Thursday, 13 January 2011

ယူနီကုတ်နှင့် “ပျူ”ကုတ်

me: ကိုလင်းဦး နေကောင်းလား
linoo2007: ဟုတ်ကဲ့
me: ဖေ့စ်ဘွတ်က ပိတ်တော့မယ်ဆိုတာ ဟုတ်လား ..
linoo2007: ကောလဟာလ
me: အော် ဟုတ်
ကိုလင်းဦး ယူနီကုတ်နဲ့ ဘလော့ ရေးတာနော်
linoo2007: ဟုတ်တယ် ဧရာယူနီကုတ်
မြန်မာ-၃ မဟုတ်ပါ
me: အဲဒါ မြန်မာ 3 နဲ့ ဘာကွာလဲ အတူတူပဲလား
linoo2007: တူဘူး မြန်မာ ၃ မှာက
me: ဟုတ်
linoo2007: ကေ (ေက)
ဧရာက ကေက ကေပဲ
မြန်မာစာကို ပြောင်းပြန်ရိုက်ရဘူး
ဟိုကောင် ၃ က ပြောင်းပြန်တွေနဲ့

me: ဟုတ်
linoo2007: ကျွန်တော်နဲ့ လမိုင်းမကပ်ဘူး
me: ဟုတ်
linoo2007: လက်ရှိ အစိုးရကသာ စံမီတယ်ဆိုပြီး
အတင်းသုံးခိုင်းနေကြတာ
me: သြော် ဟုတ်ကဲ့ ပြည်တွင်းမှာ အသုံးများနေပြီလား
အဲဒီ မြန်မာ 3 ကို
linoo2007: နိုး
အခက်အခဲအများကြီးရှိတယ်
ကျွန်တော်လဲ ရေးတယ်... အဲ့ဒီ ပျော့်ကွက်
လိုအပ်ချက်တွေကို သူတို့ကသာ ...
me: ဟုတ်ကဲ့ ပြောပြပါအုံးဗျာ
linoo2007: ပြည့်စုံနေပြီလို့ပြောနေတာ
me: ကိုလင်းဦးကို အင်တာဗျူးပြီး ကျနော့် ဘလော့မှာ တင်လိုက်ရင်
အဲဒါလည်း ပို့စ်တစ်ခုပဲ ... ဟီး

linoo2007: မြန်မာယူနီကုဒ်-၃ (Myanmar Unicode 3) ဖောင့်ကို
မြန်မာစာအရေးအသား မှန်ကန်တယ်လို့ ပြောနေကြတာတွေ့ရပါတယ်။
ဘယ်လိုရေးလို့ မြန်မာစာ အရေးအသားမှန်နေတာလဲ။ လွဲနေတာတွေ
ရှိနေ မြင်နေ ရတာပဲ။ ဥပမာ။ (ကေ) ရိုက်မယ်ဆိုပါစို့ ၊ (က) ပြီးမှ (ေ)
ရိုက်နေရတာဟာ မြန်မာစာ အရေးအသားရ မှန်ပါသလား ။ (ရွှေညွန့်)ကို
ရေးမယ် ဆိုပါစို့။ ရ +ေ + ၀ +ှ + ည + ၀+ှ+ န+့  +် လို့ ရိုက်
နေရပါတယ်။ ဟိုးကတည်းက မြန်မာစာကို ဗျည်းတွေ သရတွေနဲ့
တွဲပြီး သင်ခဲ့ရသူတွေဟာ ကွန်ပျူတာရိုက်ကာမှ ပြောင်းပြန် ပြန်ရိုက်
နေရတာဟာ သဘာဝကျပါသလား။

တီထွင်သူများမှ နည်းပညာအရ ဒီနေရာ ဒီလိုလေးရိုက်မှ အဆင်ပြေ
မှပါလို့ ဆိုပါတယ်။ ဒါဆို နည်းပညာအရ မြန်မာစာအရေးအသားမှာ
ပြောင်းပြန်ဖြစ်သင့်တာ ဖြစ်ရမယ်လို့ ဆိုလိုတာလား။ ဇော်ဂျီ
လက်ကွက်အတိုင်း (ကေ)ကို (ကေ)လို့ ရိုက်နိုင်သည်ဟု ဆိုပြန်သည်။
(ကေ)လို့ ရိုက်ပြီး စက်က(ကေ) ဟု သိမ်းရန် ပြုလုပ်ခြင်းဖြစ်သည့်
အတွက် စာရိုက်ရာတွင် ပုံမှန်ထက် စာလုံးပေါ်ရန် အချိန်ကြာသည်။
စာမျက်နှာ (၃၀၀) ရိုက်မည်ဆိုပါစို့။ ရိုက်ရမည့် စာတိုင်းတွင်
reordering အထက်ဖော်ပြပါအတိုင်း လိုက်ပြောင်းပေးနေရသည့်
အတွက် စက်သည် ပိုမိုလေးလံခြင်း၊ ဖွင့်မရခြင်းများ ဖြစ်လာပါမည်။
ထို့ကြောင့် ပုံမှန်စက်များ၊ အပြင် စာစီစာရိုက်ဆိုင်များအတွက်လည်း
ဘေးထွက်ဆိုးကျိုးများနှင့် ရင်ဆိုင်ရပါမည်။ မန်မိုရီများစွာ ကုန်ပါတယ်။
မန်မိုရီများလာလျှင် CPU များ ပူလာပါမည်။ ထို့ပြင် ဒီဇိုင်းနှင့် ဖိုတိုရှော့
များတွင် အသုံးပြု၍ မရပါ။ ယနေ့ခေတ် ဆော့ဝဲများ၊ OS ရေးသူများ
သည် မန်မိုရီ နည်းသမျှ နည်းအောင် ပြုလာကြချိန်တွင်
Myanmar Unicode အား အသုံးပြုလာမည်ဆိုခြင်းမှာ စဉ်းစားစရာပင်
မဟုတ်ပါလော။

ယူနီကုဒ်မည်သည် မည်သည့် ယူနီကုဒ်ကမဆို အခြားယူနီကုဒ်ဖောင့်
တစ်ခုအား လွယ်ကူစွာပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ အဖွဲ့အစည်း
တစ်ခုထဲက ထုတ်တဲ့ Myanmar-2 နဲ့ Myanmar 3 ဖောင့်နှစ်ခုက
အပြန်အလှန် ပြောင်းလို့ရပါသလား။ ဖတ်လို့ ရပါသလား။ (Converter
နဲ့ ပြောင်းတာကိုမဆိုလိုပါ၊ Select ပေးပြီး ချက်ခြင်းပြောင်း လဲခြင်းကို
ဆိုလိုသည်) ။ ပြောင်း၍ မရပါ။ ကြိုစားမှုကို လေးစားပါတယ်။ သို့သော်
ယခုလို အခက်အခဲများ ရှိနေသော မြန်မာယူနီကုဒ်အား အသုံးပြုရန်
အသုံးပြုသူများအနေဖြင့် အခက်အခဲများစွာ ရှိနေပါတယ်။
လင်းဦး(စိတ်ပညာ)

me: ကိုလင်းဦး အင်တာဗျူးကို ကျနော့် ဘလော့မှာ တင်လိုက်ရင်
အဲဒါလည်း ပို့စ်တစ်ခုပဲ ... ဟီး
နောက်ဆုံးပေါ် ဆားချက်မယ်လေဗျာ
ကျနော်လည်း “ပျူကုတ်” ဆိုပြီး အသစ်ထွင်လိုက်မယ် ... ဟီး
linoo2007: အဟဲ လုပ်လိုက်လေ ကြာသလားလို့

me: တခြားရော ဘာ အခက်အခဲတွေ ရှိမယ်လို့ ထင်လဲ
ကျနော်က နည်းပညာကို လုံးဝ မသိလို့ ...
linoo2007:
၁။ ဘာသာပြန် - အလွယ်တကူလုပ်နိုင်ဟုဆိုငြား
ပဒုမ္မာတွင် babylon မြန်မာပြန်စနစ်မှာ ကာလအတန်ကြာရှိနေပြီ
ဖြစ်ခြင်း
၂။ ရရစ်များ - များစွာ ပိုနေခြင်း
၃။ အောက်ကမြင့်များ - များစွာ ပိုနေခြင်း
၎။ " အဖွင့်အပိတ် ကော်မာများ - မပါခြင်း
၅။ [ ] စသည်မှားရိုက်မိပါက - ကီးဘုတ် ကြောင်သွားခြင်း
၆။ ကီးဘုတ် - တစ်ခါသုံးလျှင် တစ်ခါ install လုပ်ရခြင်း၊ Zawgyi လို
ကိုယ်ပိုင်ကီးဘုတ် မဟုတ်ခြင်း
၇။ Layout - ကီးဘုတ်ပုံစံများ တစ်ခုနဲ့ တစ်ခု မတူခြင်း
၈။ Unicode ချင်းတူတူ - Myanmar-2 နှင့် Myanmar-3 မတူခြင်း
၉။ User များ - Zawgyi-one နဲ့သာ ရင်းနှီးနေကြခြင်း
၁၀။ Internet cafe များ - မည်သည့်ဆိုင်မှ အလွယ်တကူ Install
လုပ်လို့ မရခြင်း
၁၁။ ပေါင်းစည်းမှု ရှိသည် - ဆိုသော်ငြား Zawgyi နဲ့ မပေါင်းဘဲ Zawgyi
မကောင်းကြောင်းကို zawgyi သုံး၍ ပြောကြခြင်း
၁၂။ အောင်မြင်မှု - အလွန်ကြီးကျယ်သော နည်းပညာပိုင်းဆိုင်ရာ
တစ်စွန်းတစ်စရေးသူကြား၌သာ ဖြစ်နေခြင်း
၁၃။ Alt+1 - တစ်ခုနှင့် တစ်ခု ဝေးခြင်း
၁၄။ ခေါင်းလောင်းလေး - ဝါနေလား၊ မဝါဘူးလားကို လှမ်းကြည့်ကြည့်
နေရခြင်း
၁၅။ Font Style - အလွန်များပြားနေပြီး တစ်ခုချင်းစီကို install လိုက်
လုပ်နေရခြင်း
၁၆။ Fonts - တစ်နေရာတည်းတွင် စုစည်း၍ ရှိမနေခြင်း
၁၇။ စာရိုက်ဟန် - ဗျည်းကိစ္စ၊ သရကိစ္စကို ထည့်ပြောနေရခြင်း
၁၈။ Softing - ရသည်ပြောသော်လည်း တကယ်စမ်းမပြနိုင်ခြင်း
၁၉။ တီထွင်သူများ - user များ နားမလည်နိုင်သော စကားများကို တွင်တွင်ပြောခြင်း
၂၀။ အနေအထား - zawgyi လို ရော့သုံးလို့ရပြီလို့ မပြောရဲကြခြင်း

me: ဟုတ် အခု ကိုလင်းဦးနဲ့ ကျနော် စာရိုက်တာကို ကျနော့်ဘလော့
မှာ တင်လိုက်မယ်နော် ....
ကျေးဇူးဗျာ အခုလို သိရလို့ ...
ကျေးဇူးဗျာ ကျနော် ပို့စ်တင်ဖို့ လုပ်လိုက်အုံးမယ် ...
linoo2007: ဟုတ်ကဲ့
me: အဲဒီကိစ္စ သတင်းအသစ် ရှိရင် ပြောပါအုံးနော်
တွေ့မယ်နော် ကိုလင်းဦး ...

-စစ်ငြိမ်းဒီရေ

60 comments:

မိုးယံ said...

ိကိုအောင့် ဗျူးလေး ကြောင့် အနည်းငယ်မှ တော်တော်များများထပ်သိသွားပြီ။ ကျေးဇူးပါကိုအောင် ကျွန်တော် လဲ ကြားသာကြားဖူးနေပြီး သေချာမသိလို့ ဒွတ်ခရောက်နေတာ... ဇော်ဂျီတောင်မနည်း သင်ထားရတာ.. အခဲ အဲဒါကိုပါ ထပ်မှတ်ရရင် ခက်ရချည်သေးရဲ့။

မေဓာဝီ said...

