Saturday, 5 March 2011

ဘယ်လိုဝေဖန်ရမလဲ

Youtube က ဒီနေရာ မှာ သီချင်းတစ်ပုဒ် တင်ထားပါတယ်။
မြန်မာပြည်ထဲက အဆိုတော် တစ်ဦးဖြစ်တဲ့ ဗီဗာဟိန်း
ရဲ့ သီချင်းပါ၊ စီစဉ်သူက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးပါ။
ဘွဲ့အမည်က အရှင် တေဇီန္ဒ၊ ကမ်းပျိုရွာ၊ ပေါက်မြို့နယ်၊ မကွေးတိုင်း။




ဘုန်းတော်ကြီး ကျောင်းဝန်းထဲမှာ သီချင်းဆိုပြီး ဒီလို က’ခုန် ပါတယ်။



ရိုက်ကူးနေသူကိုလည်း ကြည့်ကြပါအုံး …



-စစ်ငြိမ်းဒီရေ

16 comments:

မေဓာဝီ said...

တလောက မချစ်ကြည်အေး ရေးထားတာ ဖတ်လိုက်ရတယ် ကိုအောင်ရေ ... ။
ကျမတော့ ဗီဗာဟိန်းဆိုတာ တခါမှ မကြည့်ဖူးဘူး။ အထီးလား အမလားတောင် မသိတာ။
ပေးထားတဲ့ ယူကျုလင့်ခ်လဲ ကြည့်ဖို့ရာ ခပ်ကြောက်ကြောက်ပဲ။ ကြည့်ပြီး အကုသိုလ်များနေမိမှာလဲ စိုးရသေး။
အင်း ... သံဃံသရဏံ ဂစ္ဆာမိ ဆိုတော့ကာ ... ဘယ်လိုဝေဖန်ရမလဲတောင် မပြောတတ်တော့ပါဘူး။

rose said...

အဲ့ဒီ ဗီဗာပိာန်း သီချင်းတွေကို စီစဉ်တဲ့ ဘုန်းကြီးက ဗီဗာပိာန်းနဲ့ အမျိုးတော်တဲ့ ဘကြီး ဆိုလား ရို့စ် ကြားတာတော့။ သူ့ အကြောင်းလည်း တော်တော် လူပြောများ နေတယ် အခု တလေား))
http://redroseofburma.blogspot.com/

ကျောက်ဗာဟိန်း said...

ဆရာတော်ဘုရားက စေတနာနဲ့ပါ..ဗီဗာဟိန်းက်ု ကြည့်ပြီး..သားစိတ်မယားစိတ်တွေကုန်ပြီး..တရားအားထုတ်စေချင်တဲ့သဘောပါ...သူ့video ကြည့်မိရင် သေ/ညှိုးတွေ ဖြစ်မှာကြောက်လို့ မကြည့်ဖြစ်ပါဘူး...

An Asian Tour Operator said...

ဘယ်လိုဝေဖန်ရမလဲ.. သာဓု၊ သာဓု။ ကောင်းလေစွ၊ ကောင်းလေစွ လို့ဝေဖန်ရမလား...။ :P

ကလူသစ် said...

ဒါကိုတွေ့ဖူးတာကြာပြီ။ ဘာမှကို မပြောနိုင်လောက်အောင် ဖြစ်ခဲ့တာပဲ။ စိတ်ညစ်တယ်။

Anonymous said...

ကိုအောင်ရေ အဲဒီဗီဗာဟိန်းဆိုတာ ဆိုင်းဆရာဗိုဟိန်း သမီးဆိုပဲဗျ။ ယူကျူတ့်မှာတော့ ပရိသတ်ကဆဲလိုက် သူကပြန်ဆဲလိုက်နဲ့ အကောင့်တစ်ခုတော့ ပိတ်ကျသွားသေးတယ်။

သက်ဝေ said...

အကုသိုလ်ဖြစ်မှာစိုးလို့ လုံးဝ မကြည့်ဘူး...
သူများတွေ ပြောတာ ကြားတာနဲ့တောင် တော်တော် စိတ်ညစ်စရာကောင်းလှဘီ...း((

...အလင်းစက်များ said...

