ရေးသူ- ကိုမောင်မောင်ဝမ်း
“မင်းတို့ရှိလို့ ဘာအကျိုးမြတ်မှ မဖြစ်ထွန်းဘူး၊ မင်းတို့ကို
ရှင်းပစ်ဘို့လည်း ငါတို့မှာ ဘာတခုမှ ဆုံးရှုံး မသွားဘူး”
(ပိုပေါ့- ခမာနီအစိုးရအကြီးအကဲ- ကဗ္ဘောဒီးယားနိုင်ငံ)
ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့ အကြောင်း
ကိုဖတ်ဘူးတယ် (ခိုးဖတ်ရတာပါ)၊ ပိုပေါ့ ဆိုတာ တခါက
ကဗ္ဘောဒီးယား နိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့
အကြီးအကဲ အာဏာရှင်တစ်ယောက်ပေါ့ ၊ ပိုပေါ့ အာဏာ
ရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာသေကျေပျက်စီးခဲ့ရ
တယ် ၊ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့ စကားပါ
သူနဲ့သူ့ပါတီ၊သူ့အစိုးရကိုဆန့်ကျင်သူတွေအပေါ်မှာထားခဲ့တဲ့
သဘောထားတခုလည်း ဖြစ်ပါ တယ်။
ခမာနီတွေ အာဏာရစဉ် ကာလတလျှောက်လုံး လူပေါင်းများစွာ
ကို နှိပ်စက်ခဲ့တယ်၊ ဝေလံခေါင်ဖျားတဲ့အရပ်ဒေသတွေပို့ပြီး လယ်ယာ
မြေတွေ ထွန်ယက် စိုက်ပျိုးစေခဲ့တယ်၊ အထူးသဖြင့်ပညာတတ်နဲ့
လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကဗ္ဘောဒီးယားနိုင်ငံကြီး
ဟာ ငရဲပြည်ကြီးသဖွယ်ဖြစ်စေခဲ့တယ်၊ နောက်ဆုံး အဆုံးသတ်မတော့
ပိုပေါ့ ဟာတောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မဲ့
သူမရှိပဲ သေဆုံးသွားခဲ့တာပါ၊ နိဂုံးမလှစွာနဲ့ပဲ အဆုံးသတ်သွားရတယ်
ဆို မမှားပါဘူး၊ တချိန်ကလျှမ်းလျှမ်းတောက်အာဏာရှင်ကြီးဟာ
ဘ၀ရဲ့နောက်ဆုံးစာမျက် နှာများမှာ အခြွေအရံမရှိ ၊ အာဏာမရှိ၊
လေးစားမဲ့သူမရှိနဲ့ --- ဒါပေမဲ့ ကံကောင်းသွားတဲ့တချက်ကတော့
ပြစ်ဒဏ်စီရင်မခံရပဲသူ့ရောဂါနဲ့သူသေသွားတာကတော့ ကံကောင်း
တယ်လို့ပြောမယ်ဆိုရင်ပြောလို့ရနိုင်ပါတယ်။ အဲဒီအချိန်ကာလတွေ
က တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီ ခေါင်းဆောင်များကတော့
အခုထိတိုင် အရေးယူခံ နေရဆဲဖြစ်ပါတယ်။ လူတယောက်ရဲ့ အသက်
