Wednesday, 22 June 2011

ရီနေဆန်ခေတ်က စုန်းမ

နှစ်စဉ်နှစ်တိုင်း နွေလယ်ည ပွဲတော်ကို ဇွန်လ (၂၁)ရက်နေ့
ကနေ (၂၄)ရက်နေ့ ကြားကာလတွေမှာ ဥရောပတိုက်က
နိုင်ငံအများစုနဲ့ အနောက်အုပ်စုဝင် နိုင်ငံတချို့မှာ ကျင်းပ
လေ့ရှိပါတယ်။ တကယ်တော့ အဲဒီရက်ပိုင်းမှာ နေ့တာ အရှည်
ဆုံးဖြစ်လို့ အလင်းရောင်ဟာ နံနက် (၅)နာရီဆိုရင် တော်တော်
ကို ထိန်လင်းနေပါပြီ၊ ညဖက် ဆိုရင်လည်း ည(၁၁) နာရီလောက်
အထိ မော်တော်ကားတွေ မီးကြီး မထိုးပဲ မောင်းနှင်လို့ ရပါ
သေးတယ်။

ဇွန်လ (၂၃)ရက်နေ့ ညနေပိုင်းမှာ ဒိန်းမတ်နိုင်ငံ အတွင်း
“စမ်းကန် အာဖ်တမ်န်” (Sankt Hans aften) ခေါ် "St. John's Eve"
ပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်မှာ အမျိုးသမီး ပုံစံပြုလုပ်
ထားတဲ့ အရုပ်ကြီးကြီး တစ်ခုကို ကွင်းပြင်ထဲမှာ ဖြစ်စေ၊ ချောင်းထဲ
မှာ ဖြစ်ဖြစ်၊ သောင်ပြင်ပေါ်မှာ ဖြစ်ဖြစ် မီးရှို့ကြပါတယ်။ မီးရှို့ခံရတဲ့
အရုပ်ကို စုန်းမတစ်ဦးလို သဘောထားပြီး ရှို့ကြပါတယ်။ မီးလောင်တဲ့
အချိန်မှာလည်း မီးခိုးငွေ့တွေဟာ ဂျာမနီနိုင်ငံဖက်ကို မျှောလွင့်သွား
တယ်လို့ ရှေးရိုးစွဲ ဒိန်းမတ်နိုင်ငံသား ဘိုးဘွားအချို့ကတော့ ယုံကြည်
ခဲ့ကြပါတယ်။






နွေလယ်ည ပွဲတော်ကို AD ၁၇၇၀ ခုနှစ်လောက်က စတင်ပြီး
ကျင်းပတယ်လို့ မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ AD ၁၃၉၇
ကနေ AD ၁၅၂၃ အထိ ဒိန်းမတ်၊ နော်ဝေးနဲ့ ဆွီဒင်နိုင်ငံတို့ဟာ
“Kalmar Union” အတွင်း စုပေါင်းပြီး တနိုင်ငံတည်းအဖြစ် နေ
ထိုင်ခဲ့ကြဖူးပါတယ်။ AD ၁၅၂၃ ခုနှစ်မှာ ဆွီဒင်နိုင်ငံဟာ Kalmar
Union က ခွဲထွက်သွားပါတယ်။ AD ၁၆၅၈ ခုနှစ်မှာ ဒိန်းမတ်နဲ့
ဆွီဒင်နိုင်ငံတို့ စစ်ဖြစ်ပွားပြီး ဒိန်းမတ် စစ်ရှုံးလို့ နယ်မြေ အများ
အပြားကို ဆွီဒင်ဖက်က ရရှိသွားပါတယ်။



