Wednesday 9 February 2011

ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု

ဘလော့တွေအကြား မဲဝဲလ် ဖြစ်ပွားမှုကူးစက်နေပါတယ်။
ရောဂါအမည်က မဲဝဲလ်(malware) ပါ၊ မဲဝယ် မဟုတ်ပါဘူး။ ကြိုတင်
မဲတွေ ၀ယ်ခဲ့ကြတဲ့ မဲဝယ်မုန်တိုင်းကတော့ ၂၀၁၀ ခုနှစ်က မြန်မာပြည်
ရွေးကောက်ပွဲကာလမှာ တိုက်ခတ်ခဲ့တာပါ။ အခုရောဂါက မဲဝဲလ်
(malware) ပါ။

ကျနော့်စာမျက်နှာ “ပျူနိုင်ငံ” http://www.pyustate.com/ ကို
ဟိုဒီလင့်ခ် http://sitecheck.sucuri.net/scanner/ ထဲမှာ ထည့်
စစ်ကြည့်တော့ ကျနော့် မိတ်ဆွေ ဘလော့များရဲ့ လင့်ခ်များနှင့်
ကျနော့်လင့်ခ်တချို့မှာ မဲဝဲလ်(malware) တွေ အများအပြား တွေ့
ရပါတယ်။ ဘလော့ရဲ့ ဆိုဒ်ဘား (sidebar) မှာ Google Reader
ကတဆင့် မိတ်ဆွေ ဘလော့လင့်ခ်တွေကို ချိတ်ဆွဲကြတဲ့ ဘလော့
ဂါ အတော်များများ မဲဝဲလ်(malware) ကူးစက်မှု ဖြစ်ပွားနေပါတယ်။
မဲဝဲလ်(malware) ကူးစက်မှု များပြားလာရင် Google က အဲဒီဘလော့
ကို black list ထဲ ထည့်သွင်းပါလိမ့်မယ်။ အဲဒါဆိုရင် အဲဒီဘလော့ဂါရဲ့
ပို့စ်များဟာ စာဖတ်သူတွေ အလွယ်တကူ ဖတ်ရှုခြင်းကနေ ကင်းဝေး
သွားရမှာပါ။ အဲဒါအပြင် မဲဝဲလ်(malware) ရှိနေ၊ ပိုင်ဆိုင်နေတဲ့ ဘလော့
ဟာ တခြားမိတ်ဆွေ ဘလော့ဂါများထံ ကော်မန့်(comment) သွား
ရေးခြင်းမှာလည်း မဲဝဲလ်(malware) ဟာ လိုက်ပါ ကူးစက်ပါသေးတယ်။


လောလောဆယ် တိုင်ပတ်နေတဲ့
မဲဝဲလ်(malware)

မဲဝဲလ်(malware) ပိုင်ဆိုင်နေတဲ့ ဘလော့တစ်ခုကို မိမိတို့ရဲ့
ဆိုဒ်ဘား(sidebar) မှာ google reader ဖြင့် ချိတ်ဆွဲထားရုံနဲ့
အဲဒီဘလော့ဟာ ကျိန်းသေပေါက် မဲဝဲလ်(malware) ကူးစက်ခြင်း
ကို ခံရမှာပါ။ အဲဒီအပြင် မိမိလင့်ခ်ကို တဖန် ချိတ်ဆွဲပေးထားတဲ့
မိတ်ဆွေ ဘလော့များထံသို့လည်း မဲဝဲလ်(malware) ကို အလွယ်
တကူ တင်ပို့ပေးသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ ဘလော့
လိပ်စာများကို ဒီလင့်ခ် http://sitecheck.sucuri.net/scanner/
မှာ ထည့်သွင်း စစ်ဆေးပြီး မဲဝဲလ်(malware) ပါရှိနေတဲ့ မိမိတို့ရဲ့
ကိုယ်ပိုင် ပို့စ်များကို အသစ် ပြန်လည် ပြုလုပ်ကြပါ။ အခြား မိတ်ဆွေ
တွေရဲ့ လင့်ခ်တွေမှာ မဲဝဲလ်(malware) ရှိနေခဲ့ရင်လည်း မိမိ ဘလော့
ပေါ်မှာ သူတို့ရဲ့ လင့်ခ်တွေကို ချိတ်ဆက်ထားခြင်းကနေ ဖယ်ရှားသင့်
တယ်လို့ ထင်ပါတယ်။

မေတ္တာရပ်ခံခြင်း ….

