Thursday, 10 February 2011

ကော်မန့်မှတဆင့် မဲဝဲ(malware) တင်ပို့မှု ကာကွယ်ရေး

မဲဝဲလ်(malware) ကူးစက်မှုဟာ google reader ကနေ လင့်ခ်ချိတ်
မှု တစ်မျိုးတည်းတော့ မဟုတ်ပါ။ ကော်မန့် (comments)မှ လည်း
ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ယခုလောလောဆယ် အချိန်များ
အတွင်း ဘလော့ဂါများ၊ စာမျက်နှာပိုင်ရှင်များအနေဖြင့် မော့ဒရေ့ရှင်း
(moderation) လုပ်ထားသင့်ပါတယ်။

မဲဝဲလ်(malware) ရှိနေဆဲ မရှင်းရသေးတဲ့ ဘလော့ပိုင်ရှင်များ၊
စာမျက်နှာပိုင်ရှင်များ အနေဖြင့်လည်း အသိ ဘလော့မိတ်ဆွေများ
ထံ ကော်မန့်(comment) သွားရောက် ရေးသားရာမှာ အောက်က
ဓါတ်ပုံထဲမှာ ပြထားတဲ့အတိုင်း လုပ်ဆောင်သင့်ပါတယ်။

Choose an identity အောက်မှာရှိတဲ့ Name/URL
ကို “ကလစ်”ပေးပြီး Name နေရာမှာ မိမိတို့ရဲ့ အမည်ကို ရေးပါ။
ပြီးတော့ URL နံဘေးမှာ မိမိရဲ့လင့်ခ်ကို လုံးဝ မထည့်ပါနဲ့။ အဲဒါ
ဆိုရင် မိမိဘလော့က မဲဝဲလ်(malware) ကို သူ့တပါးဘလော့ဆီ
သို့ ကူးစက်ခြင်းကနေ ကာကွယ် တားဆီးနိုင်ပါတယ်။




-စစ်ငြိမ်းဒီရေ

3 comments:

Anonymous said...

ှဤကော်မန့်ပေးသူသည် မဲဝဲမရှိပါကြောင်း၊ ၀ဲလဲ မပေါက်ဘူးပါကြောင်း၊ မဲသဝေါလဲ မရောက်ဘူးပါကြောင်း၊ အသိပေး အကြောင်းကြားအပ်ပါသည်။

rose of sharon said...

ကျေးဇူး

အဖြူရေ င်နတ်သမီး said...

လက်တွေ့ ရေးကြည့်သွားတယ်ဗျို့.း)