Sunday, 27 February 2011

ပျော်စရာ ရွှင်စရာ သရဲကမ္ဘာ

ဒီပိတ်ရက် စနေ၊ တနင်္ဂနွေမှာ ရေးလက်စ “လွင်ပြင်ခေါ်သံ
အခန်းဆက် မတင်နိုင်သေးပါ … စောင့်မျှော်နေသူတို့ ….
ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတချို့ကလည်း သူတို့အတွေ့အကြုံ
သရဲတစ္ဆေ ကိုယ်တွေ့အဖြစ်အပျက်တွေ ပြောပြထားတာလည်း
မှတ်ထားပါတယ်။ ဘလော့တွေလည်း မဲဝဲ ပြဿနာ ဖြစ်နေကြ
လို့ ပို့စ်အသစ်တွေ မတက်နိုင် မတင်နိုင်ပဲ သရဲ ခြောက်သလို
ခြောက်ကပ်ကပ် ဖြစ်နေသလား မပြောတတ် …။




တလောက ဂျီမေးလ်မှာ အင်းစိန် ဘ၀တက္ကသိုလ်ပြန် အကို
တစ်ယောက်နဲ့ ပြန်အဆက်အသွယ်ရတော့ …. “ကရင်မ”
သရဲ အကြောင်း ပြောဖြစ်ကြတယ်။ အင်းစိန်ထောင်ထဲမှာ
“ကရင်မ” ဆိုတဲ့ သရဲ ဇာတ်လမ်း ရှိပါတယ်။ ဒီဖက်ခေတ်တော့
မပြောတတ်တော့ပါ။ သရဲက အမျိုးသမီး သရဲမပါ။ အဲဒီ သရဲက
အိမ်မက်ထဲမှာလိုလို၊ ဂရောင်ခြောက်ချား ဘီလူးတက်စီးတဲ့ ပုံစံလိုလို
အခြောက်ခံရတဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ တခါတော့ သရဲတစ္ဆေကို
လုံးဝ အယုံအကြည်မရှိတဲ့ အကျဉ်းသားတစ်ယောက်က ညဖက်
အိပ်ခါနီး ဘာ အ၀တ်အစားမှ မ၀တ်ပဲ သရဲမကို ဖိတ်ခေါ်ပါတော့
တယ်။ မနက် မိုးလင်းတော့ အအေးပတ်ပြီး လေဖြတ်သလိုလို
ဖြစ်သွားတော့ ထောင်ဆေးရုံဆီ ရောက်သွားပါတော့တယ်။ ဆေးရုံ
က ပြန်ဆင်းလာတော့ အယုံအကြည်မရှိအဆိုကို စွန့်လွတ်လိုက်
ပါတယ်။ သူ့ကို မြှောက်ပင့်ပေးတဲ့ လူတချို့ကို နားရင်း နှစ်ချက်စီ
ထောင်ဝါဒါက ချီးမြှင့်ပါတယ်။ ဒီအဖြစ်ကို ကြည့်ပြီး သရဲမက ဟားတိုက်
ရယ်မောနေမလား မပြောတတ် …

Read more »

Saturday, 26 February 2011

မဲဝဲ(malware) နောက်ဆက်တွဲ

ဘလော့ဂါအများစုမှာ ယနေ့ ဖြစ်ပွားနေတဲ့ မဲဝဲ ပြဿနာဟာ
ဖြေရှင်းရုံသက်သက်ဖြင့် အလွယ်တကူ ပျောက်သွားမယ့် ပြဿနာ
တစ်ခု မဟုတ်တော့ပါ။ ဆိုဒ်ဘား sidebar မှာ google reader က
တဆင့် ချိတ်ဆွဲထားတဲ့ လင့်ခ်တွေကို ဖြုတ်ချလိုက်၊ စစ်ဆေးပြီး
ပြန်ချိတ်လိုက်ဖြင့် မဲဝဲအပေါ် အနိုင်ယူလို့ မရပါ။

မဲဝဲဆိုတဲ့ ဗိုင်းရပ်စ် ဘယ်နေရာက လာလဲလို့ အိုင်တီ ကျွမ်းကျင်သူ
တွေ၊ အိုင်တီနဲ့ အကျွမ်းတ၀င် ရှိတဲ့လူတွေလည်း ရှာဖွေနေဆဲပါ။
ကျနော်လည်း ဟိုစမ်း ဒီစမ်းဖြင့် လိုက်ရှာကြည့်ပါတယ်။ ကျနော်တို့
ဘလော့ဂါတွေက စာရေးရင် လင့်တချို့ကို ထည့်သွင်းပြီး ညွှန်းလေ့
ရှိပါတယ်။ အဲဒီအညွှန်းခံရတဲ့ မိတ်ဆွေဘလော့ဂါက အကြောင်း
အမျိုးမျိုးကြောင့် ဘလော့ ဆက်မရေးဖြစ်တော့ပဲ သူ့ဘလော့ကို
ဖျက်လိုက်ရင် အဲဒီ “မဲဝဲ” ဖြစ်နိုင်စေတဲ့ သဘော စတင် မွေးဖွား
ပါတယ်။ ပြီးတော့ sidebar မှာ google reader ကတဆင့် ချိတ်ဆွဲ
ထားတဲ့ မိတ်ဆွေဘလော့ဂါတွေရဲ့ နောက်ဆုံးပို့စ်ဆိုတဲ့ ပြဿနာပါ။
ကိုယ့်ဘလော့မှာ ချိတ်ထားတဲ့ လင့်ခ်တွေထဲမှာ ဘလော့ ဆက်
မရေးဖြစ်တော့တဲ့ ဘလော့ဂါအဟောင်းတွေ ဆက်ရှိနေရင်
အဲဒီနေရာမှာလည်း “မဲဝဲ” ဖြစ်လာနိုင်ပါတယ်။ အခုလက်ရှိ မဲဝဲ
အပေါ် သုံးသပ်ပြောဆိုမှုတွေက “လင့်ခ်အသေ” ပြဿနာပါ။

ကျနော် အမြင်အရတော့ blog admin မှာ ဘလော့ပိုင်ရှင် တစ်ဦးပဲ
ရှိတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ blog admin မှာ နှစ်ဦး
သို့မဟုတ် သုံး … လေးဦး ရှိတယ် ဆိုပါစို့၊ ကိုယ့်ဘလော့ admin
မှာ ပါဝင်နေတဲ့သူဟာ တခြားနေရာမှာလည်း ဘလော့တွေ၊ အခြား
ဘလော့တွေရဲ့ admin မှာ ပူးတွဲ ထားရင် အဲဒီ “မဲဝဲ” ဟာ အလို
အလျောက် လိုက်ပါကူးစက်ဖို့ လွယ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်
ရင်တော့ Blog admin မှာ တစ်ဦးပဲ ထားနိုင်ရင် ထားကြပါ။

နောက်တစ်ချက်က “Followers” ဆိုတဲ့ အရာကို ဘလော့တွေ
ရဲ့ ဆိုဒ်ဘားမှာ ချိတ်ဆွဲထားမှုပါ။ ဘလော့မှာ follow လိုက်လုပ်တဲ့
ဘလော့ဂါတွေရော ကိုယ့်ဘလော့အပေါ် သဘောကျလို့ ထောက်ခံ
သူတွေပါ အလွယ်တကူ follow လုပ်လို့ ရပါတယ်။ ဂျီမေးလ်အကောင့်
တစ်ခု ရှိရုံနဲ့ ဘယ်ဘလော့ကို မဆို follow လိုက်လုပ်လို့ ရပါတယ်။
အဲဒီ mail account နဲ့လည်း facebook တို့ အခြားနေရာတွေမှာ
လည်း သုံးကြပါတယ်။ တချို့ mail account တွေဟာ spam ပို့တယ်
ဆိုပြီး အတိုင်ခံထားရတာတွေ ရှိပါတယ်။ အဲလို အတိုင်ခံထားရတာ
ကို မဖြေရှင်းတတ်လို့ မဖြေရှင်းပဲ ဆက်သုံးနေတဲ့ mail account
ပိုင်ရှင်တွေ အများအပြား ရှိပါတယ်။ အဲဒီ mail account ပိုင်ရှင်ဟာ
ကိုယ့်ဘလော့မှာ follow လာလုပ်ရင်ရော အဲဒီဘလော့ဟာ ရေရှည်မှာ
ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိဘလော့ရဲ့
စာမျက်နှာပေါ်ကနေ “followers” ဆိုတဲ့ဟာကို ဖျောက်ထားသင့်
ပါတယ်။