စိတ်ပျက်လိုက်တာလွန်ရောကိုအောင်ရေ... ခွေးတစီစီနဲ့  နေမှာသေချာတယ်....

မေသိမ့်သိမ့်ကျော် said...

မမဝဝ ထထက အကပထမ .... အော် သူငယ်တန်းစာ ပြောပါတယ်။း)

naylinnhtun said...

စီစဉ်သူ အရှင် တေဇီန္ဒ ဆိုတာကိုက ဆန်းနေသလားပဲ အစ်ကိုအောင်ရေ
စဉ်းစားစရာတော့ ဖြစ်နေပြီ
ဘာဖြစ်လို့ လည်းဆိုတော့ ဘုန်းကြီးအနေနဲ့ ဒီအခွေကို သူစီစဉ်တယ်ဆိုရင်လည်း သူ့ အမည်မခံပဲ တစ်ခြား အမည်နဲ့ လုပ်လို့ ရပါတယ်
အခုဟာ ဘုန်းကြီးဘွဲ့ အမည်ကြီးနဲ့  ဒီလို ဒွန့် တဲ့ အခွေကို သူစီစဉ်ပါတယ်လို့  ပေါ်တင်ကြီးရေးပြလာတော့ စိတ်ထဲ သင်္ကာမကင်း ချင်ဘူး တစ်မျိုးပဲ အစ်ကိုအောင်ရေ . . . .
လှိုင်ဘွား(သီချင်းအိမ်)

nayminda said...

ဘုရားတရားသံဃာ ဘာမှမဝေဖန်ပါနဲ့ ဖြစ်ခြင်းတရားရှိလာရင် ပျက်ခြင်းသဘောရှိနေတယ် လို့ပဲသဘောထားပါ... ဒီအပေါ်မှာ သံဝေဂယူပီး တရားသဘောဆင်ခြင်နိုင်ရင် အကျိုးရှိပါတယ်

ahphyulay said...

အင်း...
ဆွမ်းဆန်ထဲက ကြွက်ချေးတွေပါ။
တစ်လှေလုံးပုတ်တော့ မယ်။
အာဏာပိုင်တွေကလည်း ဒါမျိုးကျ
အားတက်သရော ခွင့်ပြုတယ်ဗျာ..။

Anonymous said...

ကောင်မလေး က အိနိယက သင်္ချိုင်း စားသောက်ဆိုင်က စားပွဲထိုး ဖြစ်ရမယ်။ အိနိယမှာ သချိုင်းမြေပေါ်မှာ ကာဖီဆိုင် ဖွင့်ထားတာ အတော် နာမည်ကြီး ဆိုဘဲ။ စားတဲ့လူတွေ ကလည်း အုတ်ဂူဘေးက ကုလားထိုင်မှာ ထိုင် အုတ်ဂူကို စားပွဲလုပ် စားသောက် ကြတယ်။
ဒီကောင်မလေးက အဖြူရောင် ဟင်းချက်ကာအ၀တ်လေး apron လည်ပင်းစွပ်ပြီး ခါးမှာ ပတ်ဝတ်လို့ ။ နောက်ခံ ကလည်း ဆရာလေး လို့  ရေးထားတဲ့ အုတ်ဂူဆန်ဆန် နောက်ခံနဲ့  စားသောက်ဆိုင် အလုပ်သမား ပီပီ ဆံပင်တွေ မကျအောင် ဦးထုပ်လေး ဆောင်းလို့  လက်မပေအောင် လက်အိတ်စွပ်ထားတယ်။ လက်မြှောက်တာက လူတွေ မတိုက်အောင် ဗန်းမ တဲ့ ပုံစံပါ။ လူတွေ လာရင် နေရာ ပေးရအောင် လူလွတ်နေတဲ့ ဟိုအုတ်ဂူစားပွဲ ဒီအုတ်ဂူစားပွဲ ဆိုပြီး တင်နဲ့ ညွန်ပြတာ လက်မအားလို့ ပါ။
သြော်ဒါနဲ့  (နစ်စ ဂီတ ၀ိသုတ စာလုံးပေါင်း မှားရင် ခွင့်လွှတ်) သီလ ၈ပါးထဲက တပါး ဆိုတာ ဘုန်းကြီးတွေ မစောင့်မနေရပါ။
ဒါကို မသိတာက ဗုဒဘာသာ ဘုန်းကြီး မဟုတ်နိုင်ပါဘူး

ကိုအောင်(ပျူနိုင်ငံ) said...

