Friday, 10 December 2010

ဝီကီလိစ် မုန်တိုင်းလမ်းကြောင်း

ဝီကီလိစ် ကေဘယ်ရဲ့ မြန်မာပြည်သတင်း ဖွင့်ချမှုတွေကြောင့်
မုန်တိုင်းဟာ မြန်မာ့ဒီမိုကရေစီ အဆောက်အအုံကိုပါ ရိုက်ခတ်
လာနေပါပြီ။ ဗိုလ်သန်းရွှေ အုပ်စုနဲ့ ပက်သက်ပြီး မန်ချက်စတာ
ဘောလုံးအသင်းဝယ်ဖို့ ကြိုးစားတာတို့ တရုတ်က မြန်မာစစ်အစိုးရ
အပေါ် စိတ်ပျက်တာတို့က စစ်တပ်အတွင်းနဲ့ ကြံ့ဖွတ်ပါတီတို့အပေါ်
သိပ်ပြီး ရိုက်ခတ်မှု မရှိနိုင်ပါဘူး။

လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ အားလုံးသိတဲ့အတိုင်းပဲ
အမိန့်နာခံမှု စနစ်နဲ့ တည်ဆောက်ထားတဲ့ လခစား အဆောက်
အဦးတွေပါ။ ပါတီတို့ အဖွဲ့အစည်းတို့ ဆိုတာက အသိ စိတ်ဓါတ်
နဲ့ ဖွဲ့စည်းလှုပ်ရှားရတာ ဆိုတော့ ပြဿနာ တစ်ခုခုကို ရင်ဆိုင်
ဖြေရှင်းရာမှာ အတိုင်းအတာတွေ လုပ်ထုံလုပ်နည်းတွေ လိုအပ်
ပါတယ်။ မရှိရင်လည်း ရှာကြပါ။ ၀ီကီလိစ်ရဲ့ ယနေ့အချိန်အထိ
ဖွင့်ချမှုတွေအရ NLD ခေါင်းဆောင်ပိုင်းကို “အန်ကယ်ကြီးများ”၊
လောလောဆယ် ပြီးခါစ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ မတရား
အကျဉ်းချ ခံနေရဆဲ ၈၈- မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့
ကိုမင်းကိုနိုင်က ရွေးကောက်ပွဲကို လက်မခံဘူး၊ ကိုကိုကြီးက ၀င်ရောက်
ယှဉ်ပြိုင်သင့်တယ် …. အစရှိသဖြင့် ဖော်ပြလာနေပါပြီ။

မြန်မာ့ဒီမိုကရေစီ အဆောက်အအုံရဲ့ အတွင်းရေးသတင်းတွေကို
ယခုထက် ထပ်မံဖော်ပြလာမယ်ဆိုရင် သတင်း ဖတ်ရှု နားစဉ်သူတွေ
အကြား ရိုက်ခတ်မှုက ပိုမို ပြင်းထန်လာနိုင်ပါတယ်။ ဒါကြောင့်
သက်ဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ သတင်း စတင်ပေါက်ကြား
ရာ ဌာနတွေကို ကန့်ကွက်ပြောဆိုမှုတွေ၊ ကြေညာချက်ထုတ်ပြန်
မှုတွေ ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ
မတိုင်ခင်က ဒီမိုကရေစီ လိုလားသူ အများစုက လက်မခံ မကြိုဆို
ကြပါဘူး။ သို့ပေမယ့် တရားဥပဒေ လမ်းကြောင်းအရ ၀င်ရောက်
ယှဉ်ပြိုင်သူသာ “တရားလို” ပြုလုပ်နိုင်တဲ့ ဥပဒေ လမ်းကြောင်းက
လွှဲရင် အခြားဖွင့်ဆိုချက် ယနေ့အချိန်အထိ မရှိသေးပါ။ ဒါကြောင့်
ကိုအေးလွင်တို့ ဦးသုဝေတို့ ပြောနေသလို “မဲရေတွက်မှု အလိမ်ခံရမှ
ကိုယ်ကိုယ်တိုင် တရားလို လုပ်လို့ရတယ်” ဆိုတဲ့ လမ်းကြောင်းဟာ
အရမ်းကြီး မမှန်သည့်တိုင် သိပ်တော့လည်း မမှားပါ။ ဒီမိုကရေစီလိုလား
တဲ့ ပြည်သူများအကြားေ၀၀ါးမှုတွေ မပေါ်ပေါက်အောင် ၀ီကီလိစ်ရဲ့
ဖွင့်ချမှုတွေနဲ့ ပက်သက်ပြီး ညီညီညွတ်ညွတ် တုန့်ပြန် နိုင်ကြပါစေ
လို့ ဆုတောင်းမိပါတယ်။

-စစ်ငြိမ်းဒီရေ

16 comments:

Anonymous said...

