တချို့က ကျောပေါ်မှာ ခြေရာတွေရှိပြီး
အချို့က နှလုံးသားထဲမှာ ဒဏ်ရာတွေရှိသတဲ့
ဘာတွေ ဘယ်လိုပဲရှိရှိ
ထုတ်မရတဲ့ ဗျည်းနွဲ့ဓါးထက်တော့
ကဗျာတွေက အများကြီးထက်ပါသေးတယ် …..
ယမနေသားနဲ့ ထုဆစ်ထားတဲ့
အဆောင်ရ နန်းရတွေအတွက်
ရှင်သန်ခွင့်မရရင်လည်း နေပါစေတော့
ဦးပုည ရေ
တောင်စွယ်မှာ နေမကွယ်ခင်
အနန္တသူရိယနောက် အမှီလိုက်ကြတာပေါ့ …..
အို မှိုင်းသခင်
ဥုံအရဟံ သစ္စာကတိတွေကြား
ဂဠုန်သရဏံမှာ
ဂစ္ဆာ မိနေကြဆဲပါ ….
ဟာနုမာန်ရေ
ခင်ဗျားအဖေက ၀ါယုလေနတ်သားဆိုတော့
ကဗျာဆရာများလား
ဒါဝင်နဲ့ လမ်းမှာတွေ့ရင်
လူမဖြစ်ချင်ဘူးလို့ မှာထားအုံးနော်
တော်ကြာနေ လူလာဖြစ်လို့
ကဗျာတွေကို ရွတ်နေရမယ် ….. ။ ။
-စစ်ငြိမ်းဒီရေ
7 comments:
ဒါကြောင့် မင်းသမီးနဲ့ညား ဆရာဝန်မနဲ့ ခွာပြဲခဲ့တဲ့ ရက်ပါ ပိုင်အိုးနီးယားကြီးက "လူဖြစ်ရတဲ့ ဒုက္ခ" လို့ စပ်ဆိုခဲ့တယ် ထင်ပါရဲ့ ... ကိုအောင် !
{ ဒူကဘာ }
ဒဏ်ရာတွေရဲ့ခြေရာထဲမှာ ရှိတဲ့ ကဗျာတွေကို လာဖမ်းသွားပါတယ်။
ကဗျာကြီးငြိမ်းချမ်းပါစေ။း)
ဘာတွေ ဘယ်လိုပဲရှိရှိ
ထုတ်မရတဲ့ ဗျည်းနွဲ့ဓါးထက်တော့
ကဗျာတွေက အများကြီးထက်ပါသေးတယ်..
အဲဒါလေး ထိတယ်
ဆက်လက်မျှဝေနိုင်ပါစေဗျာ
ဟုတ်ပ..
အခုတောင် လူဖြစ်နေလို့ ကဗျာတွေ မလွတ်တမ်း ဖတ်နေရပါရောလား..
း(
ကောင်းတယ်ဗျာ။ အားပေးသွားပါတယ်
ကိုအောင် ကိုအောင်
ဒါနဲ့ ပဲ သရဲ ဇာတ်လမ်းလေးလဲ ဟိုရွေ့  ဒီရွေ့ နဲ့ မသိတာကြနေတာပဲ။
ကြိုက်လွန်းလို့ facebookမှာ quote လုပ်ထားတယ်
Post a Comment