Saturday, 6 November 2010

ပုံရိပ်ဟောင်းများ (Tag စာ)

၁၉၉၅ မှာ ရန်ကုန်တက္ကသိုလ်က စိန်ရတုဆိုတော့ ၂၀၂၀
ခုနှစ်ဆိုရင် နှစ် ၁၀၀ ပြည့်။ သိပ်မဝေးတော့ဘူး နောက်ထပ်
၁၀ နှစ်။ အဲဒီအချိန်ဆိုရင် ကျနော့်အသက်လည်း ၄၅ ကျော်
လို့ ၅၀ ကပ်သွားပြီ။ တွံတေးသိန်းတန် သီချင်းထဲကလို
လေးဆယ်ကျော် ငါးနှစ်အတွင်းတောင် မကတော့လို့ ၄၀
ကျော် ၅၀ မတိုင်ခင်ပေါ့ … အင်း … အင်း …
ဘ၀ဆိုတာ မိုးပျံပူဖောင်းတွေ မီးပုံးပျံတွေ စွန်တွေလို မျောနေ
လိုက်တာ တခါတလေတော့လည်း ကြိုးတန်းလန်း တခါတလေ
တော့လည်း ကြိုးမဲ့မဲ့ ….



သချာင်္မေဂျာမှာ တက်တုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ ဇော်လင်းဒွေး
အခု Facebook ပေါ်မှာ၊ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ
လှိုင်နယ်မြေ R.C 2 က ထွက်သမျှ ခရီးစဉ်လိုလို သူနဲ့ ကျနော်က
အမြဲ ဆုံနေကြ ဗရုတ်သုတ်ခ လုပ်နေကြ။ အခုတော့ သူက
NGO၊ ကျနော်က ဘလော့ဂါ ….



ကျနော်တို့ သချာင်္မေဂျာက အသက်မွေးဝမ်းကြောင်း ဘာသာရပ်
လည်း မဟုတ်ဘူး၊ အထူးပြု ဘာသာရပ်လည်း မဟုတ်။ ဒါပေမဲ့
သချာင်္မှာ ကျောင်းတက်ခဲ့တဲ့ ကျောင်းပြီးလာတဲ့ တွေ့ဖူးသမျှ သချာင်္
သမားတွေဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့တော့ ဟုတ်နေကြတာပဲ
(ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကြည့်တာ … :P )။ ပြောလို့ ပြောတာ
မဟုတ်ဘူး ကျနော်တို့ သချာင်္မေဂျာလောက် ခရီးထွက်တာ
ရှိမယ်လို့တောင် မထင်ဘူး။ ၁၉၉၄- ၉၅ ပညာသင်နှစ်တွေ
ကဆို ကျောင်းတက်ရတာက နှစ်ပြည့်မဟုတ်ဘူး၊ လေး ..ငါး
လ။ အဲဒီအချိန်တိုလေးအတွင်းမှာ သချာင်္မိသားစု ခေါင်းစဉ်နဲ့
အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်။ ကျိုက်ထီးရိုး ဘုရားဖူးနဲ့ ပုဂံ
ဘုရားဖူးလား … ဘာပြောကောင်းမလဲ နှစ်တိုင်း နီးပါးပါ။
ဒဏ္ဍာရီ ရုပ်ရှင်ကားထဲက ပန်းချစ်သူတွေတော့ ဖြစ်မလာဘူး၊
အုပ်စုလိုက် အော်လိုက်ဟစ်လိုက် ခေါ်သံတွေတော့ ဗူးဘုရား
နံဘေး ဧရာဝတီမြစ်ကမ်းနံဘေးက သောင်ပြင်ပေါ်မှာ ကျန်ရစ်ခဲ့တယ်။



အသျှင် ကျွန်ုပ်သည် Google Maps ပေါ်မှနေ၍ မွေးရပ်မြေနှင့်
ကျောင်းတော်ကြီးကို လည်ပတ်နေရသော ၀ဋ်ဆင်းရဲမှ ကင်းလွှတ်
ရပါလို၏ ….