အပင်ပန်းခံလိုက်ရှာစရာမလိုဘူး။ ဒီလိုအကွဲအပြဲတွေကို မအိပ်မနေရှာတင်ပေးမဲ့သူတွေရှိတယ်။

ကလူသစ်

ကိုချစ်ဖေ said...

ကိုအောင် ကျနော်တို့ ဘက်ကအတွင်းရေးကြတော့ စုပေါင်းပြီးဟန့်တားလို့ သင့်တော်ပါ့မလား အရှိကို အရှိအတိုင်း ရင်ဆိုင်ကြတာပိုကောင်းမယ် ထင်ပါရဲ့ ဘာတွေပဲပေါ်လာပေါ်လာ လက်ခံပြီး ညှိနှိုင်းအဖြေရှာတာက ပိုကောင်းမယ်ထင်ပါတယ် ကျနော်က အက်ဆန်းဖက်က..ပါ (ဟဲ..မှားသော်လဲ မှားပေမပေါ့.ဂီးဆောင်ကြောင်း မှ မဟုတ်တာ..ဂီးဆောင်ကြောင်းတွေတောင် မှားနေသေးတာပဲလို့ ညီအကိုခြင်းပြောလိုပါတယ်)၀ီကီလိစ်ကို ညီညီညွတ်ညွတ်နဲ့ တုန့်ပြန်မယ်ဆိုလဲ ၀ီကီလိစ် သမားတွေက တော့ ပျော်နေမယ်ထင်ပါတယ် သူတို့ကိုယ်တိုင်က ပွင့်လင်းရေးမြင်သာရေးသမားတွေဖြစ်နေလို့ ပါ ကိုချစ်ဖေတောင် ကွန်ပြူတာ မကလိတတ်လို့ ဟက်တီဗစ် ဆိုလား အဲ့ဒီလူတွေ သူပုန်ထတာကို ၀င်အားပေးချင်နေတာ..

Anonymous said...

WE must have different opinions. This is called democracy .

Min Ko Naing and Ko Ko GYi might have different opinions.

We do not need to request wiki-leaks to hide about Myanmar.

It is wrong !!!

We should stand beside aunty suu whatever we hear.

We all have different ideas, point of views , opinions, etc.....

We can say openly and this is called democracy.

I look forward to hearing all myanmar news.

I have heard about aunty suu from those who love and who hate.

But I still love her and nothing can change my mind.

...အလင်းစက်များ said...

ကိုယ့်လူတွေ ညီစေနော်.....

Anonymous said...

စာ နယ် ဇင်း လွပ်လပ် ခွင့်လို့ပြောနေပြီး ၀ီကီလိစ် ကို ပိတ် ခိုင်း လို့ ဘယ်ဖြစ် မလဲ ။
ကိုယ့်အမြင် သူ့အမြင် ပြော မှ မျက် စိပွင့် ပြီး အ ယူ အဆ အမျီုးမျီုးနဲ့ နိုင် ငံ ပို တိုး တက် လာမှာ ။
ကိုယ့် သ ဘော တစ် ခု တည်း နဲ့ မြန် မာ အ ကြောင်း ပိတ် ခိုင်း ရင် ဒါ ပာာ ဒီမို က ရေစီ လမ်း ကြောင်း က နေ သွေ ဖယ် နေ ပြီ...

Anonymous said...

ကိုအောင်ကလည်းဟုတ်မလိုလိုနဲ့ NLD ရဲ့ ဖြစ်ရပ် အမှန် တစ်ချို့ကို ဖော်ထုပ်တော့ အုပ်ဖို့ကြိုးစားနေပါပေါ့လား

ခင်ဗျားတို့ အုပ်ချုပ်ခဲ့ရင်လဲ သန်းရွှေထက်ဆိုးမလားပဲ
အာဏာတောင်မရသေးဘူး လိုက်အုပ်ဖို့ကြိုးစားနေတာ ပြေပါဒယ်
ဒီမိုနဲ့ စစ်အစိုးရက မသာ နဲ့ အသုဘ ပါ ဒါကြောင့်လဲ ကြိုက်သလောက်အော် အော်လွန်းလို့သာ ဒိန်းမတ်ရောက်သွားတယ် မြန်မာပြည်ကြီးကတော့ ဒုံးရင်းဒုံးရင်းပါပဲ

Anonymous said...

