောင်မှာ မမအေးတစ်ယောက် ထမင်းကြော် ကြော်ပေးပါတယ်။
မီးဖိုပေါ်က အပူရှိန်ကြောင့် တရှဲရှဲ မြည်နေတဲ့ ထမင်းကြော် ကြော်သံနဲ့
အတူ တနေ့ကုန် ပင်ပန်းလာတဲ့ ကိုစိုးရဲ့ တခေါခေါ ဟောက်သံကို
ဖြူဖြူတို့အားလုံး အပေါ်ထပ်ကနေ ကြားနေရပါတယ်။

ဗွီဒီယိုဇာတ်လမ်း တခုနဲ့ တခုအကြား မမအေးရဲ့ ထမင်းကြော် ပူပူလေး
ကိုစားလိုက်၊ ရေနွေးကြမ်း မှုတ်သောက်လိုက်ဖြင့် သူတို့အားလုံး
ပျော် နေကြပါတယ်။ ထမင်း စားပြီးကာစ ခေါင်းမိုးပေါ်က တဖျောက်
ဖျောက်ကျလာတဲ့ မိုးသံနဲ့အတူ ဗွီဒီယိုကြည့်နေသော သူတို့အားလုံးရဲ့
မျက်လုံးတွေ “ထမင်းဆိပ်” တက်ပြီး တဖြေးဖြေး မှေးစင်းလာပါတယ် …. ။

ရုတ်တရက် သူတို့အိမ်ရှေ့မှာ တစုံတယောက်ရဲ့ လှမ်းခေါ်သံလိုလို
ကြားနေရပါတယ် …..
“အိမ်ရှင်တို့ ရှိလား …. ကျမက ဒီအိမ်ရဲ့ ခေါင်းရင်းအိမ်ကပါ …. ”

(၄)

မမအေးရဲ့ တံခါးဖွင့်လိုက်သံ၊ ခေါင်းရင်းအိမ်ကပါလို့ သူ့ကိုယ့်သူ
မိတ်ဆက်နေ့တဲ့ ဧည့်သည်အမျိုးသမီးရဲ့ နူတ်ဆက်သံများကို ဖြူဖြူ
တို့ ကြားနေရပါတယ်၊ ခဏလောက် အကြာမှာတော့ မမအေးနဲ့
ဧည့်သည် အမျိုးသမီးတို့ ဗွီဒီယိုကြည့်နေကြတဲ့ ဖြူဖြူရှိရာ အပေါ်ထပ်
ဆီ တက်ရောက်လာကြပါတယ် …

ညကြီးမိုးချုပ် အလည်ရောက်လာတဲ့ ခေါင်းရင်းအိမ်က အမကြီး
ကို ကြည့်ရင်း ဖြူဖြူတို့ အားလုံး အံ့အားသင့်နေကြပါတယ်။
သနပ်ခါးကို ခြေစွန်း ခေါင်းစွန်း လိမ်းထားပြီး သူမရဲ့ ရှည်လျား
လှတဲ့ ဆံပင်ကို ဖားလျား ချထားတဲ့ အမကြီးက ဗွီဒီယိုဇာတ်လမ်း
ထဲက မင်းသမီးနီးပါး ချောလှပါတယ် ....
“ညီမလေးတို့ မောင်လေးတို့က အင်အား တောင့်လှချည်လား၊
ဘာတွေ စားပြီး ဘာဇာတ်လမ်းတွေ ကြည့်နေကြလဲ၊ ပျော်စရာကြီးနော် ...”
“အမကြီးက ဟိုဖက် အိမ်ကလား ...၊ သားတို့က အမတို့ အိမ်မှာ
ဘယ်သူမှ မရှိဘူး အောင့်မေ့နေတာ ...”
“ဟုတ်တယ် မောင်လေးရဲ့၊ အမက ခေါင်းရင်း အိမ်က ...”
“အမ တစ်ယောက်တည်း နေတာလား ...”
“မဟုတ်ဘူး ညီမလေး၊ အမရယ် အမ’ချစ်သူရယ်ပေါ့ ...”
“သြော် .... ဟုတ်ကဲ့ အမ၊ သမီးတို့က ဘယ်သူမှ မရှိဘူး အောင့်မေ့
နေတာ၊ ခုနကတောင် သမီးမောင်လေး ... နွေအေးက အမတို့ အိမ်
ဖက်က အသံ ကြားလိုက်ရလို့ .... ”

