တွေထဲက အကြိုက်တွေ ….
အလုပ်ရဲ့ Job plan က တစ်နေ့နဲ့ တစ်နေ့ မတူတော့ တချို့
နေ့တွေမှာ မနက်စောစော ၀င်ရ၊ တချို့နေ့တွေဆိုရင် နေ့လည်
လောက်မှ အလုပ်ထဲ ၀င်ရတယ်၊ အလုပ်ထဲ ၀င်ခါစ ကော်ဖီခါးခါး
သောက်ရတာကို ကြိုက်ပါတယ် ….
အခု တက်ဂ်စာ ရေးနေတဲ့ ဒီအင်္ဂါနေ့မှာ ဥရောပ ချန်ပီယံလိဒ့်
ဘောလုံးပွဲ ရှိတယ်လေ၊ ဒါဆို အတော်ပဲပေါ့ ….
ရီရယ်မက်ဒရစ်နဲ့ တော့တင်ဟမ်း ပွဲမှာ ရီရယ်မက်ဒရစ်ကို ပိုကြိုက်
တယ်၊ ရီရယ်မက်ဒရစ်က ကွင်းရှင်ဖြစ်လို့ မဟုတ်ပါဘူး၊ မော်ရင်ဟို
ဘာတွေ အကွက်ဆင်မလဲဆိုတာ စိတ်ဝင်စားလို့ ….
အင်တာမီလန်နဲ့ ရှော်ကီပွဲမှာ ရှော်ကီကို ကြိုက်တယ်။
ဘာလို့ ကြို့က်တာလဲ မေးရင် ဂိုးအကျောယူပြီး အောက်က နေမလို့
… ဟီး၊ နောက်တာပါ၊ ဘောလုံးပွဲတွေ မလောင်းကြနဲ့နော်၊
လောင်းကစားလုပ်တာ မကောင်းပါဘူးဗျာ …. :P
အခုရောက်နေတဲ့ နွေဦးပေါက် ရာသီကို ကြိုက်တယ် ….
နွေဦးပေါက်ရာသီမှာ သစ်တောအုပ်ထဲဆီ ကျောင်းသားငယ်လေး
တွေကို ဆရာ … ဆရာမတွေ ဦးဆောင်ပြီး ညအိပ် ခရီးထွက်
ရတဲ့ အစီအစဉ်တွေကို ကြိုက်တယ်၊ ကလေးတွေ ပျော်နေတာ
ကို ကြိုက်တာပါ၊ ကိုယ်ကိုယ်တိုင် တောထဲ ညအိပ်သွားဖို့ အိမ်က
အမျိုးသမီးကို မေးကြည့်တော့ သူက ပြောပါတယ် …
“ရှင်က မကြီးမငယ်နဲ့ ဘာလုပ်မလို့တုန်း ….”
ဒီလောက်ဆို ရလောက်ပြီလို့ ထင်ပါတယ်၊ ခင်ခင်မင်မင်နဲ့
တက်ဂ်စာရေးဖို့ တက်ဂ်ထားတဲ့ အမ မသက်ဝေကို ကျေးဇူးပါ …:P
-ကိုအောင်
9 comments:
မျက်စိလျှမ်းပြီး Tag စာ ကို "တက်စာ"လို့ဖတ် ငါးသလောက်တို့ဘာတို့ကြည့်ရမယ်မှတ်ပြီး နောက်တော့မှကိုယ့်အမှားကိုယ်သတိထားမိတယ်။
ကော်ဖီမနက်သောက်ရတာတကယ်ကြိုက်ပါတယ်။
ဟားဟား..
အစ်ကို့  တဂ်စာလေး အဆုံးသတ်ပုံက
ကျွန်တော်တောင် တက် ချင်သွားတယ်။
အဆုံးသတ်ပြီး ရပ်လိုက်ပုံကောင်းတယ်။
ဟင်.... သူက ဒီလိုပဲ ပြောသလား... (သူများ ဇနီးမောင်နှံကြား အတို့အထောင် လုပ်ကြည့်တာ...)
ကော်ဖီခါးခါးကြိုက်တာရယ် ဘောလုံးပွဲကြိုက်တာရယ် တူနေလို့ ဒီပိုစ့်ကို ကြိုက်တယ်...
ကျေးဇူး ကိုအောင်...း))
HaHa love it, man. :D
ကြိုက်တာတွေကလည်း နည်းလိုက်တာ၊
ဘောလုံးပွဲကတော့ ကြိုက်မယ်ဆိုတာသိထားပြီးပါပြီ၊
တောထဲ ညသွားအိပ်ရတာ လူကြီးတွေလည်းသွားပါတယ် လို့ ပြောပေါ့၊ ပြောမရရင် အမျိုးသမီးပါ မ သွားပေါ့၊ :)
ရှင်က မကြီးမငယ်နဲ့ ဘာလုပ်မလို့တုန်းဆိုတာက ကိုအောင်တစ်ယောက်တည်း သွားမယ်ထင်လို့ ပြောတာဖြစ်မှာ
သူပါလိုက်ရမယ်ဆို ဒီလိုပြောမယ် မထင်ဘူး
ဒီတော့ မောင်တို့ ၂ယောက် တောထဲအလည်အပတ်ခရီးသွားရအောင်ပါ အချစ်ရယ်လို့သာ ပြန်ပြောကြည့်
အခုလား လို့ ပြန်ပြောမှား)
ဟိဟိ
ဘောလုံးပွဲနဲ့ ကော်ဖီတော့ တူပါ့ဗျို့..
ဒါနဲ့ ကြိုက်တဲ့အထဲမှာ မိန်းမကို ဘာလို့ထည့်မရေးတာတုန်း
မကြိုက်တော့လို့လား
ဟိဟိ အချွန်နဲ့ မ သွားပြီ..
ကိုအောင်က တောထဲကို မိသားစုလိုက် သွားဖို့  Plan လုပ်ရင် အဆင်ပြေလိပ်မယ်ထင်တယ်။ ဒါပေမယ့် အမျိုးသမီးကပါ ဝါသနာ ပါမှ ဖြစ်မယ့် ကိစ္စပဲ။
အထူသဖြင့် မြန်မာ အမျိုးသမီးတွေက ဒါမျိုးဝါသနာ မပါကျဘူး။
ဘောလုံးပွဲကြိုက်တာချင်းတူတာကို ကြိုက်တယ်း)
နောက်ဆုံးစာကြောင်းဖတ်ပြီး ရယ်ရလို့လည်း ကြိုက်တယ် ...
mie nge
ကျွန်မကတော့ ကိုအောင့် အမျိုးသမီးကို ကြိုက်တယ်။
သူစိတ်ပူစရာ တစ်ခုခု ကိုအောင်ဆီမှာရှိရမယ်။
း)
အဟဲ..........နောက်တာပါ။
ခင်မင်စွာဖြင့်
Post a Comment