Sunday, 1 May 2011

အို ဘလော့ဂါကြီး သို့မဟုတ် ကိုကြီးကျောက်အား ကန်တော့ခြင်း



ကမ္ဘာမြေပေါ် စောက်ထိုးဆွဲခံပြီး
ငိုလိုက် ရယ်လိုက် ရပ်တည်နေရတဲ့
နေ့စွဲတွေပေါ့ အကို
မျက်ဆံအမည်းတွေဆိုပြီး
ပနားမားတူးမြောင်းမှာ
လုပ်ခ ဈေးအပေါဆုံး ရတာကို
ပန်းချီကျော် ဂေါ်ဂင်က ရယ်ခြင်းဖွဲ့သတဲ့
ဟိုတယ် ကယ်လီဖိုးနီးယား* သီချင်းစာသားမှာ
တစ်ဖ်နီ* ဆိုတဲ့ ဂျူး’နာမည်လေးပါနေလို့
အဲဒီသီချင်း ဖွင့်ခွင့်မပေးတဲ့ နိုင်ငံတွေဆီ
ကျနော်တို့ ဘလော့ဂါတွေ
ခရီးထွက်ကြရအောင် အကို
မြေကမ္ဘာမှာ ကျိန်စာတွေရှိသလား …
အန်ဒါဆန်ရဲ့ ရေသူမကတော့
သောင်ကမ်းစပ်ပေါ် တက်မလာသေးဘူး
အကိုရေ
ဆူနာမီနဲ့ လေဆင်နှာမောင်းတော့
ရောက်ရောက်လာတယ် …
ဘုရားတစ်ဆူနဲ့ တစ်ဆူအကြား
မထားချင်ပဲ ထားရစ်ခဲ့တဲ့
ကျနော်တို့ရဲ့ ရုပ်ခန္ဓာအကြွင်းစုတွေ
၁၃ ယူဇနာမြင့်ပြီး
တောင်ဖြစ်ခဲ့မယ် ဆိုရင်လဲ
တောင်ပေါ်မှာ ပျော်ရွှင်ပါစေ
ကိုကြီးကျောက် …. ။ ။


-စစ်ငြိမ်းဒီရေ

ဟိုတယ် ကယ်လီဖိုးနီးယား *= Hotel California
တစ်ဖ်နီ*= tiffany

24 comments:

Nge Naing said...

အန်ကယ်နိုင်အတွက် ရေးထားတဲ့ ကဗျာကို တမလွန်ဘ၀မှ ခံစားနိုင်ပါစေ..
အန်ကယ်နိုင် ကောင်းရာသုဂတိလားပါစေ။

Baby taster said...

ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ

An Asian Tour Operator said...

တမလွန်ဘ၀မှ ခံစားနိုင်ပါစေ..!_!

rose said...

ကိုကြီးကျောက် ကောင်းရာမွန်ရာ ရောက်ပါစေ...........

Anonymous said...

ကိုယ့်မိသားစုဝင်တယောက်လိုဘဲ ကြေကွဲဝမ်းနည်းရတယ်

mie nge

ကိုဇော် said...

ကိုကြီးကျောက် ကောင်းရာ မွန်ရာကို အစွဲကင်းစွာ ရောက်ပါစေ . . . !_!

ကိုဇော် said...

ကိုကြီးကျောက် ကောင်းရာ မွန်ရာကို အစွဲကင်းစွာ ရောက်ပါစေ . . . !_!

ယောနက်သန် said...

ကောင်းရာသုဂတိလားပါစေ။

မိုးယံ said...

စိတ်မကောင်းဘူး

အဖြူရောင်နတ်သမီး said...

နောက်ဆုံးအချိန်ထိ တူမကြီးတို့ကို အပျော်တွေပဲ ခံစားစေခဲ့တဲ့ဘကျောက် အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်..။

may kyin said...

ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ

may kyin said...

ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ

Anonymous said...

