မင်္ဂလာရှိသော နှစ်ပါလို့ ဆုတွေတောင်း၊ မင်္ဂလာအပေါင်း
နှင့် ပြည့်စုံပါစေ၊ ပိုမိုကောင်းမွန်သော အနေအထားတွေ
ရရှိပါစေ၊ ဒီထက် တိုးတက်အောင်မြင်သော ခြေလှမ်းတွေ
ရရှိဖို့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ကြွေးကြော်ကြပါတယ်။

၂၀၁၁ ခုနှစ်ဟာ ၂၀၀၉၊ ၂၀၁၀ တွေထက် ပိုမိုပြီး သက်တောင့်
သက်သာ ဖြစ်စေမယ့် သက္ကရာဇ် တစ်ခု ဖြစ်မယ်လို့ ဒီစာကို
ရေးတဲ့ ကျနော့်အနေနဲ့တော့ လုံးဝ မထင်ပါဘူး။ ၂၀၁၁ နှစ်ထဲမှာ
ရှင်သန်ရမယ့် လူသားဟာ ယခင် ကျော်ဖြတ်ခဲ့တဲ့ ရာစုနှစ်တွေထဲက
လူသားထက် အခက်အခဲပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုပိုင်းဆိုင်ရာ များ မလာ
ရင်တောင် နည်းနည်းလေးမှ လျှော့နည်းစေမယ့် အနေအထား
လုံးဝ မရှိပါဘူး။၂၀၀၉ ခုနှစ် ကတည်းက ဖြစ်ပွားလာခဲ့တဲ့ အပြည်ပြည်
ဆိုင်ရာ စီးပွားရေး ကျဆင်းမှုဟာလည်း အနည်းငယ် ပြန်လည် ဦးမော့
လာတယ် ဆိုပေမယ့် အရင်လို အနေအထားမျိုး မရှိသေးပါဘူး။
၂၀၁၁ ဆိုတဲ့ ခုနှစ်ဟာ “သတိ”တွေ၊ အလုပ် လုပ်ပုံ ငွေကြေးသုံးစွဲပုံ
“နည်းစနစ်”တွေ ကျယ်ကျယ်လောင်လောင် ကြားနေရမယ့် နှစ်တစ်နှစ်
လို့ ထင်မိပါတယ်။ အနောက်အုပ်စုဝင် နိုင်ငံတွေရဲ့ အလုပ် လက်မဲ့
ဦးရေ သိသိသာသာ ကျဆင်းသွားမယ့် အနေအထားလည်း မရှိသေး
ပါဘူး။ ရွေ့ပြောင်း အလုပ်သမား ပြဿနာ၊ သဘာဝ ပတ်ဝန်းကျင်
ကာကွယ် ထိန်းသိမ်းရေး ပြဿနာတွေလည်း ဗိုလ်နေမြဲ ကျားနေမြဲ
ပဲ ဆက်ရှိနေမယ်လို့ ထင်ပါတယ်။ ဒီဂယက်တွေကြားမှာ ၂၀၁၁ ထဲ
ဘယ်လိုနေထိုင်ပြီး ဘယ်လို ဖြတ်သန်းကြမလဲလို့ ကိုယ်စီကိုယ်ငှ
စိတ်ကူးလေးတွေ ရှိကြမှာပါ။
ဒီ“လ” ကုန်ရင် ဘာလေး ၀ယ်မယ်၊ “ဘယ်လ” ကုန်ရင် ဘယ်ကို
သွားလည်မယ်၊ “ဘယ်လ”ထဲက လုပ်ရိုးလုပ်စဉ် “ဘယ်ပွဲတော်”လေး
ရှိနေလို့ “ဘာတွေ” ထပ်ကုန်မယ် … စသဖြင့် ရှိတတ်ကြပါတယ်။
“အလဟဿ” ဖြုန်းတီးမှုတွေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို ကြိုတင်
ကာကွယ်ထားကြပါဖို့ လိုပါတယ်။ စနစ် ဇယား ကြီးမားတဲ့ လူ့အဖွဲ့
အစည်းတွေနဲ့ စီးပွားရေး ထုထည်ကြီးတွေတောင် ပြီးခဲ့တဲ့ ၂၀၀၉
နဲ့ ၂၀၁၀ ထဲမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ပြီး
ရှေ့ဆင့်နောက်ဆင့် ပြိုကျသွားကြပါတယ်။