သြော် ဂလိုလား ...
နည်းနည်း သဘောပေါက်သလိုလို ဖြစ်သွားပြီ ကိုအောင်ရေ ... ။ ကျမလဲ အမှန်ပြောရရင်တော့ ဇော်ဂျီနဲ့က အတော်လေး အသားကျနေလို့ ယူနီကုတ် ပြောင်းဖို့ တွန့်ဆုတ်တဲ့ စာရင်းထဲ ပါပါတယ်။ ယူနီကုတ်နဲ့ ရေးတဲ့ဘလော့တွေလဲ လိုက်မဖတ်ဖြစ်ဖူး။

ခုလို သိရတော့ ပိုတောင် တွန့်သွားပြီ။ ကျမတို့လို နည်းပညာအားနည်းသူတွေအနေနဲ့ ဖြစ်စေချင်တာကတော့ အသုံးပြုသူတွေ အဆင်ပြေလွယ်ကူဖို့က အဓိကပါပဲ။
ဘာကုတ်ပဲဖြစ်ဖြစ် အဆင်ပြေရင် လိုက်ကုတ်ရုံပဲ ... ပျူကုတ်ဆိုတော့လဲ ကုတ်တာပေါ့လေ :))

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျူကုတ်ဆိုလို့ ကိုအောင်များ ဖောင့်အသစ်ထွင်လိုက်ပြီထင်နေတာ ဟိ
ယူနီကုတ်အကြောင်း ခုလို အကျိုးအပြစ်တွေ သိရတာ ကျေးဇူးတင်လိုက်တာ
ဦးနီက လောလောဆယ်မှာတော့ သုံးရတာ အဆင်မပြေတာ အမှန်ပါဘဲ..
ဇော်ဂျီနဲ့သာ အဆင်ပြေနေတာ.. ကိုယ်တိုင်က နည်းပညာ အားနည်းလို့လည်း ပါမှာပါလေ
ကျွမ်းကျင်သူတွေကျတော့ အဆင်ပြေကြမှာပါ။
ပျူကုတ်သာ ထွင်ပါကိုအောင် ရာ
ဒါဆို လိုက်သုံးမယ်း)

သစ်နက်ဆူး said...

ကိုအောင်...
ချဗျာ..
သူများတွေ တကုတ်ထဲ ကုတ်နေကြတာ...
ပျူကုတ်က ခေါ်ရတာလေးလဲ အဆင်ပြေတယ်...
နည်းပညာအသစ်တွေသုံးပြီး..
ပျူကုတ်နဲ့ ကျောက်ပြားတွေပေါ်မှာ
ဘလော့ဂ်ရေးကြစို့ ...။
( ပျူကုတ်အစ၊ ကိုအောင်...က)....း)

rose said...

သြော်... Unicode, Myanmar 2 and 3 ဆိုတာ ဒီလို အခက်အခဲတွေနဲ့ လူတွေ အသုံးပြုနေရတာကိုး။ ရို့စ်လည်း နည်းပညာနဲ့ ပတ်သက်ရင် ဘာမှ သိပ်မသိလို့ ကိုယ့် ဘလော့ဂ်လေးကို ယူနီကုဒ် မပြောင်းရဲသေးဘူး။ အခုမှ နည်းနည်း ယူနီကုဒ် အကြောင်း သိလာလို့ ကျေးဇူးပါး)

Anonymous said...

အိုးဟိုး ဆရာပျူ ဆားချက်တာ တော်တယ်ဗျာ ဒါလည်း လေးလေးပင်ရှိတဲ့ဆား နက်ထဲမှာလဲ ဦးနီကုတ် ယူကုတ် ပျူကုတ် နဲ့ တော်တော်လေး ဟုတ်လို့ စစ တို့ရွှေပြည်လည်း ခေတ်ပေါ်သတင်းမွှေးမွှေးလေးကြောင့် ခေါင်းကုတ် ..ကုတ် လုပ်နေရတာ ကိုယ့်ဟာကို ကုတ်ကုတ် နေရလို့ ဦးနီလည်း ကုတ်ပေးအားဘူးဗျာ

ခင်မင်တဲ့
seesein

ကိုဇော် said...

ဇော်ဂျီကလေးပဲ ဆက်ကနေဦးမယ်ဗျာ။
မဖြစ်မနေ ပြောင်းရပါမယ် ဆိုရင်တော့ ဘလော့ရေးတာ နားရမှာပေါ့လေ။ ဘဝအတွက်လည်း မထိခိုက်ပါဘူး။

အိမ့်ချမ်းမြေ့ said...

ကျမလို သိပ်မတတ်ကျွမ်းသူတွက်က ခုထိတော့ ဇော်ဂျီက ပိုအဆင်ပြေနေပါသေးတယ်ရှင်။

Anonymous said...

ဇောဂျီပဲကောင်းပါတယ်..။
အဲလိုတွေများများ ဖတ်ရတာ..ကျေးဇူးတကယ်တင်တယ်။
ကိုယ်တိုင်လဲ ယူနီနဲ့ရေးတာဖတ်ချင်လို့ ၃ကြိမ်တိတိကြိုးစားပီးနောက်မှာ ဇော်ဂျီကိုထိခိုက်လို့ လက်လျှော့လိုက်တယ်။
သြော်..ယူနီကုတ်ထဲမှာတောင် ဘယ်နာ့ကြောင့် မြန်မာ၂. ၃ တွေရှိနေရတာလဲ..။
ကိုလင်းဦးပြောသလို ဆို ယူနီနဲ့ရိုက်ရတာ.. စိတ်ပျက်စရာကြီး..။ကေ ကိုရိုက်ရင် က ကိုအရင်ရိုက်ပီးေ ရိုက်ဆိုတော့... အဲဒါကိုကောင်းတယ်ပြောရင်..တကယ်အံ့သြစရာပဲ။

ဘာပဲဖြစ်ဖြစ် စာဖတ်သူအဆင်ပြေပီးအသုံးပြုသူအဆင်ပြေတဲ့ ကုတ်က အရေးကြီးဆုံးပါပဲ။

မြတ်နိုး

ရွှေရတုမှတ်တမ်း said...

ခါးကော့ထားသည်..
တမျိုးတမည်မထင်ပါနှင့်
ဇော်က ကနေသောကြောင့်ဖြစ်ပါသည်..
သူ့ဖာသာကောင်းချင်ကောင်းမကောင်းချင်နေ..
သူများကို မကောင်းကြောင်းတွေပြောတတ်သောကြောင့်
ဦးနီ ကို မသုံးခြင်းဖြစ်ပါသည်။
ပျူကုတ်ကိုစောင့်နေသည်။

သက်ဝေ said...

ယူနီကုဒ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သေသေချာချာ ချပြနိုင်မယ့် အခုလို စာမျိုးကို မျှော်နေတာ... လက်ရှိ တကယ်သုံးနေတဲ့သူနဲ့ ပြောဆိုမေးမြန်းထားတာ သိရ ဖတ်ရတာ ကျေးဇူးတင်လိုက်တာ ကိုအောင်...

ပြောချင်တာတွေ ရှိနေသေးတယ်... ဒါပေမယ့် အခုတော့ ဒီလောက်ပဲ ပြောပါတော့မယ်... စောင့်ကြည့်ကြသေးတာပေါ့...း))

နှင်းဟေမာ said...

အဲဒါကို စိတ်ဝင်စားနေတာတော့ ကြာပီကိုအောင်
အခုမှပဲ ကောင်းကောင်းနားလည်သွားပါတယ်
ဇော်ဂျီကအဆင်အပြေဆုံးလိုဖြစ်နေတာမို့ အဲဒီဟာကို ပြောင်းသုံးဖို့ကတော့ မဖြစ်နိုင်ပါဘူး
ဒါပေမယ့် သူ့ရဲ့အားသာချက် အားနည်းချက် အားလုံးကို သဘောပေါက်နားလည်ထားရင်တော့ အကောင်းဆုံးပေါ့နော်
နည်းပညာဆိုတာကတော့ အားလုံးသိထားသင့်တဲ့အတွက် စိတ်ဝင်စားမိပါတယ် ထပ်ပြီးတော့သိရင်လဲ ပြန်မျှဝေပါဦးနော်း)
အဲ ပျူနီကုတ်ဖောင့်ကို ကိုအောင်တီထွင်မယ်ဆိုရင်တော့ အားနာပါးနာနဲ့ပဲ ပြောင်းသုံးကြည့်ပါမယ်းD

ZT said...

ကိုအောင်ရေ

ကိုလင်းဦး (စိတ်ပညာ) ပြောသွားတဲ့ အချက်အလက်တွေ အတော်များများ မှားနေပါတယ်။ ကျွန်တော်ပြန်ပြီး ဖြေရှင်း ပါရစေ။

(၁) ယူနီကုတ်မှာ "ေ + က " ကို အဲဒီ အတိုင်းပဲ ရိုက်ရပါတယ်။ ဘယ် ယူနီကုတ် ကီးဘုတ်မှာ ဖြစ်ဖြစ် ကကြီး အရင် ရိုက်စရာ မလိုပါ။ က ကြီး အရင် ရိုက်ရတယ် ဆိုတာ Myanmar2 ရဲ့ အခက်အခဲပါ။ အဲဒါကို Myanmar3 မှာ Automatic Reordering နဲ့ ပြန်ဖြေရှင်းပြီးပါပြီ။

(၂) ယူနီကုတ် စံကို လိုက်နာချင်ရင် တစ်ဝက်တစ်ပျက် လိုက်နာလို့ မရပါ။ စာလုံး နေရာချပုံ အပြင် Storage Order ကိုပါ လိုက်နာရပါတယ်။ ဧရာက Visual Order အတိုင်း စီတယ်ဆိုတာ User ကို သတင်း အမှားပေးခြင်း ဖြစ်ပါတယ်။ Visual Order အတိုင်း စီတယ် ဆိုတာ Unicode Consortium က ဘယ်သော အခါမှ ပြဌာန်းထားခြင်း မရှိပါဘူး။ မြန်မာ ယူနီကုတ် စနစ်ဟာ မြန်မာစာကို ဆော့ဖ်ဝဲမသုံးဘဲ စာလုံးစီ (Sorting) လို့ရအောင် Storage Order ကို ဒီဇိုင်းလုပ်ထားခြင်း ဖြစ်ပါတယ်။ မြန်မာ အက္ခရာစဉ်ရင် "က၊ ကေ၊ ခ၊ ခြ " ဆိုပြီး စာလုံး အစီအစဉ်ရှိပါတယ်။ သဝေထိုးကို နောက်ပို့လိုက်တဲ့ အတွက်ကြောင့် စာလုံး စီတဲ့နေရာမှာ ဆော့ဖ်ဝဲမသုံးပဲ ယူနီကုတ် စနစ်သက်သက်နဲ့ စီလို့ ရသွားပါတယ်။ ဇော်ဂျီလို ဧရာလို စနစ်မျိုးမှာ အဲဒီလို စာလုံးစီဖို့ ဆော့ဖ်ဝဲ သပ်သပ် ရေးပေးရပါတယ်။ မဟုတ်ရင် "က၊ခ၊ကေ၊ခြ" ဆိုပြီး စီသွားမှာ ဖြစ်ပါတယ်။ သဝေထိုးနဲ့ ရရစ်ရဲ့ ယူနီကုတ် နံပါတ်ဟာ အ အက္ခရာရဲ့ နောက်မှာ ရှိပါတယ်။ User က စာရိုက်တဲ့ အချိန် ပုံမှန်အတိုင်း ရိုက်သွားရုံပါပဲ။ သဝေထိုး နောက်ပို့တဲ့ ကိစ္စက ကီးဘုတ်က နောက်ကွယ်ကနေ User မသိလိုက်ပဲ လုပ်သွားတဲ့ ကိစ္စ ဖြစ်ပါတယ်။

