Tuesday, 31 May 2011

သခွားသီး အန္တရာယ်



သခွားသီးနဲ့ ပက်သက်တဲ့ ဘက်တီးရီးယားပိုး ပါဝင်မှု ပြဿနာဟာ
ဥရောပမှာ ဖြစ်ပွားနေပါတယ်။ လောလောဆယ် ဂျာမနီနိုင်ငံနဲ့
စပိန်နိုင်ငံတွေက တင်သွင်းလာသမျှ သခွားသီး အားလုံးကို
ဒိန်းမတ် အကောက်ခွန်ဌာနနဲ့ ကျန်းမားရေး ဌာနက ရပ်တန့်
ထားတယ်။ ဖြစ်နိုင်ရင်တော့ ခုရက်ပိုင်း သခွားသီး မစား
တာ အကောင်းဆုံးပါ။ သခွာသီး ပါဝင်တဲ့ အဆင်သင့်
(Ready made food) အစားအစာ တွေကိုလည်း သတိ
ထားသင့်ပါတယ်။
Read more »

Monday, 23 May 2011

လွင်ပြင် ခေါ်သံ (ဇာတ်သိမ်း)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့်
ကြောက်ရွံ့ထိတ်လန့်တတ်သူများ မဖတ်ရှုသင့်ပါ။)

ယခင် အပိုင်း(၉)မှ အဆက် …

အိမ်အောက်ထပ်ကနေ ခြံတွင်းခြံပြင် နေရာအနှံ့ဆီ ဓါတ်မီးတွေ
လှမ်းထိုးပြီး ရှာဖွေနေကြပါတယ်။ ပြေးလွှားရင်း ချွေးတွေ တရွှဲရွှဲ
ဖြစ်နေတဲ့ သာဂိနဲ့ လှဆောင်တို့ကလည်း ခြံအပြင်ဖက်ကို လောက်
လေးခွကိုယ်စီနဲ့ မကြာခဏဆိုသလို လှမ်းပြီး ပစ်နေကြဆဲပါ၊ စုပေါင်း
နေထိုင်ရာ အိမ်အသီးသီးထံက ဆက်တိုင်ဆိုသလို ထွက်ပေါ်နေတဲ့
သံပုံးတီးသံများကြောင့် တစ်ရွာလုံး ဆူညံနေပါတော့တယ်။

သံပုံးတီးသံတွေ ရပ်လိုက်ဖို့ အဘစံတို့ခြံထဲကနေ ဓါတ်မီးရောင်
နဲ့ အချက်ပြလိုက်မှ မီးကို ရေနဲ့ သတ်လိုက်သလို ရပ်တန့်သွား
ပါတယ်။ တုတ်၊ ဓါး၊ ၀ါးချွန်တွေနဲ့ လှံရှည်တွေ ကိုင်ဆောင်ထားတဲ့
လူကြီးလူငယ်ပေါင်းများစွာဟာ မိမိတို့ စုပေါင်းနေထိုင်ရာ ခြံဝန်း
တွေထဲ ကျားကို ရှာဖွေနေကြဆဲပါ။ အဘစံတို့ ခြံထဲက မကျီးပင်
ပေါ် ဖိုးချစ်နဲ့ ဆယ်အိမ်ခေါင်း ကိုတင်စန်းတို့ ဓါးကိုယ်စီ လွယ်ပြီး
တက်နေကြပါတယ် …




“ဖိုးချစ်၊ သေသေချာချာ ကြည့်နော်၊ ကျားကို တွေ့ပြီလား …”
“ဟုတ်ကဲ့ပါ ဗျာ၊ ကျုပ်လည်း သေသေချာချာ ကြည့်နေတာပဲ …”
“တွေ့ပြီလား၊ ဘယ်မှာလဲ …”
“ဒေါ်ခင်မှုံတို့ အိမ်ခေါင်းမိုးပေါ်မှာ မတ်တပ်ရပ်နေတာ ဘယ်သူလဲ …”