ပျူနိုင်ငံ ကို ကြိုက် လို့ အမြဲ အား ပေး နေ တာ ကြာပြီ ။
ဝီကီလိစ် ကို ပိတ် ခိုင်း တော့ သိပ် စိတ် ပျက် မိ တယ် ။
ကိုယ့်အမြင် သူ့အမြင် ဖလှယ် ကြ တာ သိပ် ကောင်း တယ် ၊ ဒါ ပာာ ဒီမို က ရေစီ ပဲ။

အန် တီ စု ပြော နေ တဲ့ dialogue ဆို တာ လဲ တစ် ယောက် နဲ့ တစ် ယောက် ပွင့်ပွင့် လင်းလင်း ပြောဆို မှု ဆွေး နွေး မှု ပဲ ။

ကိုယ့် သ ဘော ထား ကိုယ် ထုတ် ပြော ကြ တာ ဘာ ဖြစ် လဲ ၊
မင်း ကို နိုင် တို့ ကိုကို ကြီး တို့ အပြင် မှာ ရှိရင် လည်း သူတို့ အချင်း ချင်း ဒီလို ပဲ ပွင့်ပွင့် လင်းလင်း ပြောဆို ဆွေး နွေး ကြမှာ ပဲ။

ဝီကီလိစ် ကို တား နိုင် ရင် တောင် တစ် ခြား ရှု ထောင့် က သဘော ကွဲလွဲ မှု တွေ ရှိ နေ မှာ ပဲ ။ ရှိ လည်း ရှိ ခဲ့ မှာပါ။

ဝီကီလိစ် ကို ပိတ် ခိုင်း ဖို့ အကြံ ပေး တာ ကို အံ့သြ မိ တယ်။

နိုင် ငံခြားမှာ နေ ပြီးလွတ်လပ် စွာပြော ဆိုခွင့် ကို နား မ လည် တာ အံ့သြစရာ ပဲ ။

အန် တီ စုလည်း လုံး ၀ ကြိုက် မယ် မ ထင် ပါ ၊

ဒီမို က ရေစီ လို ချင် တယ် တွင်တွင် ပြော နေ ပြီး တကယ် ကြ တော့ မ ကျင့် ကြံ နိုင် ကြ ဘူး ။
နိုင် ငံ ရေး သမား ဆို တာ အ ရေ ထူ ကြ တယ် ၊

နိုင် ငံ ရေး သမား အား လုံး ဥာဏ် ပ ညာ ရှိပြီး ဆင် ခြင် တုံ တ ရားနဲ့ ပြည့် စုံ ကြ တယ် ၊

ယုံကြည် ချက် အ တွက် အ ကျဉ်း ကျ ခံ နေ ကြ တာ ။

ကိုယ့် သ ဘော အ တိုင်း အား လုံး လိုက် ရ မယ် ။
အ ဝေဖန် မ ခံ နိုင် ဘူး ၀ီကီလိစ် ကို ပိတ် ခိုင်း မယ် ဆိုရင် ယုံကြည် ချက် အ တွက် အ ကျဉ်း ကျ ခံ နေသူ အား လုံး ရဲ့ ဆင် ခြင် တုံ တ ရား ကို စော်ကား ရာ ရောက် ပါ လိမ့် မယ် ။

ကိုအောင် said...

ဝီကီလီစ်ကို ပိတ်ဖို့ ပြောနေတာ မဟုတ်ဘူး၊
သတင်းစတင်ပေါက်ကြားတဲ့ မြန်မာပြည်
အမေရိကန်သံရုံးကို ကန့်ကွက်ဖို့ ပြောနေ
တာပါ၊ စာကို သေသေချာချာ ဖတ်ကြပါ ...

Anonymous said...

