အမျိုးသမီး ဘောလုံးအသင်းကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်
ဖီဖာက ပြိုင်ပွဲဝင်ခွင့် မပြုခဲ့ပါဘူး။ ပြဿနာက သူတို့ဟာ
ဘာသာရေး အရ ခေါင်းမြီးခြုံတဲ့ ကိစ္စပါ။ ဘောလုံးကွင်းထဲ ကစားဖို့
အရေး သူတို့အသင်းအတွက် အဲဒီကိစ္စဟာ သေရေးရှင်ရေး
ဖြစ်ကြောင်း သူတို့ဖက်က တင်ပြပါတယ်။ ဖီဖာကတော့ လုံးဝ
မဖြစ်နိုင်ကြောင်း ဖြေရှင်းနေပါတယ်။
အခုရက်ပိုင်း ဒိန်းမတ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံ နယ်စပ်မှာ ဒိန်းမတ်ဖက်
အခြမ်းက နိုင်ငံကူးလက်မှတ် စစ်ဆေးတာကို ဂျာမန် မီဒီယာနဲ့
နိုင်ငံရေးသမားတွေက ပြစ်တင် ဝေဖန်နေပါတယ်။ စစ်ဆေးတာနဲ့
ပက်သက်ပြီး ဒိန်းမတ်မှာ လူထုစစ်တမ်း ကောက်ယူထားကြည့်တော့
ထောက်ခံတဲ့ အရေအတွက်က ၅၄.၆ %၊ မထောက်ခံတာက ၄၀ %၊
စိတ်မ၀င်စားတာက ၅.၄ %။ ဒိန်းမတ်နိုင်ငံသား အများစုကတော့
ပိုလန်နဲ့ ရိုမေးနီးယား နိုင်ငံသားတွေ အရင်ထက် ဒိန်းမတ်နိုင်ငံထဲ
ဝင်ရောက်လာပြီး ဖောက်ထွင်း ခိုးယူမှုတွေ၊ တောင်းစားတာတွေ
အဖြစ်များလို့ အခုလို နယ်စပ်ဂိတ်တွေမှာ စစ်ဆေးသင့်ကြောင်း
ထောက်ခံကြပါတယ်။
အရင်က တောင်းစားသူ လုံးဝ မရှိတဲ့ နယ်မြို့တွေမှာတောင်
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ မြို့လယ်ခေါင် ဈေးလမ်းမ
တလျှောက် သူတောင်းစားလုပ်ဖို့ ရိုမေးနီးယား နိုင်ငံသားတွေ
အစုလိုက် အပြုံလိုက် ၀င်ရောက်လာကြောင်း မီဒီယာတွေမှာ
ဖော်ပြပါတယ်။ အိမ်တစ်အိမ်ရဲ့ သော့ကို ဖျက်ပြီး ဖောက်ထွင်း
ခိုးယူဖို့ ကြိုးစားတဲ့ ပိုလန်လူမျိုး သူခိုးတစ်ယောက်ကို ဒိန်းမတ်ရဲ
က ဖမ်းမိတော့ သူခိုး အခုလို ညည်းရှာပါတယ် …
“ပစ္စည်းတွေက စိတ်ဝင်စားစရာ မရှိပါဘူးဗျာ၊ B & O ရုပ်မြင်သံကြား
တွေ ရှိမလားလို့ သော့ဖျက်ပြီး ၀င်မိပါတယ်၊ အိမ်ထဲမှာ တရုတ်နိုင်ငံ
ကလာတဲ့ အရည်အသွေးညံ့ပြီး ဈေးပေါတဲ့ ပစ္စည်းတွေပဲ ရှိမယ်ဆိုရင်
ဒီလောက် အပင်ပန်း မခံပါဘူးဗျာ … ”
ကမ္ဘာတလွှားက ဘောဂဗေဒ ဘိုးအေတွေ အခုလောလောဆယ်
နောင်တ အကြီးအကျယ် ရနေကြပါပြီ။ လူသား စွမ်းအင် အရင်းအမြစ်
ခေါင်းစဉ်အောက်မှာ ညွှန်းကိန်းတွေ ဂရပ်ဖစ်တွေ တိုးတက်မယ်
ထင်ပြီး တရုတ်နိုင်ငံဆီ ရင်းနှီမြုပ်နှံလိုက်ကြတာ အနောက်အုပ်စုဝင်
နိုင်ငံအများစုက စက်ရုံ အလုပ်ရုံတွေ တန်းစီးပြီး ပိတ်နေရပါပြီ၊ ပထမ
တော့ သူတို့ တွက်ကိန်းက တရုတ်ပြည်မှာ လူဦးရေ သန်းတစ်ထောင်
ရှိတယ်ပေါ့၊ ပစ္စည်းတစ်မျိုးကို လူတိုင်း ၀ယ်လို့ တစ်ခုကို တစ်ဒေါ်လာ
လောက် မြတ်မယ်ဆိုရင် အပိုင်ဆိုပြီး ၀င်ကြတာပါ။ open trade
ကြောင့် ဈေးပေါတဲ့ ထုတ်ကုန်တွေ ကိုယ့်နိုင်ငံထဲ ပြန်ဝင်လာတော့
