အခန်းဆက် မတင်နိုင်သေးပါ … စောင့်မျှော်နေသူတို့ ….
ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတချို့ကလည်း သူတို့အတွေ့အကြုံ
သရဲတစ္ဆေ ကိုယ်တွေ့အဖြစ်အပျက်တွေ ပြောပြထားတာလည်း
မှတ်ထားပါတယ်။ ဘလော့တွေလည်း မဲဝဲ ပြဿနာ ဖြစ်နေကြ
လို့ ပို့စ်အသစ်တွေ မတက်နိုင် မတင်နိုင်ပဲ သရဲ ခြောက်သလို
ခြောက်ကပ်ကပ် ဖြစ်နေသလား မပြောတတ် …။
တလောက ဂျီမေးလ်မှာ အင်းစိန် ဘ၀တက္ကသိုလ်ပြန် အကို
တစ်ယောက်နဲ့ ပြန်အဆက်အသွယ်ရတော့ …. “ကရင်မ”
သရဲ အကြောင်း ပြောဖြစ်ကြတယ်။ အင်းစိန်ထောင်ထဲမှာ
“ကရင်မ” ဆိုတဲ့ သရဲ ဇာတ်လမ်း ရှိပါတယ်။ ဒီဖက်ခေတ်တော့
မပြောတတ်တော့ပါ။ သရဲက အမျိုးသမီး သရဲမပါ။ အဲဒီ သရဲက
အိမ်မက်ထဲမှာလိုလို၊ ဂရောင်ခြောက်ချား ဘီလူးတက်စီးတဲ့ ပုံစံလိုလို
အခြောက်ခံရတဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ တခါတော့ သရဲတစ္ဆေကို
လုံးဝ အယုံအကြည်မရှိတဲ့ အကျဉ်းသားတစ်ယောက်က ညဖက်
အိပ်ခါနီး ဘာ အ၀တ်အစားမှ မ၀တ်ပဲ သရဲမကို ဖိတ်ခေါ်ပါတော့
တယ်။ မနက် မိုးလင်းတော့ အအေးပတ်ပြီး လေဖြတ်သလိုလို
ဖြစ်သွားတော့ ထောင်ဆေးရုံဆီ ရောက်သွားပါတော့တယ်။ ဆေးရုံ
က ပြန်ဆင်းလာတော့ အယုံအကြည်မရှိအဆိုကို စွန့်လွတ်လိုက်
ပါတယ်။ သူ့ကို မြှောက်ပင့်ပေးတဲ့ လူတချို့ကို နားရင်း နှစ်ချက်စီ
ထောင်ဝါဒါက ချီးမြှင့်ပါတယ်။ ဒီအဖြစ်ကို ကြည့်ပြီး သရဲမက ဟားတိုက်
ရယ်မောနေမလား မပြောတတ် …
တချို့ကြတော့ သရဲတစ္ဆေ ၀ိညာဉ်နဲ့ နေ့စဉ် တွေ့နေရတာတောင်
ကြောက်ရမှန်းမသိပဲ ကိုယ့်သောကနဲ့ ကိုယ်၊ ကိုယ့်အလုပ်နဲ့ ကိုယ်
ရှုပ်နေတဲ့ လူတွေလည်း ရှိတတ်ပါတယ်။ အသိ မိတ်ဆွေတစ်ဦး
စမ်းချောင်းဖက်မှာ တိုက်ခန်း ဌားနေဘူးပါတယ်။ ကလေးနှစ်ယောက်
ရတော့ အတူနေတဲ့ မိဘနဲ့ သူ့မိန်းမ အဆင်မပြေလို့ မိဘတွေ
နဲ့ ဆက်မနေပဲ နှစ်ချုပ်နဲ့ တိုက်ခန်း ဌားနေပါတယ်။ နေ့စဉ် အလုပ်
သွားရင် လှေကားအတက်အဆင်း အကွေ့မှာ ရွှေကိုင်းမျက်မှန်
တ၀င်းဝင်း တပ်ဆင်ထားတဲ့ ဘကြီးတစ်ယောက်နဲ့ နေ့စဉ် ဆုံ
ပါတယ်။ တွေ့လိုက်တိုင်း အဲဒီဘကြီးက သူ့ကို မေးတယ် …
“ငါ့တူ၊ ဒုတိယအလွှာမှာ နေရတာ အဆင်ပြေရဲ့လား …” တဲ့
တစ်ရက်တည်းမဟုတ်ဘူး၊ နေ့စဉ် အလုပ်သွားတိုင်း လှေကား
အဆင်း အကွေ့လေးမှာ တွေ့တာ။