အခု ဆက်လက်ဖြစ်ပွားနေတဲ့ “မဲဝဲ” ပြဿနာက ကော်မန့် comments
ကနေ “မဲဝဲ” ပြန်ဖြစ်တဲ့ ပြဿနာပါ၊ ဥပမာ … ဒီနေ့ ဘလော့ဂါက ပို့စ်
အသစ်တစ်ခု တင်တယ် ဆိုပါတော့၊ သူ့ဆီမှာ မိတ်ဆွေတွေရော အပြင်
လူတွေပါ ကော်မန့် comments တွေ ၀င်ရေးကြပါတယ်။ ကော်မန့်
လာရေးသွားတဲ့လူက ဒီနေ့အဖို့ သူ့ဆီမှာ .. သူ့ဘလော့မှာ “မဲဝဲ”
မရှိလို့ သူ့ရဲ့ URL လင့်ခ်ပါ ခြေရာ ချန်သွားပါတယ်၊ ကိုယ်ကလည်း
ကိုယ့်ဘလော့ကို မဲဝဲ ရှင်းထားပြီး လာရေးတဲ့ ကော်မန့်ကို လက်ခံလိုက်
တယ် ဆိုပါစို့၊ နောက်နေ့ကြတော့ သူ့ဘလော့မှာ “မဲဝဲ” ထိသွားတာနဲ့
သူ လာရေးခဲ့တဲ့ ကိုယ်ရဲ့ ပို့စ် “Post” မှာပါ ရောပြီး “မဲဝဲ” ထိပါတော့တယ်။
အဲဒီလိုဖြစ်ပြီး “မဲဝဲ” ကင်းတယ်လို့ ပြောတဲ့ ဘလော့ဂါတွေ “မဲဝဲ” ပြန်ထိ
နေတာ မနည်းတော့ပါဘူး။ ဒါကြောင့် ကော်မန့် ရေးတဲ့နေရာမှာ အောက်
မှာ ပြထားတဲ့ ဇယားကွက်ထဲကလို Name နေရမှာ- ကိုယ့်အမည်ကိုဖြည့်၊
URL နေရာမှာ လုံးဝ မဖြည့်ပဲ ကော်မန့် ရေးတာ အကောင်းဆုံးပါ။



ဘလော့ဂါတွေလည်း မော့ဒရိတ် လုပ်ထားသင့်ပါတယ်၊ ကော်မန့်တွေ
ကို အလွယ်တကူ Publish -ခွင့်ပြုတာမျိုး မလုပ်ကြပါနဲ့၊ မော့ဒရိတ်လုပ်
ထားရင်တောင် လာရေးတဲ့ ဘလော့ဂါကို စစ်ကြည့်ပြီးတာနဲ့ အလျင်အမြန်
Publish မလုပ်သင့်ပါ၊ နောက်တစ်နေ့ လာရေးတဲ့သူ “မဲဝဲ” ထိသွားရင်
ကိုယ်ပါရောပြီး ပို့စ်တစ်ခုလုံး “မဲဝဲ” လာထိနိုင်ပါတယ်။



မော့ဒရိတ်- Moderate လုပ်ပုံလုပ်နည်းက …
Blog ထဲကို ၀င်ပါ၊ Setting ကို သွားပါ၊ Comments ကို နှိပ်ပါ …
ပြီးရင် Who Can Comment? နံဘေးက Anyone ကို ကလစ်ပါ ...
Full page ပါ ကလစ်ထားပါ ...



ပြီးရင် Comment Moderation မှာ Always ကို ကလစ်ပါ
အီမေးလ် လိပ်စာနေရာမှာ ကိုယ့်အီမေးလ်လိပ်စာကို ထည့်ရိုက်
ထားပါ …






အကောင်းဆုံးကတော့ ကိုယ့်ဘလော့မှာ လာရေးကြတဲ့ ကော်မန့်
တွေကို ကော်ပီကူးပြီး ကိုယ်ကိုယ်တိုင် ပြန်ဖြည့်တဲ့နည်းဟာ ကော်မန့်က
တဆင့် ကူးစက်လာမယ့် “မဲဝဲ”အပေါ် အတားဆီးနိုင်ဆုံး နည်းပါ …

-စစ်ငြိမ်းဒီရေ
Read more »

Thursday, 24 February 2011

ဘလော့ သုံးနှစ်ပြည့်

“ပျူနိုင်ငံ” ဘလော့ဆီ တိုက်ရိုက်လာတဲ့ မိတ်ဆွေများ၊ “ဒီမိုဝေယံ
ရဲ့ စာမျက်နှာ၊ “မေနှင်းအေး ဗွီဒီယို” ရဲ့ စာမျက်နှာ၊ အမကြီး
မခင်ဦးမေ” တို့ စာမျက်နှာနဲ့ မိတ်ဆွေ ဘလော့ စာမျက်နှာများ
ကတဆင့် လာကြတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါ ….




(၂၄.၀၂.၂၀၁၁)နေ့မှာ “ပျူနိုင်ငံ” ဘလော့ (၃)နှစ်ပြည့်ပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ မြန်မာပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်
တော်လှန်ရေးကာလမှာ မြန်မာစာဖြင့် ရေးသားသော သတင်းနဲ့ အခြားသော
ဘလော့ဂါတွေရဲ့ အခန်းကဏ္ဍဟာ ထင်ရှားခဲ့ပါတယ်။ “ပျူနိုင်ငံ”ဘလော့
ကို ၂၀၀၇ ခုနှစ် “ရွှေဝါရောင် တော်လှန်ရေး” နဲ့ ၂၀၀၈ ခုနှစ် “နာဂစ်မုန်တိုင်း”
တို့ရဲ့ ကြားကာလမှာ စတင် ခဲ့ပါတယ်။ အင်တာနက်ပေါ် ဘလော့တွေထဲမှာ
ပထမဆုံး ဖတ်ရှု သဘောကျခဲ့တဲ့ ဘလော့က “မာယာ” ဖြစ်ပါတယ်။ ဘလော့
လုပ်ဖို့ တိုက်တွန်းခဲ့တဲ့သူကတော့ ကိုမိုးမောင်မောင် (အော်စလို၊ နော်ဝေး)
ဖြစ်ပါတယ်။ ဘလော့အမည်ကို “ပျူနိုင်ငံ”လို့ ပေးခဲ့ပါတယ်။ ကွယ်လွန်သူ
သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းဆိုင်ရာ
ကြိုးစားအားထုတ်မှုကို သဘောကျပြီး ဒီအမည်ကို ပေးခဲ့ပါတယ်။




