တဲ့ “အာဃာတအငြိုး” ဗွီဒီယိုဇာတ်လမ်းကို အင်တာနက်ပေါ်က
အခမဲ့ ကြည့်ရှုနိုင်တဲ့ လင့်ခ်တစ်ခုမှာ ကြည့်ရှုရပါတယ်။ ၀တ္ထု
ဇာတ်လမ်းက အောင်ဇမ္ဗူ(ဂမ္ဘီရ)လို့ ရေးထိုးထား ပါတယ်။ မင်းမော်ကွန်း၊
ရဲအောင်၊ အိန္ဒြာကျော်ဇင်နဲ့ သရုပ်ဆောင် အများအပြား ပါဝင်ထား
ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရုပ်ရှင်သမိုင်း ပြတိုက်နှင့်
ရုပ်ရှင်ခမ်းမ အဆင့်မြင့် ပြုပြင်ရန် ရံပုံငွေ ဇာတ်ကားလို့ ရေးထိုး
ထားပါတယ်။
တကယ်တော့ ဒီဝတ္ထုဇာတ်လမ်းဟာ ၁၉၈၈ ခုနှစ် မတိုင်ခင်က
နာမည် သိပ်မကြီးခဲ့တဲ့ စာရေးဆရာတစ်ဦးရဲ့ ၀တ္ထုဇာတ်လမ်း
တစ်ပုဒ်ပါ။ မူရင်း စာရေးဆရာ အမည်ကို လုံးဝ မမှတ်မိပါဘူး၊
အောင်ဇမ္ဗူ (ဂမ္ဘီရ) မဟုတ်တာတော့ သေချာပါတယ်။ မူရင်း စာရေး
ဆရာရဲ့ ဇာတ်လမ်းကို ဟိုနေရာပြောင်း ဒီနေရာရွေ့ လုပ်ထားတာပါ။
၈၈ မတိုင်ခင်က ဇာတ်လမ်းမှာ သူတို့မှာ သားအဖ သုံးယောက်
ရှိပါတယ်၊ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်တွေ မြန်မာပြည်
ထဲ ၀င်လာစမှာ သူတို့အိမ်ကို ဓမြတွေက ၀င်တိုက်ကြတယ်၊
အကိုနဲ့ အဖေကို ဓမြက သတ်ဖြတ်သွားတယ်၊ ကျန်ခဲ့တဲ့ ကလေး
က မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်၊ သေနတ်ဒဏ်ရာ ရနေ
တဲ့ သေဆုံးခါနီး အကို ဖြစ်သူက ခံပြစ် လို့ ဓမြတစ်ဦး သေနတ်
ဒဏ်ရာ ရသွားပါတယ်၊ သေနတ်သံကြားလို့ ရောက်လာတဲ့
ဂျပန်လူမျိုး စစ်ဖက် အရာရှိက ကျန်ရစ်သူ အငယ်ဆုံး ကလေး
ငယ်ကို မွေးစားဖို့ ခေါ်ယူသွားပါတယ်။
အခု ၀တ္ထုဇာတ်ညွှန်း အောင်ဇမ္ဗူ(ဂမ္ဘီရ) ဇာတ်လမ်းမှာတော့
အနည်းငယ် ဟိုပြောင်းဒီရွေ့ လုပ်ထားတာပါ။ ၈၈ မတိုင်ခင်က
ဖတ်ရတဲ့ ဇာတ်လမ်းမှာတော့ ဒီဖြစ်ရပ်ဟာ မြန်မာပြည် လွတ်လပ်
ရေး ရခါစ ပါလီမန် ဒီမိုကရေစီခေတ်မှာ ကျန်ရစ်သူ သားငယ်က
သူတို့ မိသားစုကို သတ်ဖြတ်သွားတဲ့ ဓမြသုံးဦးကို ကလဲ့စားချေတဲ့
တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ အခုတော့ ဒီဇာတ်လမ်းဟာ မြန်မာ
နိုင်ငံ ရုပ်ရှင် အစည်းအရုံး ရန်ပုံငွေပွဲမှာ မူရင်း စာရေးဆရာရဲ့ ကြိုးစား
မှုကို အသိအမှတ် အပြုမခံရပဲ ကော်ပီ ဘ၀ကို ရောက်သွားပါတယ်။
ရုပ်ရှင် ဗွီဒီယိုနဲ့ ပက်သက်တဲ့ သရုပ်ဆောင်တွေ ထုတ်လုပ်သူတွေ