တနေ့ကြတော့ သူတို့ အပေါ်ထပ်မှာ နေတဲ့ တိုက်ခန်းက အလှူရှိလို့
သူတို့ တမိသားစုလုံးသွားစားကြတာပေါ့။ အလှူလုပ်တဲ့ အခန်းရှင်က
သူတို့နေတဲ့ ကန်ထရိုက်တိုက်ရဲ့ မြေပိုင်ရှင်ပါ။ သူတို့ ဌားနေတဲ့ အခန်း
ကလည်း အဲဒီ အလှူပိုင်ရှင်တွေပဲ ပိုင်ပါတယ်။ အလှူမှာ ကျွေးတာကို
စားရင်း သောက်ရင်းကနေ ဘာအတွက် အလှူ လုပ်တာလဲလို့
မေးလိုက်တော့ “ဆုံးသွားတဲ့ ကျမတို့ အဖေကို ရည်စူးပြီး လုပ်
တာ” … လို့ ပြောပြပါတယ်။ အလှူရှင်က ဆုံးသွားတဲ့ လူရဲ့
ဓါတ်ပုံကို ပြတော့ ကျနော့်မိတ်ဆွေလည်း အလှူမှာ ကျွေးတာကို
ဆက်တောင် မစားနိုင်တော့ပါ။ အလှူရှင် ပြလိုက်တဲ့ ဓါတ်ပုံထဲ
မှာ ရယ်မောနေသူက သူနဲ့ နေ့စဉ် လှေကားမှာ ဆုံနေကြ ဘကြီး။
နောက်နေ့ အလုပ်သွားတော့ လှေကားမှာ အဲဒီဘကြီးနဲ့ ထပ်ဆုံ
ပါသေးတယ်။ ရယ်မော ပြုံးပြပြီး သူ့ကို ကျော်တက်သွားတော့
အောက်ကို မဆင်းပဲနဲ့ အဲဒီဘကြီးနောက်ကို သူ လိုက်ကြည့်ပါ
တယ်။ သူ့အခန်းရှေ့ရောက်တော့ အဲဒီဘကြီးက သော့ခတ်ထား
တဲ့ သံတခါးနဲ့ အတွင်းက သစ်သားတံခါးကို အရိပ်လိုပဲ တိုးဝင်
သွားတာ သူ့မျက်စိနဲ့ သေသေချာချာကို မြင်လိုက်တယ်လို့ ပြောပြ
ပါတယ်။ အခန်းထဲမှာ ခြောက်တာ လန့်တာ မလုပ်ပေမယ့် နေ့စဉ်
လှေကား အတက်အဆင်းမှာ မြင်နေကြ တွေ့နေကြဆိုတော့
အခန်းစာချုပ် နှစ်ပြည့်တဲ့အထိ အောင့်အီးသည်းခံပြီး နေရတာပေါ့ ….
သဘာဝလွန် တချို့ အဖြစ်အပျက်တွေက နားလည်ဖို့ မလွယ်ပါ။
လက်ရှိလူ့ဘ၀က ညီမကို မမြင်ရတဲ့ သရဲလိုလို တစ္ဆေလိုလို အကို
ဖြစ်သူက လိုက်ပြီး စောင့်ရှောက်တဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ သူ့
ညီမလေး ရှိတဲ့ မိသားစုကို ပုံစံအမျိုးမျိုးနဲ့ စောင့်ရှောက်လိုက်တာ
နောက်ပိတ်ဆုံး မလေးရှားနိုင်ငံကို တရားမ၀င် နယ်စပ်ဖြတ်ကျော်ဖို့
ကိစ္စမှာတောင် လိုက်ပြီး စောင့်ရှောက်ပေးတဲ့ “အကိုတော်” ဆိုတဲ့
ဇာတ်လမ်းတစ်ပုဒ်လည်း ရှိပါတယ်။ စိတ်ကူးယဉ် အဖြစ်အပျက်
မဟုတ်ပါဘူး။ အဲဒီ မမြင်ရတဲ့ “အကိုတော်” ဆိုတာနဲ့ နှစ်ယောက်
တည်း စကား အပြန်အလှန် ပြောဆိုတာကို မျက်ဝါးထင်ထင်
တွေ့ခဲ့ဘူးတဲ့ သူတွေ၊ သူတို့ မျက်စိရှေ့မှာ ပတ်စ်ပို့ မပါ၊ ဗီဇာ
မပါပဲ ၀င်သွားတာကို မြင်ခဲ့တဲ့သူတွေလည်း ရှိပါတယ် ….
