Tuesday, 28 December 2010

ရောသမမွှေ ၂၀၁၀

၂၀၁၀ ခင်ဗျာ
“လူကြီးမင်း၏ ကြိုတင်မဲပြားသည်
မင်္ဂလာဈေး မီးဘေးတွင် ပါသွားပါသောကြောင့် …”
လျူရှောင်ဘိုတစ်ယောက် အိမ်ပြန်ရောက်မလာပါ
ထက်ထက်မိုးဦးနှင့် အေးသူစံတို့ အင်တာဗျူးကြပါတယ်
ပန်းဖြူတော့ တရားရုံးဆီ သွားခဲ့ပါတယ်
ကိုအေးလွင်လည်း ရဲစခန်းမှာ တိုင်ကြားထားပါတယ်
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့
လက်ထပ်ပါတော့မည်
ခင်းထားတဲ့ လမ်းတစ်ခြမ်းမှာ
ဦးအောင်သိန်းလင်း ရပ်နေပါတယ် …..


၂၀၁၀ ခင်ဗျာ
အဘ သခင်အုန်းမြင့်
ငြိမ်းချမ်းစွာ ထွက်ခွာသွားပါပြီ
ချီလီက သတ္ထုတွင်းအလုပ်သမားတွေ
လွတ်လာပါပြီ
တက္ကသိုလ်ရိပ်သာလမ်း ဖွင့်လှစ်လိုက်ပါပြီ
ဗျာ …. ဗျာ …. ဗျာ
ဟုတ်ကဲ့ …. ဟုတ်ကဲ့
ရေဘ၀ဲလေး ပေါလ်ရေ
ဒါရိုက်တာ တင်သန်းဦးကို
မောင်းထုတ်လိုက်ပါကွာ
ပဲခူးမြို့က လူငယ်နှစ်ဦးကို ပြောလိုက်ပါအုံးနော်
သင်္ကြန်မှာ ကန်တော်ကြီးစောင်းဖက်
သွားမလည်နဲ့လို့ …..
၂၀၁၀ ခင်ဗျာ
ဂျူလီယန်အက်ဆန်တော့
အာမခံရသွားပြီဟေ့
ဗိုလ်ချုပ်ခင်ညွန့်မြေးလေးတွေတော့
ကျောင်းသွားခွင့် မရကြသေးဘူး
အိုင်စီအာစီ(I.C.R.C) လား???
လမ်းစရိတ် မတွက်တတ်သေးဘူး
ပါကစ္စတန်မှာ ရေမကျသေးဘူး
ဂီရိမုန်တိုင်း နောက်မဆုတ်သေးဘူး
မြန်မာဘောလုံး အသင်း…. အသင်း … အသင်း
ဗိုလ်ချုပ်မှူးကြီးရဲ့ ကျန်းမာရေး…. ရေး …ရေး … ရေး
ဟဲလို …. ဟဲလို …. ကြားလား … ကြားလား
“အင်တာနက်ဆိုင်တွင် မီးပျက်သွားပါသဖြင့် … ”
မြန်မာ့အရေး
ဘန်ကီမွန်း'စားပွဲခုံပေါ်က စာရွက်ပုံထဲ
အပေါ်ဆုံးမှာ ပျောက်ဆုံးနေသေးကြောင်း
မပြောလိုက်ရပါလား ၂၀၁၀ …။ ။


-စစ်ငြိမ်းဒီရေ

16 comments:

မေဓာဝီ said...

ဟာဟ ... မိုက်လှချည်လား ... ကိုအောင်ရဲ့ ရောသမမွှေ ၂၀၁၀။
အဲဒါမျိုးလေးတွေ ဖတ်ချင်နေတာ :)

rose said...

စာလာဖတ်သွားပါတယ်...။ ကိုအောင်ရေ...။ သရော်စာလိုပဲနော်။ ထက်ထက်မိုးဦး အကြောင်းလည်း ပါတယ်။ ပန်းဖြူလည်း ပါရဲ့။း)

sosegado said...

ပြေတီဦး လက်ထပ်ပြီးဟို အဆိုတော်လို နှစ်ရက်တစ်ပိုင်းနဲ့ မကွဲပါစေနဲ့

သက်ဝေ said...

အရမ်းမိုက်တယ် ကိုအောင်...
ကြိုက်တယ်...း))

...အလင်းစက်များ said...

ဟိုလူကြီးရဲ့ ကျန်းမာရေး....ရေး....ရေး... ဝေး..... ဝေး........ ရေဝေး ..... :D

An Asian Tour Operator said...

ဟစ်ဟော ဘိ နဲ့ ဖတ်ကြည့်လိုက်တယ်။

Anonymous said...

ဒီလို ကဗျာလေးတွေ များများရေးပါဗျ ကြိုက်တယ်
ဖတ်သွားပြီနော်
ခင်တဲ့
seesein

ahphyulay said...

အင်း..
ရှယ်... လှချဉ်လား ကိုအောင်ရေ့ ..၊
ပန်းဖြူအကြောင်းလဲ ကြားတော့ ကြားမိပါတယ်၊
အမျိုးသမီးများအတွက် ဖတ်စာသစ်တစ်ခုပေါ့ ။
ဘာပဲပြောပြော ၂၀၁၀ ကတော့  ထူးမခြားနားပတ်ပျိုးနဲ့ 
ပြီးဆုံးခဲ့ ပေမဲ့  ၂၀၁၁ မှာရော.....။

မြစ်ကျိုးအင်း said...

သူအနှစ်ချုပ်လိုက်တော့လည်း မေ့နေတာတွေ ပြန်သတိရသွားတယ်။

ယောနက်သန် said...

မိုက်တယ်။ ကြိုက်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအောင်ရေ
ကဗျာလေးက ထိထိမိမိရှိပါ့
ဖတ်ရတာ သဘောကျတယ်..
တစ်ပုဒ်ထဲနဲ့ ပြောချင်တာတွေအားလုံး စုံအောင် ပြောနိုင်လိုက်ပါပေတယ်..

မင်းတာရာ said...

မင်္ဂလာနှစ်သစ်နဲ့ အတူ လိုအင်ဆန္ဒပြည့်ဝကြပါစေ။

အင်္ဂါဟူး said...

အယ်အယ် တတ်လဲ တတ်နိုင်တဲ့ ဘကြောင်းအောင်ပဲ..

ဂွတ်ဒယ်

ကိုဇော် said...

တိုပေမဲ့ ထိမိပါပေတယ်ဗျာ။
အဆီတွေချည်းပဲကိုး...


မအားဘူး ဖြစ်နေတယ် ကိုအောင်ရေ.. အထွေထွေပဲ။

နှစ်သစ်မှာပျော်ရွှင်ပါစေဗျာ။

http://img835.imageshack.us/img835/3941/happynewyear2011j.jpg

PhyoPhyo said...

❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

YoungGun said...

အကြိုက်ဆုံးကဗျာပဲ.. ဒါပဲ ပြောတော့မယ် အစ်ကိုရေ