ပထမဆုံး ဘလော့ ရေးဖော်ရေးဖက်တွေက “မောင်မျိုး” နဲ့ “မေ
တို့ ဖြစ်ပါတယ်။ လူသိများလာအောင် အစောဆုံး လင့်ခ်ချိတ်ပေးခဲ့
တဲ့ ဘလော့ဂါများကတော့ “ကိုလူသစ်”၊ “ကိုအောင်သာငယ်”နဲ့
မကေ”တို့ ဖြစ်ပါတယ်။ ကြော်ငြာပေးခဲ့တဲ့သူက “ကိုသက်ဦး
ဖြစ်ပါတယ်။ ဘလော့ကို ပထမဆုံး လုပ်ပေးခဲ့တဲ့သူက “ကိုသွင်မောင်”
ဖြစ်ပါတယ်၊ သူက အခုတော့ ဘလော့ မရေးတော့ပါ။ အဲဒီနောက်ပိုင်း
နည်းပညာဆိုင်ရာ ကူညီခဲ့တဲ့ သူတွေက “ကိုတေဇာတေ”၊ ရုရှားနိုင်ငံ
မှာ ပညာလာသင်တဲ့ ညီငယ်တစ်ဦး (သူ့ခွင့်ပြုချက် မတောင်းထားမိ
လို့ အမည် မဖော်ပြနိုင်တဲ့အတွက် စိတ်မကောင်းပါ)၊ “ကိုမင်းကျော်”
တို့ ဖြစ်ပါတယ်။




နည်းပညာပိုင်းနဲ့ ပက်သက်ပြီး အမြဲတမ်း ကူညီနေတဲ့သူက ကိုလင်းထက်
ဖြစ်ပါတယ်။ အခုမြင်တွေ့နေရတဲ့ ဘလော့ရဲ့ အပြင်အဆင် အကုန်လုံး
နီးပါးဟာ “ကိုလင်းထက်” ရဲ့ ကူညီမှုတွေ ဖြစ်ပါတယ်။ C-box ထဲမှာ ပထမ
ဆုံး လာရောက် ကြိုဆို နူတ်ဆ က်တဲ့သူတွေက ကိုသက်ဦး၊ မသင်းသင်း
အေးအောင် (ဘာဂမ်၊ နော်ဝေး)၊ ကုလားလေး (၁၉၈၉-၉၀ BESU အ.က.သ
ရန်ကုန်တိုင်း အဖွဲ့ဝင် ကျောင်းသားဟောင်း၊ ခေတ္တ- စင်္ကာပူ)တို့ ဖြစ်ပါ
တယ်။ “ဧရာဝတီ” သတင်း စာမျက်နှာနဲ့ “VOA မြန်မာဌာန” တို့ရဲ့ အစီ
အစဉ်တချို့မှာ မှတ်ချက်ပေး အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါတယ်။ ယခင်
က ဝေဖန်ရေး ပါဝင်တဲ့ “သရော်”စာ ရေးသားတင်ပြမှုကြောင့် C-box
ကို ပိတ်ထားရတဲ့ အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။




“ပျူနိုင်ငံ” ဘလော့မှာ ဖော်ပြရေးသားခဲ့တဲ့ “သရဲ တစ္ဆေ” ဇာတ်လမ်း
တွေကို ကော်ပီ Copy ကူးပြီး အီမေးလ်ကတဆင့် ဖြန့်ဝေသူတွေ
ကြောင့် စိတ်မသက်မသာ ဖြစ်မိပါတယ်။ ဒါကြောင့် အပိုင်းလိုက်
ရေးသားနေတဲ့ တချို့ အပိုင်းတွေကို PDF ဖိုင် ပြုလုပ်ပြီး ပို့စ်မှာ
တင်ခဲ့ပါတယ်။ google reader ဖက်ကနေ ကူးယူလို့ မရအောင်
လုပ်ခဲ့ပါတယ်။ ဒီအတွက် စာဖတ်သူအနေနဲ့ အခက်အခဲ ဖြစ်ခဲ့ရင်
ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ။




ယခုရင်ဆိုင်နေရတဲ့ မဲဝဲ (malware) ပြဿနာကြောင့် ဘလော့
ရေးရတဲ့ အဖြစ်ဟာ စိတ်မသက်မသာ ဖြစ်လာပါတယ်။ အခြားဘလော့
ဂါတွေရဲ့ နောက်ဆုံးပို့စ်တွေကိုလည်း ကိုယ်တိုင်ရော အခြားစာဖတ်သူ
မိတ်ဆွေကိုပါ သိစေချင်ပါတယ်။ မဲဝဲ ပြဿနာဟာ နောင်လာမယ့်
၂- လ၊ ၃- လအထိ ဖြေရှင်းလို့ မရတော့ဘူးဆိုရင်တော့ ဂူဂဲလ် (google)
နဲ့ ပျူနိုင်ငံ တို့ “ကတ္တီပါလမ်းခွဲ” လုပ်ရင်ကောင်းမလားလို့ စဉ်းစား
နေဆဲပါ။

လောလောဆယ် ဖြစ်ပျက်နေတဲ့ မဲဝဲ (malware) ပြဿနာကြောင့်
ဆိုဒ်ဘားမှာ ချိတ်ဆွဲခဲ့တဲ့ လင့်ခ်ပေါင်းများစွာကို ဖြုတ်ချထားရပါတယ်။
ဘလော့ရေးဖော်ရေးဖက်တွေထံလည်း အလည်အပတ်သွားဖို့
ပျက်ကွက်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဘယ်သူ ဘယ်နေ့
က ပို့စ်အသစ်တင်လိုက်လဲဆိုတာကို google reader ကနေ လှည့်
ပတ်ပြီး ဖတ်ရှုနေရပါတယ်။

စာလာဖတ်တဲ့ စာဖတ်သူ မိတ်ဆွေများ၊ ဘလော့ရေးဖော်ရေးဖက်
မိတ်ဟောင်း မိတ်သစ်များအားလုံး ချမ်းသာ ကိုယ်စိတ် မြဲပါစေ …။

-စစ်ငြိမ်းဒီရေ
Read more »

Monday, 21 February 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၈)

(မဲဝဲ ထိသွားလို့ အသစ်ပြန်တင်တာပါဗျို့၊ ဘယ်ကော်မန့်က
မဲဝဲ လာထိသွားလဲ မသိဘူး၊ ဒီဝဲနဲ့တော့ ဒုက္ခပါပဲ ... :P)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့်
ကြောက်ရွံ့ထိတ်လန့်တတ်သူများ မဖတ်ရှုသင့်ပါ။)


ယခင် အပိုင်း(၇)မှ အဆက် …

ညရဲ့ မှောင်မိုက်မှုနဲ့ တိတ်ဆိတ်ခြင်းဟာ တစုံတရာကို လက်ယပ်
ခေါ်နေသလို မိကျော့တို့ အိမ်ပေါ်ထပ်နဲ့ အောက်ထပ်မှာ စုဝေး
အိပ်စက်နေတဲ့ သူတို့အဖို့ ပြောလို့မဆုံးနိုင်တဲ့ ထင်မြင်ချက်တွေ
လည်း တော်တော်နဲ့ အဆုံးမသတ်နိုင်ခဲ့ပါ။ သတိလစ်ပြီး အိပ်ပျော်
နေဆဲ သံခဲလေးတစ်ယောက် ဘယ်ညာ လူးလိမ့်သွားရင်တောင်
သတိ ပြန်ရတော့မလားလို့ ၀ိုင်းကြည့်နေတဲ့ သူတို့အားလုံး သက်ပြင်း
ချရုံမှတပါး အခြားမရှိပါ။

ည (၁၂)နာရီ ကျော်ကာစ ရွာတောင်ပိုင်းဖက်မှ ထွက်ပေါ်လာတဲ့
ဆိုင်းသံဗုံသံများကြောင့် စုဝေးနေထိုင်တဲ့ အိမ်ပေါင်း (၂၀) က ပြတင်း
ပေါက်တွေ ဖွင့်ပြီး အသံလာရာဆီ နားစွင့်နေကြပါတယ်။ မင်းသမီးရဲ့
ဆွဲဆွဲငင်ငင် သီဆိုသံများ၊ လူရွှင်တော်များရဲ့ အတိုင်အဖောက်ညီညီ
ပျက်လုံးများကြောင့် လိုက်ပဲ ရီရမလား၊ အမှန်တကယ် မရှိဘူးဆိုတဲ့
အသိနဲ့ ကြောက်ပဲ နေရမလားဆိုတာ သူတို့ ဝေခွဲရ ခက်နေပါတယ်။