ကိုအောင်ရေ..ကိုကျောက်ပုံကို အခုတွေ့ရတာ မသေခင် တမြန်နှစ်က ရိုက်ထားတာတွေ့ရတယ်။သူ့ဘလော့ရဲ့ နောက်ဆုံးပို့စ်မှာ တင်ထားတဲ့ ပုံတွေကတော့ မသေခင် တပတ်အလိုလောက်ကရိုက်ပြီးတင်ထားပုံတွေပါ။သိပ်ကွာသွားတယ်နော်။မသေခင်တပတ်အလို မျက်နှာအနေအထားက လူမမာရုပ်တော်တော်ပေါက်ပြီး အရွယ်ကျနေပြီဗျာ။အမေရိကန်ဆရာဝန်တွေ မှန်းခဲ့တဲ့ ၆လပြည့်ချိန် အေပရယ်လ၃၀-၂၀၁၁ နေ့လည်၁နာရီမှာ ဘလော့ဂါ ကိုကျောက် တကယ်သေဆုံးခဲ့ပါပြီ။သူကြိုက်တဲ့ကျောက်နီတောင် ပို့စ်ဟာ ကိုကျောက်ရဲ့နောက်ဆုံးပို့စ်ပါ။ ကျောက်နီနဲ့နှုတ်ဆက်ခဲ့တာပါ။
သူ့နောက်ဆုံးပို့စ်ကို မသေခင် ၆ရက်အလိုမှာ တင်သွားခဲ့ပါတယ်။မသေခင်တပတ်အလိုက ရိုက်ထားတဲ့ပုံတွေဟာ လူမမာရုပ်ပေါက်နေပါပြီ။
ကိုကြီးကျောက်ကို လူကိုလည်း မသိပါဘူး. ဘလော့ကိုလည်း အမြဲမဖတ်ခဲ့ပါဘူး.. ဖေ့စ်ဘွတ်ခ်မှာ နာရေးသတင်းတွေ့မှ လင်ခ့်ကနေလာကြည့်တာ.. စာတွေဖတ်ကြည့်တာ ဘလော့ကနေ ပြန်မထွက်ချင်လောက်တဲ့အထိ စာရေးကောင်းပါတယ်။ကျနော် နဲ့ မသိပေမယ့် ကျန်ရစ်သူဆွေမျိုးများနှင့်ထပ်တူ မဟုတ်တောင် စာရေးကောင်းသူတယောက်ဆုံးရှုံးသွားတာကို ၀မ်းနည်းစိတ်မကောင်းတာ အမှန်ပါ။း-(
ဖြစ်နိုင်ရင် သူ့အကြောင်း အပြည့်အစုံ ပို့စ်တခု စုံစမ်း ရေးတင်ပေးစေချင်တယ်။အမေရိကကို ဘယ်လိုရောက်လာတာကအစ သိတဲ့သူတွေကို မေးမြန်းပြီး အမှတ်တရ ရေးပေးပါလား။ ဟစ်တိုင်ဆိုဒ်မှာ ပို့ချင်လို့ပါ။
(အိုးဝေအောင်)

Unknown said...

ဘကျောက် ကောင်းရာ သုဂတိ လားပါစေဗျာ။

sosegado said...

ဝမ်းနည်းကြေကွဲရပါသည်၊

ကိုအောင်(ပျူနိုင်ငံ) said...

ကိုအိုးဝေရေ ...
ကျနော်နဲ့ ကိုကြီးကျောက်က ဘလော့မှာ တွေ့
ပြီး ခင်မင်ရင်းနှီးကြတာပါ၊ သူ ဘယ်လို USA
ရောက်တယ်၊ ဘယ်တုန်းက ဘယ်လို ရောက်
တယ် စသဖြင့်တွေ မပြောဖြစ်ကြပါဘူး၊ ဆေးရုံ
တက်ခါစ ဖုန်းနဲ့ နှစ်ကြိမ်၊ ဆေးရုံ ဆင်းခါစက
ဖုန်းနဲ့ တစ်ကြိမ်၊ နောက် အွန်လိုင်းပေါ်မှာ
ဂျီမေးလ်နဲ့တော့ chat ဖြစ်ပါတယ်၊ သူနဲ့ တွေ့
တိုင်း ရယ်စရာတွေသာ အပြောများလို့ သူ့ဘဝ
ကိုယ့်ဘ၀ အကြောင်းတွေ မပြောဖြစ်ခဲ့ပါဘူး၊
အခု လောလောဆယ် ကျနော်လည်း အလုပ်
နည်းနည်း ရှုပ်နေလို့ အဆင်ပြေရင် သူနဲ့
ပက်သက်ပြီး ပို့စ်တစ်ခုလောက်တော့ ရေးပါ
အုံးမယ် ....

Anonymous said...

