Thursday 7 July 2011

ဒီထက် ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ ….

ဧရာဝတီ စာမျက်နှာက ဆောင်းပါးရှင် “ကြည်ဝေ” ရဲ့
အခြေချ တရုတ်၊ နေရာပျောက် မြန်မာနှင့် မန္တလေး ကိုယ်ခံအား
(ဒီနေရာမှာ နှိပ်ပြီး ဖတ်ကြည့်ပါ ….)
ဆောင်းပါးကို ဖတ်ကြည့်လိုက်တော့
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းတို့၊ သတင်းစာ
ဆရာ ဦးကျော်ရင်မြင့်တို့၊ Eleven Media Group က CEO
ဒေါက်တာသန်းထွဋ်အောင်တို့ ပြောကြားချက်တွေက မှတ်သား
စရာပါ။






မောက္ခ ပညာရေး မဂ္ဂဇင်း စာမျက်နှာက ဆောင်းပါးရှင် “၀င့်ထန်း”ရဲ့
ကျားမေမေရဲ့ တိုက်ပွဲတေးသံ၊ တရုတ် မိဘ အုပ်ထိန်းနည်း
(ဒီနေရာမှာ နှိပ်ပြီး ဖတ်ကြည့်ပါ ….)
ဆောင်းပါးကို ဖတ်ကြည့်လိုက်တော့ ….
“အလွန်အကျူး အိပ်ခွင့်မပေးဘူး
သီးသန့်ကစားရက် မရှိရဘူး
ကျောင်းအားကစားမှာ မပါရဘူး
ကျောင်းအားကစားမှာ မပါဝင်ရလို့ ဆင်ခြေတက်မလာနဲ့
တီဗွီကြည့်တာ ကွန်ပျူတာဂိမ်းဆော့တာ ခွင့်မပြုဘူး
ကျောင်းပြင်ပ အခြားပါဝင်လှုပ်ရှားမှုတွေကို ခွင့်မပြုဘူး
အတန်းတိုင်းမှာ အဆင့် A ထက် မလျော့ရဘူး
စန္ဒယားနဲ့ တယောကလွဲလို့ ဘယ်တူရိယာမှ မတီးခတ်ရဘူး
သူများအိမ် လိုက်မအိပ်ရဘူး” .....



တရုတ်မိခင်တွေ သူတို့ကလေးကို ဆောင်ရွက်တာက
(၁) ကျောင်းစာမှာ ထိပ်ဆုံးအမြဲ ရှိရမည်၊
(၂)B အဆင့်မပြောနဲ့ A-minus ရရင် အခြေအနေဆိုးပြီလို့ ယူဆသည်၊
(၃) သင့်ကလေးက သင်္ချာမှာ အတန်းတူ အခြားကလေးတွေထက် ၂-နှစ်
လောက် ရှေ့ရောက်နေရမည်၊
(၄) လူအများရှေ့မှာ သင့်ကလေး ဆင်ခြေဆင်လက်ပေးတာကို ဘယ်တော့
မှ ခွင့်မပြုလေနဲ့၊
(၅) သင့်ကလေးဟာ ကျောင်းမှဆရာ ဒါမှမဟုတ် နည်းပြနဲ့ အဆင်မပြေ
ဖြစ်နေပြီဆိုရင် ကိုယ့်ကလေးဘက်က ဘယ်တော့မှ မရပ်နဲ့ ဆရာဘက်ကနေ၊
(၆) နောက်ဆုံး သင့်ကလေးကို ပြိုင်ဆိုင်မှုတစ်ခုခုအတွက် ခွင့်ပြုရင် ရွှေ
တံဆိပ် ရနိုင်တာမျိုးသာ ဖြစ်ရမည်။
(၇) ဆုက ရွှေတံဆိပ်ပဲ ဖြစ်ပါစေ။
....... ..... ....