ဒီ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ ဒီလောက်ပဲ ဖတ်ရှုပြီး အားလပ်
ရက်မှာ ပျော်ရွှင်ပါစေ မိတ်ဆွေတို့ရေ ….
ရေးသူ- စစ်ငြိမ်းဒီရေ
20 comments:
သရဲ .. !!!
သေအောင် ကြောက်တယ် ..
ဒါပေမယ့်
သေအောင် လည်း
ဇာတ်လမ်းတွေ ဆို နားထောင်တယ် ..
စိတ်ဝင်စားတယ် .. :D
နားထောင်ပြီး ပြန်တော့လည်း
ဒူးတုန်အောင် ကြောက်တယ် .. :D
ဇာတ်ကားတွေ တော့ မကြည့်ရဲ ဘူး ...
အခုလည်း အိမ်အောက်ထပ်မှာ
အသုဘ ရှိနေလို့
ကျောကို ချမ်းနေတာ ပဲ ... ဟီးးဟီးး
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ရှေး ပဝေသဏီက
ဘလော့ အကောင့် နဲ့
ကွန်မန့် ပေးမိသွားတယ် .. :))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
စောင့်မျှော်လျက်ပါပဲ။
ကိုအောင်ရေ... လွင်ပြင်ခေါ်သံ ၀တ္ထုလေး အချိန် ရရင် အမြန် ဆက်ပါနော်။ အခု သရဲ အကြောင်းလည်း လာဖတ်သွားတယ်။ နောက်ဆုံး အပိုဒ်က "အစ်ကိုတော်" ဆိုတဲ့ သရဲ အကြောင်း ဖတ်ပြီး နားမရှင်းဘူး။ အဲ့ သရဲက ဘယ်လို ကူညီလို့ ပတ်စပို့ မပါ ဘာမပါဘဲ နိုင်ငံ တစ်ခုထဲကို ၀င်လို့ ရတာလဲပာင်။
မျှော်ပါတယ် မျှော်ပါတယ်... ကျနော်တော့ အသံနဲ့  ခြောက်လှန့် ခံရဘူးတယ်.... တကယ်ကြုံရချိန်မှာ သွေးပျက်ပြီး မလှုပ်နိုင်ဖြစ်သွားသဗျ.. ကျန်တာတော့ အန္တရယ် မပေးကြပါဘူး...
တစ်နေ့ တော့ ရေးပါအုန်းမယ်... ကိုယ်တွေ့ မို့ ပါ..
ကိုအောင်
အကိုတော် ဖတ်ချင်လိုက်တာဗျာ..။
မဲဝဲကလဲ မဲဝဲ၊သရဲကလဲ သရဲပေါ့ဗျာ...
ပြောတာပြော၇တာ...