“အမတို့ အိမ်ဖက်က အသံ ကြားလိုက်ရတယ် ... ဟုတ်လား”
“အသံ ... အသံ ... အသံ ...” လို့ စကားကို ဆက်တိုက် ပြောနေ
တဲ့ အမကြီး စကားသံက တဖြေးဖြေး ကျယ်လာပါတယ်။ ဧည့်သည်
အမကြီးက စကားပြောနေရင်း ခေါင်းရင်းဖက် ပြတင်းပေါက်ကို
ဖွင့်လိုက်ပါတယ်၊ ပြတင်းပေါက်နဲ့ ကပ်လျက် ပိတ်ထားတဲ့ သူတို့
အိမ်ဖက် ပြတင်းပေါက် တံခါးကို ခပ်ဆတ်ဆတ်လေး တဒုန်းဒုန်း
ဖြင့် ဆက်တိုက် ထုလိုက်ပါတော့တယ်။

ပွင့်လာတဲ့ ပြတင်းပေါက်မှတဆင့် ခေါင်းရင်းအိမ်ထဲကို သူတို့အားလုံး
မြင်နေရပါတယ်၊ မီးရောင်အောက်မှာ တကိုယ်လုံး ရေတွေ ရွှဲစိုနေ
သော ခပ်ချောချော ခပ်ဖြောင့်ဖြောင့် အကိုကြီးတစ်ဦး မတ်တပ် ရပ်
နေပါတယ်။ သူတို့ကို ကြည့်ပြီး ရေတွေ ရွှဲစိုနေသော အကိုကြီးက
တော်တော်လေး အံသြနေပုံရပါတယ်၊ သူ့ နူတ်ဖျားမှ ...
“မွန်၊ သူတို့က ဘယ်သူတွေလဲ မွန် ...”

“ကျနော်တို့က ဒီဖက်အိမ်ကပါ အကို ....” လို့ နွေအေးရဲ့ စကား
ကို နားထောင်ပြီး မျက်စိပျက် မျက်နှာပျက် ဖြစ်သွားတဲ့ အကိုကြီးက
ဖြူဖြူတို့အိမ်ထဲ ရောက်နေတဲ့ သူ့ချစ်သူကို ....
“မဟုတ်ဘူး ... မဟုတ်ဘူး၊ မွန် ... မွန် ဘာတွေ လျှောက်လုပ်နေ
တာလဲ၊ သူတို့နဲ့ ကိုယ်တို့က ဘ၀ချင်း မတူတော့ဘူးလေ ... မွန် ...”

ခေါင်းရင်းအိမ်က အကိုကြီးရဲ့ စကားကို နားထောင်ပြီး ဖြူဖြူတို့အားလုံး
ကြောင်တောင်တောင် ဖြစ်သွားကြပါတယ်။ ခုနက ခေါင်းရင်းအိမ်ရဲ့
ပြတင်းပေါက်နံရံကို တဒုန်းဒုန်း ထုခဲ့သော ဧည့်သည် အမကြီးလည်း
သူတို့ရဲ့ ရှေ့တွင် မရှိတော့ပါ၊ အံအားသင့်နေတဲ့ သူတို့အားလုံးရဲ့
ကြားမှ စူးစူးဝါးဝါး အသံ တသံ ထွက်ပေါ်လာပါတယ် ....
“ဟိုမှာ ဘယ်သူလဲ ကြည့်ပါအုံး၊ ထုပ်တန်းပေါ်မှာ တွဲလောင်ကြီး ...”

