Friday 25 March 2011

ဘယ်လို ပြင်ဆင်ရမလဲ ….

မြေငလျင် အန္တရာယ်အတွက် ဘယ်လို ကြိုတင် ပြင်ဆင်ရမလဲ၊
မြန်မာပြည်အတွင်းက မြေငလျင်ကြောတွေ ဘယ်လောက် စိတ်ချ
ရသလဲ ဆိုတာနဲ့ ပက်သက်ပြီး ဘူမိဗေဒနဲ့ ကျောင်းပြီးကြတဲ့
ဘလော့ ညီအကိုမောင်နှမတွေ၊ NGO အတွေ့အကြုံရှိတဲ့ ဘလော့
ဂါတွေကို ကျနော်အနေနဲ့ မေးချင်ပါတယ်၊ အချိန်အားရင် အဆင်
ပြေရင် ရေးပေးဖို့လည်း တောင်းဆိုပါရစေ ….။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဘလော့တစ်ခုမှာ မြန်မာပြည်မှာ ဆူနာမီ
လုံးဝ မရှိဘူးဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ မဟုတ်ပါ
ဘူး၊ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဆူနာမီ ရိုက်ခက်မှုအတွင်း
မြန်မာနိုင်ငံ တနင်္သာရီ ကမ်းရိုးတန်း ကျွန်းတစ်ကျွန်းပေါ်က စေတီ
တချို့ ကွဲအက်ပျက်ဆီးမှုတွေ ရှိခဲ့ဖူးပါတယ်။




လွန်ခဲ့တဲ့ ရက်ပိုင်းက ဂျပန်နိုင်ငံမြေငလျင် ဖြစ်ပွားပြီး နှစ်ရက်လောက်
မှာ မြန်မာပြည်တွင်းရှိ အသိမိတ်ဆွေတချို့ဆီက မြေငလျင်သတင်း
တချို့ သိရပါတယ်။ သို့ပေမယ့် သေချာမှု မရှိပဲ တစ်ခုခု ရေးလိုက်လို့
အားလုံး အထိတ်တလန့် ဖြစ်သွားမှာကို စိုးရိမ်းပြီး ရေးသင့် မရေးသင့်
စဉ်းစားနေခဲ့ပါတယ်။ ကြားရတဲ့ သတင်းက “စစ်ကိုင်း မြေငလျင်ကြော
လှုပ်ရှားနိုင်တယ်” ဆိုတဲ့ သတင်းပါ။ လွန်ခဲ့တဲ့ နှစ်လလောက်က
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း (စစ်ကိုင်း တိုင်းဒေသကြီး)၊ စစ်ကိုင်းမြို့မှာ
မြေငလျင်နဲ့ ပက်သက်ပြီး ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တယ်လို့
သိရပါတယ်။ ဒီဆွေးနွေးပွဲမှတ်တမ်းဟာ ဗွီဒီယို ရိုက်ကူးထားတယ်
လို့လည်း ဆိုကြပါတယ်။ အဲဒီ ဆွေးနွေးပွဲအတွင်း မြေငလျင်တိုင်းထွာ
ရေးသမားတွေနဲ့ ပညာရှင်အချို့တို့က ယခု ၂၀၁၁ နှစ်နဲ့ လာမယ့်
၂၀၁၂ ခုနှစ်အတွင်း စစ်ကိုင်း မြေငလျင်ကြော လှုပ်ရှားနိုင်ကြောင်း
ပြောဆို ဆွေးနွေးတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ချေအချို့ကို ထင်ချေ
ပေးရာမှာ စစ်ကိုင်းမြို့အနီးက “ရေခါးအင်း” ဒေသကို ဗဟိုပြုနိုင်ချေ
ရှိကြောင်းတွေပါ ကြားသိရပါတယ်။ (လုံးဝ မဖြစ်ပါစေနဲ့လို့လည်း
ကျနော်တော့ ဆုတောင်းပါတယ်။) တကယ်လို့ မပြောကောင်း မဆိုကောင်း
ဖြစ်လာရင် “ရေခါးအင်း” ဒေသကို ဗဟိုပြုပြီး မိုင်(၄၀) အထိ လှုပ်ရှား
နိုင်ဖွယ်ရှိကြောင်း ပြောဆိုကြတယ်လို့ သိရပါတယ်။ သူတို့ ပြောကြတဲ့
စစ်ကိုင်းမြို့အနီး “ရေခါးအင်း” ဆိုတဲ့ နေရာကနေ မိုင်(၄၀) ဆိုတဲ့
ဧရိယာဟာ စစ်ကိုင်းမြို့၊ မန္တလေးမြို့နဲ့ မုံရွာမြို့တောင် အဲဒီထဲ ပါနေ
ပါတယ်။ ဖြစ်နိုင်ချေ ရှိတဲ့ကာလတွေ မှန်းဆကြရာမှာ ယခု ၂၀၁၁ ရဲ့
ဧပြီလ အလယ်ကနေ မေလအကုန်အထိနဲ့ ၂၀၁၂ အတွင်းလို့ ပြော
ကြသလို၊ ပြီးခဲ့တဲ့ ဖေဖ်ါဝါရီလအတွင်း တရုတ်-မြန်မာနယ်စပ် ထိခိုက်
ပျက်ဆီးသွားတဲ့ မြေငလျင်ကြောင့် စစ်ကိုင်းမြေငလျင်ကြော လှုပ်ရှား
နိုင်ဖွယ် မရှိနိုင်တော့ဘူးလို့ မှန်းဆသူတွေလည်း ရှိပါတယ်။



