“မြို့လယ်ခေါင်အရပ်၌ နေသော တရုတ်ကုလား စီးပွားရေး ဘောဂ
ဗေဒ ကျွမ်းကျင်သူအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ၊ မြို့ပြင်
ရွာပြင် ဇနပုဒ်၌ နေသော ပြည်ထောင်စု တိုင်းရင်းသားအပေါင်း ကျန်းမာ
ကြပါစေ ချမ်းသာကြပါစေ ….။

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း တော်တော်မြင့်ပြီး မြန်လည်း
တော်တော်ကို မြန်လာပါတယ်။ ဒီပုံစံအတိုင်းသာဆိုရင် သက္ကရာဇ် ၂၀၅၀
မှာ ကမ္ဘာ့ငွေကြေးဈေးကွက်ရဲ့ အဓိက စံတန်ဖိုးဟာ တရုတ် ယွမ်ငွေ
ဖြစ်လာမလား … ???။ တရုတ် စီးပွားရေးနဲ့အတူ ဘာသာစကားနဲ့
ယဉ်ကျေးမှုကလည်း အတူတူ ပါလာတာ မဆန်းပါဘူး။ ဂလိုဘယ်လိုက်
-ဇေရှင်း (globalization) ဆိုတဲ့အသံဟာ “ကျည်ဆံဆိုတာ ပြတိုက်မှာ
ဒီကမ္ဘာဟာ ငြိမ်းချမ်းတယ်…. စစ်တွေ မဖြစ်ရဘူး …. ” လို့ အိပ်ချင်မူးတူး
ဆိုကြတဲ့ ဆိုရှယ်ဒီမိုကရက်တွေနဲ့ “ကမ္ဘာပြုရေး … ကမ္ဘာပြုရေး …” ဆိုတဲ့
စကားကို စက်တင်ဘာ 9/11 မဖြစ်ခင်အထိ လျှာအရိုးမရှိတိုင်း ကြွေးကြော်
တတ်တဲ့ အပျော့စား လစ်ဘရယ်ဒီမိုကရက်တွေရဲ့ အသံတွေပါ။ တကယ်
တော့ ဂလိုဘယ်လိုက်ဇေရှင်း ဆိုတာ ကြွေးကြော်နေရင်း … နေရင်းနဲ့
တိမ်ဝင်ပြီး ကွယ်ပျောက်သွားတော့မယ့် အသံတစ်ခုပါပဲ။
ရယ်ဒီကယ်တွေနဲ့ ကွန်ဆာဗေးတစ်တွေရဲ့ “အမျိုးသား အကျိုးစီးပွား
ဦးစားပေးရေး” ပန်းတိုင်ဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကတည်းက
သွားနေလိုက်တာ ရောက်ကို မရောက်နိုင်ဘူး။ လောလောဆယ်
ရောက်နေတာက “ကုန်ထုတ် စွမ်းအားအခြေပြု ဈေးကွက် စီးပွားရေး”။
တရုတ် ကျော်တက်သွားတာ ဂျပန်တို့ ဂျာမန်တို့ စကားမေးတောင်
မရလိုက်ဘူး။ ဟော်လန်- ဒတ်ခ်ျဘဏ်ရဲ့ ရှယ်ယာ အများစု တရုတ်
လက်ထဲ ရောင်းလိုက်ရတော့ ဥရောပက စီးပွားရေး ဂေါ့ဖားသားတွေလည်း
မျက်လုံးလေး ကလည် ကလည်နဲ့ ကျန်ရစ်ခဲ့ကြတယ်။ အိုစမာဘလာဒင်
သောင်းကျန်းတော့ အာရပ်ဘာသာစကား ပြေးသင်လိုက်။ တရုတ် စီးပွားရေး
ထိုးထောင်လာတော့ တရုတ်ဘာသာစကား ပြေးသင်လိုက်နဲ့ ကမ္ဘာ့လူငယ်ထု
လည်း ဆပ်ပြာသည် လင်ပျောက်နေတဲ့ သင်ရိုးညွန်တမ်းထဲက မထွက်နိုင်
သေး။ နပိုလီယန် ပြောသလို “တရုတ်တွေ အိပ်ပျော်နေတယ် သူတို့ကို
သွားမနိုးပါနဲ့” ဆိုတဲ့စကားဟာ အာရှတိုက်က နိုင်ငံအားလုံးရဲ့ အခြေခံ
ဥပဒေ စာအုပ် မျက်နှာဖုံးမှာ ရေးတောင် ထားသင့်တယ်။ ခက်နေတာ တစ်ခု
တော့ ရှိပါတယ် … အဲဒါက ….