ရုရှားစာရေးဆရာ အာရင်ဘာ့ခ် ပြောသလို လူဟာ သူ့အရေပြားကို
နေ့စဉ်ဝတ်တဲ့ အ၀တ်လို လဲလို့ ရကောင်းရနိုင်သည်တိုင် သူ့နှလုံး
သားကိုတော့ လဲလို့ မရဘူးတဲ့။ အထက်တန်းကျောင်းသား ဘဝ
အင်းစိန်ထောင်ထဲမှာ အိမ်သာခွက် သွန်ပေးကြေး ကျားထိုးခဲ့ကြတဲ့
စပ်စိန်မင်း (ကိုမိုးသီးဇွန်’တူ)၊ မောင်ထော်လေးလမ်း GOSDAမှာ ငြင်းခုံ
ခဲ့ကြတဲ့ ငယ်ဘ၀ အ.က.သ လှုပ်ရှားမှုက သူငယ်ချင်းတွေ။ ကံကြမ္မာ
ဟာ လူသားတွေကို စစ်တုရင်ခုံပေါ်က အရုပ်တွေအဖြစ် ဆော့ကစားနေ
သလား၊ အတိတ်ဆိုတာ ကြေကွဲစရာတွေကို ထုတ်လုပ်ပေးတဲ့
စက်ရုံတစ်ခုလား၊ တစ်နေ့ကြရင် ဒို့ပြန်ဆုံမယ်လို့ ပြောရင်း ပြောရင်း
နားထောင်ရင်း နားထောင်ရင်းနဲ့ အခုတော့ ကျနော့်နဖူးတွေ ပြောင်
သထက် ပြောင်လာနေပြီ။

အတိတ်က ပုံရိပ်ဟောင်းတွေဆီ သတိရရင်းနဲ့ ကြုံတုန်း ထူးထူးဆန်းဆန်း
အကြောင်းတွေ ကြော်ငြာဝင်လိုက်အုံးမယ် … :P ။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာ
လ ထဲမှာ ကျိုက်ထီးရိုးဘုရားမှာ ထူးထူးဆန်းဆန်း ပြဿနာ တစ်ခုဖြစ်
ပွားခဲ့တယ်။ ရွှေသွားချလိုက်တဲ့ ပြဿနာပါ။ ကျိုက်ထီးရိုးဘုရားမှာ ရွှေချ
ချင်ရင် ဘုရားရှိတဲ့ဖက်ကို အမျိုးသမီးတွေ ကူးသွားခွင့် မရှိဘူး။ အဲဒီတံတား
ထိပ်မှာ အစောင့်တွေက စစ်ဆေးတယ်။ အဲဒီမှာ ယောက်ျားလေးပုံစံ ၀တ်
ထားတဲ့ ရန်ကုန် ကျောက်မြောင်းဖက်က ယောင်္ကျားစိတ်ပေါက်နေတဲ့
မိန်းကလေး တစ်ဦး ရွှေသွားချလိုက်မိလို့တဲ့။ ပြဿနာ စဖြစ်တဲ့ နေ့က
ကျနော်တို့ရောက်ပြီး နောက်တစ်နေ့၊ မနက်မိုးလင်းတော့ ဘုရားရင်ပြင်
ပေါ် သွားလို့ မရတော့ဘူး၊ ရင်ပြင်ပေါ်မှာ ပွဲတွေ အပြည့်ပေးပြီး တောင်
စောင့်နတ်ကို တောင်းပန်ထားတယ်။ ထမင်းဆိုင်တန်းတွေမှာ တစ်ဆိုင်ပြီး
တစ်ဆိုင် ၀င်ဝင်ပြီး ပူးကပ်တော့ မိန်းကလေးတွေဆို ကြောက်လို့ ငိုကြ
တယ်။ အထူးဆန်းဆုံးက မိုးတိမ်အမဲတွေ တောင်ထိပ်ပေါ် လာစုပြီး
မိုးရွာမလိုလို အုပ်မှိုင်းနေတာ၊ တကယ့်ကို ကြောက်စရာကြီး။ အစောင့်
အရှောက်တွေက ထမင်းဆိုင်တန်းမှာ တစ်ဆိုင်ပြီး တစ်ဆိုင် ပူးကပ်ပြီး
အမှားအယွင်း လုပ်မိတဲ့သူကို လိုက်ရှာတော့ ကျနော်လည်း လန့်နေ
မိတယ်။ အဘယ်ကြောင့်ဆိုသော် အဲဒီအချိန်က အချမ်းပြေ ဆေးဖြစ်
ဝါးဖြစ်လေး မှီဝဲဖို့ “ဂျင်” အရက်တစ်လုံးကို ကျနော် သယ်ဆောင်
လာမိသောကြောင့်ပါ … :P ။ အမှားအယွင်း လုပ်မိတဲ့ ကောင်မလေး
ကို အားလုံးသိသွားတဲ့အထိ ကျနော့်ဆီမှာ ပါလာတဲ့ “ဂျင်”အရက်
ပုလင်းကို ဘယ်သူမှ မသောက်ရဲကြဘူး။ အစောင့်အရှောက်က ကျနော်
တို့ တည်းနေတဲ့ ထမင်းဆိုင်အလှည့် ၀င်ပူးလာတော့ ကျနော်လည်း
မျက်နှာငယ်လေးနဲ့ ရူးချင်ယောင် ဆောင်နေရတယ်။ သူတို့လိုက်ရှာ
နေတာက တံတားကျော်ပြီး ရွှေချခဲ့တဲ့ မိန်းကလေး၊ တော်ကြာ နတ်ကြီး
တဲ့ နေရာကို အရက်ပုလင်း လူမသိ သူမသိအောင် တိတ်တိတ်လေး
သယ်လာတဲ့ ကျနော်ပါ အဆစ်ပါမသွားအောင် ကျနော့်ခမြာ ဇောချွေး
တွေ အရွှဲသား မျက်လုံးလေး ပေကလပ် ပေကလပ် … :P