ရှင်သန်မှုကို တိရိစ္ဆာန်တကောင်လောက်တောင်တန်ဘိုးမထားပဲ
ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ။
မြန်မာပြည်သမိုင်းစဉ်တလျှောက် စစ်အာဏာရှင်များဟာလည်း
တချိန်က ကဗ္ဘောဒီးရားနိုင်ငံက ခမာနီများထက်မသာရင်တောင်မှ
မလျှော့ပါဘူး ၊ မြင်သာတဲ့ သုတ်သင်ရှင်းလင်းမူ့တွေကို ခမာနီတွေ
လောက် သိသာအောင်မလုပ်တာကလွဲရင် ကျန်တာတွေအတူတူပါပဲ၊
မြန်မာပြည်အကျဉ်းထောင်တွေထဲမှာ၊စစ်မြေပြင်မှာ ၊ လမ်းမတွေပေါ်
မှာ ၊ စစ်ကြောရေးစခမ်းများစွာထဲမှာ လူသိတာရော မသိတာရော
ဆုံးရှုံးနစ်နာခဲ့ရတဲ့ ၊ ဆုံးရှုံးနစ်နာစဲဖြစ်နေတဲ့ အညတြ မထင်မရှား
သူရဲကောင်းတွေဆိုတာ နည်းလားဗျာ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကြီးမှူးပြီး “အညတြ သူရဲကောင်းများဆု”
ကို ဂုဏ်ပြုချီးမြှင့်တော့ ကျနော် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ တကယ်တော့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ပုဂ္ဂိုများဟာ မြန်မာပြည်
စစ်အာဏာရှင်တော်လှန်မှု သမိုင်းမှာ သိပ်မထင်ရှားပဲပေးဆပ်နေရသူစစ်စစ်
တွေပါ၊ သူတို့ကို ကမ္ဘာကလည်းမသိ၊ ပြည်သူအများစုကလည်းသိပ်မသိပဲ
သူတို့ရဲ့ဘ၀တွေကို နှစ်ပေါင်းများစွာ အကျဉ်းစခန်းထဲမှာ ပေးဆပ်နေဆဲပါ။
အဲဒီထဲက နှစ်ယောက်ကို ကျနော်ကောင်းကောင်းသိပါတယ်၊ သူတို့ကတော့
ဦးခင်ဝင်း (ဘိုးတော်ခင်ဝင်းနဲ့)၊ ကိုသန်းနိုင်တို့နှစ်ဦးပါ။ ၁၉၈၉ ခုနှစ်လောက်
က ကျနော်ကိုဖမ်းပြီး အင်းစိန်ထောင် ၂ တိုက် ( ကြိုးတိုက်)ကို ပို့ထားစဉ်
ကာလကပါ ပြောမယ်ဆို ကျနော့်အသက် ၂၀ ကျော်အရွယ် ဘ၀မှာတခါမှ
အကျဉ်းထောင်ဆိုတာ မရောက်ဘူး ၊ နာမည်ကျော် စစ်ကြောရေးစခန်းတွေ
ထဲက တစ်ခုဖြစ်တဲ့ ထောက်လှမ်းရေး (၇) ရဲ့အထုအထောင်းနှိပ်စက်မှုများ
အပြီး ထောင်ထဲစရောက်ကစ အချိန် နောက်တနေ့မှာ လူတစ်ယောက်က
ကျနော့် အခန်းရှိရာကိုအပြေးလာပြီး အထုတ်လေးတထုတ်လာပစ်ပေးရင်းနဲ့…..
