ကမ္ဘာမြေ ခင်ဗျာ ….
ဖာရောဘုရင်ရဲ့ စစ်မောင်းသံတွေအကြား
မောရှေ*ရဲ့ မေတ္တာအစွမ်းကြောင့်
ပင်လယ်နီတောင် ကွဲပေးရသတဲ့ ….
မိုဟာမက်ဘူဇာဇီ* ရေ
ဈေးလှည်းလေး ထားရစ်ခဲ့အုံးနော်
သူတို့တော့
ဟားဖစ်ဇ် ဂိုဂါ*အတွက်
ဆုတွေတောင်းနေတုန်း … ဆုတွေတောင်းနေတုန်း ….
နောဧ* လွှတ်လိုက် လို့
ပြန်မလာတော့တဲ့ ချိုးဖြူလေး လား ….
လောကဗျူဟာနတ်သား အလာကို
စောင့်နေတဲ့ ဒို့ဆီမှာ
…… သူတို့ဆီမှာ
…… မှာ
ဘာဘီကျူထဲ ရောက်နေပြီဟေ့ ….။ ။
-စစ်ငြိမ်းဒီရေ
မှတ်ချက်။ ။
မောရှေ*= Moses
မိုဟာမက်ဘူဇာဇီ*= mohamed bouazizi
ဟားဖစ်ဇ် ဂိုဂါ*= Hafiz Ghoga
နောဧ*= Noah
ကော်မန့်ကတဆင့် သိချင်သူများအတွက် …
ဖာရောဘုရင်= ခရစ်ယာန် သမ္မာကျမ်းစာပါ အီဂျစ်နိုင်ငံ၏ ဘုရင်။
မောရှေ= ခရစ်ယာန် သမ္မာကျမ်းစာပါ ဖာရောဘုရင်လက်ထက်
အီဂျစ်နိုင်ငံတွင် ကျေးကျွန်အဖြစ် အသုံးချ ခံနေရသော ဣသရေလ
ခေါ် ဂျူးလူမျိုးတို့၏ လွတ်မြောက်မှုအတွက် ပင်လယ်နီအား
ဖြတ်သန်း ခေါ်ဆောင်ခဲ့သူ။
မိုဟာမက်ဘူဇာဇီ= ၂၀၁၁ ခုနှစ် တူနီရှားနိုင်ငံရေး လှုပ်ရှားမှုကို
စတင် ဖြစ်ပေါ်စေခဲ့သော မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ။
ဟားဖစ်ဇ် ဂိုဂါ= လက်ရှိ အတိုက်အခံ လစ်ဗျား အမျိုးသားကောင်စီ
ခေါင်းဆောင်။
နောဧ= ခရစ်ယာန် သမ္မာကျမ်းစာပါ ကမ္ဘာမြေ ရေလွှမ်းမှုအား
ကြိုတင်သိခွင့်ရပြီး လွတ်မြောက်ခဲ့သူ (BC 2370- 2369)။
လောကဗျူဟာနတ်သား= ဗုဒ္ဓ၀င် ကျမ်းဂန်းအလာ သံဝဋဋ္ဌာယီကပ်
ခေါ် လောကတစ်ခုလုံး ပျက်စီးမည့်အရေး ကြိုတင်သိမြင်၍ သီတင်း
သီလ ဆောက်တည်ရန် အနှစ်တစ်သိန်း ကြိုတင်ပြီး အသိပေးသော
ကာမာဝစာရဘုံမှ နတ်သား။
10 comments:
ဟင်းးး ခက်ဆစ်ရေးထားတာတောင် နားမလည်ဘူး။
ပိန်းပါတယ် ဆိုမှ ...
ပျိုလေးတို့ ကောက်စိုက်ရာ လိုက်လာနှင့်လေး ဆိုတဲ့ ကဗျာလောက်ပဲ နားလည်တာ ...
ကိုအောင့် ကဗျာဖတ်ပြီး အားငယ်သွားပြီ။
ပုံ -
မေဓာပိန်း
ကဗျာလေးအားပေးသွားလျှက်...
ကျနော်လည်း အဲ့ထဲက နာမည်တွေနားမလည်ဘူးး)
ဘာဘီကျူထဲမှာ ဇတ်မပေါင်းသေးတာပဲသိတယ် ။
အဲဒီ ဘာဘီကျုးလုပ်ပစ်တဲ့သူတွေဟာ ဟိုလူတွေ မဟုတ်လား ချိုးဖြူလေး ပြန်မလာတာလည်း သူတို့ကြောင့်ပဲ လို့ ပြောကြတယ်
ကျေးဇူးပဲ ကိုအောင်
ဒီလိုထပ်ဆင့် ရှင်းပြတော့လဲ ခပ်ရေးရေး သဘောပေါက်သား ... :)
ကဗျာဆရာ ငိုချင်အောင် ကွန်မန့်ပေးမိပြီလားမသိ။ လစ်မှ ...
ပုံကတော့ ပြင်သစ်တော်လှန်ရေးမှာ ဗာစတီးထောင်ကို မီးရှို့နေတဲ့ပုံပဲ...
ဧကန်တ အကျဉ်းသားတွေ ဗာဗီကျူ့ ဆိုပြီး သီချင်းဆိုပြီး ကပြနေရပြီထင်တယ်...
ခက်ဆစ်။ ။
ဗာဗီကျူ့.....နာမည်ကျော် အဆိုတော် အကတော် ဗာဗီဟိန်း ကို အားကျနေသူ
လက်ရှိအခြေအနေ ကိုထင်ဟပ် ပါပေတယ်။ အားပေးလျက်ပါ။
အင်းဖတ်သာဖတ်ရ မမေအတိုင်းပါလား
ပုံ
ရွှေစင်ပိန်း
ခက်ဆစ်တာမပါရင် ရွာလည်သွားမှာပဲ၊ ရေနံတွေကုန်လာရင် ပွဲကြီးပွဲကောင်းတွေလာလိမ့်မယ်၊ ဂျိုးဖြူဟာ အိမ်မက်ဖြစ်သွားလိမ့်မယ်၊
ကမ္ဘာက ပျက်သေးဘူး
နောက်ဘုရားတဆူ ပွင့် ဦးမှာ .. ..
ကဗျာဖတ်ရတာ ဘာသာပေါင်းစုံက
ဘုန်ကြီးလို လူမျိုးတွေနဲ့ တွေ့ ရသလိုပဲ
(ကမ္ဘာပေါ်က လူအားလုံးကို ကိုယ်စားပြုတာ)
ငှက်ငယ်က ငြိမ်းချမ်းရေ လိုဂိုပါ
ဘာပီကျုးကတော့ စားစရာ ဖြစ်သွားတယ်လို့  ဆိုချင်တာ မလား? ဟီးဟီး
(ကဗျာကို စကားပြေလုတ်ကြည့်လိုက်တာ
ကမ္ဘာ အနှံမှာ အာဏာရှင်တွေ အုပ်ချုတ်ပြီး စားနေလိုက်တာ ခုတော့ ထကြွ ဆူပူမူတွေ ဖြစ်တယ်။ ငြိမ်းချမ်းရေး ဂျိုဖြူငှက်လေးကတော့ ပေါ်မလာသေးပါ။ နိုင်ငံကတော့ ဘာဘီကျုလို့  စားမဲ့သူတွေ ဝဲနေပါ၏။)
Post a Comment