AD ၁၅၁၇ ခုနှစ် ဥရောပတိုက်မှာ ဂျာမန်လူမျိုး ခရစ်ယာန် ဘုန်းတော်
ကြီး မာတင်လူသာ ဦးဆောင်တဲ့ Protestant Reformation ခေါ် ခရစ်
ယာန်သာသနာ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု စတင် ဖြစ်ပွားခဲ့ပါတယ်။
ခရစ်ယာန်သာသနာ ပြုပြင် ပြောင်းလဲရေး လှုပ်ရှားမှုနဲ့အတူ ရီနေဆန်
(Renaissance)ခေါ် ယဉ်ကျေးမှုပုံစံ ပြောင်းလဲရေး အတွေးအခေါ်များ
ပါ ဆန်းသစ်လာပါတယ်။ AD ၁၅၄၀ ကနေ AD ၁၆၉၃ အတွင်း ဒိန်းမတ်
နိုင်ငံအတွင်းက ရိုမန်ကက်သလစ် ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း
များစွာတို့ မီးရှို့ဖျက်ဆီးခြင်း ခံရပါတယ်။ ဒိန်းမတ်နိုင်ငံအတွင်း ရီနေဆန်
အတွေးအခေါ်တွေ ၁၅ ရာစု အလယ်ပိုင်းမှာ စတင် ၀င်ရောက်လာပေမယ့်
စစ်ပွဲတွေ ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ဒိန်းမတ် လူ့အဖွဲ့အစည်းဟာ ပတ်ဝန်းကျင်
မှာရှိတဲ့ ဆွီဒင်၊ ဂျာမန် အစရှိတဲ့ လူ့အဖွဲ့အစည်းတွေကို “ကျားကန်”
နိုင်ဖို့အတွက် လှုပ်ရှားမှု အမျိုးမျိုးကို ကြိုးစားခဲ့ပုံရပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ ပြန်လည်ဆန်းသစ်ရေး ရီနေဆန်ခေတ်အတွင်း
လူအများစု စိတ်ဝင်စားစရာ ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
နေထိုင်မကောင်းဖြစ်သူတွေကို ၀ိညာဉ်ပိုင်း ဆိုင်ရာ ပူးကပ်
ဝင်ရောက်မှုတွေနဲ့ ပြန်ကောင်းလာအောင် ပြုလုပ်ပေးတဲ့ ဂျာမန်
လူမျိုး အမျိုးသမီးတစ်ဦးကို ဒိန်းမတ်လူမျိုးတွေက “စုန်းကဝေ”
အတတ်တွေနဲ့ လူတွေကို ပြုစားတယ်၊ ပြီးမှ နေပြန်ကောင်းလာ
အောင် သူရဲ့ မှော်ပညာတွေနဲ့ တဖန် ပြုလုပ်ပေးတယ်လို့ စွပ်စွဲ
ပြောဆိုကြပါတယ်။ အဲဒီနောက်တော့ အဲဒီ မှော်ပညာတတ်တဲ့
အမျိုးသမီးကို မီးရှို့ သတ်ဖြတ်ခဲ့ကြပါတယ်။ စုန်းမ အဖြစ် စွပ်စွဲ
ခံရတဲ့ အမျိုးသမီးကို အရှင်လတ်လတ် မီးရှို့လိုက်တဲ့အခါ မီးခိုးငွေ့
များက ဂျာမနီနိုင်ငံ Harz ခရိုင်မှာ ရှိတဲ့ Bloksbjerg ခေါ် Brocken
တောင်ဖက်ဆီ မျှောလွင့်သွားတယ်လို့ ယုံကြည်ကြပါတယ်။

ဒိန်းမတ် ကဗျာဆရာနဲ့ စာရေးဆရာ တစ်ဦးဖြစ်တဲ့
Holger Henrik Herholdt Drachmann (09.10.1846- 14.01.1908)
ကတော့ “စုန်းမ”ကို မီးရှို့ကြတဲ့ နွေလယ်ညနေခင်း ပွဲတော်အတွက်
သူရဲ့ ကဗျာတစ်ပုဒ်မှာ "Vi elsker vort land..."
("We Love Our Country") ဒို့မြေကို ဒို့ချစ်တယ်လို့ ....
ဖော်ပြခဲ့ဖူးပါတယ်။

“စုန်းမ” အဖြစ် မှတ်ယူပြီး မီးရှို့ခဲ့တဲ့ အဲဒီ ရီနေဆန်ခေတ်မှာ
ဒိန်းမတ်နိုင်ငံဟာ Kalmar Union ပြိုကွဲလို့ ဂုဏ်သိက္ခာ ကျဆင်း
ပြီး ပြန်လည်ဆည်ယူဖို့ ကြိုးစားနေချိန်ပါ။ အိမ်နီးနားချင်း ဖြစ်တဲ့
ဂျာမန်နဲ့လည်း မသင့်မြတ်ခဲ့ပါဘူး။