(၃) Myanmar1 , Myanmar2 နဲ့ Myanmar3 ဆိုတာ က Development Step တွေပါ။ Myanmar2 နဲ့ Myanmar3 ဘယ်လိုမှ Compatible မဖြစ်နိုင်ပါ။ ဒါပေမယ့် အခုလက်ရှိ ရှိနေတဲ့ ယူနီကုတ်ဖောင့်တွေ တစ်ခုနဲ့ တစ်ခု Compatible and Interchangeable ဖြစ်ပါတယ်။ မြန်မာ၃၊ ပုရပိုက်၊ မာစတာပိစ်ယူနီစံ၊ သံလွင်၊ ပိတောက်၊ ဝင်းယူနီအင်းဝ၊ ယွန်းချို တို့ကို ဖောင့်တစ်ခုကနေ တစ်ခု ကွန်ဗာတာ မလိုဘဲ ပြောင်းလို့ ရပါတယ်။ အသေးစိတ် စာရင်းက ဒီမှာပါ။ http://www.myanmarlanguage.org/unicode/myanmar-fonts-which-follow-unicode-rules

(၄) ကီးဘုတ် အမျိုးမျိုး ဖြစ်နေရခြင်းဟာ User တွေရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်ပါတယ်။ ဇော်ဂျီ သုံးနေကျ User တွေဟာ ကီးဘုတ် လက်ကွက် အသစ်မကျင့်ချင်တဲ့ အတွက် NHM ကို Develop လုပ်ပေးထားတာပါ။ နောက်ပြီးတော့ ယူနီကုတ်ကီးဘုတ် (မြန်မာ၃ ကီးဘုတ်) လိုမျိုးမှာ ကျွန်တော်တို့ မူလတန်းက သင်ခဲ့တဲ့ စာလုံးပေါင်းအတိုင်း ရိုက်ရပါတယ်။ ရွှေ ကို ရိုက်ချင်ရင် "ေ + ရ + ဝဆွဲ + ဟထိုး " လို့ ရိုက်ရပါတယ်။ ပြောင်းကို ရိုက်ချင်ရင် "ေ + ပ +ြ +ာ + င + အသတ် + ဝစ္စပေါက်" ရိုက်ရပါတယ်။ ကျွန်တော်ကိုယ်တိုင် မြန်မာ၃ ကီးဘုတ်ကို နှစ်ပေါက်အောင် သုံးလာတဲ့ သူမို့ ကိုလင်းဦး ပြောသွားတာ လုံးဝမှားယွင်းကြောင်း အတိအကျ ပြောနိုင်ပါတယ်။

(၅) Keyman နဲ့ NHM ဟာ ကျွန်တော်တို့ မြန်မာတွေ ထွင်ထားတဲ့ ကိုယ်ပိုင် ကီးဘုတ် မဟုတ်ပေမယ့် KeyMagic နဲ့ Ekaya ကတော့ မြန်မာတွေ ထွင်ထားတဲ့ ကိုယ်ပိုင် ကီးဘုတ်တွေပါ။

(၆) ကျွန်တော့် ကွန်ပျူတာမှာ ဇော်ဂျီကီးဘုတ်၊ မြန်မာ၃ ကီးဘုတ်၊ ပုရပိုက် ကီးဘုတ် နဲ့ NHM Writer ရှိပါတယ်။ သုံးချင်တဲ့ ကီးဘုတ်ကို Switch လုပ်ပြီး သုံးရုံပါပဲ။ တစ်ခါသုံးရင် တစ်ခါ Install လုပ်စရာ မလိုပါ။

(၇) Loading အနေနဲ့ ကြာတယ်ဆိုတဲ့ ကိစ္စက အခုခေတ် ကွန်ပျူတာတွေရဲ့ Speed နဲ့ နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်တဲ့ ကိစ္စပါ။ နောက်တစ်ခုက rendering က Font Table ထဲမှာ လုပ်ပါတယ်။ Browser မှာ လုပ်တာ မဟုတ်တဲ့ အတွက် သိပ်မသိသာပါဘူး။

(၈) [] ရိုက်ရင် ကီးဘုတ် ကြောင်သွားတာ မဟုတ်ပါ။ NHM နဲ့ ဇော်ဂျီကီးဘုတ် မှာ English Punctuation Character တွေ ရိုက်လို့ရအောင် ] ကို Special Key အနေနဲ့ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ] နဲ့ တွဲ ရိုက်ရင် ကီးဘုတ် Switch လုပ်စရာ မလိုဘဲ @#,$ စတဲ့ အင်္ဂလိုပ် အက္ခရာတွေကို မြန်မာစာထဲမှာ ရောပြီးရိုက်လို့ရအောင် လုပ်ထားတာပါ။

(၉) Sorting ကို စမ်းကြည့်ချင်ရင် Open Office.org Myanmar Version မှာ ကိုယ်တိုင် စမ်းကြည့်နိုင်ပါတယ်။ ကျွန်တော် စမ်းကြည့်ပြီးပါပြီ။
http://www.phoonuthit.com/2009/05/open-officeorg-31_07.html အဲဒီပို့စ်မှာ ပါတဲ့ လင့်ခ်ကနေ ကိုယ်တိုင် ဒေါင်းလုပ်ဆွဲပြီး စမ်းကြည့်ပါ။

ရေးရတာမောသွားပြီဗျာ။ နောက်မှ ကျန်တဲ့ အချက်အလက်မှားတွေ လာထပ်ပြီး ရှင်းပါဦးမယ်။

ZT said...
This comment has been removed by the author.

Error တက်လို့ ပြန်ပြီးတင်လိုက်တာ Comment တွေ များသွားတယ်။ Spam လို ဖြစ်သွားပြီ။ ဆောရီးပဲ ကိုအောင်။ :D

အမှားပြင်ဆင်ချက် အနေနဲ့ Ekaya က မြန်မာထွင်တာ မဟုတ်ပါဘူး။ Thanlwinsoft ကထွင်ထားတာပါ။ သူတို့က မြန်မာယူနီကုတ်အတွက် ဇောက်ချပြီး လုပ်နေတဲ့ အင်္ဂလိပ် တွေပါ။

Anonymous said...

ကိုအောင်ရေ

ယူနီကုတ် မြန်မာတူး သရီး က ကျနော့် အတွက်တော့ ဇော်ဂျီလောက် အဆင်မပြေဘူး

ဒါပေမဲ့ ပျူကုတ် ဆိုတာပေါ်လာရင်တော့ သုံးဖြစ်အောင်သုံးမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

တစ်ခုပြောချင်သေးတယ်..
Java မှာ Myanmar 2 or 3 ကို suport မလုပ်နိုင်ပါဘူး။
Java swt gui တစ်ခုမှာပဲ မြန်မာစာလုံး အမှန်ပေါ်ပြီး JFrame သုံးတဲ့ form တွေမှာ reordering မလုပ်နိုင်ဘူး ဖြစ်နေပါတယ်။ အဲဒီ ပြဿနာကိုလည်း Myanmar 3 က ပြေလည်အောင် လုပ်ပေးသင့်ပါတယ်။

Anonymous said...

Yes, Unicode developers should focus on their work & not blame others but must point out errors in constructive cticism. They should educate users more on current version & applications.

YoungGun said...

အဲဒီဟိုဒင်းအသစ်တွေကို နားလည်အောင် မကြိုးစားဖူးဘူး ဒါ့ကြောင့် ဇော်ဂျီတောင်းဝှေးနဲ့ပဲ ဆက်ကစားနေလိုက်တယ် အစ်ကိုရေ.

sosegado said...

ပျူကုတ်ဆိုလို့ ပျူစာတွေ တွေ့ရမယ်ထင်နေတာ၊
ပျူ ကဗျုး ၊ ဇက် ကရှင်းနှင့် တော်တော် သိလိုက်ရပြီ၊
စမ်းပြီးတော့ ရိုက်ကြည့်နေတယ်၊ ၂ နှင့် ၃ ခုမှာရှင်းတော့တယ်၊
ဝင်ဒိုးထဲပါလာရင်တော့ ပိုကောင်းတာပေါ့။

Thuta said...

ဘာပဲပြောပြော စနစ်တကျ ပေါ်ထွန်းလာမဲ့ ယူနီကုတ်ဟာ တဖြေးဖြေး နေရာယူလာမှာပါပဲ.. ဇော်ဂျီဟာလဲ ငြမ်းပဲဖြစ်သင့်ပါတယ်.. ကျွန်တော်ခုထိ ယူနီကုတ်ကို တစ်ခါမှ မသုံးဘူးသေးပါဘူး.. နည်းပညာ သိပ်မကျွမ်းတာကြောင့်ရော.. စမ်းလိုက်လို့ ကိုယ်ဖတ်နေကြ web page တွေ ဖတ်မရတော့မှာ စိုးတာရောနဲ့ မစမ်းကြည့်မိသေးပါဘူး.. ဒါပေမဲ့ ယူနီကုတ်ဟာ မှန်ကန်တဲ့ စနစ်ဖြစ်တယ်.. ဇော်ဂျီဟာ ယူနီကုတ် ပြည့်စုံကောင်းမွန်လာချိန်မှာ ဖယ်ပေးရမဲ့ ငြမ်းဖြစ်တယ်ဆိုတာကို အပြည့်အ၀ လက်ခံထားပါတယ်.. စနစ်ကျအောင် လုပ်ရတဲ့ ယူနီကုတ်ဟာ ဘာမှ ဂရုစိုက်စရာမလိုပဲ ဖြစ်ချင်သလိုဖြစ် ရေးတင်ပေးလို့ရတဲ့ ဇော်ဂျီထက်တော့ ပြည့်စုံဖို့ အချိန်ယူရမယ်.. ပိုခက်ခဲမယ် ဆိုတာ နားလည်ပါတယ်.. ယူနီကုတ်သမားတွေဟာလဲ ဇော်ဂျီကို တိုက်ခိုက်နေတယ်လို့ မမြင်ပါဘူး.. အလွယ်လမ်း လိုက်နေတဲ့ ကျွန်တော်တို့လို user တွေအတွက် ဇော်ဂျီရဲ့ အားနဲချက်ဟာ ဘာဖြစ်တယ်ဆိုတာ နားလည်သူက မရှင်းပြသရွေ့ ပီးစလွယ် ဆက်သုံးနေမိကြမှာပါပဲ.. ဥပမာပြရင်တော့ တွေ့ကရာနေရာမှာ အမှိုက်ပစ်တာဟာ အမှိုက်ပုံးလိုက်ရှာပီး ပစ်နေရတာထက် အများကြီး ပိုလွယ်တာပါပဲ.. ဒီတော့ အမှိုက်ပုံးမှာ အမှိုက်ပစ်စေချင်သူတွေက တစ်ဖက်ကလဲ အမှိုက်ပုံးတွေ လွယ်လွယ်ကူကူ ရှာနိုင်အောင် နေရာတကာထားပေးဖို့ ကြိုးစားရမယ်.. တဖက်ကလဲ လူတွေကို တွေ့ကရာ အမှိုက်ပစ်တာဟာ မကောင်းကြောင်း စည်းရုံးအသိပေးရပါမယ်.. ဒါကို တွေ့ကရာ အမှိုက်ပစ်တာ မကောင်းကြောင်း လိုက်ပြောနေရလား၊ ဒါသူများ မကောင်းကြောင်း ပြောတာပဲ ဆိုတဲ့ အမြင်တော့ ကျွန်တော် မမြင်ပါဘူး.. တစ်ခုပါပဲ အမှိုက်ပစ်ချင်တဲ့လူတွေ တွေ့ကရာပစ်တာလောက် မဟုတ်တောင် အကြာကြီး မကိုင်ထားလောက်အောင်တော့ စီစဉ်ထားပေးသင့်ပါတယ်.. ယူနီကုတ်ဟာ ဒါကို အားစိုက် ကြိုးပမ်းပီး တစ်ဖက်ကလဲ အသိပညာပေးတာတွေ လုပ်သွားတာကပဲ မှန်ကန်တဲ့ နည်းလမ်းလို့ မြင်ပါတယ်..