လစဉ် ၀င်ငွေနဲ့ လစဉ် ကုန်ကျစရိတ်တွေ၊ ခွဲဝေ သုံးစွဲပုံတွေ၊ အခြား
ထွက်ငွေတွေကို သေသေချာချာ ကြိုတင် အကွက်ချ ထားသင့်ပါတယ်။
မလုပ်တတ်ရင်လည်း စီးပွားရေးနဲ့ ကျောင်းပြီးလာတဲ့ နီးစပ်ရာ အသိ
မိတ်ဆွေများထံ အကူအညီတောင်းပြီး လုပ်ကြပါ။ ငွေကြေးတစ်ခုတည်း
တန်ဖိုးရှိတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ပက်သက်တာတွေ၊ အချိန်
သုံးစွဲတဲ့ စနစ်တွေပါ စဉ်းစားကြပါ။ လကုန်ရင် လစာဝင်လာမယ်၊ ပေးစရာ
ရှိတာတွေ သူ့ဖာသာ အော်တိုမက်တစ် နုတ်(-) သွားမယ်လို့ အပေါ်ယံ
မယူဆ သင့်ပါဘူး။ တစ်ဦးချင်းအလိုက် မိသားစုအလိုက် “အရေးပေါ်
အခြေအနေ” တစုံတရာ ရင်ဆိုင်ရရင် ဖြေရှင်းဖို့ ပြင်ဆင်ထားသင့်
ပါတယ်။ အဲဒီ ကြိုတင် ပြင်ဆင်မှုဟာလည်း ပုံစံကျတဲ့ ကြိုတင်ပြင်ဆင်
မှုမျိုး ဖြစ်အောင် လုပ်ကြပါ။ အရေးအကြောင်း ရှိလာရင် နီးစပ်ရာဆီ
အကူအညီ တောင်းမယ်လို့ စိတ်ကူး မယဉ်ကြပါနဲ့။ ကိုယ့်ပြဿနာ
ကို ကိုယ်ကိုယ်တိုင် အတတ်နိုင်ဆုံး ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ကြပါ။
စီးပွားရေးနဲ့ ငွေရေးကြေးရေးမှ မဟုတ်ပါဘူး နိုင်ငံရေးလည်း ဒီလို
ပါပဲ။ ထစ်ကနဲ ရှိရင် ကုလသမဂ္ဂတို့ လုံခြုံရေးကောင်စီတို့ အာဆီယံ
တို့ ချက်ချင်း လာ မကယ်နိုင်ပါဘူး။(ကယ်တင်တယ်လို့ ပြောနိုင်တဲ့ အနေ
အထားလည်း မရှိခဲ့သေးဘူးလို့ ထင်ပါတယ်။) ဒုက္ခပေးစရာရှိရင်သာ
အိမ်နီးချင်း နိုင်ငံတွေရော အဝေးက နိုင်ငံတွေပါ အချိန်မရွေး ဒုက္ခပေးကြ
တာပါ။ “အလှူရေစက် လက်နဲ့မကွာ” လို့ အားလုံးနီးပါက လက်ခံထား
ကြပါတယ်။ ထိရောက်ပြီး ဖြစ်ပေါ် တိုးတက်မှုများမယ့် အလှူအတန်း
တွေလည်း လုပ်ကြပါ၊ ရှေ့ရေး နောက်ရေးအတွက် “အရန်အင်အား”
တွေလည်း ထားရှိကြပါ။ ရာစုနှစ်တွေ ဆယ်စုနှစ်တွေမှာ နည်းပညာ
တိုးတက်မှုတွေနှင့်အတူ အခက်အခဲတွေ ပြဿနာအသစ်တွေလည်း
လိုက်ပြီး တိုးတက်ကြတယ်ဆိုတာ မမေ့ကြပါနဲ့ဗျာ …..။
နှစ်သစ်မှာ “ပျော်ရွှင်ပါစေ”လို့ ဘလော့ ရေးဖေါ်ရေးဖက်တွေရော
စာဖတ်သူ မိတ်ဆွေများကိုပါ ဆိုပါရစေ ….။
-စစ်ငြိမ်းဒီရေ
9 comments:
ကိုအောင်ရေ Happy new year!!! နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ ကိုအောင်ပြောတဲ့ အချက်တွေ အပါအ၀င် အားလုံးအဆင်ပြေ အောင်မြင်ပါစေ။
ဟုတ်တယ် ကိုအောင်ရေ ...