နောက်ဆုံးအချိန်နီးသည်အထိသေချင်းတရားကို တည်
တည်ငြိမ်ငြိမ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်သွားတာ
ကျွန်တော်တို့ ကိုများတရားပြသွားလေသလားပါပဲ...
ဘယ်သူမှမရှောင်လွှဲနိုင်မှန်းသိပေမယ့် လည်း ...
မထင်မှတ်တာမို့ စိတ်ထိခိုက်ခံစားရပါတယ်ဗျာ...
ကိုကြီးကျောက်...ကောင်းရာသုဂတိလားပါစေ...

သိင်္ဂါကျော် said...

အဲဒီလောက် မြန်မယ်လို့ ထင်တောင် မထင်မိဘူး.. ဘကျောက် အခြေအနေ ကောင်းနေပြီပဲ မှတ်တာ.. ဖြစ်မှ ဖြစ်ရလေ.. ဘကျောက် မြင့်မြတ်တဲ့ ဘုံဘဝကို ရောက်ပါစေ လို့ ဆုတောင်းပေးပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကြီးကျောက်အတွက် ကိုအောင်နဲ့ထပ်တူ ၀မ်းနည်းမိပါတယ်။
စာရေးကောင်းသူတစ်ယောက် လျော့နည်းသွားတဲ့အတွက်လည်း ဘလော့ဂ်လောကကြီးအတွက် စိတ်မကောင်းစရာပါ။
ကိုကြီးကျောက် ကောင်းရာဘုံဘ၀မှာ စိတ်ချမ်းသာစွာ ရှိနိုင်ပါစေ

ahphyulay said...

အင်း...
ရေးပါ အစ်ကိုအောင်ရေ၊
ဘယ်လိုပြောရမှန်းတောင်မသိဘူး။
စာတစ်မျက်နှာ ရော့ သွားသလိုပါပဲဗျာ..။
ဒါပေမဲ့  ဒီပွဲမှာ အစ်ကိုကြီးနိုင်ခဲ့ တယ်။
ကျွန်တော်တို့  သူ့ ကို အတုယူရမယ်။
သေခြင်းတရားက အားလုံးအတွက် ဆိုရင်
အားလုံးဟာလည်း အဲ့ ဒီသေခြင်း အတွက်
အသင့် ဖြစ်နေရတော့ မယ် လို့  ။

Myanmar Good Knowledg Co., Ltd said...

ကိုအောင် အမှတ်တရရေးပေးတာကောင်းတယ်။
ကျွန်မလည်း သူ့ကို တိုက်ရိုက်မသိပေမယ့်
ကျွန်မဖတ်တဲ့ ဘလော့ဂ်တွေမှာ သူ့ကော်မန့်တွေကို တွေ့ရဖတ်ရလို့ သတိတရ ရှိနေပါတယ်။
ကောင်းရာသုဂတိ လားပါစေ။

SHWE ZIN U said...

ကိုအောင် ရေ

အားလုံးနဲ့ ထပ်တူ ဝမ်းနည်းမိတယ် အေးချမ်းရာရောက်ပါစေ

sosegado said...

ကျန်ရစ်သူ ဆွေမျိုးသူငယ်ချင်းများ ဘလော့ဂါညီအစ်ကို ညီအစ်မများနှင့်အတူ ဝမ်နည်းကြေကွဲမိပါသည်၊
ရောဂါကိုခံစားရင်း သစ္စာလေးပါးတရားတော်ကို ကျင့်ကြံနေသူ ကိုကြီးကျောက်တစ်ယောက်
ကောင်းရာမွန်ရာကို ရောက်ရှိပြီး နောက်ဘဝမှာ ဒီသံသရာကလွတ်မြောက်နိုင်သူဖြစ်ပါစေ။
ထပ်ရေးလိုက်ပါတယ်

KO TOE said...

နာရေးသတင်းကို ကြည့်ပြီး ကိုကြီးကျောက်စီ ရောက်ဖြစ်တယ်၊ ပြီးတော့ မပြန်ဖြစ်တော့ပဲ စာဧတွဆက်ဖတ်ဖြစ် နေတော့တယ်။ ကိုကြီးကျောက်ကို နှမြောလိုက်တာဗျာ။။။ ချစ်စရာကောင်းတဲ့ ကိုကြီးကျောက် ကောင်းရာသုဂတိမှာ ပျော်ရွှင်နေမှာပါ။။။