၂၀၀၉ ခုနှစ် ဇွန်လအတွင်း န.အ.ဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်အတွက်
အင်္ဂလန်နိုင်ငံရှိ ကမ္ဘာကျော် မန်ချက်စတာ ယူနိုက်တက် ဘောလုံး
အသင်းအား ၀ယ်ယူရန် စီစဉ်ခဲ့ကြောင်း ၀ီကီလိစ် ကေဘယ်သတင်း
အား မှီငြမ်းပြီး ဂါးဒီးယန်း သတင်းစာတွင် ယနေ့ (၆.၁၂.၂၀၁၀)နေ့
တွင် ဖော်ပြထားပါတယ်။

"One well-connected source reports that the grandson wanted
Than Shwe to offer $1bn for Manchester United," said the June
2009 cable to Washington. "The senior general thought that sort
of expenditure could look bad, so he opted to create for Burma
a league of its own."
ပြည်သူတွေက စားစရာ မရှိတဲ့ အချိန်မှာ နိုင်ငံတော်ပိုင် သဘာဝ
ဓါတ်ငွေ့ ရောင်းချရငွေဖြင့် မြေးဖြစ်သူ စိတ်ချမ်းသာဖို့ လုပ်ချင်သလိုလုပ်နေ
သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယနေ့ တပ်မတော်အပေါ် ဦးဆောင်မှု
အခန်းကဏ္ဍအား တပ်မတော်သားတိုင်းက စဉ်းစား သုံးသပ်သင့်ပါတယ်။
အသေးစိတ်ကို သိလိုလျှင့် (ဤနေရာတွင်) ဖတ်ရူပါ ….။
-စစ်ငြိမ်းဒီရေ
9 comments:
ဟုတ်တယ် ကိုအောင်ရေ CNN မှာလည်းပါတယ် ကျွန်တော်ဖတ်ပြီးပြီ ဒီလေယက်ဥာဏ်နည်းပြီး ငါဖို့ဘဲလုပ်ခြင်တဲ့ အသုံးမကျတဲ့ လူမျိုးကို ကျွန်တော်တို့တွေ ဘာလို့ ပြုတ်အောင် မလုပ်နိုင်သေးလဲ စဉ်းစားလို့မရသေးဘူး ကျွန်တော်တို့ သူ့ထက် အသုံးမကျသလိုများဖြစ်နေလို့လား
ဂိုးသွင်းကောင်းလို့ မယ်တော်ကြိုင် ကလဲ ကြိုက်လို့ ဝယ်ချင်တာတဲ့..အဟက်..
Man U ကို ၀ယ် ရ အောင် အနူ လက် နဲ.တန် သ လား ။ ကျွန်တော်တို့အသုံးမကျတာ ထက် လက်နက် ရှိ တော့ တစ် ပန်း သာ နေ တာ။ Gandhi လမ်း စဉ် ထက် ဗိုလ် ချုပ် လမ်း စဉ် လိုက် တာ ပို ကောင်း မယ် ... India မှာ ကျောင်း နေ ခဲ.တော့ Gandhi အ မွှန်း တင် စာ တွေ သင် ခဲ့ ရ လို့ ထင် တယ်။ ဗိုလ် ချုပ် က ပို တော် ပါ တယ်။
Man U ကို ၀ယ် ရ အောင် အနူ လက် နဲ.တန် သ လား ။ ကျွန်တော်တို့အသုံးမကျတာ ထက် လက်နက် ရှိ တော့ တစ် ပန်း သာ နေ တာ။ Gandhi လမ်း စဉ် ထက် ဗိုလ် ချုပ် လမ်း စဉ် လိုက် တာ ပို ကောင်း မယ် ... India မှာ ကျောင်း နေ ခဲ.တော့ Gandhi အ မွှန်း တင် စာ တွေ သင် ခဲ့ ရ လို့ ထင် တယ်။ ဗိုလ် ချုပ် က ပို တော် ပါ တယ်။
သက်ပြင်းချမိတယ်
ထူးထူးထွေထွေ မပြောချင်တော့ဘူး ကိုအောင်ရေ..
သတင်းမှားသာဖြစ်ပါစေတော့
မချော
သန်းရွှေက ဘောကြိုက်သလား မကြိုက်သလားတော့
မသိဘူး၊ သန်းရွှေက ညအိပ်ရာဝင်တိုင်း သူ့မြေးရဲ့
“ဘုံကိုငေါ” ပြီ “ပုံ” ပြောပြနေတယ်...ဆိုပဲ။ ကျနော့် “ဘုံ”
ကိုလည်းသူငေါပြီ “ပုံ”တခါသူပြောဘူးတယ်။ ယုံချင်ယုံ
မယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူး..စေ့။
ကိုဗလိုင်(ဒိန်းမတ်)
ကိုအောင် ရေ
သတင်းလေး ဖတ်သွားတယ်
မူရင်းကို သေချာသွားဖတ်ကြည့်တော့
ဝါရှင်တန်ကို စမတာက ပို့ထားတဲ့ မှတ်ချက် တွေပါ
စမတာ ရဲ့ မှတ်ချက်တွေက
အမြင်ကိုပြောရရင် အလွဲလေးတွေရှိတယ်။
အင်း
ကျွန်တော်လဲ ကြားပြီးပြီ၊
ဒါပေမဲ့  အဲ့ လောက်ချမ်းသာပါ့ မလားတွေးမိတာပဲ။
ဘာပဲပြောပြော သြူတို့ ကတော့  ဘာမဆိုဖြစ်နိုင်နေတာပဲလေ။
ဒါဆို ဒို့ တာဝန်အရေးသုံးပါးနဲ့  ဒီကောင်တွေ လိမ်စား
နေတာပေါ့ ၊ ဘေးက အပွင့် ကြီးတွေကလဲ သူတို့ အလှည့် 
စောင့်နေပုံရတယ်။
Post a Comment