အနော်နီးမတ်စ်ရေ ...
နောက်ဖက်က ဆရာတော်ဆိုတဲ့ အလှူကမ္ဗည်း
ပါဗျာ၊ အုတ်ဂူတွေ မဟုတ်ဘူး၊ ကျောင်းကို
ကာရံထားတဲ့ အုတ်နံရံတွေပါ ...

Anonymous said...

လွင်ပြင်ခေါ်သံအသစ်တက်လားဝင်ကြည့်ရင်းနဲ့ ဗီဗာဟိန်းကိုတန်းတိုးတော့တာပဲ :P
ဒီကောင်မလေးက နယ်ဘက်တွေနဲ့ ရန်ကုန်ဂွတ္တလစ်လိုနေရာကရပ်ကွက်တွေထိအောင်သူ့သီချင်းတွေပျံ့နှံ့တယ်လို့ကြားတယ်ဗျ.မြန်မာသံသီချင်းတွေကိုမြူးကြွအောင်လုပ်တာကိုဘာမှမဝေဖန်လိုပါဘူး သူ့အတွေးနဲ့သူပေါ့ဗျာ. ဒါပေမဲ့ခုလိုဘုန်းကြီးကျောင်းဝန်းထဲမှာမတော်တရော်အကတွေနဲ့ကနေတာ YouTube ကသူ့ Channel ထဲမှာ ကော်ပီလုံးဝမဆိုပါဆိုပြီးစကားကြီးစကားကျယ်တွေလျှောက်ပြောထားတာ.Tokyo Drift ဇာတ်ဝင်သီချင်းအတွက် ၂၀၀၀ ခုနှစ်ကဂီတအစည်းအရုံးရဲ့တရားဝင်ခွင့်ပြုချက်နဲ့ Tariyaki Boyz ဆိုတဲ့ဂျပန်အဖွဲ့ကို့ရောင်းလိုက်ပါတယ်ဆိုပြီးရုပ်တည်ကြီးတွေနဲ့ရေးထားတာ (သီချင်းနံမည်က ဗျို့ဟစ်သံ တဲ့ဗျ ရေးထားသေးတယ် ၁၉၅၀ ဝန်းကျင်က နန်းတွင်ဆရာဦးတလုဆိုတာက အဲ့ဒီသီချင်းကိုရေးထားတယ်ဆိုပဲဗျ ဂျပန်တွေဘယ်လိုရှာတွေ့သွားတယ်ဆိုတာခုထိစဉ်းစားမရဘူး နောက်ပြီး အဲ့ဒီ Tariyaki Boyz ဆိုတာကလဲ ၂၀၀၅ မှပေါ်တာပါ)အဆိုးဆုံးကသူ့ရဲ့ Rapper စူပါရှိုင်းလင်းဆိုတဲ့ပုဂ္ဂိုလ်က ထူးအိမ်သင်ရဲ့ပရိတ်သတ်တွေကိုနွားနဲ့နှိုင်းပြီး ထူးအိမ်သင်ကိုပါမလေးမစာဝေဖန်သွားတာတွေကြောင့်(http://www.youtube.com/watch?v=A46zrxHxjWE) အားလုံးရဲ့မေတ္တာတွေခံယူသွားတယ်ထင်ပါတယ်. ဒါတွေကအခုတော့သူတို့ရဲ့ YouTube Channel တွေကိုပါပိတ်ပြီးတောထွက်သွားပြီလားတော့မသိဘူးဗျ.ခုမှဝင်ရေးဖူးလို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပေးပါခင်ဗျာ.

Anonymous said...

သိပါတယ်ဗျ ကိုအောင်ရ
ရွှဲ့ ရေးထားတာဗျို့ 