Thursday, 24 February 2011

ဘလော့ သုံးနှစ်ပြည့်

“ပျူနိုင်ငံ” ဘလော့ဆီ တိုက်ရိုက်လာတဲ့ မိတ်ဆွေများ၊ “ဒီမိုဝေယံ
ရဲ့ စာမျက်နှာ၊ “မေနှင်းအေး ဗွီဒီယို” ရဲ့ စာမျက်နှာ၊ အမကြီး
မခင်ဦးမေ” တို့ စာမျက်နှာနဲ့ မိတ်ဆွေ ဘလော့ စာမျက်နှာများ
ကတဆင့် လာကြတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါ ….




(၂၄.၀၂.၂၀၁၁)နေ့မှာ “ပျူနိုင်ငံ” ဘလော့ (၃)နှစ်ပြည့်ပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ မြန်မာပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်
တော်လှန်ရေးကာလမှာ မြန်မာစာဖြင့် ရေးသားသော သတင်းနဲ့ အခြားသော
ဘလော့ဂါတွေရဲ့ အခန်းကဏ္ဍဟာ ထင်ရှားခဲ့ပါတယ်။ “ပျူနိုင်ငံ”ဘလော့
ကို ၂၀၀၇ ခုနှစ် “ရွှေဝါရောင် တော်လှန်ရေး” နဲ့ ၂၀၀၈ ခုနှစ် “နာဂစ်မုန်တိုင်း”
တို့ရဲ့ ကြားကာလမှာ စတင် ခဲ့ပါတယ်။ အင်တာနက်ပေါ် ဘလော့တွေထဲမှာ
ပထမဆုံး ဖတ်ရှု သဘောကျခဲ့တဲ့ ဘလော့က “မာယာ” ဖြစ်ပါတယ်။ ဘလော့
လုပ်ဖို့ တိုက်တွန်းခဲ့တဲ့သူကတော့ ကိုမိုးမောင်မောင် (အော်စလို၊ နော်ဝေး)
ဖြစ်ပါတယ်။ ဘလော့အမည်ကို “ပျူနိုင်ငံ”လို့ ပေးခဲ့ပါတယ်။ ကွယ်လွန်သူ
သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းဆိုင်ရာ
ကြိုးစားအားထုတ်မှုကို သဘောကျပြီး ဒီအမည်ကို ပေးခဲ့ပါတယ်။




ပထမဆုံး ဘလော့ ရေးဖော်ရေးဖက်တွေက “မောင်မျိုး” နဲ့ “မေ
တို့ ဖြစ်ပါတယ်။ လူသိများလာအောင် အစောဆုံး လင့်ခ်ချိတ်ပေးခဲ့
တဲ့ ဘလော့ဂါများကတော့ “ကိုလူသစ်”၊ “ကိုအောင်သာငယ်”နဲ့
မကေ”တို့ ဖြစ်ပါတယ်။ ကြော်ငြာပေးခဲ့တဲ့သူက “ကိုသက်ဦး
ဖြစ်ပါတယ်။ ဘလော့ကို ပထမဆုံး လုပ်ပေးခဲ့တဲ့သူက “ကိုသွင်မောင်”
ဖြစ်ပါတယ်၊ သူက အခုတော့ ဘလော့ မရေးတော့ပါ။ အဲဒီနောက်ပိုင်း
နည်းပညာဆိုင်ရာ ကူညီခဲ့တဲ့ သူတွေက “ကိုတေဇာတေ”၊ ရုရှားနိုင်ငံ
မှာ ပညာလာသင်တဲ့ ညီငယ်တစ်ဦး (သူ့ခွင့်ပြုချက် မတောင်းထားမိ
လို့ အမည် မဖော်ပြနိုင်တဲ့အတွက် စိတ်မကောင်းပါ)၊ “ကိုမင်းကျော်”
တို့ ဖြစ်ပါတယ်။




နည်းပညာပိုင်းနဲ့ ပက်သက်ပြီး အမြဲတမ်း ကူညီနေတဲ့သူက ကိုလင်းထက်
ဖြစ်ပါတယ်။ အခုမြင်တွေ့နေရတဲ့ ဘလော့ရဲ့ အပြင်အဆင် အကုန်လုံး
နီးပါးဟာ “ကိုလင်းထက်” ရဲ့ ကူညီမှုတွေ ဖြစ်ပါတယ်။ C-box ထဲမှာ ပထမ
ဆုံး လာရောက် ကြိုဆို နူတ်ဆ က်တဲ့သူတွေက ကိုသက်ဦး၊ မသင်းသင်း
အေးအောင် (ဘာဂမ်၊ နော်ဝေး)၊ ကုလားလေး (၁၉၈၉-၉၀ BESU အ.က.သ
ရန်ကုန်တိုင်း အဖွဲ့ဝင် ကျောင်းသားဟောင်း၊ ခေတ္တ- စင်္ကာပူ)တို့ ဖြစ်ပါ
တယ်။ “ဧရာဝတီ” သတင်း စာမျက်နှာနဲ့ “VOA မြန်မာဌာန” တို့ရဲ့ အစီ
အစဉ်တချို့မှာ မှတ်ချက်ပေး အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါတယ်။ ယခင်
က ဝေဖန်ရေး ပါဝင်တဲ့ “သရော်”စာ ရေးသားတင်ပြမှုကြောင့် C-box
ကို ပိတ်ထားရတဲ့ အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။




“ပျူနိုင်ငံ” ဘလော့မှာ ဖော်ပြရေးသားခဲ့တဲ့ “သရဲ တစ္ဆေ” ဇာတ်လမ်း
တွေကို ကော်ပီ Copy ကူးပြီး အီမေးလ်ကတဆင့် ဖြန့်ဝေသူတွေ
ကြောင့် စိတ်မသက်မသာ ဖြစ်မိပါတယ်။ ဒါကြောင့် အပိုင်းလိုက်
ရေးသားနေတဲ့ တချို့ အပိုင်းတွေကို PDF ဖိုင် ပြုလုပ်ပြီး ပို့စ်မှာ
တင်ခဲ့ပါတယ်။ google reader ဖက်ကနေ ကူးယူလို့ မရအောင်
လုပ်ခဲ့ပါတယ်။ ဒီအတွက် စာဖတ်သူအနေနဲ့ အခက်အခဲ ဖြစ်ခဲ့ရင်
ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ။




ယခုရင်ဆိုင်နေရတဲ့ မဲဝဲ (malware) ပြဿနာကြောင့် ဘလော့
ရေးရတဲ့ အဖြစ်ဟာ စိတ်မသက်မသာ ဖြစ်လာပါတယ်။ အခြားဘလော့
ဂါတွေရဲ့ နောက်ဆုံးပို့စ်တွေကိုလည်း ကိုယ်တိုင်ရော အခြားစာဖတ်သူ
မိတ်ဆွေကိုပါ သိစေချင်ပါတယ်။ မဲဝဲ ပြဿနာဟာ နောင်လာမယ့်
၂- လ၊ ၃- လအထိ ဖြေရှင်းလို့ မရတော့ဘူးဆိုရင်တော့ ဂူဂဲလ် (google)
နဲ့ ပျူနိုင်ငံ တို့ “ကတ္တီပါလမ်းခွဲ” လုပ်ရင်ကောင်းမလားလို့ စဉ်းစား
နေဆဲပါ။

လောလောဆယ် ဖြစ်ပျက်နေတဲ့ မဲဝဲ (malware) ပြဿနာကြောင့်
ဆိုဒ်ဘားမှာ ချိတ်ဆွဲခဲ့တဲ့ လင့်ခ်ပေါင်းများစွာကို ဖြုတ်ချထားရပါတယ်။
ဘလော့ရေးဖော်ရေးဖက်တွေထံလည်း အလည်အပတ်သွားဖို့
ပျက်ကွက်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဘယ်သူ ဘယ်နေ့
က ပို့စ်အသစ်တင်လိုက်လဲဆိုတာကို google reader ကနေ လှည့်
ပတ်ပြီး ဖတ်ရှုနေရပါတယ်။

စာလာဖတ်တဲ့ စာဖတ်သူ မိတ်ဆွေများ၊ ဘလော့ရေးဖော်ရေးဖက်
မိတ်ဟောင်း မိတ်သစ်များအားလုံး ချမ်းသာ ကိုယ်စိတ် မြဲပါစေ …။

-စစ်ငြိမ်းဒီရေ

26 comments:

မောင်မျိုး said...

Happy Birthdayး) ၃ နှစ်အတွင်း ကြံ့ကြံ့ခံတိုက်ပွဲဝင်ခဲ့တာပေါ့ ဆက်လက် ဘလော့ဂင်နိုင်ပါစေ ။

မေဓာဝီ said...

ကိုအောင် ဘလော့ ၃ နှစ်သားလေး နှစ်ပေါင်း များစွာ တည်တံ့ပါစေလို့ ဆုတောင်းပါတယ်။
မယ်ဝဲကြောင့်တော့ စိတ်မသက်မသာ မဖြစ်ပါနဲ့ ကိုအောင်ရေ ... တခြားဘလော့ဂါတွေတောင် ၀ဲတွေနဲ့ ဆက်ရေးနေကြတာပဲ။
သူကပဲ ၀ဲနဲ့သတ်မလား ကိုယ်ကပဲ ဇွဲနဲ့ဆက်မလား ... ပျူနိုင်ငံကြီး ဆက်လက် အဓွန့်ရှည်တာကိုသာ မြင်ချင်ပါတယ်။

Anonymous said...

အယ် ...
Anniversary ကျင်းပတာ
လက်ဗလာ နဲ့ မကျင်းပ နဲ့ လေ ...း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

လင်းထက် said...

သုံးနှစ်မှသည် နောက် နှစ်သုံးဆယ် ဆီသို့...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ကောင်းတဲ့ ဘလောဂ့်တစ်ခုမို့ နှစ်ပေါင်းများစွာ တည်တံ့နေစေချင်ပါတယ်..
ရသစုံအောင် ရေးနိုင်တာမို့ စာတွေအများကြီးရေးပါဦး ကိုအောင်
နောင် နှစ်များစွာ များစွာတိုင်ပေါ့နော်
၃နှစ်သားလေး ပျော်ရွှင်ကျန်းမာ ၀ဲရောဂါပျောက်ပါစေသော်း)

မိုးယံ said...

ဆက်ဂင်းနိုင်ပါစေ ကိုအောင်ရေ.. အနော်ကတော့ သရဲတစ္ဆေတွေနဲ့ စတင်ရင်းနှီးလာတဲ့သူပါဗျာ..

ဘာပဲဖြစ်ဖြစ် ဆက်လက်အားပေးဆဲ.. နောက်ဆုံး ၀ဲ ပြဿနာတောင် ကိုအောင် ဆီက သတင်းရပြီး ကိုလင်းထက် အကူအညီနဲ့ အဆင်ပြေပါတယ်.။ ကိုယ်မသိတဲ့ နေရာတွေ ညွှန်ပြပေးတာရော.၊ သုတ ရသတွေ စုံလင်အောင် စားသုံးခွင့်ရတာ ကျေးတမာဒယ်။ နှစ်ပတ်လည် မှာ ဘာမှ စားသုံးခွင့်မရတာ ဟာတာတာပါ။

ပျော်ရွှင်အောင်မြင်စွာ ဆက်လက်တည်တံ့နိုင်ပါစေခင်ဗျာ။

သက်ဝေ said...

သုံးနှစ်မှသည်... နှစ်ပေါင်းများစွာသို့...း))

ပေါက် said...

လုပ်သား..
အဲ့လေ..
အရှေ့က မသီတာကရှေ့သို့လို့ပြောနေတာကိုးး.။
ဆက်လက်ချီတက်ပါ..။


ပေါက်

pandora said...

မနားတမ်း ဆက်လက်ချီတက်နိုင်ပါစေ.. သရဲဗိုလ်ကြီး :)

ကိုဇော် said...

သုံးနှစ်မှ နှစ်ပေါင်းများစွာ တည်ငြိမ်အေးဆေးစွာ ဆက်လက် စိတ်ကူးတွေ ပုံဖော်နိုင်ပါစေ။

rose said...

ိကိုအောင်၏ ဘလော့ဂ်လေး ၃ နှစ်ပြည့်မှသည် ထာဝရ တည်တံ့နိုင်ပါစေရှင်။

သိင်္ဂါကျော် said...

နောင်နှစ်ပေါင်းများစွာ စာတွေ ဆက်လက် ရေးသားနိုင်ပါစေ...

ချမ်းလင်းနေ said...

သုံးနှစ်အရွယ် ဘလောခ်တစ်ခု ခိုင်ခိုင်မာမာရပ်တည်လာနိုင်ခဲ့လို့ ကိုအောင်ကို လေးစားပါတယ်ဗျာ။ နောင်ဒီထက်မက တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဘလောက်က မေးလ်ဝဲဒဏ်ကတော့ ဘယ်တော့မှ အပြီးသတ်မလဲမသိဘူး။ ဝေါပရက်စ်မှာတော့ ဒီလိုမျိုးမရှိဗျ။ ဘလောခ့်ကို https အနေနဲ့ ပေးသုံးရင်တော့ ဒီလိုဖြစ်လာစရာ မရှိလောက်တော့ပါဘူးဗျာ။ အဲဒီအချိန်ကိုပဲ မျော်ကြရဦးမှာပေါ့။

sosegado said...

ဆက်လက်ချီတက်ကြတာပေါ့၊ ပျူနိုင်ငံ ဆိုတာကိုစသိသိရခြင်း
ပျူအဆက်အနွယ်တွေကျန်နေသေးလားဆိုပြီး တွေးမိပါသည်၊
ပျူနိုင်ငံက ကိုအောင်ရေ၊

ကောင်းမွန်ဝင်း said...

မင်္ဂလာပါ။
ကိုအောင့်ကို၃နှစ်ပြည့် အမှတ်တရအနေနဲ့ ကျေးဇူးတင်စကားပြောပါရစေ။
ကျွန်မဘလော့ဂ်ကို ပထမဆုံးလင့်ခ် လာချိပ်သွားတာ ကိုအောင်ပါပဲ။
လင့်မချိပ်ပေးခင်က လာဖတ်သူ များလှ လွန်ရောကျွံရော ၅ယောက်ပဲရှိခဲ့ပါတယ်။
ခင်မင်စွာဖြင့်

ကိုရင်ညိန်း said...

သရဲကားကလည်းကြည့်ချင် ကြောက်ကလည်းကြောက် ဆိုတော့ အသံလေးပိတ်ပြီးကြည့်ရတယ် ။ အတော်အကြောက် သက်သာတယ် ။ အဲ ကိုအောင့်စာ ဖတ်တော့ကျ ပြောင်းပြန် ကြောက်ကလည်းကြောက် စာကလည်းဖတ်ချင်ဆိုတော့ သီချင်းလေးဖွင့်ထားရတယ် ။
ဒီလိုနဲ့ပဲ သရဲခြောက်တဲ့ ပျူနိုင်ငံကြီး ဆက်လက် ချီတက်နိုင်ပါစေလို့ ကြောက်ကြောက်နဲ့ပဲ ဆုတောင်း လိုက်တယ် ။ အဟေးဟေး ။

ကိုရင်ညိန်း

AATO said...

ဆက်ဂင်း နိုင်ပါစေဗျား။

AATO

Nge Naing said...

Happy Birthday!!! ပျော်ရွှင် စွာ ဆက်လက်ရေးသားနိုင်ပါစေ။ နောက်ကျသွားတာဆောရီးနော့်။ ဘလေ့ဂ်မှာ malware တွေကို ကုပြီး Link တွေ ဖြုတ်ထားတာအပြင် လိုက်လည်ဖို့လည်း အချိန်သိပ်မရတာနဲ့ ဘယ်သူအသစ်တင်မှန်းလည်း မသိဘူး။ နောက်မှ စိတ်ချရမှ Link တွေ ပြန်ချိတ်ရမယ်။

မြစ်ကျိုးအင်း said...

ဆက်လက်ချီတက်ကြပါစို့

Anonymous said...

အားပေးလျက်ပါ ကိုအောင်ရေ....:)

ချစ်ကြည်အေး

Kay said...

Kay said on 24 February 2011 15:24

ကိတ်မုန့်လေး ဘာလေး နဲ့ လာကန်တော့လေ..း)
ဒီကပဲ..မွေးနေ့ ကိတ် ပြန်ပေးလိုက်ပါတော့မယ်..

sonata-cantata said...

sonata-cantata said on 24 February 2011 15:36
ရှေ့သို့ ...
(စာစောင် နာမည် မဟုတ်ပါ။ အားပေးတာပါ။)

ဒီမိုဝေယံ said...

ကိုအောင်ရေ (၃)နှစ်မြောက် ဘလော့(ဂ်) အောင်မြင်မှုတွေနဲ့ ဆက်လက် တည်တံ့နိုင်ပါစေ.. အရေးအသားကောင်းတဲ့ ပျူနိုင်ငံ ဘလော့(ဂ်)ပိုင်ရှင် ကိုအောင်.. အောင်မြင်မှု ပျော်ရွှင်မှုတွေ
အမြဲခညောင်းနိုင်ပါစေ..

ခင်မင်စွာဖြင့်
ဒီမိုဝေယံ

စော(အ၀ါရောင်မြေ) said...

Happy Blog birthday

လူဘဝကို ရလာတာဟာ ဒုက္ခနှင့် သုက္ခတွေကို ရင်ဆိုင်ဖို့ ရှောင်လွဲလို့  မရနိုင်ပါဘူး။ ဒီလိုပဲ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ ဒီလိုပဲ ဖြတ်ကျော်သွားရမှာပေါ့။ စိတ်ဓာတ်မကျကောင်းဘူးနော်။
ပျော်ရွှင်ချမ်းမြေ့ ပါစေ

ကလူသစ် said...

ဝဲကင်းကင်းနဲ့ ဆက်လက် ဂင်းနိုင်ပါစေဗျာ

အဖြူရောင်နတ်သမီး said...

အစဉ်အားပေးလျှက်...
“ပျူနိုင်ငံ” ကြီး...
ဆက်လက်အဓွန့်ရှည်ပါစေသော်...