ဘ၀ဟောင်းကဆွေမျိုးတေါ ဘလော့ဂ်မှာခင်မင်ဆုံတွေ့ တာကို..ဆွေပြတ်မျိုးပြတ်ဖြစ်အောင်လုပ်တာ
အဲဒီမဲဝဲဗျ..။
ဒီတခါတော့ ဇာတ်လမ်း အကျဉ်းချုပ်ပေါ့လေ။
ခါတိုင်းလို အပိုင်း ၁-၂ တွေနဲ့ ဆွဲဆန့်ထားရင်လဲ ဖတ်ရတာ ဆန့်တငံ့ငံ့ ခု အဲဒီလိုမဟုတ်ဘဲ တိုတိုတုတ်တုတ် ဆိုပြန်တော့လဲ ဖတ်ရတာ အားမရလိုက်တာ။ လူ့အလို သရဲ မလိုက်နိုင်ဆိုတာ ဒါမျိုးပဲ နေမှာ ... :))
ပျော်ပျော်ရွှင်ရွှင်ခြောက်တဲ့သရဲအကြောင်းတွေပေါ့နော်
သိပ်မပြင်းထန်တဲ့သရဲခြောက်နည်းတော့ ခြောက်ခံဖူးကြည့်ချင်တယ် ဟိဟိ
အလကားပြောတာ တကယ်လာမခြောက်နဲ့နော်
အသည်းငယ်တတ်တယ်း)
အကိုတော်သရဲအကြောင်း အသေချာရေးပေးလေ.. အခန်းဆက်ကိုသာ ဆန့် ငင် ဖြစ်အောင် လုပ်တာ မဟုတ်ဘူး ဇတ်လမ်းတိုကိုလည်း ဆန့် ငင် ဖြစ်အောင် လုပ်သကိုး ခက်တာဘဲ
ဆောင်း
ဒီတခါတော့ အနှစ်ချုပ် အမြည်းကလေးပေါ့။ သူ့ညီမ ကို လိုက်ပြီး ရီးစား စကားသာ ပြောရင်တော့ အဲဒီ အကိုတော် ဆိုသူ ပုဂ္ဂိုလ် က ဘယ်လိုများ ဆုံးမ လိုက်မလဲ မသိဘူး။ မိုးယံ တို့ကို လက်တို့ထားလိုက်ဦး ကိုအောင်။ :-)
နှမ ကို ချစ်ပြီ စောင့်ရှောက်တတ်တဲ့ အကိုတွေရှိသေးတာကိုး
တပုတ်နဲ့ တပိုင်းတင်ပေးတာလား?
ရန်ကုန်တိုက်ခန်းတွေက ညကြီးမိုးချူပ်တက်မယ်ဆို ကြောက်စရာကြီး စိမ်းရွှေရွှေ အနံ့တွေကရသေး၊
အင်းစိန်ထောင်မှာ လှန့်တတ်တဲ့ မနှင်းဆီက ရှိသေးလို့လား... မနှင်းဆီ မနှင်းဆီ ... တကယ် စိတ်ဓါတ်ပြင်းတဲ့ ကရင်အမျိုးသမီးပါလားနော်...
ညီမလေးကို စောင့်ရှောက်တဲ့ အစ်ကိုအကြောင်းသိချင်တယ် :D
မယ်ကိုး
သရဲ အကြောင်းဆိုရင် စိတ်ဝင်စားတယ်..
ယုံ၏..။
ကိုအောင်ရေ...ကျနော်လဲ သရဲဖြစ်ပြီး ဘလော့လည်ရတော့မလို့ ..အအေးမိတာ..ခုမှလာရတယ်..
အားကျမခံ မြင်းခြံထောင်က ခုံဘိနပ်သရဲ အကြောင်းရေးအုန်းမှ..
အားပေးစကားလေးတွေနဲ့ အမြဲလာတဲ့ ကိုအောင်ကို ကျေးဇူးတင်ပါတယ်နော်.။
ဆက်ပြီးတော့လည်း အမြဲအားပေးပြီး လိုတာလေးတွေလည်း လမ်းညွှန်ပေးပါ။
သရဲအကြောင်းနားထောင်ရရင် အရမ်းသဘောကျတယ်. ငယ်ငယ်တုန်းကဆို သရဲအကြောင်းပြောပြလို့ နားထောင်နေရင် တယောက်နဲ့တယောက်ကပ်ပြီးနေကြတာ။ ကြောက်လည်းကြောက် နားလည်းနားထောင်ချင်နဲ့လေ..။
ခင်မင်တဲ့
ညီမသဒ္ဓါ
ပျူဆိုတော့ပြည်ကဖြစ်နိုင်တယ် . ကိုဟာကိုတွေးကြည့်တာပါ :)
ပထမဆုံးရောက်ဘူးတာ သရဲနဲ့တိုးတော့တာ . ကိုကြီးကျောက် ဘော်ဒါတွေ သရဲဓာတ်ကျနေပါလား .......
ပရလောက ဆိုတာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတာပါလားနော်။
ခင်မင်လေးစားလျက်
သရဲအကြောင်းလာဖတ်သွားပါတယ်...သရဲကို ကြောက်လည်းကြောက်၊ ဖတ်လည်းဖတ်ချင်တယ်။ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
တောက်ပကြယ်စင်
Post a Comment