“ကျနော် ခင်ဝင်းပါ၊ ကိုမောင်မောင်ဝမ်း … ခင်ဗျားနဲ့လူချင်းမဆုံဘူးပေမဲ့
နာမည်ကြားဘူးနေတာ ကြာပါပြီ… ဘာမှ စိတ်အားမငယ်နဲ့… လိုတာရှိ
လှမ်းပြောလိုက် ကျနော်တတ်နိုင်သလောက်ကူညီမယ်… အိုကေနော်”
ဆိုပြီး စကားကို ကတိုက်ကရိုက်ပြော ပြေးထွက်သွားပါတယ်။ အမှန်ပြော
ရရင် ကျနော် သူ့ကိုမသိပါဘူး၊ အဲဒီကစပြီး ကိုခင်ဝင်းဆိုတာ ကျနော်စိတ်ထဲ
မှာ အမှတ်တရဖြစ်နေပါတယ်….နောက်မှသူ့အကြောင်းကို ကျနော်
မေးကြည့်တော့ အကြောင်းစုံကိုသိရပါတယ်။ သူပေးခဲ့တဲ့ အထုတ်လေး
ထဲမှာ ထန်းလျှက် ၄- လုံးလောက်ရှိမယ်ထင်တယ် နောက် ငပိထောင်း
လေးနည်းနည်းရယ် ဆေးလိပ် ၁၀ လိပ်လောက်ရယ်ပါ ပါတယ်။ အဲဒီ
ပစ္စည်းတွေဟာ တန်ဘိုးမများဘူးထင်ရပေမဲ့ အဖိုးဖြတ်လို့တော့မရနိုင်
ပါဘူး ၊ ကိုခင်ဝင်း ဒီလိုလာပေးတာဟာ သိပ်ကို အန္တယာယ်တွေနဲ့ရင်းပြီး
လာပေးရတာပါ၊ ကိုခင်ဝင်းက တချိန်က ဗိုလ်ချုပ်ခင်ညွန့် သတင်းစာ
ရှင်းလင်းပွဲမှာ အကြီးအကျယ် ရှင်းလင်းခဲ့တဲ့ စာအုပ်နီလို့ လူသိများတဲ့
(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ယူဂျီ)မှုနဲ့ အဖမ်းခံနေရစဉ်အချိန်ပါ၊
တစ်ယောက်နဲ့ တစ်ယောက်စကားပြောဆိုခြင်း ၊ ဆက်ဆံခြင်းမပြုဘို့
ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့အချိန် ၊ နှိပ်ကွပ်စရာရှိရင် လူမဆန်စွာ
နှိပ်ကွပ်ခံနေရတဲ့အချိန်တွေမှာ ကျနော့်အခန်းနဲ့ အလှမ်းကွာတဲ့နေရာမှာ
ရှိနေတဲ့ သူ့အခန်းကနေ စွန့်စွန့်စားစားလာပေးတာပါ ၊ ဒါဟာ ရဲဘော်ရဲဖက်
ဘယ်လောက်ဆန်သလည်းဆိုတဲ့ အချက်ကိုပြသလိုက်တာပါ။
အများစုက သူ့ကို ဘိုးတော်လို့ပဲခေါ်ကြပါတယ်၊ ကျနော်သိသလောက်
ဆိုရင် စစ်အာဏာရှင်အဆက်ဆက်မှာ ထောင်အကြိမ်ကြိမ်ကျ ပေးဆပ်
နေရသူတဦးပါ၊သူ့ဘ၀ရဲ့အချိန်တွေတော်တော် များများဟာ အကျဉ်း
ထောင်အတွင်းမှာပဲများပါတယ်။ ကျနော်နဲ့သူ စက္ကန့်ပိုင်းလေးလောက်ပဲ
ဆုံဖြစ်ခဲ့ကြပေမယ့် သူ့နှလုံးသား သူ့ယုံကြည်ချက်တွေကိုတော့ ယနေ့
ထက်တိုင် အသိမှတ်ပြုလေးစားနေဆဲပါ။
နောက်တစ်ဦးကတော့ လက်ရှိမအူပင်ထောင်မှာ အကျဉ်းကျခံနေရဆဲ
တချိန်ကမြေလတ်ကျောင်းသား ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ခဲ့တဲ့
ကိုသန်းနိုင်ပါ။ သူနဲ့ကျနော်နဲ့က ၈၈ အရေးတော်ပုံအပြီးမှာ မြေလတ်
