Saturday, 4 December 2010

ဗီယက်နမ် ၇- မြန်မာ ၁



ဆုကြေးစား ဘောလုံးပြိုင်ပွဲ စနစ်ကို အသွင်ကူပြောင်းခဲ့ပေမယ့်
မြန်မာဘောလုံးကစားနည်း မတိုးတက်သေးတာကို မျက်ဝါးထင်ထင်
ပါ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ လက်ရွေးစင်အသင်း
နည်းပြဆရာတို့ ပြည်တော်ပြန်ရင် ဘယ်လို ဆင်ခြေတွေ ပြောကြ
ပါအုံးမလဲ ....

8 comments:

ahphyulay said...

အင်းလေ....
ဘောပွဲမှမဟုတ်ပါဘူး။
ကျန်တာတွေလဲ ခုနှစ်ဆလောက် ဖြတ်ကျော်
ထိုးတက်သွားပါပြီ။
တံခါးကိုအတူတူဖွင့်ကြတာလေ..။
အခု သူတို့ ဗမာပြည်မှာတောင် လာလုပ်နေကြပြီ။
အိမ်ကြယ်တွေ မရှက်တတ်သေးပါ။

မိုးယံ said...

မြန်မာ အားကစား ကမ္ဘာကို လွမ်းရမယ့် အဆင့်က မတက်သေးပါလား။

မောင်မိုး said...

ကြိုတင်ဂိုးတွေ မဆောင်ထားလို့ ထင်တယ်နော်..ခစ်..ခစ်

ရွှေရတုမှတ်တမ်း said...

ကြိုတင်ဂိုး ၉၉ ဂိုး ရောက်လာတဲ့အတွက် မြန်မာ ၁၀၀ ဂိုးဗီယက်နမ် ၇ ဂိုး လို့နောက်ဆုံးသတင်းသိရကြောင်းပါ

မယ်ကိုး said...

မပြောပါနဲ့တော့ အစ်ကိုအောင်ရယ်။ ရုံးမှာရှိတဲ့ ဗီယက်နမ်တွေကို မျက်နှာဘယ်လို ပြရမှန်းတောင် မသိဘူး။ ရှက်လွန်းလို့ လူချင်းဆုံရင် မျက်နှာလွှဲလို့တောင် နေရပါတယ်။

ရှေးလူကြီးတွေ ပြောတဲ့ မျက်နှာကို ဓားနဲ့လှီးပစ်ချင်တယ် ဆိုတာ ဒီလို အခါမျိုးလား မသိပါဘူးး(

မြစ်ကျိုးအင်း said...

အမြဲတမ်းစိတ်ပျက်အောင်လုပ်တဲ့အထဲမှာ
မြန်မာဘောလုံးအသင်းလဲ ပါတယ်ဗျာ။
အခု အင်ဒို - လာအိုပွဲကြည့်နေတာ
အင်ဒိုက ၆-၀ နဲ့ နိင်နေလို့ ထပ်သွင်းပါစေ
ဆုတောင်းနေတာ။
ဘာလို့ဆိုတော့ မြန်မာ ရှုံးတဲ့ ၇-၁ က ဒီဖလား
သမိုင်းမှာ စံချိန်ဖြစ်သွားလို့လေ။
အင်ဒို ၇ ဂိုးပြတ်နိင်ရင် လာအိုက အဲဒီစံချိန်ကို
ပြောင်းယူမှာ ဆိုတော့ အင်ဒို ထပ်သွင်းဖို့
အားပေးနေရတယ်။
အဲဒီလို ကြံဖန်ပြီး ကိုယ့်နိင်ငံဂုဏ် ဆယ်နေရတယ်ဗျိုးး။
တကယ် စိတ်ပျက်စရာပါပဲဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီပွဲကိုအားကျိုးမာန်တက်ကြည့်ဖို့ကြိုးစားတာ အဆင်မပြေလို့ မကြည့်လိုက်ရဘူး
ပြီးတော့မှ မကြည့်ဖြစ်တာကို ကျေးဇူးတင်ရတယ်
မဟုတ်ရင် နေရင်းထိုင်ရင်း ဒေါသတွေထွက်ရဦးမယ်..

Metalman said...

ဘာဆင်ခြေဆင်လက်မှမလိုချင်တော့ဘူး ပြန်လာရင်သာဒီကခြေတွေလက်တွေနဲ့အပီအပြင်ပြုစုပေးမှာ ဟွန်းဟွန်း