အားလုံးရဲ့ အပေါ်ဖက်က ထုပ်တန်းတွင် ကြိုးတန်းလန်း ဖြစ်နေသော
တစုံတခုကို မြင်လိုက်ရသော သူတို့အားလုံး ... ဟာ .... ဟာ ....
အမလေး ... ဟူသော အထိတ်တလန့်အော်သံကို ပြိုင်တူ အော်လိုက်
ကြပါတယ်။ အော်သံနဲ့ အတူ သူတို့မြင်တွေ့နေရသော မြင်ကွင်းများ
အားလုံး အမှောင်အတိ ဖုံးလွှမ်းသွားပါတယ် ....။

(၅)

“ဖြူဖြူ၊ ကျော်ကျော်၊ ကောင်းခန့်၊ နွေအေး .... ”
သူတို့နာမည်တွေကို ဆက်တိုက်ခေါ်ရင်း တစ်ယောက်ပြီး တစ်ယောက်
လိုက် နိုးနေသော မမအေးကို ကြည့်ရင်း သူတို့အားလုံး အိမ်မက်ဆိုးက
နိုးလာကြပါတယ်။ အိမ်ပျော်ရာကနေ နိုးလာသူတွေကြား နောက်ဖေးအိမ်
က သားပုလေးကတော့ ရှိုက်ကြီးတငင်ငင် ငိုနေပါတယ် ....
“ကြောက်စရာကြီး၊ ကြိုးတန်းလန်းနဲ့ သေနေတာ ဗျ ...”

ဖြူဖြူတို့အားလုံး မမအေးထံ သူတို့ မက်ခဲ့တဲ့ ပုံစံတူ အိမ်မက်အကြောင်း
သူ့ထက်ငါ အလုအယက် ပြောပြနေကြပါတယ်၊ မျက်စိမျက်နှာပျက်
နေတဲ့ မမအေးက ... အမလည်း ဘယ်လို ပြောရမှန်းကို မသိတော့ဘူး
ကွယ်၊ မင်းတို့ဆီက အသံတွေ ထွက်မလာခင် အောက်ထပ်မှာ ဘာတွေ
ဖြစ်နေတယ် ထင်လဲ ...”
“ဘာဖြစ်လို့လဲ မမအေး ...”
“မင်းတို့ အကို ... ကိုစိုးပေါ့၊ ခြင်ထောင်ထဲမှာ သူတစ်ယောက်တည်း အိပ်
နေရင်း စကားတွေ ပြောနေတယ်၊ ပထမတော့ အမလည်း အိမ်မက်
မက်လို့ ဂယောင်ဂတမ်းဖြစ်နေတယ် ထင်တာ၊ အဲဒါနဲ့ ခြင်ထောင်ထဲ
ဝင်ကြည့်လိုက်တော့ မျက်လုံးကြီးပြူးပြီး လျှာကြီးထွက်နေတယ်၊ အမ
ခြင်ထောင်ထဲ ၀င်သွားတာ မြန်လို့ပေါ့၊ နောက်မို့ဆိုရင် တွေးတောင်
မတွေးဝံ့ဘူး ...”
“ကိုစိုးက ဘာတွေ ဖြစ်တယ်လို့ ပြောလဲ မမအေး ...”
“ဟာ မမဖြူကလဲ .... စောစောတုန်းက ပြတင်းပေါက်ဖွင့်ပြီး ခေါင်းရင်း
က သရဲကို စိန်ခေါ်ထားလို့၊ အခု အဲဒီသရဲက မမဖြူတို့ အကို ... ကိုစိုး
ကို ပညာပေးလိုက်တာ ဖြစ်မယ် ...”

ရုတ်တရက် ၀င်ပြောလိုက်တဲ့ ပေါင်ချိန်’စကားကြောင့် ဖြူဖြူတို့အားလုံး
လန့်ဖြန့်သွားကြပါတယ်။


(ဆက်ရန်။)

-စစ်ငြိမ်းဒီရေ

21 comments:

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရင်းတောင်ကျက်သီးထတယ်... အကိုရေ ဆက်ရန်လေး စောင့်မျှော်လျှက်ပါလို့..

ငွေလမင်း said...

ဟုတ်ပါ့ ကြောက်စရာကြီး..သရဲ လူလို စကားလာပြောတယ်..တို့သာဆိုရင်...သေများသွားမလားဘဲ...မေ့သွားမှာတော့ သေချာတယ်.သရဲကိုမမြင်ဖူးဘူး...ဒါပေမဲ့ အရမ်းကြောက်တယ်

sosegado said...

ကြောက်ရပါလား၊
စိမ်ခေါ်မှာမိလေလား၊ ကိုစိုးရယ်
လူကြီးတွေပြောတာ သူတို့အတွေ့အကြုံအရပြောကြတာဖြစ်မှာပါ။

An Asian Tour Operator said...