ဟုတ်ကဲ့.. ခုကျွန်တော် ဇော်ဂျီကိုပဲ သုံးနေပါသေးတယ်.. ဒီfont လေးရဲ့ ကျေးဇူးဟာလဲ ကျွန်တော်တို့အတွက် လှေခါးတစ်ခုမက ကျေးဇူးကြီးခဲ့ပါတယ်လေ.. ဒါပေမဲ့ စနစ်တကျရှိတဲ့ ယူနီကုတ် font ကြီး သေချာဖွံ့ဖြိုးလာပီး အခက်အခဲ နဲနဲနဲ့ (ဘာစည်းမှ မထားတဲ့ ဇော်ဂျီလောက်တော့ လွယ်မှာ မဟုတ်ရင်တောင်) သုံးလို့ ရမယ်ဆိုရင်တော့ စနစ်တကျ ပြောင်းလဲပစ်ဖို့ အဆင်သင့်ပါပဲ..

Thuta said...

ကျွန်တော် ဇော်ဂျီ သုံးသမားပါ.. ယူနီကုတ်ကို တစ်ခါမှ မသုံးဘူးသေးပါဘူး.. နည်းပညာပိုင်း အားနဲတာရော.. ပြောင်းလိုက်လို့ အခက်အခဲတွေ ပေါ်လာရင် မရှင်းတတ်တာနဲ့ရောကြောင့် ပြောင်းရမှာ လက်တွန့်နေတာပါ.. ဒါပေမဲ့ ဇော်ဂျီဟာ ငြမ်းပဲ ဖြစ်တယ်ဆိုတာကို လက်ခံပါတယ်.. အချိန်တန်ရင် ဖျက်သင့်တဲ့၊ ဖျက်ရမဲ့ အရာပါ..

ယူနီကုတ်ဟာ ခက်ခဲတယ် ဆိုပေမဲ့ စနစ်တကျစီမံရတဲ့ အရာတစ်ခုဟာ ဘာမှတွက်ဆ ချင့်ချိန်ဖို့မလိုတဲ့ အရာတစ်ခုထက်တော့ ခက်ခဲမှာပဲ ဆိုတာလဲ လက်ခံပါတယ်.. ယူနီကုတ်သမားတွေဟာ ဇော်ဂျီမကောင်းကြောင်းတွေ လိုက်ပြောနေတယ် ဆိုတာလဲ လက်မခံပါဘူး.. အလွယ်လိုက်နေတဲ့ လူတွေကို အဲဒါရဲ့ အားနဲချက် အသိပညာတွေ မပြောပြလို့ကတော့၊ အသိပညာ မပေးလို့ကတော့ ပြောင်းလဲ ပြုပြင်ဖို့ ဘယ်စဉ်းစား ကြမှာတဲ့လဲ..

ဥပမာဗျာ.. အမှိုက်တွေ့ကရာ ပစ်တာဟာ အမှိုက်ပုံးမှာ သွားပစ်တာထက်တော့ ဘာပဲပြောပြော ပိုလွယ်မှာပါပဲ.. ဒီတော့ အမှိုက်တွေ့ကရာ ပစ်တာ မကောင်းကြောင်း အသိပညာ ပေးကိုပေးရမှာပါ.. ဒါဟာ မကောင်းပြောတာ ပုတ်ခတ်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ တဖက်ကလဲ အမှိုက်ပုံးတွေ အဆင်ပြေအောင် စီစဉ်ပေးထားမှ စည်းကမ်း လိုက်နာလိုသူတွေ အတွက် တွေ့ကရာ ပစ်တာလောက် မလွယ်ဘူးဆိုရင်တောင် အခက်အခဲကြိး တစ်ခုတော့ မဖြစ်စေဘူးပေါ့..

ဒီတော့ ယူနီကုတ်သမားတွေဟာ user တွေ အဆင်ပြေသထက် ပြေအောင် တဖက်ကလဲ ကြိုးစားမယ် (စည်းမထား ရေးထားတဲ့ ဇော်ဂျီလောက် လွယ်ကူနေဖို့တော့ မလိုသလို မဖြစ်လဲ မဖြစ်နိုင်ပါဘူး)၊ တခြားဘက်ကလဲ ဇော်ဂျီသုံးခြင်းရဲ့ အပြစ်တွေကို အလွယ်လိုက်နေတဲ့ ကျွန်တော်တို့လို user တွေကို အသိပေးဖို့ လိုကို လိုပါလိမ့်မယ်..

ကျွန်တော်တို့အတွက် လှေကား တစ်ထစ်လိုဖြစ်နေတဲ့ ဇော်ဂျီကို ချစ်ပေမဲ့ စနစ်တကျနဲ့ မှန်ကန်တဲ့ ယူနီကုတ်ကို ပြောင်းလဲအသုံးပြုနိုင်မဲ့ အချိန်ကို စိတ်ဝင်တစား မျှော်လင့်နေပါတယ်..

ကျွန်တော် ဇော်ဂျီ သုံးသမားပါ.. ယူနီကုတ်ကို တစ်ခါမှ မသုံးဘူးသေးပါဘူး.. နည်းပညာပိုင်း အားနဲတာရော.. ပြောင်းလိုက်လို့ အခက်အခဲတွေ ပေါ်လာရင် မရှင်းတတ်တာနဲ့ရောကြောင့် ပြောင်းရမှာ လက်တွန့်နေတာပါ.. ဒါပေမဲ့ ဇော်ဂျီဟာ ငြမ်းပဲ ဖြစ်တယ်ဆိုတာကို လက်ခံပါတယ်.. အချိန်တန်ရင် ဖျက်သင့်တဲ့၊ ဖျက်ရမဲ့ အရာပါ.. ယူနီကုတ်ဟာ ခက်ခဲတယ် ဆိုပေမဲ့ စနစ်တကျစီမံရတဲ့ အရာတစ်ခုဟာ ဘာမှတွက်ဆ ချင့်ချိန်ဖို့မလိုတဲ့ အရာတစ်ခုထက်တော့ ခက်ခဲမှာပဲ ဆိုတာလဲ လက်ခံပါတယ်.. ယူနီကုတ်သမားတွေဟာ ဇော်ဂျီမကောင်းကြောင်းတွေ လိုက်ပြောနေတယ် ဆိုတာလဲ လက်မခံပါဘူး.. အလွယ်လိုက်နေတဲ့ လူတွေကို အဲဒါရဲ့ အားနဲချက် အသိပညာတွေ မပြောပြလို့ကတော့၊ အသိပညာ မပေးလို့ကတော့ ပြောင်းလဲ ပြုပြင်ဖို့ ဘယ်စဉ်းစား ကြမှာတဲ့လဲ.. ဥပမာဗျာ.. အမှိုက်တွေ့ကရာ ပစ်တာဟာ အမှိုက်ပုံးမှာ သွားပစ်တာထက်တော့ ဘာပဲပြောပြော ပိုလွယ်မှာပါပဲ.. ဒီတော့ အမှိုက်တွေ့ကရာ ပစ်တာ မကောင်းကြောင်း အသိပညာ ပေးကိုပေးရမှာပါ.. ဒါဟာ မကောင်းပြောတာ ပုတ်ခတ်တာ မဟုတ်ပါဘူး.. အဲလို အသိပညာ မရှိရင်တော့ အမှိုက်ပုံးမှာ သွားပစ်ရတာ တွေ့ရာ ပစ်တာလောက် လွယ်လို့လား.. အဆင်ပြေလို့လားနဲ့ ဘယ်သူမှ စိတ်ကူးကြမှာ မုဟုတ်ပါဘူး.. ဒါပေမဲ့ တဖက်ကလဲ အမှိုက်ပုံးတွေ အဆင်ပြေအောင် စီစဉ်ပေးထားမှ စည်းကမ်း လိုက်နာလိုသူတွေ အတွက် တွေ့ကရာ ပစ်တာလောက် မလွယ်ဘူးဆိုရင်တောင် အခက်အခဲကြိး တစ်ခုတော့ မဖြစ်စေဘူးပေါ့..
ဒီတော့ ယူနီကုတ်သမားတွေဟာ user တွေ အဆင်ပြေသထက် ပြေအောင် တဖက်ကလဲ ကြိုးစားမယ် (စည်းမထား ရေးထားတဲ့ ဇော်ဂျီလောက် လွယ်ကူနေဖို့တော့ မလိုသလို မဖြစ်လဲ မဖြစ်နိုင်ပါဘူး)၊ တခြားဘက်ကလဲ ဇော်ဂျီသုံးခြင်းရဲ့ အပြစ်တွေကို အလွယ်လိုက်နေတဲ့ ကျွန်တော်တို့လို user တွေကို အသိပေးဖို့ လိုကို လိုပါလိမ့်မယ်..

ကျွန်တော်တို့အတွက် လှေကား တစ်ထစ်လိုဖြစ်နေတဲ့ ဇော်ဂျီကို ချစ်ပေမဲ့ စနစ်တကျနဲ့ မှန်ကန်တဲ့ ယူနီကုတ်ကို ပြောင်းလဲအသုံးပြုနိုင်မဲ့ အချိန်ကို စိတ်ဝင်တစား မျှော်လင့်နေပါတယ်..

Thuta said...

ကျွန်တော် ဇော်ဂျီ သုံးသမားပါ.. ယူနီကုတ်ကို တစ်ခါမှ မသုံးဘူးသေးပါဘူး.. နည်းပညာပိုင်း အားနဲတာရော.. ပြောင်းလိုက်လို့ အခက်အခဲတွေ ပေါ်လာရင် မရှင်းတတ်တာနဲ့ရောကြောင့် ပြောင်းရမှာ လက်တွန့်နေတာပါ.. ဒါပေမဲ့ ဇော်ဂျီဟာ ငြမ်းပဲ ဖြစ်တယ်ဆိုတာကို လက်ခံပါတယ်.. အချိန်တန်ရင် ဖျက်သင့်တဲ့၊ ဖျက်ရမဲ့ အရာပါ.. ယူနီကုတ်ဟာ ခက်ခဲတယ် ဆိုပေမဲ့ စနစ်တကျစီမံရတဲ့ အရာတစ်ခုဟာ ဘာမှတွက်ဆ ချင့်ချိန်ဖို့မလိုတဲ့ အရာတစ်ခုထက်တော့ ခက်ခဲမှာပဲ ဆိုတာလဲ လက်ခံပါတယ်.. ယူနီကုတ်သမားတွေဟာ ဇော်ဂျီမကောင်းကြောင်းတွေ လိုက်ပြောနေတယ် ဆိုတာလဲ လက်မခံပါဘူး.. အလွယ်လိုက်နေတဲ့ လူတွေကို အဲဒါရဲ့ အားနဲချက် အသိပညာတွေ မပြောပြလို့ကတော့၊ အသိပညာ မပေးလို့ကတော့ ပြောင်းလဲ ပြုပြင်ဖို့ ဘယ်စဉ်းစား ကြမှာတဲ့လဲ.. ဥပမာဗျာ.. အမှိုက်တွေ့ကရာ ပစ်တာဟာ အမှိုက်ပုံးမှာ သွားပစ်တာထက်တော့ ဘာပဲပြောပြော ပိုလွယ်မှာပါပဲ.. ဒီတော့ အမှိုက်တွေ့ကရာ ပစ်တာ မကောင်းကြောင်း အသိပညာ ပေးကိုပေးရမှာပါ.. ဒါဟာ မကောင်းပြောတာ ပုတ်ခတ်တာ မဟုတ်ပါဘူး.. အဲလို အသိပညာ မရှိရင်တော့ အမှိုက်ပုံးမှာ သွားပစ်ရတာ တွေ့ရာ ပစ်တာလောက် လွယ်လို့လား.. အဆင်ပြေလို့လားနဲ့ ဘယ်သူမှ စိတ်ကူးကြမှာ မုဟုတ်ပါဘူး..

Thuta said...