လက်ရှိ မျိုးဆက်ဟာ စီးပွားရေးနဲ့ မိသားစု လူနေမှုဘ၀ အခြေခံအဆင့်
တည်ဆောက်ပုံတွေမှာ တရုတ်နိုင်ငံ မျိုးဆက်ကို ဘယ်လိုမှ မယှဉ်ပြိုင်
နိုင်ပါ။ တရုတ်ပြည်မကြီးက လာတဲ့ ပြည်ကြီးသား စစ်စစ်တွေနဲ့တင်
မကပါဘူး၊ မြန်မာပြည်မွေး မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေနဲ့ မြန်မာ
အပါအ၀င် တိုင်းရင်းသားတွေ အကြား တွေးခေါ်မှု၊ ကြိုးစား အားထုတ်မှု၊
ငွေကြေးနဲ့ အချိန်အပေါ် သုံးစွဲမှု၊ မျိုးဆက် တည်ဆောက်မှုပါ အကြီးအကျယ်
ကွာဟနေတာ ကြာပါပြီ။ ဘာသာတရား ကိုးကွယ်မှုတွေအပေါ်မှာ ထားရှိ
တဲ့ ယုံကြည်မှုပုံစံတွေ၊ (၁၂)လ ရာသီ ပွဲတော်များအတွင်း ငွေကြေး
အလွန်အကျွံ သုံးစွဲမှုတွေ၊ စုဆောင်းရရှိမှုအပေါ် စီးပွားရေးအရ ရှေ့တိုးပြီး
မလုပ်တတ်မကိုင်တတ်ဖြစ်မှုတွေ အပေါ်
ဒီထက် … ယခုထက် … အဆပေါင်း များစွာ
ပွင့်ပွင့်လင်းလင်း … ဝေဖန် … ရှုံချ… ဆန်းစစ် …. ဖော်ထုတ် ကြပါလို့
စာဖတ်သူကိုပါ တိုက်တွန်းပါရစေ ….

-စစ်ငြိမ်းဒီရေ

7 comments:

စော said...

ကို ကြောင် အဲ အဲ ကိုအောင်ရေ (စတာနော်)

ဖြစ်နေတာတွေဟာ ဖြစ်ခြင်တာ ဖြစ်တာလဲ၊ ဖြစ်ခြင်ဖြစ်မယ်။ မဖြစ်ခြင်တာလဲ ဖြစ်ခြင်ဖြစ်မယ်။
သေချာတာကတော့ လူဖြစ်ရကျိုးနပ်ရဲ့ လားမသိပါဘူး။
အရိုးထဲက ကြောက်တတ်အောင် လေ့ကျင့်နေသလား အောင့်မေ့ရတယ်။ သေရင်အားလုံးထားခဲ့ ရမှာပဲလေ ပါလာမှာက ကုသိုလ်၊ အကုသိုလ်ပဲ။ လောဘကြီးနေတာ၊ အတ္တကြီးနေတာကို မမြင်တော့လဲ အောင်မြင်တယ်လို့  ထင်ရတာပေါ့လေ။
ဒါပေမယ့် လွှတ်ထားရမယ်လို့ လဲ မဆိုလိုပါဘူး။
ဘယ်ဟာမဆို တစ်ဖက်စွန်းရောက်ရင် မကောင်းဘူးထင်တာပဲ။ အတုယူသင့်တာတော့ ယူရမှာပေါ့။ ကြောက်လို့ ဆိုတာထက်၊ ကိုယ့်ကိုယ်ကို သိလား၊ ထိန်းလာနိုင်အောင် ကျင့်ရတာ ပိုကောင်းမယ်ထင်တယ်။
ဘုရားကတော့ အလယ်အလတ် လမ်းစဉ်ကိုပဲ ညွှန်ပြခဲ့တာပါ။ ကွန်မြူနစ်ဆိုတာ ဒါပဲထင်ပါရဲ။

SHWE ZIN U said...

