Saturday, 12 March 2011

ဂျပန်မြေငလျင် နောက်ဆက်တွဲများ

ယခုလက်ရှိ လှုပ်ခတ်သွားတဲ့ ဂျပန် မြေငလျင်နဲ့ ဆူနာမီ
ရေဘေးအတွင်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူများ
စာရင်းထဲမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ မပါရှိ
သေးဘူးလို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့
မြန်မာအသိုင်းအ၀ိုင်းဆီက သိရပါတယ်။ ဂျပန်နိုင်ငံမှာ ရှိတဲ့
အနောက်နိုင်ငံ သံရုံးတွေကတော့ ဂျပန်ရောက် သူတို့နိုင်ငံ
သားတွေကို သံရုံးနဲ့ အမြန်ဆုံး ဆက်သွယ်ဖို့၊ ထိခိုက်ဒဏ်ရာ
မှုတွေ အတွက် စိုးရိမ်းပူပန်နေချိန်မှာ ဂျပန်နိုင်ငံရှိ မြန်မာ
စစ်အစိုးရ သံရုံးကတော့ အပျက်အစီးပုံတွေအကြား ကောင်းနိုး
ရာရာကို လိုက်ကောက်နေလား မသိ ….



(BBC World News က အခု 15:35 နာရီသတင်းမှာ ကြေညာနေပါတယ်။
ပျောက်ဆုံးနေဆဲ လူအရေအတွက်က လူပေါင်း (၁)သောင်း 10,000 ...
အိုးအိမ်ပျက်ဆီး ပျောက်ဆုံးသွားတဲ့ အရေအတွက်က ...
နှစ်သိန်း၊ တစ်သောင်း ငါးထောင် (215,000) ...)

လက်ရှိဖြစ်ပွားနေတဲ့ ဂျပန် ဆူနာမီ သဘာဝ ဘေးအန္တရာယ် နောက်ပိုင်း
မြို့တော် တိုကျိုကနေ ကီလိုမီတာ ၃၀၀ အကွာမှာ ရှိတဲ့ “ဖူကူရှီးမား” ညူကလီယား
စက်ရုံ ပေါက်ကွဲသွားပါပြီ။ စက်ရုံကနေ ကီလိုမီတာ (၂၀) အတွင်း ဘေးအန္တ
ရာယ် ကျရောက်မှု ဖြစ်နိုင်ကြောင်း ကြေညာထားပါတယ်။





လက်ရှိ ဂျပန် ဆူနာမီ သဘာဝ ဘေးအန္တရာယ်အတွင်း သေဆုံးသူ
(၂၀၀၀) အထိ တိုးမြှင့် လာဖွယ်ရှိကြောင်း သတင်းဌာနတွေက ကြေညာ
နေပါတယ်။ လောလောဆယ်အထိ လူပေါင်း (၁၃၀၀) သေဆုံးစာရင်းကို
အတည်ပြု ထားပါတယ်။ ပျောက်ဆုံးနေသူလည်း ရာပေါင်းများစွာ ရှိနေ
သေးကြောင်း ကြေညာ နေပါတယ်။ ကမ်းခြေမြို့တစ်ခုရဲ့ နံဘေးမှာ
ဆူနာမီကြောင့် သေဆုံးသူ ၃၀၀ ကျော် ၄၀၀ နီးပါးရဲ့ အလောင်းများကို
တွေ့ရှိရကြောင်း ထပ်မံ့ ကြေငြာနေပါတယ်။ ကမ္ဘာ့ စက်မှုအင်အားကြီးနဲ့
နိုင်ငံတကာ ပြဿနာများအတွက် အဆင့်မြင့် အလှူရှင် နိုင်ငံတစ်ခုဖြစ်တဲ့
ဂျပန်နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်းမှု
ဟာ အမြင့်မာဆုံး ဖြစ်နေပါတယ်။

ကမ္ဘာ့အဆင့်မီ နည်းပညာများနဲ့ တည်ဆောက်ထားတဲ့ ဂျပန်နိုင်ငံ
တောင် သဘာဝ ဘေးအန္တရာယ်ရဲ့ တကယ်တမ်း ကြုံတွေ့လာရင်
ယခုလို ရင်ဆိုင်နေရတယ်ဆိုရင် တရုတ်နည်းပညာဖြင့် ဆည် အများ
အပြား တည်ဆောက်ထားသော စစ်အစိုးရ လက်အောက်က မြန်မာ
နိုင်ငံဆိုလျှင် တွေးဝံ့စရာ မရှိပါ။

-စစ်ငြိမ်းဒီရေ

18 comments:

ကလူသစ် said...

"No Chernobyl is possible at a light water reactor. Loss of coolant means a temperature rise, but it also will stop the reaction," "Even in the worst-case scenario, that would mean some radioactive leakage and equipment damage, but not an explosion. If venting is done carefully, there will be little leakage. Certainly not beyond the 3 kilometer radius."