ဒါပေမဲ့ တဖက်ကလဲ အမှိုက်ပုံးတွေ အဆင်ပြေအောင် စီစဉ်ပေးထားမှ စည်းကမ်း လိုက်နာလိုသူတွေ အတွက် တွေ့ကရာ ပစ်တာလောက် မလွယ်ဘူးဆိုရင်တောင် အခက်အခဲကြိး တစ်ခုတော့ မဖြစ်စေဘူးပေါ့..

ဘလော့ပိုင်ရှင်ရေ.. ကျွန်တော့် ကော်မန့် တင်တာရှည်လို့ လက်မခံဘူးဆိုပီး system ကပြောလို့ နှစ်ပိုင်း ဖြတ်တင်ထားပါတယ်.. ဒါပေမဲ့ ဒုတိယပိုင်းပဲ ဖော်ပြပေးလို့ ဖတ်ရတာ တမျိုးကြီးဖြစ်နေတယ်.. ပထမပိုင်းလေးပါ ဖော်ပြပေးလို့ ရမလား... မဟုတ်၇င်တော့ ဒုတိယပိုင်းလေးကိုပါ ဖျက်ပေးပါ..

လင်းဦး(စိတ်ပညာ) said...

(၁) ကျွန်တော်တို့ဟာ User (အသုံးပြုသူ)တွေဖြစ်ကြပါတယ်။ ကျွန်တော်ဟာလည်း ပညာရှင်မဟုတ်ပါ။ သို့သော် လက်ရှိအသုံးပြုမှုရဲ့ မြင်တွေ့နေရတဲ့ ဒုက္ခတွေကို အရိုးရှင်းဆုံး ပြောထားတာပါ။ ကျွန်တော်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံနဲ့ အခက်အခဲကို ထောက်ပြထားတာပါ။

(၂) ကွန်ပျူတာ သူ့ဟာသူပြောင်းသွားမယ်ဆိုတော့ ဒီပြောင်းဖို့ကို သိမ်းဖို့ ကွန်ပျူတာမှာ ဘာတွေ လိုအပ်ချက်တွေရှိမယ်ထင်ပါတယ်။ ဥုံဖွဆိုပြီး ပြောင်းသိမ်းမယ်လို့တော့ မမြင်မိပါဘူး။ လက်ရှိက မြန်မာနိုင်ငံမှာ သုံးနေတာ အများစုဟာ ခေတ်မီ ကွန်ပျူတာတွေ အရည်အသွေးတွေမဟုတ်ပါဘူး။

(၃) မြန်မာ ၂ - ၃ ကို ပြောင်းလို့မရတာကို ပညာရှင်တွေ အပြစ်မဟုတ်ဘူးလို့ မြင်ပေမယ့် အသုံးပြုသူ (User) တွေအနေနဲ့ ဘာလို့ မြင်သလဲလို့ ထင်ပါသလဲ။ လက်ရှိအစိုးရရဲ့ ထောက်ခံမှုနှင့်အတူ အတင်းကို သုံးခိုင်းမှုကြောင့် Myanmar -2 ဖောင့်ကို အစိုးရ ဌာန အားလုံး သုံးစွဲရပါတယ်။ အထူးသဖြင့် Cabinet, FAPC, စသဖြင့် ၀န်ကြီးချုပ်ရုံးတွေကို တင်ရတဲ့အခါမှာ အသုံးပြုကြရပါတယ်။ အဲ့ဒီ အသုံးပြုသူတွေဟာ Myanmar - 3 ကို အသုံးပြုရန် အဆင်မပြေလှပါဘူး။ ကွန်ဗတ်တာနဲ့ ဖိုင်သောင်း သိန်းပေါင်းများကို ပြောင်းပြီး မြန်မာ-၃ကို အသုံးပြုရမည်လား။ ဒါကတော့ ပညာရှင်တွေအတွက် ဂရုစိုက်စရာမလိုတဲ့ သဘောလား။ ဒါမှမဟုတ် အစိုးရ ဝန်ကြီးဌာနတွေမှာ ပရောဂျက် ထပ်တင်ဖို့ စီမံကိန်းတွေလား။ ဘယ်လိုဘဲဖြစ်ဖြစ် လောလောဆယ်အခြေအနေတွေမှာ ယူဇာတွေအတွက် တော့ အင်မတန် ခက်ခဲလှပါတယ်။ ဒီဇိုင်း၊ ဖိုတိုရှော့များနဲ့ ပရိုဂရမ် တော်တော်များများမှာ အသုံးပြု၍ မရပါ။

(၄) ပညာရှင်တွေက သူတို့အချင်းချင်းပဲ အသုံးပြုစေချင်တာလား။ တကယ့် အများပြည်သူ အကုန်လုံးကို အသုံးပြုစေချင်တာလားဆိုတာ... စဉ်းစားကြည့်စေချင်ပါတယ်။ တကယ်တမ်း အားလုံးကို အသုံးပြုစေချင်ရင် ဒီလို လိုအပ်ချက်တွေ အကုန်လုံးကို ကြည့်ရပါမယ်...။ ဒါက လက်ရှိအသုံးပြုသူ တော်တော်များများရဲ့ လိုအပ်ချက်တွေပါ။ အခြားလူတွေရဲ့ လိုအပ်ချက်တွေတော့ မသိပါဘူး။

(၅) မြန်မာယူနီကုတ်ကို အတင်းသုံးရမယ်လို့ မတိုက်တွန်းသင့်ဘူး (လက်ရှိအစိုးရအပါအ၀င်)။ အသုံးပြုသူတွေက သူတို့အဆင်ပြေရာကို ကိုယ်တိုင်ရွေးချယ် အသုံးပြုသွားမှာပါပဲ။ သို့သော်လည်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ယူနီကုတ်စံကိုက်တဲ့ ဖောင့်ကတော့ အသေအချာကို လိုအပ်သလို အသုံးပြုရမှာကိုတော့ ထောက်ခံပါတယ်။ သိုသော်လည်း အမှန်တကယ် အသုံးချနိုင်ဖို့တော့ ဖန်တီးပေးဖို့လဲ လိုပါတယ်။ သုံးဖို့အတွက် ဟိုဟာလိုတယ်။ ဒီဟာလိုတယ်။ ဟိုဟာလုပ်ပါအုံး၊ ဒီဟာလုပ်ပါအုံး ပြောနေမယ့်အစား၊ အဆင်ပြေအောင် ဖန်တီးပေးထားသင့်ပါတယ်။ အဲ့တာဆိုရင် ပြောနေစရာမလိုဘူးထင်တယ်။ လူတွေက လိုအပ်ချက်ကင်းပြီး ကောင်းမွန်တဲ့ အရာကို သူတို့ ကိုယ်တိုင်ရွေးချယ်လာမှာပါ။ By Force လုပ်စရာ မရှိပါဘူး။

(၆) အားလုံးကို ဒီ ဖိုင်လေးကို ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြည့်စေချင်ပါတယ်။ http://ayarunicode.googlecode.com/files/glitch_in_myanmar_unicode.pdf

...အလင်းစက်များ said...

ခေါင်းခြောက်တယ်ဗျာ.... အချိန်ရတိုင်းတော့ လုပ်ကြည့်နေတာပဲ အဆင်မပြေသေးဘူး.. သိတဲ့အတိုင်း အထနှေးတာ..... ဟူးးးးးးးးး

ZT said...

ကိုလင်းဦးခင်ဗျား

(၁) Windows ကနေ Linux ကို ပြောင်းသုံးတဲ့ User တစ်ယောက်နဲ့ ဥပမာ ယှဉ်ပြပါမယ်။ User အနေနဲ့ Linux ကို ဘာလို့ Windows လို အလုပ်မလုပ်သလဲ ဆိုတာ အမြဲတမ်း လိုက်စဉ်းစားနေရင် Linux ကို ဘယ်တော့မှ လွယ်တယ် ထင်မှာ မဟုတ်ပါဘူး။ Linux ဘယ်လို လွယ်အောင် လုပ်ထားသလဲ ဆိုတာ လေ့လာဖို့ လိုပါတယ်။ အဲဒီလိုပါပဲ။ ယူနီကုတ်ကို ဘာလို့ ဇော်ဂျီလို အလုပ်မလုပ်သလဲ မစဉ်းစားပဲ ယူနီကုတ် ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ တစ်ချက်ပဲ လေ့လာကြည့်ပါ။ ၂ နာရီ မကြာပါဘူး။ သဘောပေါက်လွယ် ပါတယ်။ ကျွန်တော့် အနေနဲ့ ယူနီကုတ်ကို စသုံးကတည်းက တစ်ခါမှ ခက်တယ် အဆင်မပြေဘူးလို့ မထင်ခဲ့ဖူးပါဘူး။

(၂) ပြောင်းသိမ်းဖို့ ကီးဘုတ် ဆော့ဖ်ဝဲလ် လိုပါတယ်။ အဲဒါကြောင့် ယူနီကုတ် ကီးဘုတ်တွေက ဇော်ဂျီ ကီးဘုတ်လို ရိုးရှင်းတဲ့ ကီးဘုတ် မဟုတ်ပဲ Keyman တွေ၊ NHM တွေ၊ KeyMagic တွေ ၊ Ekaya တွေစတဲ့ ဆော့ဖ်ဝဲလ်တွေ ဖြစ်နေရတာပါ။ သိမ်းထားတာကို ပြန်ပြဖို့ အတွက်ကတော့ Rendering Engine လိုပါတယ်။ Microsoft Windows မှာ အဲဒီ Rendering Engine က Windows XP မှာ စပြီး ပါလာပါတယ်။ အခုအချိန်မှာ Windows XP ထက် စောတဲ့ System ကို သုံးနေတဲ့သူ ဆိုတာတော့ လက်ချိုးရေလို့ ရမယ် ထင်ပါတယ်။ Windows XP ထက် စောတဲ့ System မျိုး သုံးနေရင်တောင်မှ အရှေ့ အိန္ဒိယ Script တွေကို Render လုပ်တဲ့ DLL တစ်ခုကို Upgrade လုပ်ပေးလိုက်ရင် ယူနီကုတ် စာလုံးကို မြင်ရပါတယ်။

(၃) မြန်မာစာဟာ ယူနီကုတ် ၅.၂ စံနှုန်း ထွက်တဲ့ အချိန်က စပြီး လုံးဝ တည်ငြိမ်သွားပါပြီ။ နောက်ပိုင်း ယူနီကုတ် ဗားရှင်းတွေမှာ တိုင်းရင်းသား ဘာသာစကား အတွက် ထပ်တိုး သွားတာတွေပဲ ရှိတော့မှာပါ။ အဲဒီအတွက် အခု လက်ရှိ စတင်းန်ဒတ်ကို ဆက်သုံး သွားကြဖို့ပဲ ရှိပါတယ်။ ခုနဖတ်လိုက်ရတဲ့ ဘလော့ခ်ပို့စ် တစ်ခုရဲ့ အဆိုအရ မြန်မာ၂ နဲ့ မြန်မာ၃ ကွဲပြားချက်ဟာ အမှားစစ်မပေးတာနဲ့ အမှားစစ်ပေးတာပဲ ကွဲတယ်လို့ ဆိုထားပါတယ်။ အကယ်၍ မြန်မာ၂ ကနေ မြန်မာ၃ကို ကွန်ဗာတာနဲ့ ပြောင်းဖို့ လိုအပ်ရင်တောင် ကွန်ပျူတာ တစ်လုံးမှာ Word ဖိုင် တစ်သိန်းကို ပြောင်းဖို့ ပရိုဂရမ် ရေးပြောင်းရင် ရက်ပိုင်းအပြင် ပိုမကြာပါဘူး။ (ကွန်ပျူတာ ၁၀ လုံးနဲ့ ပြောင်းရင် ဆယ်ဆ ပိုမြန်ပါလိမ့်မယ်။)