ကျွန်ုပ်တို့ အိမ်တိုင်းမှာ ဘာသာရေး စာအုပ်များ၊ ယဉ်ကျေးမှု စာအုပ်များ
ရှိကြပါတယ်။ မရှိတာက မ၀ယ်ယူရသေးတာက အခြေခံဥပဒေနှင့် ဥပဒေ
ဆိုင်ရာ စည်းမျဉ်းစည်းကမ်း စာအုပ်များသာ ဖြစ်ပါတယ်။ ပြဿနာ တစ်ခုခု
ဖြစ်လာရင် ရုံးပြင်ကန္နား ကြောက်တတ်ကြတော့ အိမ်က ဘုရားစင်မှာ
ဘုရားကို နားပူနားစာ လုပ်ကြတာပါ။ “အတိတ်ဆိုတာ ပြန်ရောက်မလာ
တော့”၊ “အနာဂတ်သည် ရောက်မလာသေး”၊ ပစ္စုပ္ပန်သာ တည့်တည့်
ကြည့်လို့ အစဉ်အဆက် ရိုက်သွင်းလာတော့ ဘယ်လိုမှ ပြင်လို့ကို
မရတော့ပါ။ အတိတ်လည်း မှတ်မထား၊ ပစ္စုပ္ပန်မှာလည်း ဆင်းရဲ၊
အနာဂတ်လည်း ပျောက်နေကြပါပြီ။ အာဏာရှင် အနိုင်ကျင့်ရက်စက်
တာ အတိတ်ဘ၀က အကုသိုလ်ကံကြောင့် မဟုတ်နိုင်ပါ။
၂၀၀၉ ခုနှစ်ထက် စာရင် ၂၀၁၀ ခုနှစ် ကုန်သွားတာ တော်တော်ကို
မြန်နေသလားလို့ တွေးတောင် တွေးမိပါတယ်။ တိုးတက်မှုက အရမ်း
မြန်လာတော့ နေရာတိုင်းမှာ “ခံစားမှု ရသ” ထက် “ရရှိရေး၊ ပိုင်ဆိုင်
ရေး၊ နောက်ကောက်မကျ- မကျန်ရစ်ရေး” ဆိုတဲ့ နဖူးစည်းဟာ
မဟော်သဓာ ဇာတ်တော်ထဲက နတ်ဆေးတုံးလို တခါတည်း ပါလာ
ပါသလား ….???။ “စစ်ပညာကို အရွယ်ရောက်သူတိုင်း၊ ကျန်းမာ
သန်စွမ်းသူတိုင်း ကျားမ မရွေး သင်ကြရမယ်၊ ၂ နှစ်တိုင်စေ ၃ နှစ်
တိုင်စေ စစ်မှုထမ်းရမယ်၊ စစ်ဖြစ်လာရင် အားလုံး စစ်မှုထမ်းရမယ်”
ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားဟာ ဗိုလ်ချုပ်နဲ့အတူ ကျဆုံး
သွားပုံရတယ်။ စစ်ပညာတတ်တဲ့လူက အနိုင်လည်း ကျင့်ရော
“ဒို့မေတ္တာစွမ်း ကမ္ဘာတ၀ှမ်း”က မိတ်ဆွေတွေလည်း စာရွက်ပေါ်ကနေ
အရေးယူမယ် ပိတ်ဆို့မယ် ကန့်ကွက်မယ် … ဒီထက်တော့ နည်းနည်း
မှ မပိုပါ။
လွတ်လပ်ရေးကို ဗြိတိသျှ အင်ပါယာရဲ့ နန်းရေးဝန် “အက်တလီ”
