၂၀၁၀ ခင်ဗျာ
“လူကြီးမင်း၏ ကြိုတင်မဲပြားသည်
မင်္ဂလာဈေး မီးဘေးတွင် ပါသွားပါသောကြောင့် …”
လျူရှောင်ဘိုတစ်ယောက် အိမ်ပြန်ရောက်မလာပါ
ထက်ထက်မိုးဦးနှင့် အေးသူစံတို့ အင်တာဗျူးကြပါတယ်
ပန်းဖြူတော့ တရားရုံးဆီ သွားခဲ့ပါတယ်
ကိုအေးလွင်လည်း ရဲစခန်းမှာ တိုင်ကြားထားပါတယ်
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့
လက်ထပ်ပါတော့မည်
ခင်းထားတဲ့ လမ်းတစ်ခြမ်းမှာ
ဦးအောင်သိန်းလင်း ရပ်နေပါတယ် …..
“လူကြီးမင်း၏ ကြိုတင်မဲပြားသည်
မင်္ဂလာဈေး မီးဘေးတွင် ပါသွားပါသောကြောင့် …”
လျူရှောင်ဘိုတစ်ယောက် အိမ်ပြန်ရောက်မလာပါ
ထက်ထက်မိုးဦးနှင့် အေးသူစံတို့ အင်တာဗျူးကြပါတယ်
ပန်းဖြူတော့ တရားရုံးဆီ သွားခဲ့ပါတယ်
ကိုအေးလွင်လည်း ရဲစခန်းမှာ တိုင်ကြားထားပါတယ်
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့
လက်ထပ်ပါတော့မည်
ခင်းထားတဲ့ လမ်းတစ်ခြမ်းမှာ
ဦးအောင်သိန်းလင်း ရပ်နေပါတယ် …..
၂၀၁၀ ခင်ဗျာ
အဘ သခင်အုန်းမြင့်
ငြိမ်းချမ်းစွာ ထွက်ခွာသွားပါပြီ
ချီလီက သတ္ထုတွင်းအလုပ်သမားတွေ
လွတ်လာပါပြီ
တက္ကသိုလ်ရိပ်သာလမ်း ဖွင့်လှစ်လိုက်ပါပြီ
ဗျာ …. ဗျာ …. ဗျာ
ဟုတ်ကဲ့ …. ဟုတ်ကဲ့
ရေဘ၀ဲလေး ပေါလ်ရေ
ဒါရိုက်တာ တင်သန်းဦးကို
မောင်းထုတ်လိုက်ပါကွာ
ပဲခူးမြို့က လူငယ်နှစ်ဦးကို ပြောလိုက်ပါအုံးနော်
သင်္ကြန်မှာ ကန်တော်ကြီးစောင်းဖက်
သွားမလည်နဲ့လို့ …..
၂၀၁၀ ခင်ဗျာ
ဂျူလီယန်အက်ဆန်တော့
အာမခံရသွားပြီဟေ့
ဗိုလ်ချုပ်ခင်ညွန့်မြေးလေးတွေတော့
ကျောင်းသွားခွင့် မရကြသေးဘူး
အိုင်စီအာစီ(I.C.R.C) လား???
လမ်းစရိတ် မတွက်တတ်သေးဘူး
ပါကစ္စတန်မှာ ရေမကျသေးဘူး
ဂီရိမုန်တိုင်း နောက်မဆုတ်သေးဘူး
မြန်မာဘောလုံး အသင်း…. အသင်း … အသင်း
ဗိုလ်ချုပ်မှူးကြီးရဲ့ ကျန်းမာရေး…. ရေး …ရေး … ရေး
ဟဲလို …. ဟဲလို …. ကြားလား … ကြားလား
“အင်တာနက်ဆိုင်တွင် မီးပျက်သွားပါသဖြင့် … ”
မြန်မာ့အရေး
ဘန်ကီမွန်း'စားပွဲခုံပေါ်က စာရွက်ပုံထဲ
အပေါ်ဆုံးမှာ ပျောက်ဆုံးနေသေးကြောင်း
မပြောလိုက်ရပါလား ၂၀၁၀ …။ ။
-စစ်ငြိမ်းဒီရေ
အဘ သခင်အုန်းမြင့်
ငြိမ်းချမ်းစွာ ထွက်ခွာသွားပါပြီ
ချီလီက သတ္ထုတွင်းအလုပ်သမားတွေ
လွတ်လာပါပြီ
တက္ကသိုလ်ရိပ်သာလမ်း ဖွင့်လှစ်လိုက်ပါပြီ
ဗျာ …. ဗျာ …. ဗျာ
ဟုတ်ကဲ့ …. ဟုတ်ကဲ့
ရေဘ၀ဲလေး ပေါလ်ရေ
ဒါရိုက်တာ တင်သန်းဦးကို
မောင်းထုတ်လိုက်ပါကွာ
ပဲခူးမြို့က လူငယ်နှစ်ဦးကို ပြောလိုက်ပါအုံးနော်
သင်္ကြန်မှာ ကန်တော်ကြီးစောင်းဖက်
သွားမလည်နဲ့လို့ …..
၂၀၁၀ ခင်ဗျာ
ဂျူလီယန်အက်ဆန်တော့
အာမခံရသွားပြီဟေ့
ဗိုလ်ချုပ်ခင်ညွန့်မြေးလေးတွေတော့
ကျောင်းသွားခွင့် မရကြသေးဘူး
အိုင်စီအာစီ(I.C.R.C) လား???
လမ်းစရိတ် မတွက်တတ်သေးဘူး
ပါကစ္စတန်မှာ ရေမကျသေးဘူး
ဂီရိမုန်တိုင်း နောက်မဆုတ်သေးဘူး
မြန်မာဘောလုံး အသင်း…. အသင်း … အသင်း
ဗိုလ်ချုပ်မှူးကြီးရဲ့ ကျန်းမာရေး…. ရေး …ရေး … ရေး
ဟဲလို …. ဟဲလို …. ကြားလား … ကြားလား
“အင်တာနက်ဆိုင်တွင် မီးပျက်သွားပါသဖြင့် … ”
မြန်မာ့အရေး
ဘန်ကီမွန်း'စားပွဲခုံပေါ်က စာရွက်ပုံထဲ
အပေါ်ဆုံးမှာ ပျောက်ဆုံးနေသေးကြောင်း
မပြောလိုက်ရပါလား ၂၀၁၀ …။ ။
-စစ်ငြိမ်းဒီရေ