နေ့လည်က သတင်းကြားတော့ နဲနဲရှာဖတ်ကြည့်တဲ့ထဲက ကူးပေးလိုက်တာပါ။ အခြေအနေက သိတ်အဆိုးကြီးတော့ မဖြစ်လောက်ဘူးလို့ မျှော်လင့်ရတာပါပဲ။ ပြိုကြတာက နံရံတချို့နဲ့ အမိုးလို့ပြောပါတယ်။ အရေးကြီးတဲ့အတွင်းပိုင်း အဆောက်အဦးထိ၊ မထိတော့ မသိသေးဘူးတဲ့။ သတင်းတွေက တမျိုးစီဆိုတော့ မှားချင်လဲ မှားနိုင်ပါတယ်။ သက်သက်သာသာ သတင်းလေးတွေပဲ ရှာဖတ်ပြီး စိတ်ဖြေနေရတာပေါ့။ :(

Anonymous said...

ကိုအောင်ရေ ဘာတစ်ခုမှ ဖတ်လို့မရပါလား လေးထောင့်တုံးတွေချည်းဘဲ မြင်နေရတယ် ဖေါင့်များပြောင်းထားလား ယူနီကုတ်ဖြစ်သွားလို့လား။စီဘောက်မှာပြောမလို့ရှာတာမတွေ့ဘူး။ ဘေးက recent comment တွေကိုဘဲဖတ်လို့ရတယ်။ ကျန်တာတွေအားလုံး လေးထောင့်ကွက်တုံးတွေချည့်ဘဲ ဘယ်လိုဖြစ်တာပါလိမ့်။ ဒီမှာ ကွန်မန့်တော့လာရေးလို့ ရသား။ တခြားဆိုက်တွေအားလုံးလဲ အခုဖတ်နေတာ အကုန်ဖတ်လို့ရနေတယ်။ ဒီဆိုက်ဝင်လိုက်မှ ဖတ်မရဖြစ် သွားတာ။ ကြည့်လုပ်ပါအုံး။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာဘဲဖြစ်ဖြစ် တကယ်ကိုစိတ်မကောင်းတာ အမှန်ပါဘဲ...
ငလျှင်ပြီးတော့ ဆူနာမီ.. ပြီးတော့ နျူကလီယာ..
ဆိုးလိုက်တဲ့ သတင်းတွေ..
တီဗီမှာကြည့်ပြီး သဘာဝဘေးဒဏ်ရဲ့ အဖျက်အားတွေကို ထိတ်လန့်တုန်လှုပ်မိတယ်..

သက်ဝေ said...

အပျက်အစီး အဆုံးအရှုံး အသေအပျောက် နည်းနိုင်သမျှ နည်းပါစေလို့ပဲ ဆုတောင်းနေမိတယ်...

Rose of sharon said...

သူတို့နိုင်ငံအစိုးရက ပြည်သူတွေကို အကောင်းဆုံး နှစ်သိမ့်ပေးပြီး ပြန်လည်ထူထောင်မှုတွေ လုပ်ပေးမှာပါ... မြန်မာနိုင်ငံမှာသာဆိုရင်တော့... တွေးတောင်မတွေးရဲဘူး....

YoungGun said...

နီးတော့ နီးလာပါပြီ .. အစ်ကိုရေ.. ကိုယ့်အလှည့် ဘယ်တော့လဲပေါ့

ကိုအောင်(ပျူနိုင်ငံ) said...

အနော်နီးမတ်စ် ရေ ...
လေးထောင့်ကွက်တွေ မြင်နေရတာ ခင်ဗျား ကွန်ပြူတာ
တစ်ခုခု ဖြစ်နေလို့ ဖြစ်ပါလိမ့်မယ်၊ ကျနော့်စာမျက်နှာ
ကို မြန်မာဖောင့် မရှိတဲ့ စက်ကပါ ဖတ်လို့ရအောင်
EOT ပါ လုပ်ထားပါတယ်၊ ဇော်ဂျီဖောင့်ပဲ အသုံးပြု
ထားဆဲပါ ခင်ဗျာ ...

An Asian Tour Operator said...

သိပ်မကြာတဲ့ အချိန်ကာလ တခုအတွင်း ကမ္ဘာနိုင်ငံတော်တော် များများမှာ သဘာဝဘေး အန္တရာယ် တွေကို အများကြီးခံလိုက်ရတယ်ဗျာ။ အင်ဒိုနီးရှား ပါပူးဝါးလဲ အခြေအနေ တော်တော်ဆိုးဆိုးရွားရွား ကြုံနေရတယ်။ ဒါပေမယ့် ဂျပန်က အပျက်အစီးကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် နြူကလီးယား ယိုစိမ့်မှူ့က ပိုစိုးရိမ်ရ လိမ့်မယ်လို့ ကျနော် ထင်တယ်။

sosegado said...

သတင်း ဗီဒီယိုတွေကြည့်ပြီး ရှပ်ရှင်တွေက ကြိုပြီး နိမိတ် ဖတ်ခဲ့လေသလား၊ အထူးသဖြင့် ပင်လယ်ထဲက လှိုင်းဖြူဖြူ အကြီးကြီး တက်လာတာ၊ ရေလှိုင်းတွေလာပါတယ် ဆိုပါမှာ အချို့ ကားသမားတွေ လာတဲ့ဘက်ကို မောင်းလို့ကောင်းတုန်း၊ သြော်ဂျပန်တွေ ဂျပန်တွေ၊….