ဟိုဖက်ခြံ မကျီးပင်ပေါ်က ဖိုးချစ်အသံကြောင့် မိကျော့တို့ အိမ်အောက်
ထပ်မှာ ရှိနေတဲ့ လူတွေအားလုံး အံအားသင့်သွားပါတယ်၊ ဖိုးချစ်ပြော
လိုက်တဲ့ စကားကြောင့် သူတို့အိမ်ခေါင်းမိုးပေါ်မှာ တစုံတယောက်
ရောက်နေသလို …
“မျိုးသိမ်း၊ အပေါ်ထပ်ကို လှမ်းမေးကြည့်ပါအုံး၊ ဒီအချိန်ကြီး ခေါင်းမိုးပေါ်
ဘယ်သူတက်နေသလဲ …”

Read more »

Thursday, 5 May 2011

ကိုကြီးကျောက်နဲ့ ကျနော်

ခင်မင်ရင်းနှီးတဲ့ ဘလော့ဂါ ကိုကြီးကျောက် ကွယ်လွန်သွား
တဲ့ သတင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၁.၅.၂၀၁၁)နေ့ မနက်
မိုးလင်းမှ ကျနော် သိရပါတယ်။ အဲဒီနေ့က မနက်စောစော
ထထချင်း ကွန်ပြူတာရှေ့ ထိုင်ပြီး ရေးလက်စ “လွင်ပြင်ခေါ်သံ”
ဇာတ်လမ်းရဲ့ ဇာတ်သိမ်းကို အဆုံးသတ်မလို့ပါ၊ ကျနော် ရေးလက်စ
က နည်းနည်းပဲ ကျန်ပါတော့တယ်၊ ကွန်ပြူတာကို ဖွင့်လိုက်တော့
ကိုအောင်သာငယ်နဲ့ မကေတို့ရဲ့ ပို့စ်တွေကို မြင်မြင်ချင်း
တော်တော်လေး လန့်သွားပါတယ်၊ နောက် ဆက်ကြည့်တော့
အမကြီး မခင်ဦးမေရဲ့ တို့၊ မချစ်ကြည်အေးတို့ TZAတို့ရဲ့
ပို့စ်တွေကို ဖတ်လိုက်ရတော့ သေချာသလောက် ဖြစ်သွားပါပြီ။







Facebook ၀င်ကြည့်တော့ ကိုလူသစ်တို့၊ မသက်ဝေတို့ရဲ့
ဝမ်းနည်းစကားတွေ ဖတ်လိုက်၊ ဟိုဖတ်ကြည့် ဒီဖတ်ကြည့်နဲ့
အကိုကြီး ကိုကြီးကျောက်(ရွှေရတု မှတ်တမ်း) ကျနော်တို့အားလုံး
ကို ခွဲခွာသွားတာ သေချာသွားပါပြီ။ အဲဒီ တနင်္ဂနွေနေ့က စပြီး
ဒီနေ့အထိ ဘလော့ ရေးဖို့ စိတ် မပါတပါ ဖြစ်နေဆဲပါ။ ဘလော့ပေါ်
က မိတ်ဆွေတွေရဲ့ ပို့စ်တွေမှာ ကော်မန့်ရေးပြီး နူတ်ဆက်ဖို့
ပျက်ကွက်နေတာလည်း မနည်းတော့ပါဘူး၊ ဒီပို့စ်ထဲကပဲ တောင်းပန်
ပါတယ်။ ဒိန်းမတ်မှာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်လုပ်တဲ့ ပြီးခဲ့တဲ့လ
(၂၃) ရက်နေ့ မတိုင်ခင်က အသိမိတ်ဆွေ တစ်ဦး ကွယ်လွန်သွား
ပါတယ်။ အဲဒါနဲ့ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ ဘလော့ပေါ်
ပို့စ်မတင်နိုင်တာ ကြာသွားပါပြီ။

