အခြေချ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် လက်အောက်ခံ
တိုက်ကြီးမြို့နယ် အခြေစိုက်ခမရ (၇၀၉)၊ (၇၁၀) တပ်ရင်းတွေနဲ့
ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အထူးတပ်ရင်းတွေ
တိုက်ပွဲ ဖြစ်ပွားတယ်လို့ BBC မြန်မာဌာနရဲ့ စာမျက်နှာဖော်ပြ
ထားပါတယ်။
မတရား ၀င်ရောက် တိုက်ခိုက်ခံရတဲ့ ခမရ (၇၀၉)၊ (၇၁၀)
တပ်ရင်းတွေဟာ ...
(၁) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရေး၊
(၂) စစ်မှုထမ်းဟောင်း ဥပဒေကို ပြင်ဆင်ပြီး လစာ တိုးပေးရေး၊
(၃) နိုင်ငံအတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်း
ပေးရေး၊
(၄) ပြည်သူတွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးရေး၊
အထက်ပါ အချက် (၄)ချက်ကို လွန်ခဲ့တဲ့ (၁.၄.၂၀၁၁)နေ့
က စကခမှူး ဗိုလ်မှူးကြီး အောင်သီဟ ကတဆင့် ရန်ကုန်တိုင်း
တိုင်းမှူးထံ တင်ပြ တောင်းဆိုရကစပြီး တင်းမာမှုတွေ စတင်
ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။
အဲဒီတင်းမာမှုကြောင့် ယနေ့ (၇.၄.၂၀၁၁)နေ့ နံနက်ပိုင်းမှာ
ရန်ကုန်တိုင်း အထူးတပ်ဖွဲ့ဝင်တွေ အတင်း အဓမ္မ ၀င်ရောက်ပြစ်ခတ်
မှုကြောင့် ခမရ (၇၀၉)နဲ့ (၇၁၀) ဖက်မှ တစ်ဦး သေဆုံးပြီး တစ်ဦး
ဒဏ်ရာရတယ်လို့ သိရပါတယ်။
(ဒီသတင်းကို မည်သူမဆို ထပ်ဆင့်ကူးယူ ဖော်ပြနိုင်ပါတယ်၊
ခွင့်တောင်းခံဖို့ လုံးဝ မလိုပါ၊ အရေးဟဲ့ဆိုရင် အွန်လိုင်းပေါ်မှာ
မြန်မာဖောင့်က အမျိုးမျိုး။)
10 comments:
သေချာပြီလားဗျ။ ဘီဘီစီ ဆိုတော့ ထုံးစံအတိုင်း ချင့်ယုံရမှာပဲ။ (ကလူသစ်ပြောတယ်လို့ မပြောနဲ့နော်)။တကယ်ပစ်ကြ ခတ်ကြပြီဆိုရင်လဲ မကောင်းဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ဖိနှိပ်ခံရပြီး ပြီးပြီးရောဖြစ်သွားရင်လဲ မကောင်းဘူး။ ဒါနဲ့ ၀င်ပစ်တဲ့တပ်ကရော အခွင့်ထူးခံတပ်လား။ ဖိနှိပ်ခံတပ်အချင်းချင်း များများပူးပေါင်းမှ ပစ်တာခတ်တာ မဖြစ်ပဲ လိုချင်တာ ရမယ်ထင်တာပဲ။
လုပ်ပြန်ပြီ.. အခြေအမြစ် သတင်းခိုင်လုံမှု မရှိပဲ ဖြစ်စေချင်တဲ့ စိတ်ကူးတွေနဲ့  သတင်းလုပ်ဖော်ပြနေရင် အဲဒီသတင်းဖော်ပြတဲ့ သတင်းဌာနရော ဆိုဒ်တွေကိုရော စာဖတ်သူတွေရဲ့ ယုံကြည့်မှုအဆင့်အတန်း ဂုဏ်သိက္ခာတွေကျဆင်းတတ်ပါတယ်။ အခုပြောတဲ့ တပ်တွေက ကျွန်တော် တပ်မကပါ။ တိုက်ကြီးမှာ ဘယ်တပ်တွေ ရှိတယ်ဆိုတာကိုပဲ သေချာ၊ တိကျအောင် အရင် စုံစမ်းပါအုံးဗျာ။
ဆက်ကြည့်ရဦးမှာပေါ့လေ... ဘာတွေ ဖြစ်ဦးမလဲ..။
တယ်ဆိုတဲ့စာပါလား... ဟဟဟဟ... ဖြစ်နိုင်တယ်ဟေ့ဖြစ်နိုင်တယ် .... ဆက်ပြောကြဦး... ဒီထက်ကောင်းတာလေး.... ဟဟဟဟ
နောက်ဆက်တွဲကို သိချင်လာတယ်။
ထူးထူးခြားခြားအပြောင်းအလဲတစ်ခုဖြစ်မလာဘူးဆိုရင်လဲ ဘာမှကို မသိချင်တော့ပါဘူး ကိုအောင်ရယ်း)
ဟုတ်ပါ့ကိုအောင် ရေ ..အရေးဆို အွန်လိုင်းပေါ် မှာ ဗမာ ဖောင့်တွေက အမျိုးမျိုးဘဲ ... BBC လည်း ဖောင့်မတူတာနဲ့ မဖတ်ပါဘူး ..ကျေးဇူးပါဘဲ .. စစ်တပ်တွေဆိုတာကလည်း နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါဘဲ ..
မယုံတဝက် ယုံတဝက်နဲ့  ဇာတ်သိမ်းခန်းလေး စောင့်မျှော်နားဆင်နေပါတယ် ကိုအောင်ရေ..
ဇာတ်မြောကြီးက တမေ့တမော ဆိုတော့ ပြည်သူတွေလည်း မောလှပါပြီ..
:S
သူတို့က အဓိက မဟုတ်ပေမဲ့ နောင်ဆို အဓိက လူတန်းစားတွေထဲမှာ ပါဝင်လာစေချင်တယ်။ ဘယ်သူ့ကိုမှ သွေးထွက် သံယို မဖြစ်စေချင်တာ အမှန်ပါပဲ။
Post a Comment