Monday, 4 July 2011

အောင်လား … ကြောင်လား ….

BBC မြန်မာဌာနရဲ့ အင်တာနက် စာမျက်နှာကို အခုလေးပဲ
ဝင်ကြည့်လိုက်တော့ NDF ခွဲထွက်အဖွဲ့ကို ဦးသိန်းညွန့်
ဦးဆောင်ပြီး ပါတီအသစ် ဖွဲ့လိုက်ကြောင်း ဖတ်ရှုရပါတယ်။
ပါတီအသစ်ဖြစ်တဲ့ “အမျိုးသား ဒီမိုကရေစီပါတီသစ်”မှာ ဦးဆောင်
သူ စာရင်းကို ဖတ်ကြည့်လိုက်တော့ အမည်တစ်ခုကို ဖတ်ပြီး
အံအားသင့်သွားပါတယ်။ ….. “ဦးဖုန်းမြင့်ကြောင်” …..




စာမျက်နှာပေါ် စာရိုက်တဲ့သူက ပင်ပန်းလို့ သို့မဟုတ် လောကြီး
သွားလို့ အခုလို “အောင်”လို့ ရိုက်ရမယ့် နေရာမှာ “ကြောင်”
ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လုပ်ငန်းခွင်တွေ မီဒီယာ
တွေလည်း အမှားနဲ့ မကင်းကြပါဘူး၊ ကျနော်တို့ ဘလော့ဂါတွေ
လည်း ကဗျာရေးရင် စာရေးရင် စာလုံးပေါင်း သတ်ပုံလေးများ
အမှားအယွင်း ရှိတတ်ပါတယ်။ အုပ်စုလိုက် အလုပ် လုပ်သူတွေ၊
လူကြီးတွေ မှားသွားရင် ကျနော်တို့ အနေနဲ့ အလုပ်သဘောကို
နားလည် ပေးပါတယ်၊ ကျနော်တို့ မှားမိရင်လည်း …. “ကြောင်” ….
တယ်လို့ ထင်ပေးကြမလား ….. :P
(မှတ်ချက်။ ။ ကျနော် အခုလို ထောက်ပြလိုက်လို့ တာဝန်ကြသူကို
အရေးမယူဖို့ BBC မြန်မာဌာနကို မေတ္တာရပ်ခံပါရစေ။)

-စစ်ငြိမ်းဒီရေ

7 comments:

Anonymous said...

အဲဒါကြီးကတော့ တော်တော် ဆိုးပါတယ်။
အောင် စာလုံးရိုက်တာနဲ့ ကြောင် စာလုံးရိုက်တာက တခြားစီပါပဲ။ အောင်လို့ ရိုက်ရတာကမှ ကြောင်ထက် လွယ်ပါသေးတယ်။ ကြောင် ဆိုတာက ရရစ်ပါနေလို့ ရိုက်ရတာပိုများပါတယ်။ က နဲ့ လည်း အဝေးကြီးပါ။ ဒါကြောင့် ရိုးရိုး typo error မဖြစ်နိုင်ဘူးလို့ မြန်မာစာရိုက်နေကျ လူတယောက်အနေနဲ့ ယူဆမိတယ်။

ဘလော့ဂါတွေ စာလုံးပေါင်းမှားတာကတော့ ရိုးနေပါပြီ။ ဘလော့ဂါမှန်ရင် စာလုံးပေါင်း မှားကြသည်။ punctuation ဂရုမစိုက်ကြ လို့တောင် ပြောရမလိုဖြစ်နေတယ်။ နာမည်ကြီး ဘလော့ဂါတွေတောင် မှားနေကြတော့ တကယ်မသိတာလား တမင်ထွင်တာလားလို့ မခွဲခြားတတ်ပေမဲ့ စာဖတ်သူတွေ အနေနဲ့ စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။

(မှတ်ချက်။ ။ ကျနော် အခုလို ထောက်ပြလိုက်လို့ တာဝန်ကြသူကို
အရေးမယူဖို့ BBC မြန်မာဌာနကို မေတ္တာရပ်ခံပါရစေ။)

တာဝန်ကျသူကို အရေးယူမယ် မထင်ပါ။း-)

Angelhlaing(May everybody be happy and healthy! said...

တမင်များ ရိုက်လေသလားပဲ...:):)

Unknown said...

လာလည်ပါဥိးဗျ ဖိတ်ခေါ်ပါတယ် ခွင့်မတောင်ပဲ လင့်ချိတ်ထား တာကိုလည်း ခွင့်လွှတ်ပြီး ချိတ်ခွင့်ပေးပါလို့။

sosegado said...

တစ်ချို့ကကြောင်မှကြိုက်တယ်

မိုးယံ said...

အင်........... တစ်မျိုးပဲနော်...

မှားတဲ့အခါလည်း မှားပေမပေါ့။

ဟီဟိ

အဖြူရောင်နတ်သမီး said...

ဟုတ်ပ..
ကြောင် နဲ့ အောင် Y တစ်လုံးတောင်ခြားတယ်..
တမင်များရိုက်လေရော့သလား..။
သူများသာပြောတာ.. နတ်သမီးလည်း အခုချိန်ထိ သူငယ်တန်းကကို မတက်သေးတာ..၊ ဟိုလူကပြင်ပေးသွားလိုက်၊ ဒီလူကပြင်ပေးသွားလိုက်နဲ့..:(

ဟန်ကြည် said...

ယမရစ်ပဲနဲ့ ဖစ်မှဖစ်ရပလေတယ်လို့ပဲ ပြောလိုက်ချင်ပါရဲ့...ဒါမှ စာပေသစ္စာ...