၁၉၉၇- ၉၈ ခုနှစ်လောက်က ရန်ကုန် နည်းပညာ တက္ကသိုလ် (ယခင်
R.I.T နောက်တော့ Y.I.T၊ အဲဒီတုန်းက Y.T.U၊ အခုတော့ ဘာတွေ
ဘယ်လို အမည်ပြောင်းထားလဲ မသိတော့ပါ။) ရဲ့ ဆွေးနွေးပွဲတစ်ခု
မှာ Civil Engineering ဌာနမှူး ဆရာကြီး ဒေါက်တာထင်အောင်က
ပြောဖူးပါတယ်။ လူနေထူထပ်တဲ့ ရန်ကုန်တို့ မန္တလေးတို့လို မြို့တွေ
မှာ ကန်ထရိုက်တိုက်တွေ မဆောက်ခင်၊ အောက်ခြေ ဖောင်ဒေးရှင်း
မတူးဆွခင် မြေသားအပေါ်ကို လမ်းကြိတ်စက်နဲ့ အနည်းဆုံး သုံး
… လေးခေါက်လောက် ကြိတ်ဖို့ပါ။ အထူးသဖြင့် မန္တလေးမြို့လို
နေရာမျိုးမှာ အဆောက်အဦး မြင့်မြင့်မားမားတွေကို သတိထားပြီး
ဆောက်လုပ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။ ပြဿနာက
“Black Cotton Soil” လို့ ခေါ်တဲ့ မြေကျွံနိုင်တဲ့ မြေအမျိုးအစားဟာ
မန္တလေးမြို့ရဲ့ ဧရိယာ အတော်များများ ရှိနေပါတယ်။ မြေငလျင်လို
လှုပ်ရှားမှု မရှိပဲနဲ့တောင် အဲဒီ black cotton soil ဟာ စိုးရိမ်းစရာပါ။