သူတို့ခြံတွေရှေ့ လှည်းလမ်းပေါ်ကနေ တချက် တချက် ထွက်
ပေါ်လာတဲ့ လှည်းမောင်းသံများ၊ လှည်းများပေါ် လိုက်ပါသွားသူ
တို့ အချင်းချင်း စ’နောက်ရယ်မောသံများကြောင့် သာဂိ၊ လှဆောင်
နဲ့ ကိုမျိုးသိမ်းတို့က လောက်လေးခွ တပြင်ပြင်နဲ့ ခြံစည်းရိုးအတွင်း
ကနေ လမ်းတွေပေါ် လှမ်းကြည့်နေကြပါတယ်။ ခြံတွေထဲ ရောက်
နေတဲ့ တရွာလုံးက ခွေးတွေရဲ့ အူသံများကြောင့် တချို့က ဟောက်
ကြ ဟမ်းကြ၊ တချို့ကတော့ ရေတွေနဲ့ လှမ်းပက်နေကြပါတယ်။
အဘစံတို့ ခြံဝိုင်းထဲက မကျီးပင်ပေါ် လက်နှိပ်ဓါတ်မီးရောင် တ၀င်းဝင်း
ဖြင့် လူငယ်တချို့ အတင်းလုတက်နေကြပါတယ် …

Read more »

Saturday, 19 February 2011

ရောင်နီလာနံနက်ခင်းဆီသို့ (အပိုင်း ၆)




ယခင်အပိုင်း(၅)မှ အဆက် ….

-လူသားတိုင်းမှာ တူညီတဲ့ လူ့အခွင့်ရေးရှိရမယ်
(မာတင်လူသာကင်း- ဂျူနီယာ)
-ဦးနေ၀င်းရဲ့ အဝေဖန်မခံရဲတဲ့စိတ်နဲ့ သူရဲဘောကြောင်
တဲ့ အာဏာယစ်မူးချင်တဲ့စိတ်ဓါတ်ကြောင့် မြန်မာနိုင်ငံ
မှာ လူ့အခွင့်ရေးတွေဆိတ်သုဉ်းလာခဲ့ရတယ်။
(ဗိုလ်မူးအောင်- ရဲဘော်သုံးကျိပ်ဝင်)

ဒီနေ့စကားဝိုင်းလေးကိုစတော့ ကိုသွေးက..
“ အကို ကျနော်တို့ ဒီနေ့ လူ့အခွင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့
ဆွေးနွေးချင်တယ် ” အားလုံးက လှုတ်လှုတ်ရွရွဖြစ်သွားပြီး
တပြိုင်နက်ထဲ သဘောတူထောက်ခံခဲ့ကြတယ်။

“ သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ကွာ….တို့နိုင်ငံမှာ အများစုက
လူ့အခွင့်ရေး ဆိုတာကို တော်တော်မသိကြတာကွ တကယ်တော့ သနားဘို့လည်းကောင်းပါတယ်…ဒီလိုဖြစ်အောင် စစ်အာဏာရှင်
အဆက်ဆက်က ကြိုးစားသွားတာကိုး ဒီတော့ ပထမဆုံးစပြီး
ပြောချင်တာက…လူ့အခွင့်ရေးဆိုတာဘာလည်း စဉ်းစားကြည့်ရ
အောင်…လူမှာ မျက်လုံးတွေပါ ပါတယ်...ကြည့်ဘို့ပါ…နားတွေပါ
ပါတယ်..နားထောင်ဘို့ပါ…ပါးစပ်တွေပါ ပါတယ်…ပြောဘို့ပါ စသဖြင့်
ပေါ့…ဒါတွေဟာ သဘာဝလောကကြီးကနေ လူသားတွေအတွက်
ဖန်တီးပေးထားတဲ့ မွေးရာပါအခွင့်ရေးတွေပါ…ဒါတွေကို လူသား
အချင်း ချင်း လုပ်ဆောင်လို့မရအောင် ပိတ်ဆို့ခြင်းကို လူ့အခွင့်
ရေးချိုးဖောက်တယ်လို့ဆိုပါတယ်…..”

“ အော်..ဆိုလိုတာက..ပြောချင်တဲ့ အရာတွေကို မပြောနဲ့..ကြည့်
ချင်တဲ့အရာတွေကို မကြည့်နဲ့…နားထောင်ချင်တဲ့ အရာတွေကို
နားမထောင်နဲ့စတဲ့လုပ်ဆောင်ချက်တွေဟာ..လူ့အခွင့်ရေးချိုးဖောက်
မှုတွေပေါ့နော်..”စန်းမောင်ရဲ့ထိမိလှတဲ့ စကားထောက်လေးက
အားလုံးရဲ့စိတ်အစဉ်ကို ထိုးဖောက်ဝင်ရောက်သွားစေခဲ့တယ်။

Read more »

Friday, 18 February 2011

သူတို့ တင်ပြသမျှ (၁၈.၀၂.၂၀၁၁)နေ့



ကြော်ငြာပြီးတော့ ... ကြော်ငြာ (မြစ်ကျိုးအင်း)
ဆုကြေး ထပ်မံကြေငြာခြင်း (ရသ၀တ္ထုတိုရွေးချယ်ခြင်း)
cloud (မခင်ဦးမေ)
မုံရွာ- ပခုက္ကူ- ညောင်ဦး (စူးနွယ်)
ဘလော့ဂ်တာ … (၆) (မသီတာ)
ကြက်ဖနဲ့ လင်းလင်း လက်တွဲပြီ (myanmarcelebrity)
သြော်… မဲဝဲလ်လား … ရှိတယ် (ဇွန်မိုးစက်)
ပုဏ္ဏက ကျားမြီးဆွဲကောင်းခြင်း (ဘိုဘိုလန်းစင်)
တစ်နေ့လုံး ပျောက်ဆုံးနေတယ် ငါ (မနော်ဟရီ)
ဗန်ဂိုး ၊ မန့်ခ်နဲ့ ဆယ်စုနှစ်တစ်ခုက `ခေတ်ပေါ်ကဗျာ - ၁၀´
(equalsignpoetryetics)
ချစ်သူများနေ့- ၂၀၁၁ (စန္ဒကူး)
ဒီကဗျာကို မင်းဆိုက်ဆိုက်မြိုက်မြိုက် ဖတ်မိပါစေ မိနီ
(ကောင်းကင် မဂ္ဂဇင်း)
မဝင်းမြင့်၏ ပဏ္ဍုသေလာ အပိုင်း (၈) (မရွှေစင်ဦး)
ခြားနားခြင်း (မောင်မျိုး)
ထိုခဏ (ခိုင်စိုးလင်း)
မုံရွာ (စူးနွယ်)
Aeit-htiyahood in Modern Burma (ဘိုဘိုလန်းစင်)
စိတ်နေသဘောထား (နိုင်းနိုင်းစနေ)
Malware ပြဿနာ သတိပြုစရာ (Aung.info)
ဆေးဝါးနှင့် ဆယ်ကျော်သက် (နှင်းနုလွင်)
ထူးထူးဆန်းဆန်း မြင်းတိုက်ပွဲ (သက်တန့်ချို)
နှင်းဆီရောင် အိပ်မက် (မိုးငွေ့)
Jewelry Korean Profile (ပင့်ဂိုးလ်)
မမလေး ကိုင်စရာ (အစိမ်းရောင်လွင်ပြင်)
တိုတိုထွာထွာရယ်စရာ (Rose)
အမှတ်တရလေးများ (ရီတာ)
ဖေဖ်ါဝါရီ 18 ကျေးဇူးတင်လွှာ (မေသိမ့်သိမ့်ကျော်)
Good Man (ah-pauk)
တပို့တွဲလပြည့် … (ခွန်မြလှိုင်)
Lighting room tutorial e book (ကိုမောင်လှ)
ပျင်းတောင် ပျင်းသေးတယ် (မခင်ဦးမေ)
Read more »