ဆီက တောင်းယူသလို ဒီမိုကရေစီကိုလည်း တရုတ်စီးပွားရေး
အင်ပါယာရဲ့ “၂၁ ရာစု ကွန်ဖြူးရှပ်”များထံကနေ တောင်းယူနိုင်ကြ
ပါစေ …။
“လွင်ပြင်ခေါ်သံ အပိုင်း(၂)” အခန်းဆက်ဇာတ်လမ်းကို ဘလော့ပေါ်
မတင်နိုင်သေးတဲ့အတွက် ခွင့်လွှတ်ကြပါအုံးဗျာ ….။
-စစ်ငြိမ်းဒီရေ
18 comments:
ခွင့်လွှတ်ပါတယ် ဦးအောင်ရယ်... တင်ရင်တော့ လာဖတ်မှာပဲကွယ်
ဒါဆို ဆယ့်တစ်မှာ ဆက်ပြီးတစ်နေရမယ့် သဘောလား ကိုအောင်ရေ......
ရင်... လေး..... ပါ့ဗျား.......
ဟုတ်ပ ကိုအောင်ရေ ... ဘုရားကို နားပူနားဆာ လုပ်တဲ့ထဲ ကျမလဲပါတယ်။ :)
ဘာပဲဖြစ်ဖြစ် ... ငြိမ်းချမ်းတဲ့ ၂၀၁၁ ဖြစ်ပါစေ ဆုတောင်းပါတယ်။
စစ်ပညာရှိတာ မရှိတာနဲ့ မဆိုင်ပါဘူးဗျ။ လက်နက်ရှိလား မရှိလားနဲ့ပဲဆိုင်တာပါ။ :P
ကလူသစ်
ကိုအောင်ရေ...တနှစ်တနှစ်မြန်လိုက်တာ..
တရုပ်တွေ ဘယ်လောက်စီးပွားရေးတွေ တိုးတက်တယ်ပြောပြော..တရုတ်အခြေခံလူတန်းစားနဲ့ အလယ်အလတ်တွေကတော့ အမေရိကန်နိုင်ငံ ကို ဘာလို့ ခုထိ ဝင်ဖို့ ကြိုးစားနေကြသလဲတော့မသိဘူး..
ဘုရားကို နားပူနားဆာ လုပ်တာ တော်သေးတယ်၊ အချို့များဆို ကိုယ်မလိုချင်တာ ဘုရားကို လှူတာမျိုးပေါ့၊ { ဥပမာ - အရက် ဖြတ်လိုက်ပြီ ... ဘုရားကို လှူလိုက်ပြီ ဆိုတာမျိုးပေါ့ } ... အံ့ဖွယ်လိလိ.. ဘဲ။
ဒူကဘာ
ကိုအောင် ရေ
၂၀၁၁ မှာ ဆက်တစ် နေရင်ဒုက္ခ တန်းလန်းတန်းလန်း နဲ့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကိုအောင်ရေ.. အရေးအသားတွေက ထိတယ်.. ကျွန်တော်လည်း အဲလိုမျိုးတွေးနေတဲ့အတွက် သိပ်သဘောကျတယ်...း)))
ခင်မင်တဲ့
နေ၀သန်
၃ ခေါက် လောက် ပြန်ဖတ်ရတယ် ကိုအောင်။ စာလုံးတိုင်း စာပိုဒ် တိုင်း မှာ စဉ်းစား စရာတွေ အပြည့်နဲ့။
အင်း..