ကျနော့် ပျူနိုင်ငံဘလော့ကို စစ်ကြည့်လိုက်တော့ မဲဝဲလ်(malware)
တွေ တွေ့ရပါတယ်။ ဒါကြောင့် မဲဝဲလ်(malware) ကူးစက် ခံနေရတဲ့
ကျနော့် ကိုယ်ပိုင် ပို့စ်တချို့ကို ပြန်လည် ဖြုတ်ချပြီး အသစ်ပြန်တင်
ပါ့မယ်။ ကျနော့် မိတ်ဆွေ ဘလော့ဂါ အတော်များများလည်း မဲဝဲလ်
(malware) ဖြစ်ပွားနေပါတယ်။ ဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်း
ကြပါလို့ မေတ္တာရပ်ခံခြင်းပါတယ်။ လာမယ့် (၁၂-၀၂-၂၀၁၁)နေ့
မတိုင်ခင် မဲဝဲလ်(malware) ကိုဖယ်ရှားကြပါလို့ မေတ္တာရပ်ခံ
အပ်ပါတယ်။ (၁၃-၀၂-၂၀၁၁)နေ့ ကစပြီး မဲဝဲလ်(malware)
သယ်ဆောင်လာတဲ့ ဘလော့များကို ကျနော့်ဆိုဒ်ဘားကနေ ဖယ်
ရှားခွင့် ပြုပါလို့ ရှေ့မျက်နှာ နောက်ထားပြီး မေတ္တာ ရပ်ခံပါရစေ။
မဲဝဲလ်(malware) ကင်းစင်တာနဲ့ လင့်ခ် ပြန်ချိတ်ပါ့မယ် ခင်ဗျာ ….

ရေးသူ- စစ်ငြိမ်းဒီရေ

8 comments:

ကိုအောင် said...

rose said on 9 February 2011 19:13


ကိုအောင်... မကီကီ(kiki) ဘလော့ဂ်မှာ သွားဖတ်ပြီး မဲဝလ် ဆိုတာ ဘာကြီးလဲ ဆိုပြီး စိတ်ထဲ တွေးနေတာ။ အခုလို ရှင်းပြ ပေးလို့ ကျေးဇူးတင်ပါတယ်နော်။ ပာယ်တော့... ကိုအောင်က မဲဝဲလ် infected ဖြစ်ခံနေရတဲ့ ဘလော့ဂ်တွေကို Blog List ထဲကနေ ဖယ်မယ် ဆိုတော့ ရို့စ် ဘလော့ဂ်လေးရော ပါသွားလားပာင်း(

ကိုအောင် said...

Rose ရေ ...
ကျနော့်ကို စိတ်မရှိပါနဲ့ဗျာ၊ မဲဝဲလ်(malware)
ထိနေတဲ့ စာရင်းထဲ rose လည်း ပါနေတယ်၊
ဒါကြောင့် Rose ကျနော့်ဆီမှာ အခု လာရေး
သွားတဲ့ ကော်မန့်ကို ကျနော် copy လုပ်ပြီး
ပြန်တင်ထားတာပါ၊ မဲဝဲလ် ဖြုတ်နိုင်ဖို့
ကိုလင်းထက် အကြံပြုသလို လုပ်ကြည့်ပါ ...

ဟုတ် ကိုလင်းထက် ...

ကိုအောင် said...