ဘာရယ်မဟုတ်ပါဘူး၊ အတိတ်ပုံရိပ်ဟောင်းတွေထဲက သူငယ်ချင်း
တွေနဲ့အတူ ခရီးသွားရင်း ကျနော် ရင်အခုန်ရဆုံး အဖြစ်အပျက်
တစ်ခုကို ပြန်ပြီး သတိရမိတာပါ။ မြန်မာပြည် ဒီမိုကရေစီရလို့ မြန်မာ
ဘလော့ဂါတွေ စုပြီး ခရီးထွက်ဖို့ အစီအစဉ်များရှိရင် ကျနော့်ကို
မထားရစ်ခဲ့ပါနဲ့နော်၊ ကျနော် ငယ်ငယ်ကလို မဟုတ်တာ ဟုတ်တာတွေ
လုပ်တော့ပါဘူးဂျာ … :P

အတိတ်ပုံရိပ်ဟောင်းတဂ်ကို တဂ်တဲ့ မကေ ကို ကျေးဇူးတင်ပါတယ်။
ဒီလောက်ဆို ကျေနပ်ပေးကြပါ ဘလော့ဂါ ညီအကို မောင်နှမများ ....

-စစ်ငြိမ်းဒီရေ

16 comments:

Unknown said...

အရက်ပုလင်းသာ အပါသယ်နိုင်ရင်တော့ ဘူတားတား
ကိုယ်ကတော့ အပါခေါ်မှာပဲ ၊ ကိုယ်ကကားမောင်း တက်တယ်ဆိုတော့ မောင်ရင့်ကို ကားခေါင်းခန်းကနေ
ခေါ်တင်သွားမယ် စိတ်ချမပူနဲ့

အင်္ဂါဟူး said...

ဟယ်... ဘကြီးအောင်က အကိတ်ကြီးပဲနော်... ခစ်ခစ် ။



ကိုအောင်ရေ မိန်းကလေးက ဘုရားကိုရွှေချတာ ဘာဖြစ်တာတုန်းဗျ။ ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေလဲ တစ်မျိုးပဲနော်။ ဒုတ်ခပါပဲ အဲဒီ နတ်တွေကြောင့်လဲ ခက်ပါတယ်။

...အလင်းစက်များ said...

အိန်း................. အမှန်တိုင်းပြောရမယ်ဆိုရင်တော့..

မနာလိုဖြစ်မိတာ ဧကန်..........