Thursday, 17 February 2011

သူတို့ တင်ပြသမျှ (၁၇.၀၂.၂၀၁၁)နေ့



smooth operator (ဖြိုးဖြိုးလှိုင်)
Wild Wild Wed (18) (ဒီကိုလာ)
တကိုယ်ထဲနွှဲတဲ့ တပို့တွဲ ထမနဲ (မေဓာဝီ)
ချစ်ကြ၊ မုန်းကြ၊ ကွဲကြသည် (လေ့လာဖူးသမျှ ဗေဒင်ပညာ)
မဝင်းမြင့်၏ ပဏ္ဍုသေလာ အပိုင်း (၇) (မရွှေစင်ဦး)
ရင်ဝှက်ရှိုက်သံ (လပြည့်ရိပ်)
ဘာသာစကားကဗျာနှင့် နောက်ဆက်တွဲ (တောကျောင်းဆရာ)
အပေးအယူ (အဖြူရောင် လမ်းကလေး)
ဘာသာစကားနှင့် ပျော်စရာများ (ကြည်ကြည်)
နွေဦးရောက်ရင် (ဇူး)
ဆက်သွယ်မှု ဧရိယာပြင်ပ (မိုးငွေ့)
နွားနို့ခြောက် (စန္ဒကူး)
ဂျူဂျူလေးအတွက် .... (TTSweet)
မာယာပြက္ခဒိန်နှင့် ၂၀၁၂ … (ထက်အောင်လှိုင်)
စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီး (မချစ်ကြည်အေး)
Q and A February 2011 (ဒေါက်တာတင့်ဆွေ)
အမေဆိုတာ… (မမေငြိမ်း)
ပို့လန်း(၁) (ကိုအောင်သာငယ်)
နို့တလုံးစိန်စခန်းက ကျောက်ကျောက်မိုးဦး (ရွှေရတုမှတ်တမ်း)
ဘာရယ်တော့ မဟုတ်ဘူး (ကိုရန်အောင်)
Thai uniforms voted the sexiest in the world
(ကိုပီတာ)
မော်ဒန်ကိတ် (ညီလင်းသစ်)
ရာဇ၀င်ကို ဖြတ်သန်းခြင်း ၃ (ဘိုဘိုလန်းစင်)
လက်ရေတပြင်တည်း (ဘိုဘိုလန်းစင်)
၂၀၁၁ နှင့် သူမ၏ ကမောက်ကမ အဖြစ်များ-၁ (မြတ်နိုး)
အချိုပွဲ (Evy)
ချစ်သူ သိစေ (သဒ္ဓါလှိုင်း)
တခါက ဗာလင်တိုင်း (မချစ်ကြည်အေး)
Tips for Oily Skin (Shwe Beauty)
Site verified to be secure and free of malware
(သက်တန့်ချို)
သွယ်ဝိုက်သောနည်းဖြင့် ဆုံးရှုံးနေသော … (kyawkyawlay)
နိုင်ငံရေးစကား၊ နိုင်ငံရေးအဆိုအမိန့် (ကိုဥာဏ်- ပန်းလောင်မြေ)
ဖေဖ်ါဝါရီ ၁၇ ရက်နေ့ တရားအစီအစဉ်များ (Buddha FM)
ငါးဟင်းနဲ့ သစ်တိုသီး ငါးပိကျက် (Baby taster)
ကောက်နေတဲ့ သမိုင်းနဲ့ ဖြောင့်တန်းရဲဖို့သတ္တိ (မန်းကိုကို)
ဖီလာ (Counterproductive) (တေဇာ- လရောင်လမ်း)
မုန့်ဟင်းခါး (မခင်ဦးမေ)
အမှတ်တရ ရွှေ၆၀ (၀င်းငြိမ်း) (Myanmar Ebooks)
ကမ်ပူးချား (crystal)
အလုပ်အင်တာဗျူးမှာ မပြောသင့်သော စကားများ (Aung.info)
We R NEW YORKers 2 #b (ချောအိသိမ်း)
တစ်နှစ်ပြည့် သားသား (Mon Mon’ Diary)
ဇီးကွက်တစ်ကောင်နှင့် ... (မင်းတစေ)
Read more »

Wednesday, 16 February 2011

သူတို့ တင်ပြသမျှ (၁၆-၀၂-၂၀၁၁)နေ့



ကျွန်ုပ်၏ ၀ီကီလိဂ်-၈ (ကိုရင်ညိန်း)
ဘလော့လည်ရင်း သီချင်းသံပေါ်လာလို့ လန့်တတ်သူများအတွက်
(ကိုလင်းထက်)
မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၆) (မရွှေစင်ဦး)
ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- ၄ နဲ့ ၅ (TTSweet)
ပြောကို မပြောချင်တော့ဘူး- မောင်မင်း (လူထုအသံ)
ကွန်မန့်ရေးတတ်ကြရဲ့လား (ဆရာအတ္တကျော်)
ငါးတွေ ချည်းပဲ (Rose)
I don’t wanna cry (အဖြူရောင်နတ်သမီး)
သူတို့နှစ်ယောက် (မောင်မျိုး)
ဆွမ်းလောင်းအသင်း အနီးလမ်းခင်းခြင်းနှင့် (ဇော်သိင်္ခ)
ကျနော့်နာမည် ခန် (ကိုစိုးစီ)
ကျွန်မတို့ဒေသက မှိုတွေ (နိုင်းနိုင်းစနေ)
ဥာဏ်များသော ပန်းရန်သမားများ (အဖြူလေး)
အချစ်ရေ (မမသီရိ)
ကိုယ့်လမ်းကိုယ်ဖောက် လမ်းပေါက်ပါပြီ (ခွန်မြလှိုင်)
တစ်ကြောင်းဆွဲမျဉ်းရဲ့ ဒိုင်ယာရီ(၆) (ကိုသစ်နက်ဆူး)
အိန္ဒိယ၀န်မင်းရဲ့ ဆိုးချက် (ကိုပီတာ)
ဗယ်လင်တိုင်း လက်ဆောင်ကိုး (ကိုဇော်)
ဝဲပြီးတော့ ကွေး.. ဘာတွေကွေး... (KiKi)
Appreciation of Poetry (ဂျူနီယာဝင်း)
အကိုတစ်ယောက် အကြောင်း (သတိုး)
ဘ၀ ပျော်ရွှင်နည်းများ (နိုင်းနိုင်းစနေ)
အမှိုက်ပုံ (ဦးငြိမ်းဝေ)
ဖေဖ်ါဝါရီ ၁၄ ချစ်သူများနေ့မှာ ... (ကိုအိုးဝေအောင်)
ပုလင်းချစ်သူ -မင်းလူ (မောက္ခ)
စင်္ကာပူရောက် မြန်မာများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ …
(ဒီမိုဝေယံ)
ဖေဖ်ါဝါရီထဲမှာ လွတ်သွားတဲ့ ငါ (မကေ)
ချစ်တတ်သူတို့နဲ့ တစ်နေ့တာ (အစိမ်းရောင်လွင်ပြင်)
အကြားအမြင် ပညာရှင် (မိုးယံ)
ကြည်ညိုစရာ လွှတ်တော်အမတ်များ (ကိုချစ်ဖေ)
သိစပ်မြင်နှံ့ (ဘိုဘိုလန်းစင်)
ဦးတေဇကို ပိတ်ဆို့သဖြင့် (ကိုဇာနည်ဝင်း)
Read more »

Tuesday, 15 February 2011

ဒီနေ့ ဖတ်စရာအချို့ ...