ကိုဇော် has left a new comment on your post "ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု":

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလိုဖြစ်လာလို့ ချိတ်ပေးထားတဲ့ လင့်တွေကို ဖြုတ်လိုက်ရရင် ဆိုတဲ့ စိတ်ကူးနဲ့ http://allbloggerposts.blogspot.com/ ဒါလေးကို လုပ်ထားမိတာပါ။ အခုတော့ စစ်လိုက်သမျှမှာတော့ ချိတ်ပေးထားတဲ့ လင့်တွေကိုပဲ ပြနေတယ်။ ဒီတော့လည်း ဖြုတ်ရတော့မှာပေါ့။ တော်သေးတယ်။ ဟိုမှာ အကုန်ချိတ်ထားလို့။ ပို့စ်အနေနဲ့တော့ မတွေ့သေးဘူး။ ဒါဆို ဖြုတ်ပြီးမှ ထပ်စစ်ဦးမယ်။
မကောင်းတာ တွေ့ရင် ဖယ်သာ ဖယ်ပါ။ ပြဿနာ မရှိပါဘူး။

Publish
Delete
Mark as spam

Moderate comments for this blog.

မေဓာဝီ said...

ကိုအောင်ရေ
ခုနက ကွန်မန့်အတွက် ဆောရီး .. ကိုလင်းထက်ပို့စ် မဖတ်ရသေးလို့ ပရိုဖိုင်းနာမည်နဲ့ လာမန့်မိသွားတယ်။
ခု ကျမလဲ ကိုလင်းထက်ပို့စ်ဖတ်ပီး အားလုံးရှင်းလိုက်ပါပြီ။ ရောဂါရှိတော့ဘူးနော်။ အဲဒါ လာအကြောင်းကြားတာ။
ကိုအောင်နဲ့ ကိုလင်းထက်ကို ကျေးဇူးများကြီး တင်တယ်နော်။

ကိုအောင် said...

Rose ရေ ...
malware information ကို ဖိကြည့်လေ၊
rose ဆီမှာ ရှိနေသေးတယ်၊ အများကြီးတော့
မဟုတ်ပါဘူး၊ ပို့စ်တစ်ခုလား မပြောတတ်ဘူး။

မမေဓါဝီ ...
ကိုလင်းထက် ပြောသလို ထိထားတဲ့ ပို့စ်တွေကို
ယာယီတော့ drafts ထဲ ထည့်ထားရမလား
မပြောတတ်ဘူး၊ ကျနော် အခုလေးတင် ကြည့်
လိုက်တော့ မမေဓါဝီဘလော့မှာ malware ထိ
ထားတဲ့ ပို့စ် မရှိဘူးလို့ပြပါတယ် ....

ကိုဇော် said...

ကိုဇော် has left a new comment on your post "ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု":

http://img696.imageshack.us/img696/1350/1022011.jpg

ကျနော် တွေးမိတာ နည်းနည်း ပြောကြည့်ရရင် . .
ကျနော်တို့ ဆော့ဝဲလ်တွေ အတွက် Keygen တွေကို Anti - Virus က ကီးဂန်း ဆိုပြီး မသိဘူး။ သူကတော့ အဲဒါကို Trojan or Virus လို့ပဲ သိသဗျ။ ဒီတော့ ကီးဂန်းကို ဖွင့်လိုက်ရင် သူက ဖဲ့တော့တာပဲ။ ပါသွားတယ် ဆိုပါတော့။ အခုလည်း ကျနော့် ဘလော့ကို စစ်တုန်းက သူပြတဲ့ Malware ဆိုတဲ့ လင့်တွေကို တစ်ခု မကျန် ကျနော် လိုက်ဖွင့်ကြည့်တော့။ အဲဒီမှာ ပြထားတဲ့ တဆင့်ခံ လင့်တွေ အားလုံးက လင့်အသေတွေ ဖြစ်နေတယ်။ ဒါက ဘာကို ပြတာလဲလို့ ကျနော်ထင်လဲ ဆိုတော့ အဲဒီလင့်မှာ ပို့စ်တင်ပြီး မှားလို့ ပြန်ဖျက် ၊ ဒါမှမဟုတ် Draft ထဲမှာ သိမ်းထားတဲ့ ပို့စ်တွေကို ပြတာလို့ ထင်မိတယ်။ အခုလို ပြတဲ့ လူတွေကလည်း ဒီလိုပဲ ခဏခဏ ပြင်မိ ၊ သိမ်းတတ်တဲ့ လူတွေလို့ ထင်တယ်။ ဒါကြောင့် sucuri က စစ်လိုက်တဲ့ အခါမှာ လာတွေ့နေတာ ထင်တယ်။ နောက်ဆုံး ပြောရရင် ပို့စ်များများ ရေးမိပြီး သိမ်းထားတတ်တဲ့ လူမှာလည်း ဒီလို လာပြနေတာ သွားတွေ့ရပြန်ရော။ ဘာလို့လဲ ဆိုတော့ ဘလော့ တစ်ခုကို Trace ထားတဲ့ နေရာ တစ်ခုကနေ သူ့ရဲ့ Draft ထဲကနေ Review ကို ဝင်ကြည့်လို့ ရတယ် ဆိုတာတော့ ကျနော် ကိုယ်တွေ့မို့ လက်ခံပါတယ်။ ဒီတော့ ကျနော် သိသလောက်ကတော့ လင့်ပျက်တွေ များများ ရှိတဲ့ ဘလော့ ၊ ခဏခဏ တင်လိုက် ဖျက်လိုက် လုပ်တတ်တဲ့ ဘလော့တွေသာ ရှင်းလင်းလိုက်ရင် အားလုံး အဆင်ပြေသွား ပါလိမ့်မယ်လို့ ထင်မိပါတယ်။