ကိုယ်ကိုယ်တိုင် မခုခံနိုင်တော့ပဲ စကားမေးမရတဲ့ ဘ၀ကို ရောက်နေ
ပါတယ်။ သိပ်မဝေးတော့တဲ့ ဆယ်စုနှစ်တွေထဲ အနောက်အုပ်စုဝင်
နိုင်ငံတွေမှာ ဘိုးဘွားရိပ်သာ၊ နေ့ကလေးထိန်းကျောင်း၊ သန့်ရှင်းရေး
နဲ့ အစိုးရရုံတွေက လွဲရင် စက်ရုံ အလုပ်ရုံတွေ ဘယ်လို ဈေးကွက်
ထဲ ဘယ်လို လည်ပတ်ကြမလဲလို့ တိကျတဲ့ အဖြေကို ဘယ် ဘောဂ
ဗေဒ ဘိုးအေမှ တိတိကျကျ မပြောနိုင်သေးပါဘူး။
သယံဇာတပေါ် မှီခိုပြီး ရှိသမျှကို ရောင်းထုတ်နေတဲ့ မြန်မာပြည်က
ကိုကို သိန်းစိန်တို့ရော ဘယ်လို စီမံကိန်းတွေ ရေးဆွဲထားကြလဲ။
တရုတ်ပြည်ခရီးစဉ်မှာ ကြောက်ကြောက်နဲ့ လက်မှတ်တွေများ ထိုးခဲ့သေး
လား၊ ဧရာဝတီမြစ်ထဲ ပြေးဆွဲနေတဲ့ တရုတ်နိုင်ငံက သင်္ဘောတွေမှာ တရုတ်
အလံကို အမြင့်ဆုံး လွှင့်ထူခွင့် ပြုလိုက်မယ်ဆိုရင်တော့ ဗန္ဓုလပန်းခြံထဲက
လွတ်လပ်ရေး ကျောက်တိုင်ကို ဖြိုချလိုက်တာ ပိုပြီး ကောင်းပါတယ်။
အနောက်အုပ်စုက တရုတ်နိုင်ငံမှာ ချမ်းသာတဲ့ အရေအတွက် တိုးလာ
တယ်၊ ခရစ်ယာန် ဘာသာဝင် တိုးလာတာကို ဂုဏ်ယူနေပါတယ်။ လက်တွေ့
လုပ်ငန်းခွင် ရှားပါးမှုကြောင့် အနောက်နိုင်ငံတွေရဲ့ တက္ကသိုလ်အများစုမှာ
ကျောင်းမပြီးခင် ကျောင်းနုတ်ထွက်တဲ့ ကျောင်းသား အရေအတွက် တိုးလာ
တာ ကြောက်စရာပါ။ ကျောင်းတွေကတော့ ဆက်လက် လည်ပတ်နိုင်ပါ
သေးတယ်၊ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံကနေ လာရောက် သင်
ကြားတဲ့ ကျောင်းသားဦးရေ တိုးလာလို့ပါ။
အကြမ်းဖက်မှု တွန်းလှန်ရေးအတွက် တရုတ်ပြည် ရင်းနှီးမြုပ်နှံမှုကို
နိုင်ငံအတွင်း ဖိတ်ခေါ်ထားတဲ့ အမေရိကန်ရဲ့ ပေါ်လစီဟာ ဘယ်နေ့မှာ
ဘယ်လို သင်ခန်းစာတွေနဲ့ အဆုံးသတ်မလဲ မသိသေးပါ။ တရုတ်နိုင်ငံ
ထုတ် ကုန်ပစ္စည်း ဈေးကွက်ကို မယှဉ်ပြိုင်နိုင်တဲ့ အာဆီယံနဲ့ အီးယူ
ကတော့ တနေ့တခြား လုံးပါး ပါးလာပါပြီ။
(အဆိုတော် ထူးအိမ်သင် သီချင်းစာသားကို ခေါင်းစဉ်အဖြစ် အသုံး
ပြုထားပါတယ်။)
-စစ်ငြိမ်းဒီရေ
6 comments:
နည်းနည်းလေး လွဲလို့တော်သေးတာပေါ့ကိုအောင်ရေ
အများကြီးသာလွဲရင်တော့ ပြည်ထောင်စု သမ္မတတရုတ်မြန်မာနိုင်ငံတော်များ ဖြစ်လေမလား ...း)
ချော(အစိမ်းရောင်လွင်ပြင်)
ကိုအောင် ရေ
ဖြစ်ချင်ရာသာ ဖြစ်တော့ မတတ်နိုင်ဘူး
ရွှေစင်ဦး
ဝဲတယ် ဝဲတယ်
ဝဲလိုးယတာ အကုန်းဝဲတယ်
ဝဲ= ဝယ်
ကျောက်တုံး၊ မြက်၊ မြွေ၊ ခွေး၊ နောက်ဆုံး လူပါဝယ်တယ်။
ကြားရ မြင်ရ ...အားရစရာတွေပေါ့ ကိုအောင်ရယ်။
အလည်လာခဲ့ပါဥိးဗျာ။
ဟုတ်ပ အစ်ကိုရေ။ နရသီဟပတေ့၊ အင်းဝဘုရင်မင်းခေါင်၊ ဆင်ဖြူရှင် တို့လက်ထက်က အသက်ပေး ခုခံခဲ့ရတဲ့ ဧရာဝတီရေပြင်ပေါ်မှာ ပေါက်ဖော်တွေရဲ့ စီးပွားရေး သင်္ဘောကြီးတွေ တွေ့ရဦးမယ် ထင်ပါတယ်ဗျာ။
Post a Comment