ညရဲ့အရိပ် (မခင်ဦးမေ)
ကျွန်တော် ကျောင်းဆရာ (ဆရာဦးအောင်သင်း)
လိပ်ပြာတောင်ပံတွေကြား (ပန်ဒိုရာ)
ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရ (နိုင်းနိုင်းစနေ)
မေ့ထားတဲ့ နေ့များ (မေဓာဝီ)
Yangon (မခင်ဦးမေ)
ခန္ဓာဗေဒ (တေဇာ- လရောင်လမ်း)
ရာဇ၀င်ထဲက အနမ်း (အိမ်ချမ်းမြေ့)
Read more »

Sunday, 13 February 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၇)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့်
ကြောက်ရွံ့ထိတ်လန့်တတ်သူများ မဖတ်ရှုသင့်ပါ။)

ယခင် အပိုင်း(၆)မှ အဆက် …

ကျောင်းဆရာလေး ကိုဦးနဲ့ သာဂိတို့က အိမ်မက်ထဲက ကလေးငယ်
ကို သွားရှာဖို့ အဘစံကို အမျိုးမျိုး တိုက်တွန်းကြပါတယ် …
“အဲဒီနားမှာ မင်းတို့ ဘကြီးပုရယ်၊ ငကျွဲတို့ရယ် ဟိုဖက် ဆက်သွားရင်
ညက မင်းတို့ ရောက်ခဲ့တဲ့ ဆေးဆရာ မောင်ရွှေတို့ အိမ်ရယ်၊ အခုပဲ
နေ၀င်နေပြီ၊ မနက်ဖြန်မှ သွားကြည့်ကြပေါ့ မောင်တို့ရယ် …”
“ဟာ အဘစံကလည်း၊ ဘယ်သူ့မှ မသွားရဲရင် ကျုပ်တစ်ယောက်တည်း
သွားရဲတယ်ဗျာ၊ တကယ်ဟုတ်နေရင် သနားစရာ …”

“သွားခိုင်းလိုက်ပါ ကိုစံ၊ ကျားရဲရင် ကြမ္မာမရိုင်းနိုင်ပါဘူး” … လို့ အဖွား
ရဲ့ စောဒကတက်သံကြောင့် အဘစံရဲ့ မျက်နှာပေါ် သဘောတူတော့မယ့်
အရိပ်အကဲတွေ ပေါ်လာပါတယ်။ သက်ပြင်းတွေ တွင်တွင်ချရင်းကနေ …
“အေး၊ ဒီလောက်တောင် စိတ်ဆန္ဒပြင်းထန်နေရင် ငကျွဲကို သွားခေါ်လိုက်၊
လှည်း(၄)စီးလောက် အဆင့်သင့်ပြင်တော့ ….”






ကိုကျွဲနဲ့ ဆယ်အိမ်ခေါင်း ကိုတင်စန်းတို့ ဦးဆောင်တဲ့ လှည်းနှစ်စီးက
ကလေးငယ်ကို ရှာဖွေဖို့ ရွာမြောက်ပိုင်းကို ထွက်ခွာသလို ဆယ်အိမ်
ခေါင်း ကိုမြ ဦးဆောင်တဲ့ လှည်းနှစ်စီးက ရွာတောင်ပိုင်းဖက်သို့ အသီး
သီး ထွက်ခွာလာကြပါတယ်။ မလိုက်ပါနိုင်တဲ့ သူအပေါင်းက အန္တရာယ်
ကင်းဝေးဖို့ ရသမျှ ဘုရားစာကို ရွတ်လျက် ….

Read more »

Saturday, 12 February 2011

လွင်ပြင် ခေါ်သံ (အပိုင်း- ၆)

(နှလုံးရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့်
ကြောက်ရွံ့ထိတ်လန့်တတ်သူများ မဖတ်ရှုသင့်ပါ။)

ယခင် အပိုင်း(၅)မှ အဆက် …
Full Screen နှိပ်ပြီး အကျယ်ချဲ့ပါရန် ...

pyustate007
Read more »

Thursday, 10 February 2011

မဲဝဲလ်(malware) ကင်းရှင်းပါကြောင်း

ကျနော့် “ပျူနိုင်ငံ” ဘလော့သည် မဲဝဲလ်(malware) လုံးဝ
ကင်းစင်သွားပြီဖြစ်ကြောင်း စာဖတ်သူ မိတ်ဆွေများနှင့်
မိတ်ဆွေ ဘလော့ဂါအပေါင်းတို့အား အသိပေးပါရစေ။
ကျနော့်ဆိုဒ်ဘားမှာ ချိတ်ဆွဲထားတဲ့ လင့်ခ်တွေကို (၁၂-၀၂-၂၀၁၁)
မတိုင်ခင် ဖြုတ်ချလိုက်ရလို့ တကယ့်ကို စိတ်မကောင်းပါဘူး။
ပထမတော့ မဲဝဲလ်(malware) သန့်စင်ရေးကို လာမယ့်
စနေ၊ တနင်္ဂနွေရောက်မှ လုပ်မလို့ပါ။ သို့ပေမယ့် ကျနော့်ဘလော့
ကို (၃)နာရီကြား တစ်ကြိမ် ပြန်ပြန်စစ်ကြည့်တိုင်း မဲဝဲလ်(malware)
အရေအတွက်က တိုးတိုး လာပါတယ်။ ဒါကြောင့် အခြေအနေအရ
ယခုပဲ လုပ်လိုက်ရပါတယ်။ မဲဝဲလ်(malware) ကင်းရှင်းတဲ့ ဘလော့နဲ့
စာမျက်နှာတွေကို မကြာခင် ရက်ပိုင်းအတွင်း လင့်ခ် ပြန်ချိတ်
ပါ့မယ် ခင်ဗျာ …။ ဒီနေရာမှာ စစ်ကြည့်လို့ ရပါတယ် …
http://sitecheck.sucuri.net/scanner/





-စစ်ငြိမ်းဒီရေ
Read more »

ကော်မန့်မှတဆင့် မဲဝဲ(malware) တင်ပို့မှု ကာကွယ်ရေး

မဲဝဲလ်(malware) ကူးစက်မှုဟာ google reader ကနေ လင့်ခ်ချိတ်
မှု တစ်မျိုးတည်းတော့ မဟုတ်ပါ။ ကော်မန့် (comments)မှ လည်း
ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ယခုလောလောဆယ် အချိန်များ
အတွင်း ဘလော့ဂါများ၊ စာမျက်နှာပိုင်ရှင်များအနေဖြင့် မော့ဒရေ့ရှင်း
(moderation) လုပ်ထားသင့်ပါတယ်။

မဲဝဲလ်(malware) ရှိနေဆဲ မရှင်းရသေးတဲ့ ဘလော့ပိုင်ရှင်များ၊
စာမျက်နှာပိုင်ရှင်များ အနေဖြင့်လည်း အသိ ဘလော့မိတ်ဆွေများ
ထံ ကော်မန့်(comment) သွားရောက် ရေးသားရာမှာ အောက်က
ဓါတ်ပုံထဲမှာ ပြထားတဲ့အတိုင်း လုပ်ဆောင်သင့်ပါတယ်။

Choose an identity အောက်မှာရှိတဲ့ Name/URL
ကို “ကလစ်”ပေးပြီး Name နေရာမှာ မိမိတို့ရဲ့ အမည်ကို ရေးပါ။
ပြီးတော့ URL နံဘေးမှာ မိမိရဲ့လင့်ခ်ကို လုံးဝ မထည့်ပါနဲ့။ အဲဒါ
ဆိုရင် မိမိဘလော့က မဲဝဲလ်(malware) ကို သူ့တပါးဘလော့ဆီ
သို့ ကူးစက်ခြင်းကနေ ကာကွယ် တားဆီးနိုင်ပါတယ်။




-စစ်ငြိမ်းဒီရေ
Read more »

Wednesday, 9 February 2011

ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု

ဘလော့တွေအကြား မဲဝဲလ် ဖြစ်ပွားမှုကူးစက်နေပါတယ်။
ရောဂါအမည်က မဲဝဲလ်(malware) ပါ၊ မဲဝယ် မဟုတ်ပါဘူး။ ကြိုတင်
မဲတွေ ၀ယ်ခဲ့ကြတဲ့ မဲဝယ်မုန်တိုင်းကတော့ ၂၀၁၀ ခုနှစ်က မြန်မာပြည်
ရွေးကောက်ပွဲကာလမှာ တိုက်ခတ်ခဲ့တာပါ။ အခုရောဂါက မဲဝဲလ်
(malware) ပါ။