ကျောင်းသား လူငယ်များညီညွတ်ရေး တပ်ပေါင်းစု(မကညတ)ကို
ကိုယ်စားပြုပြီးနိုင်ငံရေးလှုတ်ရှားမူ့များကိုဆောင်ရွက်ခဲ့ဘူးပါတယ်။
အထက်ဗမာပြည်ကျောင်းသားညီလာခံ ၊ မြေလတ်ကျောင်းသားညီလာခံတို့
ကစလို့ ရန်ကုန်မှာ နိုင်ငံရေးလှုပ်ရှားမှုများကို ဆိုးတူကောင်းဘက် အငတ်ခံ
လှုတ်ရှားခဲ့ဘူးပါတယ်။ သူက တောင်တွင်းကြီးသားပါ၊ မကွေးကောလိပ်
မှာကျောင်းတက်ခဲ့ပါတယ်။ တခါ ထောင်ထဲမှာရောက်တော့လည်း သရက်
ထောင်မှာအတူပြန်ဆုံရပြန်ပါတယ်။ သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့
အနိဌာရုံတွေရှိခဲ့ဘူးပါတယ်။ တနေ့ မနက်စောစော ကျနော်က
သရက်ထောင် နှစ်တိုက် ထဲမှာ ရှိနေစဉ်ကာလ သူက ဆေးရုံဆောင်လို့
ခေါ်တဲ့ နေရာမှာရှိပါတယ်။ အဲဒီနေ့က ဆေးရုံဆောင်မှာ နိုင်ငံရေး
အခမ်းနားကျင်းပလို့ဆိုပြီး ထောင်အာဏာပိုင်များက ကိုသန်းနိုင် အပါဝင်
၆- ယောက် ၇- ယောက်လောက်ရှိမယ်ထင်တယ် သူတို့ကို ကျနော်တို့
နှစ်တိုက်ထဲ ထည့်လိုက်ပါတယ်၊ သူတို့ရောက်မလာခင် တိုက်ထဲမှာရှိတဲ့
သူတွေအားလုံးကိုတိုက်ရဲ့အ၀င်ပေါက်ကိုကျောပေးပြီး ထိုင်ခိုင်းတယ်၊
အဲဒီအချိန်ထိ ကျနော်တို့လည်း ဘာမှန်းမသိသေးဘူး ဒါပေမယ့် အားလုံး
ရဲ့စိတ်ထဲကတော့ ပြစ်ဒဏ်တိုက်သွင်းတော့မယ်ဆိုတာ သိနေကြတယ်၊
နောက် အားလုံးကို ပုံစံတွေပေးသံ ၊ ဆဲဆိုးသံတွေ အဆုံးမတော့ နံပါတ်
တုတ်တွေနဲ့ တအုံးအုံးရိုက်သံတွေထွက်လာပါတော့တယ်… အဲဒီမှာ
ကျနော်တို့က အသံတွေကို ကျက်မိတယ် ၊ အော်ဟစ်သံ၊ ငြီးတွားသံ၊
ပြန်လည်ပြောဆိုသံ ၀န်ထမ်းတွေရဲ့ဆဲဆိုသံ စောင့်ကန်သံတွေကြားမှာ
ကိုသန်းနိုင်ရဲ့စကားလုံးမပါပဲ နာကျဉ်းဟစ်အော်လိုက်တဲ့ “ဟားဟား ….”
ဆိုတဲ့ ရင်ခေါင်းအသံကြီးဟာ ငြိမ်သက်နေတဲ့ ထောင်ကို ဖောက်ခွဲ ထွက်
သွားတယ်၊ ၀န်ထမ်းတွေက သူ့ပါးစပ်ကိုပိတ်လိုက်ပုံရတယ်… နောက်တော့
ဝူးဝါး ၀ူးဝါး ဆိုပါးစပ်ကို ရုန်းနေသံတွေ…အားလုံးဟာ ….ဘယ်လိုမှ မခံ
စားနိုင်တဲ့ အနိဌာရုံတွေပါ။ ရိုက်ပြီးတာနဲ့ သူတို့ကို သံခြေကျင်းတွေ
ခြေထောက်မှာခပ်ပါတယ် တခါ ဒေါက်လို့ ခေါ်တဲ့တတောင်သာသာ
လောက် ရှိမဲ့သံချောင်းနဲ့ကန့်လန့်တတ်ထားတယ်။ တော်တော်နေရထိုင်ရ
ခက်တဲ့အနေထားပါ။အဆုံးမတော့ တိုက်ခန်း ထဲကို နှစ်ယောက်တတွဲ