အတိတ်က မြန်မာနိုင်ငံမှာလည်း ကျိုက်ထီးရိုးဘုရား တည်ရှိရာ
ဒေသက “မျောက်”တွေ အသံထွက်တဲ့အခါ “ကြိုးခွေ ကြိုးချ”လို့ အော်
တယ်ဆိုပြီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ရှိခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံ
ကတော့ ရီနေဆန် ဆိုတဲ့ တိုးတက်ဖို့ ပြုပြင်ပြောင်းလဲတဲ့ ခေတ်
တစ်ခေတ်ကို မပိုင်ဆိုင်သေးပါဘူး၊ ရီနေဆန် ခေတ်မှာတောင် ဒိန်းမတ်
တွေက လူမျိုးရေးနဲ့ ဂုဏ်သိက္ခာအတွက် “စုန်းမ” ကို တီထွင် ခဲ့ကြ
ပါတယ်။

-စစ်ငြိမ်းဒီရေ

7 comments:

PhyoPhyo said...

စုန်းမ အကြောင်းအမြည်းဖတ်သွားပြီ။ မအားလွန်းလို့၊
သေချာပြန်လာဖတ်ဦးမှာ၊စိတ်ဝင်စားတယ်။
မသိသေးဘူး ကိုအောင်ရေ။ ကျေးဇူး။
မနက်ဆို ၅ နာရီဆို လင်းထိန်နေပြီ။
ကိုအောင်တို့မိသားစု ကျန်းမာချမ်းသာပါစေ။
ခင်မင်လျှက်

ငွေလမင်း said...

ဗဟုသုတ ရတဲ့ပို့စ်လေးကို ဖတ်သွားပါတယ် မသိတာတွေ သိလိုက်ရလို့ ကျေးဇူးပါ

Anonymous said...

ိကိုအောင် ရေ

မြန်မာပြည်မှာ လည်း စုန်းမ လို့ စွတ်စွဲပြီး ဘဝပျက်သွား တဲ့ အမျိုးသမီး တွေ အများကြီး

ရွှေစင်ဦး

လင်းဒီပ said...

စိတ်ဝင်တစားနဲ့ သေချာဖတ်သွားပါတယ် အစ်ကို..

ပြည်ကောင်းအောင် said...

ကျနော့် ဘလော့ဂ်ကို လာလည်သွားတဲ့ အတွက် ကျေးဇူးပါ ကိုအောင်..။ ကျနော်တို့ဆီ ( US ) မှာ လည်း အခုဆို မနက် ၅ နာရီလောက်မှာ မိုး စင်စင် လင်းနေပြီ၊ ညဖက်ကတော့ ၉ နာရီကျော် လောက်ထိပဲ ( ဇူလိုင်လထဲ ၁၀ နာရီ ဝန်းကျင် ) နေရောင်လင်း တယ်ဗျ။ အကိုတို့က မြောက်ဖက် ပို ရောက်လို့ ည ၁၁ နာရီထိ လင်းတာ ဖြစ်မယ်။ White night ကော ရှိသလား။ ဟုတ်တယ်.. ဒီစုန်းမ ကို သူတို့ patriotism အတွက် တီထွင်လိုက်ကြတာ ဖြစ်လိမ့်မယ် ထင်တယ်ဗျ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်ကို မသိသေးတဲ့ အကြောင်းအရာပါဘဲ
ရှေးခေတ်ကတော့ စုန်းတစ္ဆေနဲ့ ကင်းလွတ်တဲ့ နောက်ခံ သမိုင်းကြောင်းတွေ မရှိသလောက်ဘဲ ထင်ပါတယ်နော်
ရှေးလူတွေ စုန်းတစ္ဆေ တော်တော် အစွဲအလန်းကြီးကြတယ်

မေသိမ့်သိမ့်ကျော် said...

စုန်းမကို မီးရှို့တဲ့ ပွဲလို့ပဲ အလွယ်မှတ်ထားလိုက်တော့မယ်။ တကယ်ကို မသိဖူး မကြားဖူးတာ သိလိုက်ရတော့ ဝမ်းသာမိတယ်။ ကျေးဇူးတင်ပါတယ်နော်။

ခင်မင်လေးစားလျက်