Thursday, 24 March 2011

ထိုင်း-မြန်မာနယ်စပ်မှ မြေငလျင် ရန်ကုန်နှင့် မန္တလေးမြို့များသို့ ရိုက်ခတ်မှု လုံးဝမရှိ

(တာလေမြို့ငလျင်သတင်း ဤနေရာတွင် ကြည့်ရှုပါ ...)

(မြန်မာစံတော်ချိန် (၂၄.၃.၂၀၁၁) ညဖက် ၁၁ နာရီ၊ တာချီလိတ်
မြို့တွင် မြေငလျင်ကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် လူနှစ်ဦး
သေဆုံး။)

ယနေ့(၂၄.၀၃.၂၀၁၁)နေ့ ညဖက် မြန်မာနိုင်ငံ စံတော်ချိန်
၈ နာရီ ၃၀ မိနစ်ခန့်က ထိုင်း-မြန်မာ နယ်စပ်အနီး ဗဟိုပြု
၍ မြေငလျင် လှုပ်ခတ်သွားကြောင်း သတင်းနဲ့ မီဒီယာများတွင်
ဆက်တိုက်ဆိုသလို သတင်း အချက်အလက်များ တွေ့နေရပါတယ်။

ယခုချက်ချင်း ဆိုသလို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်
နေထိုင်သော အသိမိတ်ဆွေများထံ ဖုန်းဆက်ပြီး မေးမြန်းကြည့်
ပါတယ်။ ကျနော် ဖုန်းခေါ်လိုက်တဲ့ အချိန်မှာ မြန်မာစံတော်ချိန်
ယခုညဖက် ၁၀ နာရီ ၃၀ မိနစ် ခန့်ဖြစ်ပါတယ်။ ရန်ကုန်မြို့နှင့်
မန္တလေးမြို့တို့တွင် သိသိသာသာ လှုပ်ခတ်သွားခြင်း လုံးဝ
မရှိကြောင်း သိရပါတယ်။ သတင်းများအရ ရှမ်းပြည်နယ်
ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့တွင် ထိခိုက်မှုများ ရှိနေကြောင်း
သိရပါတယ်။ အပျက်အစီးစာရင်းများ အတည်ပြုလို့ မရသေးပါ။

(589 km (365 miles) NE of Rangoon, Myanmar)

6 comments:

PhyoPhyo said...

ဟုတ်တယ် မိုင်းဖြတ်ဘက်မှာ ဆိုးမယ်ဆိုလား
:(

Mon Petit Avatar said...

We felt that in BKK too.

Mon Petit Avatar said...

In BKK, we also felt our building sway, felt dizzy and rushed to the street.

sosegado said...

ဒီသတင်းလိုက်ဖတ်နေတာ ကျေးဇူးပါပဲ

နှင်းဟေမာ said...

အခုတစ်လော အဲဒီအသံကြားရင်ကို လန့်နေပြီ ကိုအောင်ရေ ....
ခုလို သတင်းတင်ပေးတာ ကျေးဇူးတင်ပါတယ်

ချမ်းလင်းနေ said...

ငလျှင်သတင်း မနေ့ညကတည်းက ဘီဘီစီမှာ တွေ့လိုက်ကတည်းက စိုးရိမ်းနေတာဗျာ။ အဆိုးအရွားကြီး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်။