နောက်တစ်ချက်ဟာ “ဆည်” ပြဿနာတွေပါ၊ ပြီးခဲ့တဲ့နှစ် မန္တလေးမြို့
မှာ မိုးရွာသွန်းမှု များတော့ “ဆည်တော်ကြီး”တို့ “ဆည်တော်လေး”
တို့ဆိုတဲ့ “ဆည်”တွေက ရေလျှံမှုတွေ ဖြစ်ပွားပြီး နေရာတချို့
ရေမြုပ်ပါတယ်။ စစ်အစိုးရလက်ထက် တည်ဆောက်ထားတဲ့
အဲဒီ “ဆည်”တွေဟာ မြေငလျင်ဆိုတဲ့ ရိုက်ခက်မှုကို ဘယ်လောက်
အထိ ကာကွယ်နိုင်စွမ်းတွေ ရှိပါသလဲ၊ လယ်ယာလုပ်ငန်းအတွက်
နှစ်သီးတို့ သုံးသီးတို့ စိုက်နိုင်ဖို့ ရေပေးနိုင်ရင် ပြီးရောဆိုတဲ့ သဘော
နဲ့ ဖြစ်သလို တည်ဆောက်ထားရင် အဲဒီဆည်တွေဟာ မြေငလျင်များ
လှုပ်ခဲ့ရင် “မြွှေပွေး” တွေ ဖြစ်လာနိုင်ပါတယ်။

သဘာဝ ဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြီး သောက်ရေသန့်တို့
အစားအစားတို့ ကြိုတင် သိုလှောင်တဲ့ စနစ်ရော မြန်မာပြည် ရှိပါ့
မလား၊ လုံးဝ မရှိပါဘူးလို့ ကျနော်တော့ ထင်ပါတယ်။ အခုတောင်
စစ်အစိုးရ အုပ်ချုပ်ရေး အရည်အချင်း ညံ့ဖျင်းလို့ မသေရုံတမယ်
စားနေရတဲ့ ပြည်သူတွေက အများစုပါ။ တိုးတက်တဲ့ နိုင်ငံတချို့မှာ
တော့ မြို့လယ်ခေါင် သွားရလာရ လွယ်ကူတဲ့ နေရာတွေမှာ ဘိုးဘွား
ရိပ်သာတို့ နေ့ကလေးထိန်းကျောင်းတို့ ထားရှိလေ့ ရှိပါတယ်။
“စစ်” သို့မဟုတ် ဘေးအန္တရာယ် တစ်ခုခုများ ကြရောက်လာမယ်
ဆိုရင် “မခုခံနိုင်တဲ့” သို့မဟုတ် ခုခံနိုင်စွမ်း မရှိတဲ့ သက်ကြီးရွယ်အို
တွေ၊ ကလေးငယ်တွေကို ဒေသအတွင်းကနေ အခြားတစ်နေရာကို
လျင်မြန်စွာ ကယ်ထုတ်နိုင်ဖို့ပါ။ မြန်မာပြည်မှာတော့ အဲလို စနစ်တွေ
မရှိပါဘူး။ ဒါဆိုရင် …. အင်း ……

ဘာမှ မဖြစ်ရင်တော့ အကောင်းဆုံးပါ၊ မဖြစ်သေးတာကို ကြိုတွေးပြီး
ပူနေဖို့ ကျနော် ဆိုလိုချင်တာ မဟုတ်ပါဘူး၊ တစ်ခုခု ဖြစ်လာတော့မှ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေမှာတဲ့စာရင် ကြိုတင်ပြင်ဆင်
ထားခြင်းဟာ အကောင်းဆုံး ဖြစ်လိမ့်လို့ ကျနော်တော့ ထင်ပါတယ်။

အကိုကြီး ကိုကြီးကျောက် (ရွှေရတု မှတ်တမ်း)၊ အမ မိုးချိုသင်း၊
ကိုအောင်သာငယ်၊ မကေတို့နှင့် ကိုလူသစ်တို့ကို မေးချင်ပါတယ်။
နာမည် ထည့်မရေးထားတဲ့ တခြားဘလော့ဂါ ညီအကို မောင်နှမတွေ
ကိုလည်း မေးချင်ပါတယ်။ အချိန်အားရင် အဆင်ပြေမယ်ဆိုရင် ပြောကြ
ရေးကြပါအုံးဗျာ …..

-စစ်ငြိမ်းဒီရေ
(ဓါတ်ပုံက ဒီဘလော့က ကူးယူထားတာပါ။)

14 comments:

ပန်ဒိုရာ said...