ကိုအောင်

အားလုံး လင့် တွေကိုလည်း သေချာ ဖတ်ကြည့် ပြီးပါပြီ ကျနော် တို့ က မန္တလေး မှာ နေ နေတဲ့ လူတွေ ဆိုတော့ လက်ရှိ မန္တလေး အခြေအနေကို တော်တော် သဘောပေါက် ပါတယ်

ဒါပေမဲ့ လူမျိုးရေး တွေကို ဘာမှ မဝေဖန်ချင်တဲ့ အတွက် ဘာမှ မပြောတော့ဘူး မြန်မာတွေမှာလည်း အပြစ်မရှိဘူး တရုပ်တွေ မှာလည်း အပြစ်မရှိပါဘူး

အပြစ်ရှိသူ ဘယ်သူတွေလည်း ဆိုတာတော့ အားလုံး သိကြပါတယ်

အဲဒီအတွက် လူမျိုးရေး နဲ့ အစားထိုး ဖြေရှင်းနည်း ဖြစ်မသွားအောင် ကျိုးစားရမဲ့ တာဝန်ကတော့ အားလုံးသော တရုပ် မြန်မာ တွေမှာ တာဝန်ရှိပါတယ်

လေးစားစွာဖြင့်
ရွှေစင်ဦး

Anonymous said...

သူများအိမ် လိုက်မအိပ်ရုံတင်မကဘူး သူငယ်ချင်းအိမ် အလည်သွားတာလည်း မကြိုက်ဘူး။ လမ်းပေါ်မှာ မကစားရဘူး။

မကောင်းတာ မတတ်လာသလို မကောင်းတာတွေလည်း ဖြစ်လာတယ်။ အပေါင်းသင်းမဆံ့ဘူး။ လိုက်လျောညီထွေ မနေတတ်ဘူး။

Angelhlaing(May everybody be happy and healthy! said...

ဝေဖန်ရလောက်အောင် ညီမလေးတော့ အစွမ်းစ မရှိသေးဘူးထင်တယ်အကို....:):)
အားပေး သွားတယ်..အကို
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..

ငွေလမင်း said...

လင့်ခ် လေးတွေ သွားဖတ်ကြည့်ပါတယ်
ပြောချင်တာကတော့ မရွှေစင်ဦးက ပြောသလိုပါဘဲ
;)

မိုးယံ said...

ကိုယ့်အသက် ကိုယ့်ပညာ ကိုယ့်ငွေကြေးနဲ့ လူမျိုးရေး၊ ဘာသာရေးကို ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။ တရုတ်ကို ဗိုလ်နေ၀င်းလက်ထက်ကတည်းက ကြားနေရတယ်။ ဒီလို တရုတ်နဲ့ ဗမာ ဆိုပြီး မန္တလေးလို မင်းနေပြည်တော်မှာ ရှုပ်ထွေးနေတုန်း တစ်ခြား လူမျိုးတွေက ချောင်းမြောင်းနေကြပြန်ရော။ အခုလည်း ဘယ်လောက်ဆိုးရွားနေပြီ ဆိုတာ မန်းသူမန်းသားတွေ အသိပါဗျာ..

ထလော့ မြန်မာ နိုးထလော့ လို့ အော်တဲ့လူလည်း သေရှာပြီ။ မြန်မာကတော့ အခုထိ မနိုးထနိုင်သေးဘူး။

မေသိမ့်သိမ့်ကျော် said...

အင်း ဘယ်သူ့ကိုမှ အပြစ်လို့ ပြောမနေတော့ပါဘူး။ မိဘဘိုးဘွားသင်ကြားထားတဲ့ အယူအဆတွေကို ကိုယ့်ခေတ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် နည်းပညာတွေ ၊ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ရင်တော့ ကောင်းမွန်သွားမှာပါ။ ဒါက ကျွန်မ မြင်တဲ့ အရာလေးတစ်ခုကို တင်ပြသွားတာပါ။ တခြား အများကြီးရှိမှာပါ။ နောက်အဓိက က စည်းကမ်းနဲ့ စည်းလုံးမှုပါ။ မပြည့်စုံတဲ့ကျွန်မ ရဲ့ မပြည့်စုံသေးတဲ့ အယူအဆလေးနဲ့ တင်ပြရတဲ့အတွက် လိုအပ်တာတွေ အများကြီးရှိမယ်။ မှားတာတွေလည်း ရှိရင်ရှိနိုင်ပါတယ်။


်ခင်မင်လေးစားလျက်