ကျနော့်စာမျက်နှာ “ပျူနိုင်ငံ” http://www.pyustate.com/ ကို
ဟိုဒီလင့်ခ် http://sitecheck.sucuri.net/scanner/ ထဲမှာ ထည့်
စစ်ကြည့်တော့ ကျနော့် မိတ်ဆွေ ဘလော့များရဲ့ လင့်ခ်များနှင့်
ကျနော့်လင့်ခ်တချို့မှာ မဲဝဲလ်(malware) တွေ အများအပြား တွေ့
ရပါတယ်။ ဘလော့ရဲ့ ဆိုဒ်ဘား (sidebar) မှာ Google Reader
ကတဆင့် မိတ်ဆွေ ဘလော့လင့်ခ်တွေကို ချိတ်ဆွဲကြတဲ့ ဘလော့
ဂါ အတော်များများ မဲဝဲလ်(malware) ကူးစက်မှု ဖြစ်ပွားနေပါတယ်။
မဲဝဲလ်(malware) ကူးစက်မှု များပြားလာရင် Google က အဲဒီဘလော့
ကို black list ထဲ ထည့်သွင်းပါလိမ့်မယ်။ အဲဒါဆိုရင် အဲဒီဘလော့ဂါရဲ့
ပို့စ်များဟာ စာဖတ်သူတွေ အလွယ်တကူ ဖတ်ရှုခြင်းကနေ ကင်းဝေး
သွားရမှာပါ။ အဲဒါအပြင် မဲဝဲလ်(malware) ရှိနေ၊ ပိုင်ဆိုင်နေတဲ့ ဘလော့
ဟာ တခြားမိတ်ဆွေ ဘလော့ဂါများထံ ကော်မန့်(comment) သွား
ရေးခြင်းမှာလည်း မဲဝဲလ်(malware) ဟာ လိုက်ပါ ကူးစက်ပါသေးတယ်။


လောလောဆယ် တိုင်ပတ်နေတဲ့
မဲဝဲလ်(malware)

မဲဝဲလ်(malware) ပိုင်ဆိုင်နေတဲ့ ဘလော့တစ်ခုကို မိမိတို့ရဲ့
ဆိုဒ်ဘား(sidebar) မှာ google reader ဖြင့် ချိတ်ဆွဲထားရုံနဲ့
အဲဒီဘလော့ဟာ ကျိန်းသေပေါက် မဲဝဲလ်(malware) ကူးစက်ခြင်း
ကို ခံရမှာပါ။ အဲဒီအပြင် မိမိလင့်ခ်ကို တဖန် ချိတ်ဆွဲပေးထားတဲ့
မိတ်ဆွေ ဘလော့များထံသို့လည်း မဲဝဲလ်(malware) ကို အလွယ်
တကူ တင်ပို့ပေးသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ ဘလော့
လိပ်စာများကို ဒီလင့်ခ် http://sitecheck.sucuri.net/scanner/
မှာ ထည့်သွင်း စစ်ဆေးပြီး မဲဝဲလ်(malware) ပါရှိနေတဲ့ မိမိတို့ရဲ့
ကိုယ်ပိုင် ပို့စ်များကို အသစ် ပြန်လည် ပြုလုပ်ကြပါ။ အခြား မိတ်ဆွေ
တွေရဲ့ လင့်ခ်တွေမှာ မဲဝဲလ်(malware) ရှိနေခဲ့ရင်လည်း မိမိ ဘလော့
ပေါ်မှာ သူတို့ရဲ့ လင့်ခ်တွေကို ချိတ်ဆက်ထားခြင်းကနေ ဖယ်ရှားသင့်
တယ်လို့ ထင်ပါတယ်။

မေတ္တာရပ်ခံခြင်း ….

ကျနော့် ပျူနိုင်ငံဘလော့ကို စစ်ကြည့်လိုက်တော့ မဲဝဲလ်(malware)
တွေ တွေ့ရပါတယ်။ ဒါကြောင့် မဲဝဲလ်(malware) ကူးစက် ခံနေရတဲ့
ကျနော့် ကိုယ်ပိုင် ပို့စ်တချို့ကို ပြန်လည် ဖြုတ်ချပြီး အသစ်ပြန်တင်
ပါ့မယ်။ ကျနော့် မိတ်ဆွေ ဘလော့ဂါ အတော်များများလည်း မဲဝဲလ်
(malware) ဖြစ်ပွားနေပါတယ်။ ဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်း
ကြပါလို့ မေတ္တာရပ်ခံခြင်းပါတယ်။ လာမယ့် (၁၂-၀၂-၂၀၁၁)နေ့
မတိုင်ခင် မဲဝဲလ်(malware) ကိုဖယ်ရှားကြပါလို့ မေတ္တာရပ်ခံ
အပ်ပါတယ်။ (၁၃-၀၂-၂၀၁၁)နေ့ ကစပြီး မဲဝဲလ်(malware)
သယ်ဆောင်လာတဲ့ ဘလော့များကို ကျနော့်ဆိုဒ်ဘားကနေ ဖယ်
ရှားခွင့် ပြုပါလို့ ရှေ့မျက်နှာ နောက်ထားပြီး မေတ္တာ ရပ်ခံပါရစေ။
မဲဝဲလ်(malware) ကင်းစင်တာနဲ့ လင့်ခ် ပြန်ချိတ်ပါ့မယ် ခင်ဗျာ ….

ရေးသူ- စစ်ငြိမ်းဒီရေ
Read more »

Tuesday, 8 February 2011

အွန်လိုင်း ရွှေဝတ္ထုတိုဆု

အင်တာနက်ပေါ်မှာ ကိုယ့်ဝါသနာနဲ့ကိုယ် (.com) (.net)
(blogspot) (co.cc) (wordpress) (info) တွေပေါ် မိမိတို့ ၀ါသနာ
အရ စာရေးနေကြသူ အပေါင်းအတွက် “အွန်လိုင်း ရွှေဝတ္ထုတိုဆု”
လာပါပြီ။ ပထမအကြိမ် ရွေးချယ် ဆုပေးမှုကို လာမယ့် ဧပြီလဆန်း
မှာ စတင်ပြုလုပ်မယ်လို့ သိရပါတယ်။ ရွေးချယ် ဆုပေးမှုတွေကို
(၃)လ တစ်ကြိမ် ပြုလုပ်ဖြစ်မယ်လို့လည်း ကြေညာထားပါတယ်။
ဆုအနေဖြင့် အမေရိကန်ဒေါ်လာ 100 တိတိ ချီးမြှင့်မယ်လို့ သိရ
ပါတယ်။

အကဲဖြတ်ဒိုင်များအဖြစ် ဆရာဦးဝင်းဖေ၊ ဆရာ နေ၀င်းမြင့်၊
ဆရာမ ခင်ခင်ထူး၊ ဦးဝင်းငြိမ်း(ရွှေအမြုတေ မဂ္ဂဇင်း)နှင့် ဦးမင်းဒင်
တို့က အကဲဖြတ် ရွေးချယ်မယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်
မှာ ၀ါသနာအရ “ရသ ၀တ္ထုတို” များ ရေးသားနေကြတဲ့ ၀ါသနာရှင်
များ၊ စာပေချစ်မြတ်နိုးသူ စာဖတ် ပရိတ်သတ်များအတွက် သတင်း
ကောင်းတစ်ခုလို့ ထင်ပါတယ်။ အသေးစိတ် အချက်အလက်တွေ
သိချင်ရင် “ရသ၀တ္ထုတို ရွေးချယ်ခြင်း” စာမျက်နှာပေါ်မှာ သွားရောက်
ဖတ်ရှုနိုင်ပါတယ်။ ကော်မန့်များ၊ C-box အတွင်း ၀င်ရောက် ရေးသား
ခြင်းများဖြင့် ဝေဖန်အကြံပြု နိုင်ပါတယ်။

