Tuesday 31 May 2011

သခွားသီး အန္တရာယ်



သခွားသီးနဲ့ ပက်သက်တဲ့ ဘက်တီးရီးယားပိုး ပါဝင်မှု ပြဿနာဟာ
ဥရောပမှာ ဖြစ်ပွားနေပါတယ်။ လောလောဆယ် ဂျာမနီနိုင်ငံနဲ့
စပိန်နိုင်ငံတွေက တင်သွင်းလာသမျှ သခွားသီး အားလုံးကို
ဒိန်းမတ် အကောက်ခွန်ဌာနနဲ့ ကျန်းမားရေး ဌာနက ရပ်တန့်
ထားတယ်။ ဖြစ်နိုင်ရင်တော့ ခုရက်ပိုင်း သခွားသီး မစား
တာ အကောင်းဆုံးပါ။ သခွာသီး ပါဝင်တဲ့ အဆင်သင့်
(Ready made food) အစားအစာ တွေကိုလည်း သတိ
ထားသင့်ပါတယ်။

6 comments:

စော(အဝါရောင်မြေ) said...

ဒီမှာကြေညာတာကတော့ သခွားသီးပိုးတွေက သခွားသီး၊ ခရမ်းချည်သီး နှင့် ဆလတ်ရွက်တွေ ထိ ပါဝင်တယ်ပုံပါပဲ။
မနေ့ ကတော့ သူတို့ ကိုယ်တိုင် သခွားသီး စားပြနေပြန်ရော . . .။

sosegado said...

အီကိုလိုင်း ဆိုရင်တော့ ကြောက်ဖို့ကောင်းပါတယ်၊
ဒီဘက်မှာတော့ အိုကေပါတယ်၊ အနောက် စားသောက်ဆိုင်တွေမသွားစား တာအကောင်းဆုံးပါပဲ၊

ချော(အစိမ်းရောင်လွင်ပြင်) said...

သခွားသီး မစားတော့ဘူး
မျက်နှာလိမ်းရင်တော့ ဖြစ်တယ်ထင်တယ်း)

သက်ဝေ said...

သတင်းကြားတယ်...
သခွားသီး ဆလပ်ရွက်...း((
ဆိုးတယ်နော်...

ကိုဇော် said...

အင်း . . ထင်တာတွေ စပြီ။

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ်... ခဏလောက်တော့ မစားဘဲ ဆိုင်းထားသင့်တယ် ထင်တာပဲ။ ကျေးဇူးပါ ကိုအောင်ရေ...