ရေးသူ-
ကိုမောင်မောင်ဝမ်း
“
မင်းတို့ရှိလို့ ဘာအကျိုးမြတ်မှ မဖြစ်ထွန်းဘူး၊ မင်းတို့ကို
ရှင်းပစ်ဘို့လည်း ငါတို့မှာ ဘာတခုမှ ဆုံးရှုံး မသွားဘူး”
(
ပိုပေါ့- ခမာနီအစိုးရအကြီးအကဲ- ကဗ္ဘောဒီးယားနိုင်ငံ)
ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့ အကြောင်း
ကိုဖတ်ဘူးတယ် (ခိုးဖတ်ရတာပါ)၊ ပိုပေါ့ ဆိုတာ တခါက
ကဗ္ဘောဒီးယား နိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့
အကြီးအကဲ အာဏာရှင်တစ်ယောက်ပေါ့ ၊ ပိုပေါ့ အာဏာ
ရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာသေကျေပျက်စီးခဲ့ရ
တယ် ၊ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့ စကားပါ
သူနဲ့သူ့ပါတီ၊သူ့အစိုးရကိုဆန့်ကျင်သူတွေအပေါ်မှာထားခဲ့တဲ့
သဘောထားတခုလည်း ဖြစ်ပါ တယ်။
ခမာနီတွေ အာဏာရစဉ် ကာလတလျှောက်လုံး လူပေါင်းများစွာ
ကို နှိပ်စက်ခဲ့တယ်၊ ဝေလံခေါင်ဖျားတဲ့အရပ်ဒေသတွေပို့ပြီး လယ်ယာ
မြေတွေ ထွန်ယက် စိုက်ပျိုးစေခဲ့တယ်၊ အထူးသဖြင့်ပညာတတ်နဲ့
လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကဗ္ဘောဒီးယားနိုင်ငံကြီး
ဟာ ငရဲပြည်ကြီးသဖွယ်ဖြစ်စေခဲ့တယ်၊ နောက်ဆုံး အဆုံးသတ်မတော့
ပိုပေါ့ ဟာတောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မဲ့
သူမရှိပဲ သေဆုံးသွားခဲ့တာပါ၊ နိဂုံးမလှစွာနဲ့ပဲ အဆုံးသတ်သွားရတယ်
ဆို မမှားပါဘူး၊ တချိန်ကလျှမ်းလျှမ်းတောက်အာဏာရှင်ကြီးဟာ
ဘ၀ရဲ့နောက်ဆုံးစာမျက် နှာများမှာ အခြွေအရံမရှိ ၊ အာဏာမရှိ၊
လေးစားမဲ့သူမရှိနဲ့ --- ဒါပေမဲ့ ကံကောင်းသွားတဲ့တချက်ကတော့
ပြစ်ဒဏ်စီရင်မခံရပဲသူ့ရောဂါနဲ့သူသေသွားတာကတော့ ကံကောင်း
တယ်လို့ပြောမယ်ဆိုရင်ပြောလို့ရနိုင်ပါတယ်။ အဲဒီအချိန်ကာလတွေ
က တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီ ခေါင်းဆောင်များကတော့
အခုထိတိုင် အရေးယူခံ နေရဆဲဖြစ်ပါတယ်။ လူတယောက်ရဲ့ အသက်
ရှင်သန်မှုကို တိရိစ္ဆာန်တကောင်လောက်တောင်တန်ဘိုးမထားပဲ
ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ။