အင်တာနက်ပေါ်မှာ ကိုယ့်ဝါသနာနဲ့ကိုယ် (.com) (.net)
(blogspot) (co.cc) (wordpress) (info) တွေပေါ် မိမိတို့ ၀ါသနာ
အရ စာရေးနေကြသူ အပေါင်းအတွက် “အွန်လိုင်း ရွှေဝတ္ထုတိုဆု”
လာပါပြီ။ ပထမအကြိမ် ရွေးချယ် ဆုပေးမှုကို လာမယ့် ဧပြီလဆန်း
မှာ စတင်ပြုလုပ်မယ်လို့ သိရပါတယ်။ ရွေးချယ် ဆုပေးမှုတွေကို
(၃)လ တစ်ကြိမ် ပြုလုပ်ဖြစ်မယ်လို့လည်း ကြေညာထားပါတယ်။
ဆုအနေဖြင့် အမေရိကန်ဒေါ်လာ 100 တိတိ ချီးမြှင့်မယ်လို့ သိရ
ပါတယ်။
အကဲဖြတ်ဒိုင်များအဖြစ် ဆရာဦးဝင်းဖေ၊ ဆရာ နေ၀င်းမြင့်၊
ဆရာမ ခင်ခင်ထူး၊ ဦးဝင်းငြိမ်း(ရွှေအမြုတေ မဂ္ဂဇင်း)နှင့် ဦးမင်းဒင်
တို့က အကဲဖြတ် ရွေးချယ်မယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်
မှာ ၀ါသနာအရ “ရသ ၀တ္ထုတို” များ ရေးသားနေကြတဲ့ ၀ါသနာရှင်
များ၊ စာပေချစ်မြတ်နိုးသူ စာဖတ် ပရိတ်သတ်များအတွက် သတင်း
ကောင်းတစ်ခုလို့ ထင်ပါတယ်။ အသေးစိတ် အချက်အလက်တွေ
သိချင်ရင် “ရသ၀တ္ထုတို ရွေးချယ်ခြင်း” စာမျက်နှာပေါ်မှာ သွားရောက်
ဖတ်ရှုနိုင်ပါတယ်။ ကော်မန့်များ၊ C-box အတွင်း ၀င်ရောက် ရေးသား
ခြင်းများဖြင့် ဝေဖန်အကြံပြု နိုင်ပါတယ်။
မိမိတို့ ဖတ်ရှုမိတဲ့ စာမျက်နှာ လင့်ခ်များ၊ ရသ ၀တ္ထုတိုများ
ရှိရင်လည်း အီမေးလိပ်စာ admin@thebestnovel.com သို့ဖြစ်စေ
thebestnovel@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါတယ်။
ကော်မန့်မှ ဖြစ်စေ၊ C-box အတွင်း ဖြစ်စေ ပေးပို့နိုင်ပါတယ်။
ရသ၀တ္ထုတို ရွေးချယ်ခြင်း ဆုပေးပွဲ ဆိုဒ်ဖြစ်တဲ့ “ဤနေရာတွင်”
သွားရောက် ဖတ်ရှုနိုင်ပါတယ်။
-စစ်ငြိမ်းဒီရေ
0 comments:
Post a Comment