ကိုကြီးကျောက်နဲ့ ကျနော်က ဘလော့ပေါ်မှာ ခင်မင်ရင်းနှီး
ကြတာပါ။ ဟိုးတလောက ကိုကျောက် နေမကောင်းလို့ ဆေးရုံ
တက်ရတဲ့ သတင်းကို မချစ်ကြည်အေးဘလော့ပေါ်မှာ ဖုန်းနံပါတ်
တွေ့ရလို့ ဖုန်းဆက်မေးရင်းကနေ ပထမဆုံး ဖုန်းပြော ဖြစ်ပါတယ်။
သူ့အသက်ရှုသံ ခပ်ပြင်းပြင်းတွေ ကြားမှာ ရယ်စရာတွေ ပြော
ဖြစ်ကြပါတယ်။ အဲဒီတစ်ခေါက် ဆေးရုံပေါ် ရောက်နေတဲ့ ကိုကြီး
ကျောက်အတွက် ကဗျာတစ်ပုဒ်နဲ့ ဘာသာရေး လမ်းညွှန်းတစ်ခု
ကို ကျနော့်ဘလော့မှာ အမှတ်တရ ဖော်ပြဖြစ်ခဲ့ပါတယ်။ ကျနော်
နေတဲ့ ဒိန်းမတ်နိုင်ငံနဲ့ ကိုကြီးကျောက် ဆေးရုံတက်ရောက်ခဲ့တဲ့
အမေရိကန်ဒေသရဲ့ စံတော်ချိန်ဟာ တော်တော်ကွာပါတယ်။
ကျနော့်ဖက် နေ့လည်ကျော်မှ အဲဒီဖက်မှာ မနက်စောစောပါ။
ကျနော် ဖုန်းဆက်တော့ သူက ဆေးရုံပေါ်မှာပါ၊ ဖုန်းကနေတဆင့်
သတင်း လှမ်းမေးကြသူတွေဆီ ပြန်ဖြေနေရလို့ ကျနော်နဲ့ ဖုန်း
ပြောဖြစ်တော့ တော်တော်လေး မော နေပုံရပါတယ်။

Read more »

Sunday, 1 May 2011

အို ဘလော့ဂါကြီး သို့မဟုတ် ကိုကြီးကျောက်အား ကန်တော့ခြင်း



ကမ္ဘာမြေပေါ် စောက်ထိုးဆွဲခံပြီး
ငိုလိုက် ရယ်လိုက် ရပ်တည်နေရတဲ့
နေ့စွဲတွေပေါ့ အကို
မျက်ဆံအမည်းတွေဆိုပြီး
ပနားမားတူးမြောင်းမှာ
လုပ်ခ ဈေးအပေါဆုံး ရတာကို
ပန်းချီကျော် ဂေါ်ဂင်က ရယ်ခြင်းဖွဲ့သတဲ့
ဟိုတယ် ကယ်လီဖိုးနီးယား* သီချင်းစာသားမှာ
တစ်ဖ်နီ* ဆိုတဲ့ ဂျူး’နာမည်လေးပါနေလို့
အဲဒီသီချင်း ဖွင့်ခွင့်မပေးတဲ့ နိုင်ငံတွေဆီ
ကျနော်တို့ ဘလော့ဂါတွေ
ခရီးထွက်ကြရအောင် အကို
မြေကမ္ဘာမှာ ကျိန်စာတွေရှိသလား …
အန်ဒါဆန်ရဲ့ ရေသူမကတော့
သောင်ကမ်းစပ်ပေါ် တက်မလာသေးဘူး
အကိုရေ
ဆူနာမီနဲ့ လေဆင်နှာမောင်းတော့
ရောက်ရောက်လာတယ် …
ဘုရားတစ်ဆူနဲ့ တစ်ဆူအကြား
မထားချင်ပဲ ထားရစ်ခဲ့တဲ့
ကျနော်တို့ရဲ့ ရုပ်ခန္ဓာအကြွင်းစုတွေ
၁၃ ယူဇနာမြင့်ပြီး
တောင်ဖြစ်ခဲ့မယ် ဆိုရင်လဲ
တောင်ပေါ်မှာ ပျော်ရွှင်ပါစေ
ကိုကြီးကျောက် …. ။ ။


-စစ်ငြိမ်းဒီရေ

ဟိုတယ် ကယ်လီဖိုးနီးယား *= Hotel California
တစ်ဖ်နီ*= tiffany
Read more »

ဘလော့ဂါ ကိုကြီးကျောက် ကွယ်လွန် …



ကိုပေါက်(ခ) ကိုကြီးကျောက်(ခ) ကိုနိုင်ဖေအောင် (မန္တလေးတိုင်း၊
မြင်းခြံမြို့- ဇာတိ) တစ်ယောက် အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယား
(Virginia) ပြည်နယ်၊ Inova Fairfax Hospital တွင် (၃၀.၀၄.၂၀၁၁)
နေ့ နေ့လည် (၁)နာရီခွဲ၌ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားပါပြီ။
Read more »