ကိုအောင် ..ပျူနိုင်ငံ .ရေး သား မှု ကိုးကား ချက် ...၀ီကီလိစ်ရဲ့ ယနေ့အချိန်အထိ
ဖွင့်ချမှုတွေအရ NLD ခေါင်းဆောင်ပိုင်းကို “အန်ကယ်ကြီးများ”၊
လောလောဆယ် ပြီးခါစ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ မတရား
အကျဉ်းချ ခံနေရဆဲ ၈၈- မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့
ကိုမင်းကိုနိုင်က ရွေးကောက်ပွဲကို လက်မခံဘူး၊ ကိုကိုကြီးက ၀င်ရောက်
ယှဉ်ပြိုင်သင့်တယ် …. အစရှိသဖြင့် ဖော်ပြလာနေပါပြီ။

မြန်မာ့ဒီမိုကရေစီ အဆောက်အအုံရဲ့ အတွင်းရေးသတင်းတွေကို
ယခုထက် ထပ်မံဖော်ပြလာမယ်ဆိုရင် သတင်း ဖတ်ရှု နားစဉ်သူတွေ
အကြား ရိုက်ခတ်မှုက ပိုမို ပြင်းထန်လာနိုင်ပါတယ်။ ဒါကြောင့်
သက်ဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ သတင်း စတင်ပေါက်ကြား
ရာ ဌာနတွေကို ကန့်ကွက်ပြောဆိုမှုတွေ၊ ကြေညာချက်ထုတ်ပြန်
မှုတွေ ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ .........

sorry ... ၀ီကီလိစ် ကို ပိတ် ခိုင်းတယ် လို. မ ပာုတ် ပါ ဘူး ။ ကန့်ကွက် ခိုင်း တယ် လို့ ပြော ချင် တာ ပါ။

အ ထက် ပါ စာ ပိုဒ် အ ရ ဒီမို က ရေစီ အုပ် စု တွေ ရဲ့ အ တွင်း ရေး ကို ဖော် ပြ နေ တော့ ကန့် ကွက် ပါ ဆို တဲ့ သဘော ကို သက် ရောက် နေ တယ်။
အ ခြား သူ တွေ ရဲ့ Comments တွေ မှာလည်း သူ တို့ ဒီ လိုပဲ နား လည် နေ ကြတယ်။
စာကို သေသေချာချာ ဖတ်ပါတယ်။ ဒါ ပေ မဲ့ ဒီ လို ပဲ နား လည် နေ တယ် ။

criticize လုပ်ချင် တာ မ ပာုတ် ဘူး ။
ဝီကီလိစ် ရဲ့ ဖွင့်ချ မှု တွေ ကို သိ ချင် တယ် ။

ဝီကီလိစ် မှ မ ပာုတ် ဘူး ၊ တစ် ခြား ဘယ် က မ ဆို အား လုံး ကို ဖတ် ချင် တယ် ။

ဒါ ကြောင့် လဲblog တွေ ကို အ မြဲ အား ပေး နေ တာ ။
ပျူနိုင်ငံ ရဲ့ ဆောင်း ပါး တွေ ၊ သည်း ထိပ် ရင် ဖို ဖြစ် ရပ် မှန် တွေ ကို လည်း အမြဲ အား ပေး နေ တာ.
ဒါပေ မဲ့ ၀ိုင်း ကန့်ကွက်ကြလို့ ၀ီကီလိစ် က သ တင်း တွေ ရပ် သွား မှာ ကို တော့ မ လို လား ဘူး ။

ဒါပေ မဲ့ ကန့်ကွက်လို့ ၀ီကီလိစ် က သ တင်း တွေ ရပ် သွား မှာ ကို တော့ မ လို လား ဘူး ။

Anonymous said...

ဘယ်သတင်းမဆိုအမှန်တိုင်းဘဲသိချင်ပါတယ်

Anonymous said...

ဘယ်သတင်းမဆိုအမှန်တိုင်းဘဲသိချင်ပါတယ်

YoungGun said...

ကွန်လေးကောင်းမ၊ှ ပြန်တက်လာဖြစ်တယ်၊ စိတ်ဝင်စားစရာတွေ အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ဝီကီလိခ်ကို စောင့်ဖတ်ချင်သေးတယ်ဗျာ

Anonymous said...

blog တွေ မှာ wikileaks ကဘာ သ တင်း မှ ထပ် မ ကြား ရ တော့ ပါ လား ။

ဂမ် ဘာရီ လုပ် ရပ် မ ပာုတ် တော့ နိုင် ငံ ခြားရေး ၀န် ကြီး ကွန်ဒို လွီ ဖာ ရိုက် က လူ ပြောင်း ဖို့ အ ကြံ ပေး တာ ။

blog တွေ မှာဘာ မှ မ တွေ့ ရ တော့ ဘူး ။

Unknown said...

ဘာသတင်းမှမကြားပါလား