ကိုအောင်ရေ လောလောဆယ်တော့ တွေ့တာလေး လက်ဆင့်ကမ်းလိုက်ပါတယ်

http://atkbooks.wordpress.com/2011/03/25/1705/

Anonymous said...

ဟုတ်တယ် အကိုရေ..
အပေါ်က link မှာ တွေ့မိတယ်...
လူတွေ အေးချမ်းကြပါစေဗျာ..

An Asian Tour Operator said...

ကိုအောင်ရေ.. ကျနော်လဲ မတ်လ ၁၅ ရက်နေ့ကတည်းက "ငလျင် အန္တရာယ် ဒ်ီလို ပြင်ဆင် ကာကွယ်မယ်" ဆိုပြီး Federal Emergency Management Agency (FEMA) မှ ထုတ်ပြန်သည့် What can I do to prepare for an earthquake? (Created by Bill Haneberg) ကိုဘာသာပြန် ပြီး ကျနော့်ဘလောက် မှာ တင်ထားခဲ့ပါတယ်။

လိုအပ်ရင် လွတ်လပ်စွာယူသုံး နိုင်ပါတယ်။
ခင်မင်စွာဖြင့်

AATO
http://anasiantouroperator.blogspot.com/

အမည်မသိ said...

ကိုပျူနှယ် မေးထားတဲ့အကြောင်းအရာကလဲ ကြီးမားလိုက်တာ။ ကလူသစ်လဲ သူများတွေ သိသလို သာမာန်ပဲသိတာပေါ့။ မြန်မာပြည်က အဆောက်အဦးတွေနဲ့ကတော့ ဘုရားတနေဖို့ပဲရှိတာပဲ။ ဂျပန်နည်းပညာနဲ့ ဆောက်ဖို့ကလဲ ဖြစ်မှမဖြစ်နိုင်တာ။ လုပ်ပေးနိုင်တာတော့ ငလျင်ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အကြောင်းအရာတွေ တတ်နိုင်သလောက် ဖြန့်ပေးဖို့ပဲရှိတာပဲ။ စလုံးအိမ်တွေကလဲ precast တွေနဲ့ဆိုတော့ ဖြစ်လာရင် အချပ်လိုက် လဲကျလာမဲ့သဘောရှိတယ်။ ကိုယ်တိုင်လဲ ဘုရားတနေရတာပါပဲဗျာ။

Anonymous said...

ဒီတိုင်းတောင် ဆည်တွေ ကျိုးကျိုးကျလို့  လူမသိသူမသိ ရွာတွေ ပျောက်ပျောက်သွားသေးတာ.. ငလျင်သာလှုပ်လို့ ကတော့ ဂိ ပဲ။

ဘာတွေ ကြိုတင်လုပ်သင့်လဲဆိုတာတော့ ဘယ်သူမဆို စဉ်းစားပေးသင့်တယ်.... ဘလော့ဂါတွေမှာ အနည်းနဲ့  အများ တာဝန်ရှိတယ်လို့  ထင်ပါတယ်... ပြင်ဆင်သင့်တာလေးတွေ စာဖတ်အားကောင်းတဲ့ လေ့လာအားကောင်းတဲ့သူတွေ က တင်ပေးနိုင်ရင် အတိုင်းထက် အလွန်ပဲ ကိုအောင်ရေ....

...အလင်းစက်များ

မယ်ကိုး said...

ရှေ့က ကွန်မန့်ပေးသွားတဲ့ အမည်မသိကိုလူသစ်ရှင် ...
စလုံးက ငလျှင်မလှုပ်နိုင်ပါဘူးရှင်။ ဘာဖြစ်လို့လဲဆိုတော့ ငလျှင်ကြောမှာ မရှိလို့ပါ။
ကျွန်မတို့ မြန်မာပြည်မှာ စာသင်ရတုန်းကလည်း ငလျှင်ကြောတွေအကြောင်းနဲ့ ဘယ်လိုဆောက်သင့်တယ်ဆိုတာ လေ့လာဖူးပါတယ်။
ဒါပေမယ့် ဘယ်သူမှလည်း အရေးမယူတော့ ဆောက်ချင်သလို ဆောက်နေကြတာ ဝမ်းနည်းစရာပါ။

အောင်သာငယ် said...