ဒိုင်ယာလော့ ကလေးတွေကြိုက်တယ်ဗျာ။
ဆွေမျိုးပေါက်ဖော်..ဆိုတဲ့ စကားကို
ကိုရွှေတို့ ရဲ့  ဂေါ့ ဖားသားကြီး ပေါက်ခေါင်းသားကြီး
ပြောခဲ့ တာလေ။
အခုတော့  အဲ့ ဒီပေါက်ဖော်ကြီးက ကျွန်တော်တို့ 
အမျိုးတွေကို စ မြိုနေပြီဗာ..။
ရင်ပူရတဲ့ ၂၀၁၀ ပါပဲ အကိုအောင်ရေ့ ။
ဘိုင်ဘိုင် ကိုအောင်
အဲဟုတ်ဘူး ဘိုင်ဘိုင် ၂၀၁၀ ကိုအောင်လိုနှုတ်ဆက်ကြည့်တာ..
တစ်နှစ်တစ်နှစ်က အကုန်မြန်တယ်..
စစ်မဖြစ်တဲ့ ၂၀၁၁ ဖြစ်ပါစေလို့..
မြန်မာပြည်သားတိုင်း ဖတ်ဖြစ်အောင် ဖတ်ပါ
မြန်မာပြည်၌ ကမောက်ကမ ဖြစ်ချင်ရာဖြစ်နေပုံကို ထိမိစွာ ခနဲ့ခြင်း
http://simpleviewsonmyland.blogspot.com/2010/12/blog-post_21.html
တရုတ်ကြီးက ပိုက်လိုင်းဖေါက်၊ ရထားလမ်းဖေါက်၊ ကားလမ်းဖေါက်၊ သူလမ်းမှာတွေ့တဲ့ အခက်အခဲတွေကို ရှင်းမှာပဲ၊ ဇနပုဒ်သားတွေ သတိထားဖွယ်၊
ယပလက်တွေက ဆိပ်ကမ်းဆောက် ကားလမ်းဖေါက်၊ သူလမ်းမှာတွေ့တဲ့ အခက်အခဲတွေကို ရှင်းမှာပဲ၊ ဇနပုဒ်သားတွေ သတိထားဖွယ်၊
ပြောင်းလည်မှုနဲ့အတူ မလိုက်နိုင်သေးတော့လည်း၊ ဘိုင်ဘိုင်ပေါ့ ၂၀၁၀ ရေ။
မျှော်လင့်ခြင်းအသစ်နဲ့ ၂၀၁၁ ကို စောင့်ကြိုကြတာပေါ့ ကိုအောင်ရေ..။။
မြစ်ကျိုးအင်း
well. Everybody knows that Burma is poort and backward because of the government and leaders, and their bad decisions. Why are we all getting jealous of "ta yoke" and "kalars" . How would you all feel if the countries like Japan, Korea or where ever else all Burmese people are living and working will be called racial slurs and discriminated. Anybody can live in any downtown if they wish and if they can afford. No need to be jealous of others...
i would like to know how to prevent photos n text from my blog. like as ur blog. ur blog also cannot copy. pls tell me how 2 prevent
Merry Chirstmas and Happy New Year ပါ ကိုအောင်ရှင့်... ပျော်ရွှင်တဲ့ နှစ်သစ်လေး ဖြစ်ပါစေ။
ဟင် . . . ဒီပို့စ်ကို ကျနော် ဖတ်ပြီးပြီချင်း မန့်ခဲ့ပါတယ်။ ဒါကို ဘယ်နှယ် ဖြစ်တာပါလိမ့်။ မရှိတော့ပါလား။ ကွန်ကြောင့် ထင်တယ်။
................
နေပါဦး ကိုအောင်ရယ် ၊ ၂၀၁၀ လေး သူ့သက်တမ်း ရှိသလောက်လေး နေပါစေဦး။ သက်တမ်းကုန်သွားရင်လေ သကြားမင်း ဆင်းတာတောင်မှ မရဘူးဗျ။ ပလုံ ခနဲပဲ။
Post a Comment