ထည့်ထားလိုက်တယ်။ မိလ္လာချခွင့်၊ရေချိုးခွင့်မပေးဘူး။
တစ်ပတ်ကျော်ကျော်လောက်ကြာမယ်ထင်တယ် အဲဒီအခါကြမှ
သူတို့ကို အညစ်အကြေးချခွင့် ရေချိုးခွင့်တွေပေးပါတယ်၊ ဒါပေမယ့်
လည်း ခြေထောက်မှာ သံခြေကျင်းနဲ့အတူ ကန့်လန့်တတ်ထားတဲ့
ဒေါက်က ရှိနေသေးတော့ လမ်းလျှောက်ရတာမှာ တော်တော်ခက်ခက်
ခဲခဲ လျှောက်ရတာပါ။ ဒီလိုနဲ့ထောင်ထဲမှာ အတူနေကြရင်းလွတ်မြောက်
သွားပြီး ကွဲသွားလိုက်တာ..ကျနော်နောက်ဆုံးအကြိမ် ထောင်ထဲကလွတ်လာ
မှ ပြန်ဆုံဖြစ်တော့တယ်၊ သူ ကျနော့်ဇာတိမြို့ကို ရောက်လာတယ် နိုင်ငံရေး
လှုပ်ရှားမှုတွေကို မပြတ်တမ်း လုပ်နေဆဲပဲ စိတ်ဓါတ်ကတော့ မာကျော
လျက်ပဲ၊ ထူးခြားသွားတာက တခေါင်းလုံးနီးပါး ဆံပင်တွေဖြူကုန်ပြီ၊
စီးပွားရေးအဆင်မပြေတဲ့ အိမ်ထောင်ကိုဦးစီးနေရတယ်။ ကျနော်လည်း
အဲဒီအချိန်က ထောင်ထဲကသာ လွတ်လာတာသိပ်တော့ ကျော မလုံလှဘူး၊
သူ့ကိုလည်း သတိပေးတယ်။ ကျနော်ကတော့ဆုံးဖြတ် ပြီးပြီ နောက်တခါ
ဆိုရင်တော့ အဖမ်းမခံနိုင်တော့ဘူး လစ်မယ်၊ ဒါကိုအတိအလင်းပြောထား
လိုက်တယ်။ ကျနော် ထိုင်းနိုင်ငံဘက် ထွက်မလာခင်မှာ သူကမဖြူဖြူသင်း
တို့နဲ့ပေါင်းပြီး အေအိုင်ဒီအက်စ်ကိစ္စတွေ အစွမ်းကုန်လိုက် ဆောင်ရွက်
နေတာကိုသိရတယ်၊ နောက်တော့ ကိုမင်းကိုနိုင်တို့ လှုပ်ရှားမှု ဓါတ်ပုံ
တွေထဲမှာသူ့ကိုမကြာမကြာတွေ့နေရတယ်။ ရွှေဝါရောင်လှုပ်ရှားမှု အလွန်
မှာတော့ သူနောက်ထပ်ထောင်ကျသွားတယ်ဆိုတာကိုကြားလိုက်ရတယ်။
၈၈အရေးတော်ပုံကစလို့ သူ့ဘ၀တခုလုံးဟာ နိုင်ငံရေးထဲမှာပဲရှိတယ်၊
အကျဉ်းထောင်ထဲမှာနှစ်ရှည်လများ ၊ စစ်ကြောရေးစခန်းတွေထဲမှာ
ပြင်းထန်တဲ့ နှိပ်စက်မှုဒဏ်တွေကို အခုထိခံနေရဆဲပါပဲ။ သူတို့တတွေကို
ပေးအပ်ခဲ့တဲ့ “အညတြ သူရဲကောင်းဆု” ဟာ သိပ်ကိုထိုက်တန်ပါတယ်။
ကျနော် သူတို့အတွက် ၀မ်းမြောက်တယ်၊ သူတို့လိုပဲ ထောင်ထဲမှာ ၈၈
အရေးတော်ပုံကြီးကနေ ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တောင်ရှိပြီ အသက်
ရှင်နေသေးတဲ့ သံလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုသန်းဇော်၊
သာယာဝတီ-သုံးဆယ်ကသပိတ်ခေါင်းဆောင် ကိုဂျော်လီထွန်း ဆိုလည်း
ပေးဆပ်နေရတဲ့ အချိန်ကာလတွေဟာကြောက်စရာ ကောင်းလောက်