ထုံးစံအရသာ ဆုတောင်းကြ ကြွေးကြော်ကြ မျှော်လင့်ကြရတာ ... ကိုအောင်ပြောသလိုပဲ ၂၀၁၁ ဟာ သက်သောင့်သက်သာ ဖြစ်မယ့်နှစ်လို့ မထင်မိပါဘူး။
စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ အကျင့်စာရိတ္တ အဘက်ဘက်က ဆုတ်ယုတ်နေကြတဲ့ ခေတ်ကြီးမှာ လုပ်သလိုမဖြစ်လို့ ဖြစ်သလိုသာ လုပ်နေကြသူတွေက အများသား။
ကိုအောင်ပြောတာ နည်းလမ်းကျသလို လက်တွေ့လဲကျပါတယ်။ ကိုယ့်ပြဿနာကို ကိုယ်တိုင်သာ ဖြေရှင်းကြရမှာ။ ဘယ်နတ်သိကြား ကမှ လာဖြေရှင်းပေးနိုင်မှာ မဟုတ်ဘဲ။ ကိုယ်မျှော်လင့်တဲ့ လူတဦးတယောက် အဖွဲ့အစည်းတခု ဆိုတာကလဲ နတ်သိကြားတွေမှ မဟုတ်ဘဲလေ ... ။
နောက်ဆုံးတော့လဲ အဆင်ပြေအောင် ကြံဖန်နေကြရတဲ့ ဘ၀တွေထဲမှာ "ပျော်ရွှင်ပါစေ ..." ဆုတောင်းတာက အကောင်းဆုံးပါပဲ။ စိတ်ချမ်းသာ ပျော်ရွှင်ဖို့က အရေးကြီးတာကိုး။
ပျော်ရွှင်ပါစေ ကိုအောင်ရေ ....
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေဗျာ..။
အရင်နှစ်တွေလိုပဲ တနှစ်လုံးကြုံဆုံလာမယ့်
အကောင်းအဆိုး ပြဿနာအမျိုးမျိုး အတွက်
၂၀၁၁ နှစ်သစ်မှာလည်း စိတ်ဓါတ်အားအင် အပြည့်နဲ့ စတင်ကြတာပေါ့။
မင်္ဂလာ နှစ်သစ်ပါ..ကိုအောင်
တကယ်တော့..ဘယ်နှစ်မှလည်း သက်တောင့် သက်သာ မဖြစ် နိုင် ပါ ဘူးလေ..။ ဒါပေမဲ့လည်း..မမေ ပြောသလို.. ပျော်ရွှင်ပါစေ ပေါ့..း)
ကိုအောင်ရေ
ံမင်္ဂလာနှစ်ကူးပါနော် တမိသားစုလုံးပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကိုအောင်လည်းနှစ်သစ်မှာ ပျော်ရွှင်ပါစေ..
ကိုအောင်ရေးပြထားတာတွေ သေချာဖတ်သွားပါတယ်..
တစ်နှစ်ပြီးတစ်နှစ်သာကုန်လာတယ်
ထူးထူးခြားခြားကြီးကြီးမားမား ပြောင်းလဲခြင်းရှိမလာတာ ကြာပြီနော်..
ဒုံရင်းက ဒုံရင်း
ပြဿနာတွေ အခက်အခဲတွေကတော့ နောက်ထပ် အသစ်တဖန် ပုံစံ တစ်မျိုးနဲ့ ရောက်လာဦးမှာပါပဲဗျာ။
ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်တစ်နှစ်ကူးပြောင်းသွားပြီးတော့ အဲဒီနှစ်မှာပဲ လူတိုင်း နည်းနည်းလေး ပြောင်းလဲကြရင် အားလုံး ပြောင်းလဲသွားမှာပါ။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
အပေါ်ဆုံးက အစ်မ ငယ်နိုင်ပြောသလိုပဲဗျာ။ :)
Man..Relax. Of course the demand is getting higher and higher. :)
I don't think you want your hard drive spin slower and slower.
Come on. This is 2011.
ha ha :D
Again, happy new year.
Post a Comment