အကို လေ့လာ မှတ်သားဖူးသလောက်ကတော့ ဗမာပြည်မှာ ငလျင်ဖြစ်စေတဲ့ အဓိက ပြတ်ရွေ့ ကတော့ စစ်ကိုင်းပြတ်ရွေ့ပဲ...

အကို သိသလောက် လင့် တချို့ကို ထည့်ပေးလိုက်ပါတယ်...
ကိုကြီးကျောက်က ပိုသိမှာပါ...

http://www.bssaonline.org/cgi/content/abstract/99/4/2155

http://neic.usgs.gov/neis/eq_depot/2003/eq_030921/

http://www.geologie.ens.fr/~vigny/giac-f.html

http://www.citeulike.org/group/102/article/760358ဝ

http://www.agu.org/pubs/crossref/2011/2010GL046099.shtml

http://www.mmtimes.com/2010/news/504/50406.html

http://adsabs.harvard.edu/abs/2003EAEJA.....7292S

http://tintlwinswe.blogspot.com/2010/09/earthquake-prediction-for-myanmar-where.html

အားလုံးက ဘိုလိုဖြစ်နေတာတော့ ခွင့်လွှတ်ပါ...

ကိုအောင်(ပျူနိုင်ငံ) said...

ပန်ဒိုရာ၊ အလင်းရောင်၊ ကိုAATO၊ ကိုလူသစ်၊
အလင်းစက်များ၊ မယ်ကိုးနဲ့ အကိုကြီး ကိုအောင်သာငယ်တို့ကို ကျေးဇူးအများကြီး
တင်ပါတယ်။

PhyoPhyo said...

ကိုအောင်ရေ fb ကနေတွေ့လို့ ပြန် share လိုက်ပါတယ်၊
http://jo-inspirations.blogspot.com/2011/03/earthquake-triangle-of-life.html

http://myitkyinaonline.com/index.php?option=com_content&view=article&id=194%3A2011-03-24-22-29-30&catid=73%3A2011-01-10-06-17-23&Itemid=170

ပျော်ရွှင်ချမ်းမြေ့ပါစေ
(ဘေးကင်းရန်ကင်း)

Power Justice said...

မယ်ကိုးရေ၊
စလုံးမှာ ငလျင်မလှုပ်နိုင်ဘူးဆိုတာတော့ ငြင်းရပါမယ်။ ပြီးခဲ့တဲ့ ကျွန်တော့် Site မှာတုန်းက ငလျင်လှုပ်သွားလို့ အက်ကြောင်းတွေပေါ်၊ မှန်တွေ ကွဲကျဘူးပါတယ်။ Sembawang Site မှာပါ။

မယ်ကိုး said...

Power Justice က ကျွန်မရဲ့ လိုအပ်ချက်ကို ထောက်ပြပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
ငလျှင်ကြောမရှိပေမယ့် တခြား ဖြစ်နိုင်ခြေကို ရှင်းထားတာ အခုမှပဲ ရှာဖတ်မိပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်
http://jjhums.blogspot.com/2007/05/earthquake-in-singapore.html

အမည်မသိ said...

စလုံးမှာ ငလျင်မလှုပ်ဘူးလို့ အာမခံသွားတဲ့ မယ်ကိုးကို ကျေးဇူး ကျေးဇူး အရမ်းတင်ပါတယ် ခင်ဗျား။ ကလူသစ်။

Myanmar Good Knowledg Co., Ltd said...

ကိုအောင်ရေ
ဒီလိုရေးပေးတာ အဘိုးတန်တယ်။

ကိုအောင်(ပျူနိုင်ငံ) said...

မဖြိုးဖြိုးလှိုင်၊ Power Justice၊ မယ်ကိုး၊ ကိုလူသစ်နဲ့ မကောင်းမွန်ဝင်းတို့ ဖတ်ရှုအား
ပေးတာ ကျေးဇူးဗျာ။