Monday, 21 March 2011

ကျေးဇူးများစွာ တင်ရှိပါကြောင်း

လွန်ခဲ့သော လအနည်းငယ်က အင်တာနက်ပေါ်မှတဆင့်
မှာယူခဲ့သော “ဆရာ ခိုင်မျိုးစောင့်” ရေးသားသည့်
“ပါလီမန်ဒီမိုကရေစီခေတ် ရခိုင်ပြည်နိုင်ငံရေး နှင့်
မျက်မှောက်ခေတ် ဘူးသီးတောင်၊ မောင်တော အခြေအနေ”
စာအုပ်အား ယနေ့တွင် စာတိုက်မှတဆင့် လက်ခံရရှိပါတယ်။




ဤစာအုပ်အား ပုံနှိပ်ထုတ်ဝေ၍ အခမဲ့ ဖြန့်ချီ၊ စာပို့ခပါ အခမဲ့
ဝန်ဆောင်မှုပေးသော ဂျပန်နိုင်ငံ၊ ARAKAWAKU, TOKYO
အခြေစိုက် ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakhitta Group) အား
ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ပါတယ် ခင်ဗျာ …။




ကျနော် ၁၉၉၉ ခုနှစ် မြန်မာပြည်မှ စတင်ထွက်လာချိန်မှစ၍
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းထံမှ မေတ္တာလက်ဆောင်
အဖြစ် နိုင်ငံရေး စာအုပ်များ၊ ဗဟုသုတ စာအုပ်များ လက်ခံရရှိပါတယ်။
စာအုပ်ဖိုး အခမဲ့၊ ၀န်ဆောင်မှု အခမဲ့ ရရှိဖူးသော အကြိမ်အရေအတွက်
မှာ ယခု တတိယကြိမ်မြောက် ဖြစ်ပါတယ်။ ယခင်က ဂျပန်နိုင်ငံ အခြေစိုက်
VOB စာစောင်ဖြန့်ချီမှုတွင် ဦးဆောင်သော ကို(ဦး)ကျော်ကျော်စိုး၊
အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသော မာယာမဂ္ဂဇင်းမှာ
အကိုကြီး ကို(ဦး)အေးဝင်းနှင့် ယခု ဂျပန်နိုင်ငံအခြေစိုက် ရခိုင်မျိုးစောင့်
အုပ်စုတို့ ဖြစ်ကြောင်းပါ ….။

ကျေးဇူးတင်စွာဖြင့် …..

-စစ်ငြိမ်းဒီရေ

3 comments:

thuyein said...

အဲဒီ စာအုပ်ဖတ်ချင်ပါတယ်။ အီးမေးလ် လှမ်းပို့  ထားတာလဲ အကြောင်းပြန်တာ မရသေးဘူး။ ပီဒီအက်ဖ နဲ့ တင်ပေးလို့ ရမလား။

phoo kyaw lynn said...

ကိုသူရိန်.... ပီဒီအက်ဖ် နဲ့လည်းတင်ပေးထားပြီးပါပြီ။
http://www.scribd.com/doc/39903900/Modern-Political-History-of-Arakan
အဲဒီ link မှာဖွင့်ကြည့်ပါ... ကိုယ်ပိုင် website မှာလည်း တင်နိုင်အောင် ကြိုးစားနေပါတယ်... တင်ပြီးသွားရင် အကြောင်းကြားပေးပါမယ်..
ရခိုင်မျိုးစောင့်အုပ်စု(ဂျပန်)

Anonymous said...

ကိုသူရိန် ပီဒီအက်ဖ် နဲ့ ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်...
ရခိုင်မျိုးစောင့်အုပ်စု
http://www.scribd.com/doc/39903900/Modern-Political-History-of-Arakan