ချာလီချက်ပလင် ရေ
သိကြားမင်းနဲ့တွေ့ရင် ပြောလိုက်စမ်းပါဗျာ
အလည်သက်သက်တော့ မလာပါနဲ့လို့
ဖိုးပါကြီးက ဖိုးပြုံးချို … တဲ့
စိန်မြင့်က အဖေတစ်ခု သားတစ်ခု … တဲ့
နေတိုးက ဇော်က ကနေသည် …. တဲ့
ဒို့အရပ်ထဲ မင်းသားတွေသာ ပြောင်းပြောင်းသွားတယ်
တေးသွားတွေက အရင်လိုပါပဲ …..
ဟင်းပွဲတစ်ရာပြည့်မှ စားတတ်တဲ့
နရသီဟပတေ့ကနေ
ပဲပြုတ်နဲ့နံပြားကို ခင်တွယ်တတ်တဲ့
ကိုအောင်ဆန်းအထိ
သင်္ကြန်ဆိုတာ
မြန်မာတွေက စခဲ့တဲ့အကြောင်း
ကူပြောပေးပါအုံး ချက်လီချက်ပလင် ရေ
ငါတို့က
အညစ်အကြေးတွေ ဆေးကြောတယ် ပြောပြောပြီး
အိုးမဲလေးပဲ သုတ်ကြတာပါ …..
ဒီလိုပါပဲ ချာလီချက်ပလင် ရေ
သူတို့ရဲ့ မဟာရာမဇာတ်ကို ခိုးလာဘူးတော့လည်း
သင်္ကြန်ကို သူတို့ ပြန်ခိုးသွားတာ
ကြေတယ် ကျေတယ်ပေါ့
စတုမဟာဘုံကို ပြန်ရောက်လို့
သခင်မြနဲ့ တွေ့ရင်
ကိုယ်တော်မှိုင်းနဲ့ ဆုံရင်
ဒီးဒုတ်ဦးဘချိုနဲ့ တွေ့ရင်
ဆရာဇော်ဂျီနဲ့ ဆုံရင်
ဗန်းမော်တင်အောင်နဲ့ တွေ့ရင်
မင်းသုဝဏ်နဲ့ ဆုံရင်
လူထုဦးလှနဲ့ တွေ့ရင်
ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဆုံရင်
မြို့မငြိမ်းနဲ့ တွေ့ရင်
တက္ကသိုလ်ဘုန်းနိုင်နဲ့ ဆုံရင်
ဆရာမြသန်းတင့်နဲ့တွေ့ရင်
မောင်ချောနွယ်နဲ့ ဆုံရင်
ပြောပေးပါနော် ချက်လီချက်ပလင် ရေ
ပဉ္စလက်သင်္ကြန်မှာ
ရေကန်တော့ လိုက်ပါကြောင်း …. ။ ။
-စစ်ငြိမ်းဒီရေ
11 comments:
ချာလီချက်ပလင်က သူများတွေကို ငိုအောင် လုပ်ဘူးလို့ လား
နောက်နေ့ ဆိုရင် နှစ်ဆန်းတစ်ရက်ရောက်ပြီ။
ကိုအောင်တို့ မိသားစုတွေ အတွက် ပျော်ရွှင်စရာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေ။
ကဗျာလေး ဖတ်ရတာ ဝမ်းနည်းသလိုလို ဟိုလိုလို ဒီလိုလိုလေးကို ဖြစ်လို့...။
စကားမစပ် သိကြားမင်းက နတ်ပြည်ပြန်ရောက်သွားရင် မှာလိုက်တာတွေ မေ့သွားမယ်ထင်တာပဲ :P
ကိုအောင်ရေ..
ကဗျာလေးက ခေတ်မှီတယ်ဗျ။
“ ထန် ” လည်း ပါသလိုပဲ။
သရော်စာ လိုမျိုး ထင်ပါတယ်။
ဒါပေမယ့်  ကောင်းတယ်လေ...။
သူတို့ကို သွားပြောတော့ရော . . .
သူတို့က နားလည်ပါတော့မလားဗျာ။
ဟေ . . ဟုတ်ကဲ့လား ဆိုပြီး အသံဝါဝါကြီးနဲ့ မေးရင် ချာလီချက်ပလင် ဘယ်လို ထပ်ရှင်းရပါ့မလဲ။
သင်္ကြန် ...
သင်္ကြန် ...
း((((((( ဗြဲ ...
နှစ်သစ် မှာ
စိတ် ၏ ချမ်းသာခြင်း
ကိုယ် ၏ ကျန်းမာခြင်း
ပြည့်စုံပါစေ .. ကိုအောင်း))
သူများ စီဘောက်စ်မှာ
သရဲ ဆိုလို့ ဘယ်သူများလဲလို့ ..
ဟွင်းးး ဟွင်းး နောက်တယ် ..
တူ့ဆီမှာကျတော့
စီဘောက်စ် မထားဘူးးးး ..
မရှိတော့လည်း
ရေးလို့ ရတဲ့ နေရာ ရှာကျန်ပြီး
ရေးတာပေါ့ .. ဟဲဟဲ .. B-)
လက်တို့ပြီးတော့
ပြောရအုံးမယ် ..
ဘယ်မလဲ ဟို သရဲ ဇာတ်သိမ်းပိုင်း ..
စောင့်နေတာ တော်တော် ကြာနေပြီ .. >>
အပေါ်က ကွန့်မန့်
နာမည် ရေးဖို့ မေ့သွားလို့
နောက် တစ်ခု သက်သက်ပဲ
ရေးလိုက်တော့တယ် .. :D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
သရဲ ဆိုလို့ ဘယ် သရဲများလဲလို့၊ cbox တိုင်းမှာ သရဲတစ်ကောင်သန်းကျောင်းနေပါလား၊
ဟုတ်သားပဲ သူ့ ဆီမှာတော့ ဘာ box မှ မရှိဘူး၊ အော်လို့ မရတော့ ဒီမှာလာရေးရတာပဲ၊
ကဗျာလေးလည်းကြိုက်တယ်။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကဗျာလေး ဖတ်သွားတယ် ကိုအောင်ရေ လွမ်းသွားတယ်
မင်္ဂလာနှစ်ကူးဖြစ်ပါစေဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သရဲနော်..
သူများကို အချိန်မှီလေး လာပက်သွားလိုက်သေးတယ်..
ဒီမှာတော့ သင်္ကြန်ကိုစိတ်နာရ..၊ အလုပ်ထဲမှာ အလုပ်တွေပိပြီး ဖတ်ဖတ်ကိုမောာာာာလို့..။
မနေ့က အလုပ်များလွန်းလို့ လှေခါးမှာ ခြေချော်ကျလို့ ခါးက မျက်နေပြန်ပြီ..။
ဘာပဲဖြစ်ဖြစ် နှစ်ဆန်း(၁)ရက်နေ့မှာ သရဲကို လာနှုတ်ဆက်ပါတယ်..။
“နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေရှင်”
ရောက်ခဲ့ပါတယ်ခင်ဗျာ... ရွှင်လန်းချမ်းမြေ့ပါစေ
ခုနက လင့်ခ်လွဲသွားတယ်လို့ ထင်လို့ပါအကိုရေ.. :P
ရွှင်လန်းချမ်းမြေ့ပါစေဗျာ..
Post a Comment