(၄) အသုံးပြုသူရဲ့ လိုအပ်ချက်ကို အမြဲနားထောင်နေပါတယ်။ ဇော်ဂျီလို ဖြစ်ရမယ် ဆိုတဲ့ လိုအပ်ချက်က လွဲလို့ပါ။ အဲဒီ လိုအပ်ချက်ကတော့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ စကတည်းကမှားလို့ တသက်လုံး ဆက်မှားသွားဖို့ မဖြစ်နိုင်ပါဘူး။ အမှားတွေ့နေရင်တော့ အနာဂတ် မြန်မာစာ တိုးတက်ရေး အတွက် ပြင်ပစ်ရမှာပါ။ ဥပမာ အရင် ကွန်ပျူတာတွေမှာ ခုနှစ်ကို ဂဏန်း ၂ လုံးတည်းနဲ့ သိမ်းလို့ Y2K ပြသနာ ပေါ်ခဲ့ဖူးပါတယ်။ တကမ္ဘာလုံးမှာ ဘီလီယံပေါင်းများစွာ အကုန်ခံပြီး ဒီအမှားကို ပြင်ခဲ့ရတာပါ။ ကျွန်တော်တို့လည်း မနှောင်းသေးခင် ပြင်ထားတာ အကောင်းဆုံးပါပဲ၊

(၅) နိုင်ငံတိုင်းမှာ အစိုးရ အဖွဲ့အစည်းအတွက် တပြေးညီတည်း အလုပ်လုပ်လို့ရအောင် သတ်မှတ်ထားတဲ့ National Standard ရှိပါတယ်။ အမေရိကန် မှာ အလုပ်လုပ်ရင် မိုင် သုံးရမှာပါ။ ကီလိုမီတာနဲ့ သုံးလို့ မရပါဘူး။ တစ်ယောက်တစ်ပေါက် သုံးချင်ရာ သုံးနေရင် အလုပ်မတွင်ပါဘူး။ De-facto နဲ့ National Standard ကိုတော့ ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။

ယူနီကုတ် ကုတ်ပွိုင့်ထဲမှာ စည်းကမ်းတကျ လိုက်နာ ရမယ့် ကုတ်ပွိုင့်နဲ့ ကိုယ်ကြိုက်သလို Free သုံးခွင့် ရှိတဲ့ ကုတ်ပွိုင့် ဆိုတာ ရှိပါတယ်။ စည်းကမ်းကို မလိုက်နာချင်ရင် စည်းကမ်း ကန့်သတ်ထားတဲ့ ကုတ်ပွိုင့်ကို မသုံးကြဖို့ ပဲ ရှိပါတယ်။ ယူနီကုတ် စည်းကမ်းကို မလိုက်နာဘဲ ကိုယ့်ဘာသာကိုယ် လုပ်ချင်သလို လုပ်ချင်ရင် ဘာလို့ အဲဒီ Free ကုတ်ပွိုင့်တွေ ယူမသုံး သလဲ။ ဘာဖြစ်လို့ မြန်မာစာ အတွက် စည်းကမ်းတကျ လိုက်နာရမယ့် ကုတ်ပွိုင့်တွေကိုမှ စည်းမရှိ ကမ်းမရှိ သုံးကြသလဲ။ အဲဒီတော့ စည်းကမ်း အတိုင်း လိုက်နာပြီး ဖောင့်ထွင်တဲ့ သူတွေရဲ့ အမှားလား၊ စည်းကမ်း သတ်မှတ်ထားတဲ့ ကုတ်ပွိုင့်ထဲမှာ စည်းမရှိ ကမ်းမရှိ လုပ်ချင်ရာ လုပ်ထားတဲ့ သူတွေရဲ့ အမှားလား ဆိုတာတော့ နည်းနည်း ပြန်တွေးကြဖို့ သင့်ပါတယ်။

နောက်ဆုံး အနေနဲ့ကတော့ ယူနီကုတ်က User အတွက် အလွန်လွယ်ပါတယ်။ အဆင်လည်း ပြေပါတယ်။ အဆင်မပြေဘူး၊ ခက်တယ် ဆိုရင် ဘာခက်တာလဲ ဘာအဆင်မပြေတာလဲ ဆိုတာကိုတော့ သိပါရစေ။ ခက်တယ် အဆင်မပြေဘူး ဆိုပြီး ဘာတွေ ဖြစ်နေသလဲ ရေရေရာရာ မသိရရင် ကျွန်တော်တို့လည်း ဘာမှ မကူညီနိုင်ပါဘူး။ Feedback တွေကို ကျွန်တော်တို့ တလေးတစား နားထောင်နေပါတယ်။

(Java နဲ့ Photoshop လက်ရှိ ဗားရှင်းတွေမှာ ယူနီကုတ် Support မလုပ်သေးဘူး ဆိုတာတော့ လက်ခံပါတယ်။ မိုဘိုင်းဖုန်းအနေနဲ့ Iphone Software မကြာခင် ထွက်လာပါလိမ့်မယ်။)

ကိုလင်းဦးပေးထားတဲ့ လင့်ခ်က Myanmar3 Developer ကိုငွေထွန်း လုပ်ထားတဲ့ Presentation ပါ။ ယူနီကုတ် မသုံးချင်တဲ့သူတွေရဲ့ ဆင်ခြေတွေကို စုစည်းထားတာလို့ မြင်ပါတယ်။ အဲဒီထဲက တစ်ချို့ အချက်တွေက Humor သက်သက် လုပ်ထားတာပါ။ တကယ် အမှန် မဟုတ်ပါဘူး။

လင်းဦး(စိတ်ပညာ) said...

"မြန်မာစာ ဖျက်မယ့်လူ ကျွန်တော်တို့(User) တွေ မဟုတ်ကြပါဘူး"

http://linoo.myanmarpress.com/2011/01/user.html

အောင်စွာ said...

ယူနီကုဒ်သမားတွေက ဇော်ဂျီကို အတင်းပြောတဲ့ကိစ္စကတော့ အောက်တန်းကျလွန်းပါတယ်။ ဘလော့တကာလိုက်ပြီး စီဘောက်တွေ ကွန်မန့်ဘောက်စ်တွေကနေ ဇော်ဂျီမကောင်းသတင်း လွှင့်တယ်။ ဇော်ဂျီသုံးတဲ့လူတွေ ကရင်တွေကိုသတ်ကြဆိုပြီး မဆီမဆိုင် လာရန်လုပ်တယ်။ ကရင်တိုင်းရင်းသားတွေကိုအသားလွတ်ဆွဲထည့်ပြီး တိုင်းရင်းသား issue နဲ့ သွေးခွဲတာ။

ပြည်ပက လူတွေကိုကျတော့ ဇော်ဂျီဟာ နအဖ ထွင်တဲ့ဖောင့်၊ တိုင်းရင်းသားဖောင့်တွေ ပျက်စီးဖို့ နအက အစီအစဉ်တကျ လုပ်နေတာပါလို့ လိုက်သတင်းလွှင့်တယ်။ ဇော်ဂျီ ဆက်တိုးတက်လာလို့ မိုက်ခရိုဆော့ဖ်က ယူနီကုဒ်အဖြစ် အသိအမှတ်ပြုလိုက်မှာစိုးလို့ တမင်ဒီမမှန်သတင်းကို လွှင့်တာပဲ။

ဒီအတင်းပြောတဲ့ ယူနီကုဒ်သမားတွေက ပြည်တွင်းမှာကျတော့ သူ့ဖောင့်ကို မသုံးမနေရအောင် အစိုးရဝိတ်နဲ့ အတင်း သုံးခိုင်းတယ်။ စစ်အစိုးရနဲ့ပေါင်း စစ်အစိုးရဆီက ဒီအတွက် ဘတ်ဂျက်ယူပြီး စားဝါးနေတာက သူတို့ပဲ မဟုတ်လား။ လုပ်ပုံတွေ အောက်တန်းကျလွန်းလို့ အထက်ဖားအောက်ဖိ လုပ်တာရယ် မနာလိုတတ်တာရယ် အတင်းပြောတာရယ်ကို အထင်သေးလို့ ဒီယူနီကုဒ်ကို သုံးကို မသုံးဘူး။

Anonymous said...

ကျွန်နော်တို့က ဇော်ဂျီဘဲ ဆက်သုံးစေချင်
တယ်။ ဦးနီကို ပြောင်းမယ်ဆိုတဲ့ ဘလော့ဂါ
တွေကို ကြည့်လိုက်တယ်။ သူတို့က သူတို့စီ
စာလာဖတ်တဲ့လူ သိပ်မရှိလို့  အဆန်းထွင်ပီး
ဦးနီဖက် ပြောင်းပုံ ရတယ်။ တစ်ချို့က ကောင်
တာမှာ တစ်ယောက် လာဖတ်ယင် လူအများ
ကြီးဖြစ်အောင် လုပ်ထားတယ်။ ကြည့်လိုက်
တော့ လူရှိသလို တကယ်မှာ ကောင်တာကို
လိမ် လုပ်ထားလို့။ ပြောင်းမယ် မပြောင်းးဖူး
ဆိုတာ လူလာများတဲ့ ဘလော့တွေ ဆုံါး်ဖြတ်
သင့်တယ်ဘဲ ထင်ပါတယ်ဗျာ။

KKO

Maung Myo said...

ဘယ်သူတွေ ဘာပဲပြောပြော ဇော့်ကိုပဲချစ်တယ် ဇော့်ကိုပဲမြတ်နိုးတယ် သူနဲ့မခွဲဘူးးး)

ကျေးဇူးပါ အစ်ကိုရေ နဂိုတည်းက ခပ်တွန့်တွန့်ြုဖစ်နေတာ ခုတော့ ပိုသိသွားပြီး ။

ဆောင်းနှင်းရွက် said...

ကုတ်ချင်တာ ကုတ် ..
စာရိုက်လို့ရ ..
ဖတ်လို့ရ
အားလုံး အဆင်ပြေရင် ပြီးတာပဲ ..
ဘာတွေမှန်းကို နားလည်ဘူး .. :D

ဟိုတလောက
သရဲ အကြောင်း ၀တ္တုတင်လိုက်လား သိဘူး ..
စာမေးပွဲ ရှိလို့
မဖတ်ဖြစ်လိုက်တာ ..
ခု ပြန်လာရှာတာ တွေ့တော့ဘူး ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Min Ye said...

Y2K ကိစ္စနဲ့ ဥပမာပေးပြီး လာခြိမ်းခြောက်ရင်တော့ မှားမယ်ဗျ။ Y2K ကလဲ ကမ္ဘာမှာ အထိတ်တလန့် ဖြစ်ခဲ့ကြသလောက် လက်တွေ့မှာ ဘာပြဿနာမှမယ်မယ်ရရ ဖြစ်မသွားဘူး။ ဒေါ်လာတွေ ဘီလီယံနဲ့ချီပြီး ကြိုပြင်ထားလို့ပါလို့ ပြောလို့ မရဘူး။ ၂၀၀၀ ဒီဇင်ဘာ ၃၁ ည ၁၂ နာရီ မထိုးခင်ကတည်းက အမေရိကန်အစိုးရရဲ့ ကွန်ပျူတာ ပညာရှင်တွေနဲ့ လြုံခုံရေးအရာရှိတွေ ညမအိပ်နိုင် ထောင်စုနှစ်ကူးတာ အများနည်းတူ မပျော်ပါးနိုင်ဘဲ ဝိုင်တူးကေ ပြဿနာ တိုင်ကြားချက်တွေကို ဖုန်းတွေ ကွန်ပျူတာတွေ အဆင်သင့်ဖွင့်ပြီး သူတို့ရုံးတွေကနေ စောင့်နေကြတာ။ အိပ်ရေးပျက်ခံပြီးသာ သူတို့စောင့်ရတာ ဘယ်ကမှ မျှော်လင့်ထားသလို ပြဿနာမဖြစ်သွားဘူး။