Publish
Delete
Mark as spam

Moderate comments for this blog.

Posted by ကိုဇော် to ပျူနိုင်ငံ at 10 February 2011 15:27

ကိုအောင်(ပျူနိုင်ငံ) said...

PhyoPhyo said on 9 February 2011 19:05
ကိုအောင်ရေ
စစ်ကြည့်လိုက်တယ်၊ တွေ့တယ် ပိုစ့် ၄ ၅ ခုလောက်ကိုက်နေတယ်၊ ပိုစ့်တွေလည်းဖျက်ချလိုက်တယ်၊
ကိုအောင်ပြောသလိုပဲ malware ကိုက်နေတဲ့ ဘလော့ဂ်သူငယ်ချင်းတွေလိပ်စာတွေလည်း တွေ့တယ်၊
အဲဒါနဲ့ လင့်လေးတွေဖြုတ်ပြီးပြန်စစ်နေပါတယ်၊
အခုတော့ site verified to be secure and free of malware လို့ပြောပါတယ်၊ blog လိပ်စာတွေပြန်ထည့်ပါမယ်၊
ကျေးဇူးအများကြီးတင်ပါတယ်။

rose said on 9 February 2011 23:23

ကိုအောင်ရေ... Malware တွေ ရှင်းထုတ် လိုက်ပါပြီ။ ပီားးး ကိုအောင့်ရဲ့ Blog List ကနေ အထုတ်ခံရမှာ စိုးလို့ မြန်မြန် ပြေးလုပ်လိုက်တာ ခစ် ခစ်း) ဓာတ်ပုံနှင့် တကွ သက်သေ အဖြစ် ပြထားတယ်နော်... ရို့စ် ပို့စ်မှာလေ။

မေဓာဝီ said on 10 February 2011 00:02

ကိုအောင် ကျမဘလော့လဲ ကူးစက်ရောဂါထဲပါနေပြီ။ ရောဂါကူးနေတဲ့ ပို့စ်ကို မဖြုတ်လို့မရဘူးလားဟင်။ ဖြုတ်ပစ်ရမှာ နှမြောလို့။

ကိုအောင် said...

လင်းထက် said on 9 February 2011 19:39

ကိုအောင်ရေ အဲဒါတွေ စစ်ရုံနဲ့ မရသေးဘူးဗျာ လိုအပ်တဲ့ လုပ်ဆောင်ရမယ့် အချက်လေးတွေ ကျွန်တော် ထပ်ရေးထားပါတယ် ဘလော့ဂါတိုင်း တပြိုင်နက်ထဲ လုပ်ကြမှ အောင်မြင်မယ့် ကိစ္စပါ http://www.linhtet.net/2011/02/blogspot.html ဒီမှာ ဆောင်ရန် ရှောင်ရန်တွေ ရေးပေးထားပါတယ်ဗျာ