ကင်းစင်သွားပြီဖြစ်ကြောင်း စာဖတ်သူ မိတ်ဆွေများနှင့်
မိတ်ဆွေ ဘလော့ဂါအပေါင်းတို့အား အသိပေးပါရစေ။
ကျနော့်ဆိုဒ်ဘားမှာ ချိတ်ဆွဲထားတဲ့ လင့်ခ်တွေကို (၁၂-၀၂-၂၀၁၁)
မတိုင်ခင် ဖြုတ်ချလိုက်ရလို့ တကယ့်ကို စိတ်မကောင်းပါဘူး။
ပထမတော့ မဲဝဲလ်(malware) သန့်စင်ရေးကို လာမယ့်
စနေ၊ တနင်္ဂနွေရောက်မှ လုပ်မလို့ပါ။ သို့ပေမယ့် ကျနော့်ဘလော့
ကို (၃)နာရီကြား တစ်ကြိမ် ပြန်ပြန်စစ်ကြည့်တိုင်း မဲဝဲလ်(malware)
အရေအတွက်က တိုးတိုး လာပါတယ်။ ဒါကြောင့် အခြေအနေအရ
ယခုပဲ လုပ်လိုက်ရပါတယ်။ မဲဝဲလ်(malware) ကင်းရှင်းတဲ့ ဘလော့နဲ့
စာမျက်နှာတွေကို မကြာခင် ရက်ပိုင်းအတွင်း လင့်ခ် ပြန်ချိတ်
ပါ့မယ် ခင်ဗျာ …။ ဒီနေရာမှာ စစ်ကြည့်လို့ ရပါတယ် …
http://sitecheck.sucuri.net/scanner/
-စစ်ငြိမ်းဒီရေ
10 comments:
ကိုအောင်... ရို့စ် သူငယ်ချင်း တစ်ယောက်က ပြောလို့ စဉ်းစားမိတာလေး တစ်ခုက ရို့စ်တို့ ဘလော့ဂ်ဂါတွေ Malware စစ်တယ် ဆိုတဲ့ website ကရော ဘယ်လောက် အထိ မှန်ကန်မှု ရှိလဲ၊ စိတ်ချရမလဲ... စတာတွေ တွေးမိတယ်။
Malware ကင်းရှင်းပါကြောင်း သတင်းပို့တာပါ။
ကိုအောင်ရေ
ကင်းရှင်းသွားပါပြီ ကျေးဇူး လိုင်းလည်း ကောင်းသွားပြီ သရဲဇာတ်လမ်းဆက်လေးေ၇းပါအုန်း
ခင်မင်စွာဖြင့်
နားမလည်လို့ပါ။ လာဖတ်တဲ့စာဖတ်သူတွေကော ဘလော့က မဲလ်ဝဲလ်တွေ ကူးနိုင်ပါသလားရှင့်။
Khin ရေ ...
စာလာဖတ်တဲ့ သူတွေကိုတော့ မဲလ၀ဲက မကူး
နိုင်ပါဘူး။ သို့ပေမယ့် blacklisted ဖြစ်သွားရင်
တော့ ဟန်းစေပါတယ်။ ကျနော့် စာမျက်နှာမှာ
မဲဝဲလ် မရှိပါဘူး၊ လောလောဆယ် ချိတ်ထားတဲ့
လင့်ခ်တွေ မဲဝဲလ် မရှိကြောင်း ကျနော်ကိုယ်တိုင်
အာမခံပါတယ် ခင်ဗျာ ...
Blogger ကိုဇော် said...
ဂွတ် . . .
ကျနော်ကတော့ http://img696.imageshack.us/img696/1350/1022011.jpg
ရှင်းတာတော့ ရှင်းသွားပြီ။ Template ရှာနေတုန်း။ အသစ်ပြန်ရေးရမှာလည်း ပျင်းလိုက်တာ။
10 February 2011 20:59
ဖြူတုတ်ဒီဘက်ကို မလှည့်ဖြစ်တာ အရမ်းကိုကြာနေပြီ။ ကိုအောင်ရဲ့ စာကိုတွေ့လို့ စစ်လိုက်တော့ (ဘာမှမရေးတဲ့ ကိုယ့်blog) အနီကြီးထွက်လာတယ်။ အဲမှာ link ထားတဲ့ site တွေလဲဖြုတ်လိုက်ရော အစိမ်းပြန်ထွက်လာတယ်။ ဘာမှမလုပ်တာတောင် အကူးခံလိုက်ရသေးတယ်။ :D site info အတွက် ကျေးဇူးပါ။
ကျနော် တစ်ခုစမ်းထားတာ အဆင်ပြေနေတာ တွေ့ရပါတယ် ။
အဲဒါကတော့ interactive ဖြစ်တဲ့ ဘလော့လင့်တွေ အနေနဲ့မဟုတ်ပဲ blog gadget ရွေးတဲ့အခါ blog list အစား link list ကိုသုံးရင် ပြဿနာမရှိတော့ပါဘူး ။
အချိန်နည်းနည်းပေးရပြီး နေရာလည်း စားတော့စားပါတယ် ။ link list ကို ခေါက်လို့မှ မရပဲကိုး ။
ခရီး ထွက်သွားတာ တစ်ပတ်အတွင်းမှာ ဘလော့တွေ
ဝဲစွဲကုန်တော့တာပါဘဲကိုအောင်ရေ
ပြန်ရောက်တော့ သန့်ရှင်းရေး အသည်းအသန်လုပ်ရတယ်..
ခုတော့ ဘလော့လင့်တွေ ဖြုတ်ချလိုက်ရုံနဲ့ ၀ဲတွေ ပျောက်ကုန်တယ် ကျေးဇူးကြီးပါရဲ့ ပိုစ့်တွေတော့ မဖြုတ်ချလိုက်ရဘူး။
အနာရောဂါ ကင်းရှင်းပြီဖြစ်ကြောင်း သတင်းပို့သွားပါတယ်နော် :)
အကိုရေ
ကျနော် တစ်ခုမေးချင်လို့ပါ ။
ကျနော်တို့ Blog ကို စစ်ကြည့်တော့ report ၁၀ခု လောက် တက်လာတယ်။ main page နဲ့ နောက် အသစ်တင်တဲ့ post တွေမှာ ရှိနေတယ် ။
အဲဒီ post တွေမှာ ဘာ comment မှ မရှိပါပဲ ရှာလို့ မရ ဖြစ်နေတာ။ ဘယ်လို လုပ်ရမလဲ အကြံပေးလို့ ရမလား ခင်ဗျာ ။
ကျေးဇူးတင်စွာဖြင့်
တာတူး
http://ver-bo-ten.blogspot.com/
Post a Comment