ဥရောပမှာ အသက် ၁၀၅ နှစ် အဘွားဆီ ငါးနှစ်ပြည့်လို့ ကျောင်းတက်ဖို့ အကြောင်းကြားစာ ရောက်လာတာမျိုးလောက်ပဲ ရှိတယ်။ ဂဏန်းလေးလုံးနဲ့ မမှတ်ဘဲ နှစ်လုံးနဲ့ မှတ်လို့ ၁၀၅ နှစ်က ၅ နှစ် ဖြစ်သွားတာ။ ဒီလို အသေးအမွှားလေးလောက်ကလွဲရင် အများစိတ်ပူနေသလို ဘာမှ ကြီးကြီးမားမား မဖြစ်လို့ ပြောစရာတောင် ဖြစ်သေးတယ်။ ဝိုင်တူးကေ ကိစ္စနဲ့ ဥပမာ ပေးရင်တော့ ဒီယူနီကုဒ် ကိစ္စလဲ အလံရှူးလုပ်နေတဲ့ သင်္ကြန်အမြောက်ပဲထင်တယ်။

Anonymous said...

www.soemin.net ပို့စ်လေးတစ်ခု တွေ့တာ ကြိုက်လို့ ကော်ပီပေ့စ် လာလုပ်သွားပါတယ်။

ယူနီကုတ် ၅.၁ (Myanmar3, Parabaik, Padauk etc... ) သုံးလျှင် သတိထားရန်

၁။ သင် ယူနီကုတ် ၅.၁ ကို စသုံးသည်နှင့် သင်သည် ယူနီကုတ် ၅.၁ မှ လွဲ၍ ဇော်ဂျီစသော ဖွန့်များကို မကောင်း ပြောသောဘက်တွင် သင် ပါဝင်ပြီးဖြစ်သည်။

၂။ ယူနီကုတ် ၅.၁ ကို သုံးသည်နှင့် သင်သည် ယူနီကုတ် ၅.၁ နှင့် ပတ်သက်သမျှကို တစ်သွေမတိမ်းလိုက်နာရမည်။
ဥပမာ အသတ်ရှေ့မှာ အောက်ကမြစ်ကို ရိုက်ကို ရိုက်ရမည်။ နှင--့-်။ မလိုက်နာ၍မရ။ ပြန်ပြောပိုင်ခွင့်မရှိ။

၃။ သင်ရေးထားသော စာများကို ပင် Standard ပြုလုပ်ရေးအဖွဲ့မှ ပြောင်းလဲစေရန် တောင်းဆိုလာလျှင် ပြောင်းပေးရမည်။ Standard သည်လည်း နှစ်စဉ်နှစ်တိုင်း သို့ အချိန်မရွေး ပြောင်းချင်ပြောင်းမည်။ Standard တစ်ခုဖြစ်ဖို့ လေးငါးခြောက်နှစ် အသာလေး ကြာလျှင်ကြာမည်။

၎။ သင့်စက်သည် နောက်ဆုံးပေါ် အမျိုးစားဖြစ်ရမည်။ CPU 3 GHz QuadCore, Memory 16G နှင့် အထက်။

၅။ ယူနီကုတ် ၅.၁ နှင့်ရေးထားသော စာများကို ကြည့်သည့်အခါ နှေးခြင်းကို သည်းခံရမယ်။ ဖွင့်လို့ ရချင်မှလည်း ရမည်။ ဖွင့်လို့ စက် မလှုပ်တော့တာလည်း အမြဲလိုလို ဖြစ်ကောင်းဖြစ်မည်။ စောင့်ခြင်း သို့ အလုပ်ဆက်မလုပ်ခြင်းဖြင့် ဤပြသဿသနာကို ဖြေရှင်းနိုင်သည်။

၆။ အချို့စက်များတွင် စာလုံးများကို သေချာမမြင်ရခြင်း ဖတ်လို့ လုံးဝမရခြင်း ဖြစ်ကောင်းဖြစ်သည်။ ဤအချက်မှာ ဖွန့်ကြောင့် မဟုတ်ပဲ သင့်ကွန်ပျူတာ သို့မဟုတ် OS မကောင်း၍ ဖြစ်သည်။

၇။ ယူနီကုတ် ၅.၁ ဖွန့်များသည် စူပါ့ စူပါ နည်းပညာ များကို အသုံးပြုထားသောကြောင့် သင်နှင့် တန်ချင်မှ တန်မည်။

၈။ ယူနီကုတ် ၅.၁ ဖွန့်များကို သင်စက်တွင် အသုံးပြုနိင်ခဲ့လျှင် အင်မတန် ကြီးကျယ်ခန့်ငြားသောကြောင့် အကြီးအကျယ် ဂုဏ်ယူသင့်သည်။

၉။ ခြေ ကို ကွန်ပျူတာတွင် သိမ်းသောအခါ "ခ" +ြ +ေ သို့ ပြောင်းပြန်သိမ်းမည်။ ပြန်ပြောပိုင်ခွင့်မရှိ။

၁၀။ ပိတောက်စသောဖွန့်များသည် စာလုံးပုံစံ အင်မတန် ဆိုးရွားပါသော်လည်း နည်းပညာသာလျှင် အဓိကဖြစ်၍ သည်းခံ၍ သုံးရမည်။

# Fuck off Unicode 5.1, I am going to change everything to Zawgyi Back, and stop supporting Unicode 5.1 on all my programs / web sites. Shits!

ရေးသားသူ : မာ့ခ် နေ့စွဲ : Sunday, July 26, 2009

Anonymous said...

http://www.soemin.net/2009/07/zawgyi-font-will-live-forever.html

ဇော်ဂျီဖွန့် ရာသက်ပန် တည်မြဲမည်ဖြစ်ကြောင်း (Zawgyi Font will Live Forever)

ယခုနောက်ဆုံးပေါ် ဘရောက်ဇာတွေ အားလုံးမှာ ဖွန့်ကို မြုပ်လို့ရပါတယ်။

ဒါကြောင့်မို့လို့ သင့်ဝက်ဆိုဒ် ဇော်ဂျီသုံးထားတယ်ဆိုရင် ဖွန့်လေးမြုပ်ပေးလိုက်ရုံနဲ့
သင့် ဝဘ်ဆိုဒ် ကမဿဘာတည်သရွေ့ (အဲ ဂူဂယ်က ပိုင်တယ်ဆိုတော့ ဂူဂယ်တည်သရွေ့)
ပျောက်ပျက်သွားမည် မဟုတ်ကြောင်း၊

သူများ အယုံသွင်းတိုင်း လက်သင့်မခံကြရန် လိုအပ်ကြောင်း။

နောက်ဆုံးပေါ် ၅.၁ ဆိုတဲ့ ဖွန့်ကြီး စက်ထဲမှာ ရှိနေတောင် မြုပ်ထားတဲ့
ဇော်ဂျီဖွန့်က Priority အမြင့်ဆုံးမှာရှိတဲ့ အတွက်ကြောင့် သင့်ဝင်းဒိုးကြီးက လက်သင့်မခံရင်တောင်
သင့် ဆိုဒ်ဟာ အပြုံးမပျက် ဇော်ဂျီဖြင့် တည်ရှိနေမည်ဖြစ်ကြောင်း၊

Crash ဖြစ်မည်ဆိုသည်မှာလည်း မသိသူကို မတတ်သူက ဖြဲချောက်ခြင်းသာဖြစ်ကြောင်း။
Crash သာဖြစ်ရင် ကမဿဘာပေါ်မှာ ဖွန့်ပေါင်း သောင်းခြောက်ထောင်ရှိတာ Microsoft ကွန်ပလိုင်းအတက်ခံရလို့ ထမင်းငတ်သေနေပြီးဖြစ်ကြောင်း

ပြောင်းရန်မပြောင်းရန်မှာ သင့်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်သာဖြစ်ကြောင်း

ကျွန်ုပ်ကိုယ်တိုင် လက်တွေ့စမ်းသပ်ပြီး ကျွန်ုပ် ကိုယ်တိုင်ထောက်ခံ အတည်ပြုထားသော အဆိုပြုချက်ကို ကျွန်ုပ်ဘာသာကျွန်ုပ် အတည်ပြုလိုက်သည်။

:-)
ရေးသားသူ : မာ့ခ်

ကလူသစ် said...

မူးသွားပြီ။ :(

ဒီလုံး said...

ဇော်ဂျီက ယူနီကုတ် ဘာလို့မပြောင်းတာလဲ ပြောနေကြတယ်။ကျွန်တော့်အမြင်ပြောရရင် အချိန်မရွေး ပြောင်းလို့ရတယ်။ ဇော်ဂျီထွင်တဲ့သူတွေ မပြောင်းရဲဘူး။ ''နိုင်ငံတော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေသောအဖွဲ့အစည်း'' ဆိုတာကြီးက လုပ်နေတဲ့ အလုပ်ကို သူတို့လုပ်လိုက်မိရင် သူတို့ ကိုယ်ကျိုးနည်းသွားမှာစိုးလို့။ အင်းစိန်တော့ ဘယ်သူမဆို ရောက်မှာ ကြောက်ကြတာပဲ။

အခုလဲ ယူနီကုတ်လို့ အော်နေတဲ့ မြန်မာသရီးသမားတွေ ပြောနေတဲ့အထဲမှာ အလိမ်အညာတွေ၊ တောခြောက်တာတွေ ပါနေတယ်။ ဇော်ဂျီ ဘာလို့ ပြန်မရှင်းဘဲ ငြိမ်ခံနေလဲ။ အမှန်ဝန်ခံရရင် ကြောက်လို့ပါ။ သူ့မကြောက်ပေမယ့် နောက်က ဘက်ကင်ပေးထားတဲ့ သူ့ပထွေးကို ကြောက်နေရတာကိုး။ ဇော်ဂျီထွင်တဲ့သူတွေက မြန်မာပြည်ထဲမှာမနေဘူးဆိုရင်တော့ ပြန်ပြောရဲပါတယ်။

ဇော်ဂျီ့အဖြစ်က ဘာနဲ့တူလဲဆိုတော့ တောင်ပေါ်ရောက်ဖို့ ၈ ပေလောက်ပဲ လိုတော့တယ်။ မျက်စိမှိတ် တက်လိုက်ရင်တောင် ရောက်ပြီ။ ဒါပေမယ့် ဆက်မတက်ရဲတဲ့ တောင်တက်သမားတွေနဲ့ တူတယ်။ အကောင်ကြီးကြီးတစ်ယောက်က ဒီတောင်ပေါ် အလံတက်စိုက်ရမှာ ငါ့သမက်ကွ၊ မင်းတို့မဟုတ်ဘူး ပြောလိုက်လို့ ဆက်မတက်ရဲဘဲ ငုတ်တုတ်ထိုင်နေရသလို ဖြစ်နေတယ်။

Anonymous said...

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC_%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%92%E1%80%B9

၂၀၀၂-ခုနှစ်တွင် မြန်မာနိုင်ငံ၌ အတည်မပြုနိုင်သေးသည့် ယူနီကုတ်စနစ်ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ယူ လုပ်ဆောင်ကြရန် ၀ိုင်းဝန်း တိုက်တွန်းကြပါသည်။ ယူနီကုတ်စနစ်ကို နိုင်ငံတော်စံတစ်ခုအနေဖြင့် အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းစတင်ရန် ဘဏ္ဍာရေးအထောက်အပံ့များ စတင်ရှာဖွေခဲ့ကြသည်။ နိုင်ငံတော်အကြီးအကဲများသည် မြန်မာ့စံယူနီကုတ်ဖြစ်မြောက်ရေးအတွက် ကျပ်သိန်း ၅၀ ကို စတင်ထောက်ပံ့ပေးခဲ့ပါသည်။ ဤသို့ဖြင့် Myanmar Unicode and NLP Research Centre သည် မြန်မာနိုင်ငံ ကွန်ပျူတာ သင်းချုပ်ကြီး၏ အစီအမံဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ NLP အဖွဲ့ကြီးသည် 2002 ခုနှစ်မှစပြီး နိုင်ငံတော်အတွက် ယူနီကုတ်တာဝန်များကို အချိန်ပြည့် စတင်တာဝန်ယူ လုပ်ဆောင်ခဲ့သည် ဟု ဆိုနိုင်သည်။

ဆောင်း said...