Anonymous said...

ဟုတ်တယ်နော် ကမ္ဘာကြီးဟာစတင်လုပ်ရှားနေပါပြီဗျာ
ဘာတတ်နိုင်မလဲ နေထွက်ရာမှာအဦးဆုံးလို့ ပြောလို့ ရတဲ့နိုင်ငံကိုစတင်ရိုက်ခတ်နေတာဟာ ။ သတိပြုရန်အ
တွက်အကောင်းဆုံးအချိန်ခါပဲနော် ။ သဘာဝဘေးတွေ
ဟာနှစ်တိုင်းလိုဆက်ဖြစ်နေတာ.အခုနှစ်တွေဆို
တဖြည်းဖြည်းစိမ့်ပြီးဆက်တိုက်ဖြစ်လာသလိုဖြစ်နေပြီ။
နောက်ထပ်ဘယ်လိုအတိုင်းထိဆိုးဝါးလာနိုင်မလဲဆိုတာ
မှန်းဆလိုတောင်မရဖြစ်နေပြီဗျာ။ ဘုရားပဲများများရှိခိုး
တော့မယ် ။

ပန်ဒိုရာ said...

မယုံနိုင်စရာကောင်းလောက်အောင်ကို ပြင်းထန်တဲ့ သဘာဝဘေးတွေက စိပ်စိပ်လာတယ်။ ကြောက်စရာပါပဲ။ လတ်တလောတော့ အားလုံးဘေးကင်းဖို့ ဆုတောင်းရုံပဲ တတ်နိုင်တယ်။

Anonymous said...

sosegado ရေ..ရေလှိုင်းတွေလာတဲ့ ဘက်ကိုမောင်းတာကလဲ.. နောက်ကလဲရေလှိုင်းတွေပါလာလို့ ပါ...

Anonymous said...

sosegado ရေ..ရေလှိုင်းတွေလာတဲ့ ဘက်ကိုမောင်းတာကလဲ.. နောက်ကလဲရေလှိုင်းတွေပါလာလို့ ပါ...

Anonymous said...

သေဆုံးသူ အခုလက်ရှိ ၁၄ ရက် ညနေ၂ နာရီ မှာ ၄၇၀၀ ကျော်ပါပီ.. ပျောက်ဆုံးသူတွေကျန်ရှိနေဆဲပါ
း((


မြတ်နိုး

moekhar said...

မြန်မာအစိုးရက တွေးပူနေမယ်မထင်ပါဘူး အကိုရာ .. သူတို့လွတ်ရင် ပြီးတာပဲဆိုတော့ ..

မြင်ရ ကြားရတဲ့ သတင်းတွေ စိတ်ထဲမကောင်းဘူး .. ဂျပန်မှာဖြစ်လို့ပေါ့ လူထောင်ဂဏန်းပဲ အသေအပျောက်ရှိတာ .. ဟူး .. စိတ်ကုန်ပါတယ် ..

ကမ္ဘာအရပ်ရပ်မှာရှိတဲ့ သက်ရှိသတ္တ၀ါတွေ အကုန် ဘေးအန္တာရယ် ကင်းရှင်းကြပါစေ ..

နှင်းဟေမာန် said...

ကိုအောင်ရေ
ဂျပန်ရောက် မြန်မာသံရုံးက ၀န်ထမ်းတွေက ရေထဲမျောလာတဲ့ လေယဉ်ပျံနဲ့ ကားတွေ လိုက်ဆယ်နေတယ်လို့ စစ်တမ်းမကောက်အားသေးဘူးလို့ပြောတယ်းD

စော(အဝါရောင်မြေ) said...

လူတွေ သီလလုံခြုံမူ တွေ နည်းလာရင်၊ ၁။လက်နက် အသစ်အဆန်တွေနှင့် တိုက်လို သေမယ့်ကပ်၊
၂။ရေ၊ လေ၊ မြေ လို့ ခေါ်တဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်တဲ့ကပ်၊
၃။ အစားရေစာ တွေ ပျက်လက်လို့  စားစရာရှားပြီး သေတဲ့ ကပ်
ဆိုပြီး ၃ မျိုး တစ်ခုပြီး၊ တစ်ခုဖြစ်မယ်။ လူတွေ လျှော့မယ်။ ဒီလူတွေကလဲ အဲလိုဖြစ်ဖို့  ကံ အကျိုးဆက်တွေပါမယ် ဆိုရင် ကမ္ဘာပေါ်ကလူတွေ သေကြေပျက်စီးရဦးမှာပဲတဲ့။
သူတို့ ကိုလည်း သနားပါတယ်။ ဒါကြောင့် ကိုယ့် သီလကို လုံခြုံအောင် ပိုကြိုးစားဖို့  ကောင်းပါတယ်။

အလင်းရောင် said...

သတင်းတွေ လာဖတ်ရင်း link ပါယူသွားပါတယ်ခင်ဗျား
ဆက်လက်မျှဝေနိုင်ပါစေ