မိမိတို့ ဖတ်ရှုမိတဲ့ စာမျက်နှာ လင့်ခ်များ၊ ရသ ၀တ္ထုတိုများ
ရှိရင်လည်း အီမေးလိပ်စာ admin@thebestnovel.com သို့ဖြစ်စေ
thebestnovel@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါတယ်။
ကော်မန့်မှ ဖြစ်စေ၊ C-box အတွင်း ဖြစ်စေ ပေးပို့နိုင်ပါတယ်။
ရသ၀တ္ထုတို ရွေးချယ်ခြင်း ဆုပေးပွဲ ဆိုဒ်ဖြစ်တဲ့ “ဤနေရာတွင်
သွားရောက် ဖတ်ရှုနိုင်ပါတယ်။

-စစ်ငြိမ်းဒီရေ
Read more »

Monday, 7 February 2011

ဘလော့ ပင်စင်

ကျနော့် “ပျူနိုင်ငံ” ဘလော့ ပြီးခဲ့တဲ့ သောကြာနေ့(၅.၀၂.၂၀၁၁)
နေ့မှာ “ဂျာဗာကုတ်”တွေကြောင့် ဂူဂဲလ်က သတိပေးလာပါတယ်။
သောကြာနေ့ကနေ ဘလော့ကို ပရောဂ စ'ကုလိုက်တာ ဒီနေ့
(၇.၀၂.၂၀၁၁)မှာ ပြန်ပြေလည်သွားပါတယ်။ သုံးရက်နဲ့ သုံးညနီးပါး
ဟိုကုတ်ထည့်လိုက်၊ ဒီကုတ် ဖျက်လိုက်နဲ့ တော်တော်လေး ရွာလည်
ခဲ့ပါတယ်။

ကျနော့်ဘလော့လေး မပျက်စီးအောင် အတတ်နိုင်ဆုံး အကောင်း
ဆုံးဖြစ်အောင် ကူညီပေးခဲ့တဲ့ ဂျာမနီနိုင်ငံက သူငယ်ချင်း ကိုလင်းထက်
ကို ကျေးဇူးများစွာ တင်ပါတယ်။ ပြဿနာဖြစ်နေတဲ့ အချိန်အတွင်း
ကျနော့်ဘလော့ထဲ ၀င်ကြည့်မိလို့ စိတ် ကသီကအောက် ဖြစ်ရတဲ့
စာဖတ်သူများ မိတ်ဆွေ ဘလော့ဂါများအားလုံးအတွက်လည်း
စိတ်မကောင်း ဖြစ်မိပါတယ်။ တော်ပါသေးတယ်၊ နောက်မို့ဆိုရင်
ဘလော့လောက က ပင်စင်ယူရပြီလို့ ထင်ခဲ့မိတာ … :P

အလုပ်တွေ ရှုပ်နေလို့ မိတ်ဆွေ ဘလော့ဂါများထံ မရောက်ဖြစ်
ခဲ့ရင် ခွင့်လွှတ်ကြပါ၊ ရေးလက်စလေးတွေလည်း ဆက်ရေးပါ့မယ်
…. :P

-စစ်ငြိမ်းဒီရေ

Dear site owner or webmaster of http://pyustate.com/,
We recently discovered that some of your pages can cause
users to be infected with malicious software. We have begun
showing a warning page to users who visit these pages by
clicking a search result on Google.com.
Below are one or more example URLs on your site which
can cause users to be infected:
http://pyustate.com/
http://pyustate.com/2009/12/blog-post_05.html
http://pyustate.com/2011/01/blog-post_29.html
Here is a link to a sample warning page:
http://www.google.com/interstitial?url=http://pyustate.com/
We strongly encourage you to investigate this immediately
to protect your visitors. Although some sites intentionally
distribute malicious software, in many cases the webmaster
is unaware because:
1) the site was compromised
2) the site doesn't monitor for malicious user-contributed
content
3) the site displays content from an ad network that has
a malicious advertiser
If your site was compromised, it's important to not only
remove the malicious (and usually hidden) content from
your pages, but to also identify and fix the vulnerability.
We suggest contacting your hosting provider if you are
unsure of how to proceed. StopBadware also has a
resource page for securing compromised sites:
http://www.stopbadware.org/home/security
Once you've secured your site, you can request that
the warning be removed by visiting
this Webmaster Help Center article and requesting a
review. If your site is no longer harmful to users,
we will remove the warning.
Sincerely,
Google Search Quality Team
1600 Amphitheatre Parkway
Mountain View, CA 94043
You are receiving this email because you are a verified
site owner of this site within Google Webmaster Tools.
If you do not wish to receive notifications of this nature
for this site, you may remove yourself as a verified site
owner within the Webmaster Tools console.
This is an automated message from Webmaster Tools.
Please do not reply to this email. For help, please visit
http://www.google.com/support/webmasters.
Read more »

Saturday, 5 February 2011

ရောင်နီလာ နံနက်ခင်းဆီသို့ (အပိုင်း- ၅)

ရေးသူ- ကိုမောင်မောင်ဝမ်း (feb04,2011)

ယခင် အပိုင်း(၄)မှ အဆက် ....

"နွေမှာ ငုနဲ့ပိတောက်လှိုင်မည်။
မေမှာ စုနဲ့ခမောက်နိုင်ပြီ ။”

ဒီမိုကရေစီဆိုတာကို လက်ခံရင် ရွေးကောက်ပွဲကို လက်ခံရတယ်။
ဒီနေရာမှာ ရွေးကောက်ပွဲဆိုတာကို သေသေချာချာ အဓိပ္ပါယ်ဖွင့်ဆိုဖို
လိုပါလိမ့်မယ်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလည်း
ဖြစ်ဖို့လိုတယ် ။ ဒါပေမယ့် ရွေးကောက်ပွဲတိုင်းကတော့ ဒီမိုကရေစီကို
ဖြစ်ထွန်းပါမယ်လို့ အာမ မခံနိုင်ပါဘူး ၊။ မြန်မာနိုင်ငံ အပါအ၀င် တချို့
နိုင်ငံတွေမှာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထွန်းကားနေသေး
တဲ့ နိုင်ငံတွေရှိနေပါတယ်။

ဒီနေ့ ကျနော်တို့တတွေ ဆုံနေကြ အမှတ်တရ လဘက်ရည်ဆိုင်လေးမှာ
ပဲ ပြန်ဆုံဖြစ်ကြတယ်။ ပူပြင်းလှတဲ့ အညာနေရဲ့အောက်ကဖြတ်ပြီး
ရောက်လာတဲ့ လူငယ်တွေအတွက် သူတို့ရဲ့စိတ်ဓါတ်ခံယူချက်၊ယုံကြည်
ချက်တွေကိုလေးစားမိပါတယ်။ အားလုံးမရှက်နိုင်တော့ဘူး အကျီချွတ်သူ
က ချွတ်၊ ပုဆိုးကို ဒူးအထိတင်ပြီး ထားသူကထား ချွေးတွေတရွဲရွှဲ၊
၈၈ လူထုအရေးတော်ပုံတုန်းက ကျောင်းသားခေါင်းဆောင်တဦး
ပြောသွားတာကို သတိရမိတယ်….. “နေပူတာ နေ၀င်းပူတာလောက်
မဆိုးသေးပါဘူးတဲ့ ” အဲဒီလိုပြောရမလိုဖြစ်နေပြီ အခုလည်း အညာ
နေပူတာဟာ..စစ်အာဏာရှင် နအဖ ပူတာလောက်မဆိုးလို့ အားလုံး
စုံနေကြရတာမဟုတ်လား ...
Read more »