အနေနဲ့ အစီအစဉ်တွေ မဆောင်ရွက်ခင် မူရင်း အနေအထားတွေ
ကို လေ့လာကြပါဦးဗျာ …။
-စစ်ငြိမ်းဒီရေ
9 comments:
မသိကြတာလား၊ မသိချင်ယောင် ဆောင်ကြတာလား လူကြီးတို့ရေ
အဲ့သည်ဗီဒီယိုတွေ အကြောင်းတော့ မပြောချင်လောက် အောင်ပါပဲ။ ပြီးစလွယ်နဲ့  ကဖျစ်ကညစ်တွေ။ အိမ်တစ်လုံးနဲ့  ရွာရိုးလမ်း ၂ ခုထည်းတင် ဇတ်ကားပြီးသွားတာမျိုးတွေ။ အဲ့ဒါလည်း ဖက်ဆစ်ကို တော်လှန်နေတာပဲ။ စိတ်ကုန်တယ်။
အင်းးးးတယ်ခက်တာပဲနော်။ ဘယ်လိုလုပ်ကြမလဲ ဒီပုံစံဆို။
ခင်မင်လေးစားလျက်
ကိုအောင် ရေ
ဒီလိုကြီးဘဲ စိတ်ညစ်စရာ
အေးဗျာ.. မြန်မာကားတွေကို အားမရလို့ ကျနော် လည်း ဟိုတလောတုန်းက “ကြည့်မိမှားသော ရုပ်ရှင်၊ ပြောချင်လာသော စကား” ဆိုပြီး မနေနိုင် မထိုင်နိုင် ရေးမိသေးတယ်။ ရုပ်ရှင်တကား ကြည့်ပြီးရင် ရင်ထဲမှာ အေးချမ်း၊ အားရပြီး ကျန်ခဲ့တာမျိုး ဖြစ်စေချင်မိတယ်။
ဒီလိုကားမျိုးကိုတော့ မျက်မှောက်ခေတ်ရုပ်ရှင် လို့ပြောမယ့်အစား မျက်စိမှောက်ခေတ် ရုပ်ရှင်လို့ပြောရမယ်ထင်တယ်။
အနီးအနားက လူတွေကိုတော့ ပြောမိတယ်.. ပြောပြီးရင် တစ်ခါတစ်လေတော့ ရင်နာပါတယ်။
အရမ်းအရည်အသွေးညံ့ဖျင်းတဲ့ ကားလို့ သူတို့ပြောတိုင်း ကိုယ်က...“ အိုကွာ.. ငါတို့မှာ ခေတ်မှီနည်းစနစ်တွေ မရှိလို့ ပိုက်ဆံသုံးနိုင်စွမ်းမရှိလို့ ၊ သုံးပြီးရင်လည်း ပြန်မရနိုင်လို့၊ ပေါ်လစီက ခွင့်မပြုလို့ ” ဒီလိုတွေ ဖြေသိမ့်ပြီးတာ ပြောနေရတာ..။
မြန်မာကားတိုင်လိုလို အရက်သောက်ခန်းတွေ ဘီယာသောက်တာတွေနဲ့ ကလပ်တွေ မိန်းမပျက်တွေကို ပဲ မြင်နေရတာ များတော့ ရွာကလူတွေအတွက် ရင်လေးတယ်... သူတို့က ဘီဒို ထဲက လုပ်တာတွေကို အတုခိုးကျတာ များတယ်ဗျာ။
တိုင်းပြည်တစ်ခုရဲ့ မီဒီယာက ဒီတိုင်းပြည်ကို ဖျက်ဆီးလိုက်ပုံများ.... မြန်မာလူမျိုးတွေ ရိုက်တဲ့ကားတိုင်း ဘာသာရေးတွေပြောရင် အလွဲက ခပ်များများရယ်။
သာသနာ အတွက် လူမျိုးအတွက် ရင်လေးလိုက်ပါဘိကွယ်။
ဘာကြောင့်ချစ်ချစ်အပြစ်မရှိ ဆိုတဲ့ ဇတ်ကားလေး ကားတိုက်တာ ထောင်မကျဘူးဗျ။
http://www.shwevideos.net/watch.php?v=RWyxRD14DfoV
http://www.shwevideos.net/watch.php?v=RWyxRD14DfoV
ဒီဇတ်ကားလေး မှာ ကားတိုက်တာ ထောင်မကျဘူးလေ။
Post a Comment