အောင်လွန်နေပါပြီ၊ ထောင်ထဲမှာ တစ်ရက် တစ်ရက်ဖြတ်သန်းဘို့တောင်
မလွယ်လှတဲ့ ကာလများမှာ နှစ်ပေါင်း ၂၃ နှစ် နေ နေရတယ်ဆိုတာ
သိပ်ရက်စက်လွန်းလှပါတယ်။
သူတို့တတွေဟာ လူသိနည်းတဲ့ အညတြသူရဲကောင်း စစ်စစ်တွေပါ၊
သူတို့ဘ၀တွေသူတို့ယုံကြည်ချက်တွေကို လူထုလွတ်မြောက်ရေး အတွက်
အစတေးခံနေသူတွေပါ၊မြန်မာနှစ်ကူးအချိန်အခါသမယမှာ နိုင်ငံရေး
အကျဉ်းသားအားလုံးလွတ်မြောက်လာမယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့
စတင်ပြည့်စုံစေပါလိမ့်မယ်။ အဲသလိုမဟုတ်ပဲ….“ မင်းတို့ရှိလို့ ဘာအကျိုး
အမြတ်မှ မဖြစ်ထွန်းဘူး၊ မင်းတို့ကိုရှင်းပစ်ဘို့လည်း ငါတို့မှာ ဘာမှဆုံးရှုံး
မသွားဘူးဆိုတဲ့” ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့လမ်းစဉ်ကို
ဆက်လက်ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ပိုပေါ့လိုပဲ ဘ၀နိဂုံး ဇတ်သိမ်း
မလှနဲ့ သွားရနိုင်တယ်ဆိုတာကို ပြောကြားရင်း………၊
-အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း
7 comments:
စာဖတ်သွားတယ် စိတ်မကောင်းဖြစ်မိပါတယ် ဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကမ်ဘောဒီးယားရောက်တုန်းက ဖနွမ်းပင်က အကျဉ်းထောင်ကို ရောက်ခဲ့သပေါ့။
စိတ်တွေ အများမကောင်းဘူး။ တချိန်တည်းမှာပဲ စစ်ကြောရေးထဲ ရောက်နေရတဲ့မြန်မာပြည်သူတွေကို ပြေးမြင်မိသလိုပဲ။
“မချိ...ရင်ထဲ” ဆိုတဲ့ ပိုစ့်လေးကို ရေးမယ်လို့ စိတ်ကူးမိသေးတယ်။
ပုံချစရာ ကံပဲရှိတော့ ကံပေါ့လေ.........
touching ;(
ပိုပေါ့အကြောင်း ကို ဖေဖေက စပြောပြတာ။
သိပ်စိတ်ဝင်စားခဲ့တယ်။
ဒီမှာဒီလိုလေး ပြန်ဖတ်ရတော့ အံ့သြသွားတယ်။
ကိုသရဲအောင် ရေ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ
ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါသည်၊
ဖတ်သွား၏..
စိတ်မကောင်းဘူး..။
း(
ကိုဋ္ဌေးကြွယ် ရှိသေးတယ်.....
စိတ်မကောင်းဘူး ကိုအောင်ရေ...
Killing Fieldကို ရေးဖို့ တည်ထားတာ ၆လလောက် ရှိပြီ...လက်စမသတ်နိုင်သေးတာ၊ ခုတော့ ရေးချင်စိတ် ပြန်ပေါက်လာပြီ....
***ခု ဟွန်ဆမ်အကြောင်း ဖတ်နေတယ်... စိတ်ဝင်စားဖို့ သိတ်ကောင်းတာပဲ...
Post a Comment