ဘီဘီစီ မြန်မာဖောင့်တင်ပြိး ကထဲက ကွန်ပျူတာ စာလုံး အမှန် မပေါ်တာ ကြာပြီ။ ပြန်ဖျက်လို့ လဲမရ ဘီဘီစီကလဲ တာဝန်မခံဖြစ်နေတာ

မောလှပြီ အသစ်ပြောင်းရ စမ်းရ နဲ့ တောင်ဝှေးလေးနဲ့ ဘဲ ဖြေးဖြေး မှန်မှန် သွားပါတော့မယ်။ (sort) ဆော့ဖို့ လဲ မလိုဘူးဆိုတော့ ဒီဇော်ဂျီတောင်ဝှေးလေးနဲ့ ဘဲ လမ်းလျှောက်ပါအုန်းမယ်

အသစ်တွေ(ဦးနီ)ကောင်း၂ မတည်ငြိမ်သေးသမျှ တည်ငြိမ် ဧဆေးတဲ့ တုတ်ဖြောင့်လေးနဲ့ ဘဲ ဘလော့လိုက်ပါမယ်။

Anonymous said...

ကျွန်တော့်ဘလော့ကိုလဲ ဇော်ဂျီပဲ ဆက်သုံးသွားပါမယ်။ ဇော်ဂျီနဲ့ တင်တဲ့စာတွေ တစ်ချိန်မှာ ပျက်စီးကုန်မယ်ဆိုတဲ့ သတင်းကိုရတော့ နားလည်သူတွေနဲ့မေးမြန်းတိုင်ပင်တယ်။ နည်းပညာစာတွေလဲရှာဖတ်တယ်။်လုံးဝ မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေကိုသိလိုက်ရတော့ အထိတ်တလန့်ဖြစ်အောင် သတင်းလွှင့်တဲ့ဘက်ကိုတော်တော် အထင်သေးသွားမိတယ်။

ဘလော့တွေရဲ့ ၃၈% က ဇော်ဂျီသုံးနေကြပြီလို့ တောခြောက်တာဖတ်ရပြန်ရော။ဝ.၃%ဆိုမှ ယုတ္တိရှိဦးမယ်။ကျွန်တော်လဲတခြားဘလော့တွေ နေ့တိုင်း ဖတ်နေတာပဲ။ ဒါဖြစ်နိုင်မဖြစ်နိုင်က လူတိုင်းသိပါတယ်။လိမ်လွန်းရင် အထင်သေးပြီးရင်း အသေးခံရတတ်တာ သဘာဝပဲ။
ဘလော့မှာ လူအလာနည်းစေတဲ့ ဧည့်နှင်ဆေး၂မျိုး ရှိတယ်လို့ ကျွန်တော်သိထားတယ်။ ဖွင့်လိုက်တာနဲ့ သီချင်းသံထွက်လာအောင် လုပ်တဲ့နည်းနဲ့ ဇော်ဂျီမဟုတ်တဲ့ ဖောင့်တွေနဲ့ တင်တဲ့နည်း။ ဒီ၂မျိုးထဲက တခုခု သုံးမိရင် လာတဲံ့လူတွေက စိတ်ဆိုးပြီး တော်တော်နဲ့ နောက်မလာတော့ဘူး။အဲတော့ ကျွန်တော့်အနေနဲ့က ဇော်ဂျီကနေ မပြောင်းရဲဘူး။
လူဖတ်များတဲ့ ထိပ်တန်းဘလော့တွေတောင် ဇော်ဂျီကနေ တခြားမပြောင်းတာ ပရိသတ် လျော့သွားမှာ စိုးတာအဓိကပဲ။ ဘယ်သူမှ လာဖတ်ဖတ်မဖတ်ဖတ် ငါရေးချင်တာနဲ့ ငါ့ဟာငါ တင်ထားမယ်ဆိုတဲ့ဘလော့ဂါလဲ မရှိလောက်ဘူး။
နောက်တကြောင်းကတော့ မနာလိုဝန်တိုခံရတာတွေကြောင့် ကျွန်တော့်ဘဝမှာ နစ်နာခဲ့ရတာတွေ အများကြီးပါ။ မနာလိုစိတ်နဲ့လွှင့်တဲ့ ကောလဟလ သတင်းလိမ်တွေကြောင့် ကျွန်တော် စိတ်ဆင်းရဲခဲ့ရဖူးတယ်။ ရှိသမျှနည်းပညာအား အချိန်အားနဲ့ ဘဝနဲ့ရင်းပြီး လုပ်တဲ့အလုပ်တွေ မနာလိုသမားတွေတိုက်ခိုက်လို့ အနှောင့်အယှက်ဖြစ်ရဖူးတယ်။ ဒီတော့ ဇော်ဂျီ developer တွေကို ဘဝတူချင်းလို ကိုယ်ချင်းစာမိတယ်။ ဇော်ဂျီဆိုတဲ့နာမည်ကလဲ ဆရာ့ဇော်ဂျီ့ ဗေဒါလမ်းကဗျာထဲကလို ပညတ်သွားရာ ဓာတ်သက်ပါနေပြီ။ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခံ ဆိုတာ...

မြစ်ကျိုးအင်း said...

ဇော်ဂျီဖောင့်ကလည်း နစ်နေတဲ့ သဘောင်္မဟုတ်ပါဘူး။ ကျွန်တော်ကတော့ သဘောင်္မြုပ်လို့ လိုက်အနစ်ခံမယ့် ကပ္ပတိန်ရဲ့ စိတ်ထားမျိုး မဟုတ်ပေမယ့် နောက်ဆုံးမှဆင်းမယ့် ခရီးသည်တစ်ယောက်ရဲ့ စိတ်ထားမျိုးပါ။ ဘလော့ဂ်ရေးခဲ့တဲ့ ၂ နှစ်ကျော်သက်တမ်းမှာ ဇော်ဂျီဖောင့်ကြောင့် ပြဿနာမရှိခဲ့ဖူးဘူး၊ အမှားအယွင်း မဖြစ်ဖူးဘူး။ ဒါကြောင့် အရင်စိတ်အတိုင်းပဲ ဇော်ဂျီကို ဆက်သုံးမယ်။
ဒါနဲ့ပဲ ခရီးဆက်ခဲ့တယ်။ ဒါနဲ့ပဲတိုးတက်ခဲ့တယ်။ ဒီသံယောဇဉ်ကြောင့် ဇော်ဂျီကို ဆက်သုံးမှာပါ။

Anonymous said...

၂၀၁၁မှာ မြန်မာဘလော့တွေအားလုံးယူနီကုဒ်ပြောင်းတော့မယ်ဆိုလို့ ဘယ်တုန်းကများ ကမ္ဘာတလွှားကမြန်မာ့ဘလော့ဂါတွေ စည်းဝေးဆုံးဖြတ်လိုက်လဲလို့။လတ်စသတ်တော့ ဒင်းတို့ပြန်လွှင့်တဲ့လိမ်ဆင်ကြီးကိုး။

Anonymous said...

အပေါ်က ကော်မန့်က ဘာကုတ်နဲ့
လာရေးသွားသလဲ မသိဘူး။ သရဲကုတ်လား။

ဖြူဖြူ

Leo said...

မိုက်ခရိုဆော့ဖ်က အာဏာရှင်အစိုးရတွေကို သိပ်လူမထင်ပါဘူး။ ဒါလေးတော့ ဦးနီကမ်ပိန်းလုပ်နေတဲ့သူတွေ သတိထားစေချင်တယ်။ ယူနီကုဒ် အသိအမှတ်ပြုပေးဖို့ မိုက်ခရိုဆော့ဖ်ကို တောင်းဆိုတယ်ဆိုတာ ဒီမိုကရေစီ အစိုးရက တောင်းဆိုမှ သူက လူစာရင်းသွင်းမှာပါ။
လူထုဆန္ဒကို ဘေးချိတ်ချင်တိုင်း ချိတ်လာပြီး ခု လိုတာရှိမှ မလွှဲသာလို့ စည်းရုံးတော့လဲ မလိမ့်တပတ်ဆိုတော့ သနားချင်စရာပဲ။ အစိုးရအနေနဲ့ တောင်းဆိုရင် မိုက်ခရိုဆော့ဖ်က ဂရုမစိုက်မှာစိုးလို့ အင်တာနက်ပေါ်မှာ မြန်မာအများစုက ဦးနီကို သုံးနေကြပါပြီ၊ ယူနီကုဒ် အသိအမှတ်ပြုပေးပါလို့ အသနားခံကောင်းအောင် လာခုတုံးလုပ်နေတယ်

Anonymous said...

အပေါ်က ဘာမှန်းမသိတဲ့စာတွေနဲ့ လာရေးသွားတဲ့လူ

ခင်ဗျားစာ အင်္ဂလိပ်လို ရေးထားတဲ့ လင့်တစ်ခုပဲ ကောင်းကောင်းဖတ်လို့ရတယ်။ nearly 40% of Myanmar web pages use the Unicode Standard now ဆိုတာကြီးက ပေါရဲလိုက်တာလို့ပဲ ပြောချင်တော့တယ်။ လိမ်တယ်ဆိုတာ ယုတ္တိရှိအောင်လိမ်ရင် ယုံချင်ယုံမိဦးမယ်။ အခု စာလာဖတ်တဲ့လူတွေ လိုက်မေးဗျာ။ မြန်မာဝက်ဘ်စာမျက်နှာ ၄၀% နီးပါးက ခင်ဗျားတို့ဟာတွေ သုံးတယ်ဆိုတာ ဖြစ်နိုင်လားလို့။

Yan said...

ပျူကုတ် ဘယ်တော့ထွက်မှာလဲ ကိုအောင်ရေ...
ထွက်ရင် သံချောင်းလေးဘာလေး ခေါက်လိုက်ပါဦး.
:)

Y.

Anonymous said...

It’s really a nice and helpful piece of information. I’m glad that you shared this helpful info with us. Please keep us informed like this. Thanks for sharing.

မန်းကိုကို said...

ဟီး .. အငြင်းအခုံတွေတွေ့လို့ ဝင်ပံ့ပေးလိုက်အုံးမယ်။

သာမန် user တစ်ယောက်အနေနဲ့ ပြောမယ်နော်။

ZT ပြောသွားတာတွေက ကျိုးကြောင်းကျကောင်းကျမယ်၊ ဒါပေမယ့် ကိုယ်လည်း တစ်လုံးမှ နားမလည်ဘူး။

ကိုလင်းဦးပြောသွားတာတွေကို အားလုံးတော့ မထောက်ခံရဲဖူး၊ ဒါပေမယ့် သဘောပေါက်တယ်။

အဖြေလား၊ ရှင်းပါတယ်လေ .. အဆင်ပြေမယ် တစ်ပြေးညီဖြစ်မယ်ဆိုရင်တော့ လာသာ လာထား။ သုံးရမှာပေါ့။

သုံးဖို့ တွန်းချင်တယ်လား ... ဖြေးဖြေးပေါ့ ... :-)

Anonymous said...

မသုံးဘူးဗျာ။ ဇော်ဂျီက သူ့ဟာသူ ယူနီကုဒ် လုပ်တဲ့အထိ စောင့်မယ်။ ခုဟာက ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတာထက် ဆိုးနေပြီ။ အခြောက်အလှန့်တွေ အလိမ်အညာတွေနဲ့ အတင်းလိုက်သုံးခိုင်းနေတယ်။ ကျွန်တော်တို့သုံးတော့မှာပါဆိုပြီး လိုက်အော်နေတဲ့ သူ့ဒလံတွေကအစ သူ့ဟာကို ဘယ်မှာသုံးလို့လဲ။ ဇော်ဂျီမကောင်းကြောင်းကို ဇော်ဂျီနဲ့ စာရိုက်ပြီး ပြောနေကြတာ။
သူ့ပစ္စည်း မသုံးရင်ပဲ ကိုယ်တွေပဲနေ့ချင်းညချင်း ဒုက္ခရောက်တော့မလို အတင်းလိုက်လုပ်နေတာ နှစ်ခု သတိထားမိတယ်။ လင်ဇီးဆေးရယ် ယူနီကုဒ်ဆိုတဲ့ မြန်မာသရီးရယ်။