ခေါင်းနဘန်းကြီး တယ်ဆိုတာ ဘာလဲ ဆိုတာ ကိုအောင့် စာ ဖတ်ရင်း နဲ့ သိစေနိုင်ပါတယ် ခင်ဗျား။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆိုးလိုက်တဲ့သရဲ
အဲလေ အဲလိုရေးရမှာတောင် လန့်သွားတယ်
မတော် သူတို့ကိုပြောရကောင်းလားဆိုပြီး ညကျ အိမ်လာရင် ဒုက္ခ
ဘာများဆက်ဖြစ်မလဲ

PhyoPhyo said...

ကြောက်စရာကြီး။ တော်သေးတယ် မနက်ပိုင်းဖတ်မိလို့။
ကြောက်ကြောက်နဲ့ ပြန်သွားပါပြီ ကိုအောင်ရေ

ဆောင်း said...

ကြောက်စရာဘဲ အိပ်တောင် မအိပ်ရဲဘူး။
း-)

Anonymous said...

ဟင် ..
ဖတ်ဖူးခဲ့သမျှ ကိုအောင် ရေးတဲ့
သရဲ ဇာတ်လမ်းတွေထဲမှာ
ဒီဇာတ်လမ်းက ကြောက်စရာ
အကောင်းဆုံး လိုပဲ ..
ဖတ်နေရင်းး ..
ကြက်သီး တဖျန်းဖျန်း နဲ့တောင် ထတယ် ..
ငီးးးး ...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

စော said...

အင်း လူ့ စည်း၊ ဘီလူးစည်းတဲ့
မမြင်နိုင်လို့  မသိရတာကို
မြင်လို့  သိတော့ စည်းပေါက်တာပေါ့

အဖြူရောင်နတ်သမီး said...

ကြောက်လယ်..
လစ်ပြီ...

စုချစ် said...

လန့်တာ....
တော်သေး... နေ့လည်ကြီး ဖတ်တာမို့....

ခရစ္စတလ် said...

အဆက်လေး မြန်မြန်ရေးလေ အကြောက်မပြေခင်ပေါ့ :)

အိမ့်ချမ်းမြေ့ said...

ည သန်းခေါင်ကျော်ပြီဆိုမှ ကျမလည်း ဒီပိုစ်ကို လာဖွင့်မိရဲ့သားဖြစ်နေတယ်။

ဖတ်မသွားဘူး။ မနက်ဖြန်နေ့လည်ခင်းမှပဲ ပြန်လာတော့မယ်ရှင်။

Anonymous said...

ကိုအောင် ရေ

ဆက်ရန် ကို မျှော်လင့်နေပါတယ် အတော်ကြောက်စရာ ကောင်းတယ် ကျေးဇူး

ရွှေစင်ဦး

စော(အဝါရောင်မြေ) said...

ကိုအောင် ဝါဆိုသင်္ဃန်းကပ်နေသလား?
သရဲကြောင်းပဲ စာစီနေလား?
လား? ? ? ?

Anonymous said...

Don't make our necks like gerraffes for this post.Good creation:)
Read in day time.
Gyidaw

ကျော်စွာ said...

သောက်ကျိုးနည်း ... တကယ်ကြောက်စရာ ကောင်းတယ်ဟ :(

နတ်ဆိုးလေး said...

ညဘက်ဖတ်တာပိုအရသာရှိတယ်ဟ...
ကြက်သီးထချက်ကတော့ တချိန်လုံးပဲ
ဆက်ရေးပါဦး...

နတ်ဆိုးလေး said...

တကယ်စိတ်ဝင်စားဖို့လဲကောင်းပါတယ်
ကြောက်ဖို့လဲကောင်းတယ်

မေသိမ့်သိမ့်ကျော် said...

ကြောက်စရာကြီး ညသန်းခေါင်လာဖတ်တာ။။။။ ဟီး။

ရွှေပြည်သူ (ShwePyiThu) said...

စိတ်လှုပ်ရှားစွာနဲ့ စောင့်ဖတ်နေပါတယ် ကိုအောင်ရေ။ အရင်အခေါက်တွေ ရောက်တုန်းက ရုံးကနေ လာရတာမို့လို့ ခြေရာ မချန်ခဲ့နိုင်တာပါ...