တက္ကသိုလ်ဆိုတာ ဘာမှန်းမသိလိုက်...... တက္ကသိုလ် ဆိုတာ ပိတ်လိုက်ဖွင့်လိုက်.... ကားတော်တော် ဝေးဝေး စီးမှ ရောက်တတ်သော့ ဗွက်တောထဲက အဆောက်အအုံများ လို့  ပဲသိထားခဲ့တော့...... အင်းးးးးး

ဘာပဲဖြစ်ဖြစ် ခံစားရတာတော့ အမှန်ပါပဲလေ.......

ကိုချစ်ဖေ said...

သောက်ကြတာတော့ ပြောကုန်မယ်မဟုတ်ဘူး ကိုအောင်ရေ ကိုယ့်ဖက်ကလူတွေရော သူတို့ ဖက်ကလူတွေရော သောက်ကြသဗျာ တခါတခါတွေးမိတယ် သေနတ်မပါကြေး တနေရာမှာ စုသောက်ကြပြီး ဘာအရေး ညာအရေး တိုင်းရေးပြည်ရေးမပါကြေး သောက်ကြရင် ကြာရင် ခင်မင်ကုန်ကြမလားမသိဘူးဗျ...ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးက တော့ သဘောတူမယ်ထင်တယ် ကျန်တဲ့ သူတွေလဲ သောက်မဲ့သူက များမယ်ဗျ ကျနော်တို့ဖက်ကကော.ခေမယ်မထင်ဘူးဗျ..ဟဲ.

ကိုဇော် said...

ဟားဟားဟား....
အထာကို သိလိုက်ပြီ။ နောက်ဆို ကိုအောင့်ကို မိုးသားတွေ မည်းလာပြီ မိုးကြိုးတော့ ပစ်တော့မယ် လို့ ခြောက်လို့ ရပြီပေါ့။

Anonymous said...

၂၀၂၀ နှစ် ၁၀၀ ပြည့်ကျရင် ရန်ကုန်မှာ ဆုံကြတာပေါ့ ...

mie nge

ရွှေရတုမှတ်တမ်း said...

ပူးတဲ့နတ်က ဘယ်သူတဲ့လဲ ..ရှာဖွေရေးနတ်က ဦးမင်းကျော်နဲ့ အမျိုးတော်ရင်..ညီဘွား ကိုအောင် လေးကို ခွင့်လွှတ်မှာပါ

မယ့်ကိုး said...

အစ်ကိုအောင်စာဖတ်ပြီး တစ်ခု စဉ်းစားမိပါတယ်။ နတ်တွေက လူမှုဝန်ထမ်းစိတ်နည်းပေမယ့် ယောက်ျားမိန်းမ လိင်ခွဲခြားနှိမ့်ချစိတ် တော်တော်ပြင်းထန်တာပဲလို့။
မိန်းကလေးတစ်ယောက် ရွှေချမိတာနဲ့ မိုးကြိုးပစ်ချမယ်လုပ်ပေမယ့် မြန်မာပြည်မှာ မိုးအကြီးအကျယ်ခေါင်တုန်းက ရေလေးတစ်ပေါက်တောင် ချမပေးဘူးနော်။

မြစ်ကျိုးအင်း said...

ကျောင်းအနေနဲ့ မဟုတ်ဘဲ သူငယ်ချင်းတွေ ကျိုက်ထီးရိုးဘုရားကို နှစ်စဉ်သွားဖူးခဲ့ကြတာ တွေကတော့ မမေ့နိင်သေးတဲ့ ပုံရိပ်တွေပါပဲ။
ဝင်ပူးတဲ့ကိစ္စကရော နောက် ဘယ်လို ဆက်ဖြစ် သွားသေးလဲ

PhotoVigor said...

I can't believe how fast time goes.
Cheers..

SHWE ZIN U said...

အမှတ်တရလေး ဖတ်သွားတယ် ကိုအောင် ရေ ဒါနဲ့ အဲဒီကောင်မလေး ဘာဖြစ်သွားလည်းဗျ

နတ်ကလည်း လူအခြင်းခြင်း ခွဲခြားလိုက်တာ

ခင်မင်စွာဖြင့်
ရွှေစင်ဥိး

kay said...

ကိုအောင်ရေ.. ကျေးဇူးပဲ.. ဖတ်လို့ ကောင်း..ပျော်ဖို့ကောင်း..လွမ်းဖို့ ကောင်း။
နတ်စိတ်မဆိုးအောင် အရက်သောက်နည်း ပေါက်ကရ လုပ်နည်း..ကိုကြီးကျောက် ဆီက.. သင်ခဲ့ ရရင်.. အဲဒီလို ဘယ်ဖြစ်မလဲ နော်..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအောင်ရေ
ဒီတစ်ခေါက် ဘလော်ဂါတွေနဲ့ သွားရင် အချိုရည်ဗူးထဲ ထည့်သွားပေါ့နော်။
ကိုအောင်တို့များ ကျောင်းကတည်းက ဇ ကလေးနဲ့နော်။
တော်တော်ကြိုက်တတ်ပုံရတယ်..
ကိုအောင်ပုံရိပ်ဟောင်းတွေက ဖတ်ရတာပျော်စရာကြီး
ကျွန်မတို့ကျောင်းတက်တော့ ကျိုက်ထီးရိုးသွားခဲ့တာကို ပြန်သတိရသွားစေခဲ့တယ်..
ဖတ်ပြီး ပျော်သွားရတယ်
ကျေးဇူး..

Anonymous said...

ကိုအောင်နဲ့ကျွန်တော်နဲ့ အာစီတူးမှာအတူတူ
တက်ခဲ့ကြတာပဲ၊ ကျွန်တော်တို့ဘော်တနီကတော့ ပဲခူးဘုရားဖူး
လောက်ပဲထွက်ဖြစ်ကြတယ်၊ လေး၊ငါးလနဲ့တတန်းအောင်ခဲ့ကြတာပေါ့။
ဘယ်လိုအောင်ကြတာတော့ အချင်းချင်းတွေ
မကြွားတော့ပါဘူး၊ ခိုင်သင်းကြည်၊ နန္ဒာလှိုင်
တို့တွေနဲ့လဲအတူတူပေါ့၊ သင်္ချာံကစည်သူလွင်
ကတော့ တတန်းကြီးတယ်၊ ရတဲ့ဘွဲနဲ့ဘာမှ လုပ်လို့မရပေမယ့် သမိုင်းဝင်တက္ကသိုလ်ကြီးမှာ တက်ခဲ့ရတာဂုဏ်ယူစရာပါပဲ။

အောင်အောင် said...

ပဲခူးသွားတော့ပါလား ...
ပထမနှစ်တုန်းက .....
တို့  သချာင်္က ကျောင်းမှာ ဆူညံသွားအောင်လုပ်ထားတာ

ဆောင်း said...

အဖေအမေ လက်ထက်က ကျိုက်ထီးရိုးက ကြက်မ တ၀ပ်စာ လွတ်တယ်။

အမအကိုတွေ လက်ထက်က ၀ါးရင်းတုတ်တတုတ် စာ လွတ်တယ်

ဒို့ လက်ထက်မှာ နှီးဖျား၁ဖျားစာ လွတ်တယ်။
အခုများတော့ ကျောက်တုံးက လုံးဝထိလို့ 

ရောက်ခဲ့ ဖူးတုန်းက ဆိုရင် နှီးအရှည်ကြီး ကြိုးလို ဆက်ပြီး ကျောက်တုံး တဖက်က နေ တဖက်ကို ဖြတ်ကြည့်ကြတာ။

မိန်းမ ယောက်ျား ခွဲခြားတာ ဆိုပေမဲ့ တားမြစ်ထား တဲ့ နေရာ တက်တော့ တန်ခိုးတွေ ဘယ်ပြတော့ မလဲနော်။ အရင်က ဆီထွက် ကျောက်တုံးမှာ ဆီတန်းလေး စွတ်စွတ် စိုလို့  ဆန်ထွက် ကျောက်တုံး ကတော့ အပေါက်လောက်ဘဲ မြင်တယ် ဆန်စေ့တော့ မမြင်ခဲ့ဘူး။