Sunday, 7 November 2010

စာဖတ်သူ အသံ

ပျူနိုင်ငံရေ….

မဲလာပေးတဲ့ သူတွေ နည်းနေတယ်လို့ ခင်ဗျားတို့ပြည်ပ
မီဒီယာသတင်းတွေမှာ ဖတ်ရတယ်။ မဲလာပေးတဲ့ လူအရေ
အတွက်နဲ့ မဲရုံအနေအထားတွေတော့ ခင်ဗျားတို့ မသိကြ
ဘူး။ ၉၀ တုန်းကလို အနေအထား မဟုတ်ဘူး။ မဲရုံတွေက
အများကြီး။ တစ်လမ်းမှာ တစ်ရုံရှိတယ်။ လမ်းကြိုးလမ်းကြား
ခပ်တိုတို လမ်းတွေက အစ မဲရုံတွေရှိတယ်။ ရပ်ကွက်တစ်ခု
မှာဆိုရင် ဥပမာ ဗဟန်းမြို့နယ် ကျိုက္ကဆံလို ရပ်ကွက်တစ်ခု
မှာတောင် မဲရုံပေါင်း (၁၀)ရုံ ကျော်တယ်။ မဲလာပေးတဲ့ နေရာ
မှာ လူအုပ်စုလိုက် စုရုံမှာကို စစ်အစိုးရ ကြောက်လို့ အခုလို
ခွဲထားပုံရတယ်။ မဲမပေးရတဲ့ သူတွေလည်း မနည်းဘူးဗျ။

ဥပမာ … သန်ကောင်စာရင်း ပြဿနာတွေပေါ့၊ အရင်နေခဲ့တဲ့
ရပ်ကွက်ဖက်မှာလည်း စာရင်းတော့ ပေါက်နေသေးတယ်
မဲပေးခွင့်ရတဲ့ စာရင်းထဲမှာလည်း မပါဘူး။ အခုပြောင်းလာတဲ့
ရပ်ကွက်မှာလည်း သန်ကောင်စာရင်း အမည်မပေါက်သေးလို့
မဲ မပေးရဘူး။ အဲလို ပုံစံမျိုးနဲ့ မဲပေးခွင့် မရတဲ့သူတွေ အများ
ကြီးရှိတယ်။ ၁၉၈၈ အရှိန်ကြောင့် ၉၀ မှာ လူထု အောင်ပွဲခံခဲ့
တဲ့ ရွေးကောက်ပွဲလို့တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲက ဖြစ်လာ
မှာတော့ မဟုတ်ဘူး။ ဟိုတုန်းက ၈၈ လူထုအုံကြွမှု အရှိန်တွေ
လူထု တက်ကြွမှု အများကြီးရှိတယ်။ အခု ဖြစ်နေတာက နေ့စဉ်
ထမင်းစားဖို့ စားစရာ မရှိတဲ့ လူတွေနဲ့ ခိုးကြ၀ှက်ကြလို့ ထားစရာ
မရှိအောင် ချမ်းသာနေတဲ့ လူတွေဆိုပြီး နှစ်မျိုးပဲ ရှိတယ်ဗျို့။

တိုင်းပြည်က ပျက်နေတာ မဟုတ်ဘူး။ တခါတလေ ငါတို့ ဘယ်
ဘ၀မှာ နေ နေရလာလို့ နဖူးပေါ်လက်တင်ပြီး စဉ်းစားဖို့တောင်
အချိန်မရတဲ့ နေ့တွေက ခပ်များများ။ တိုင်းပြည်ဆိုတာ စိတ်ကူး
ထဲမှာတောင် ရှိကို မရှိတော့ဘူး။ တိုင်းပြည် ပျက်နေတာထက် ပိုဆိုး
တယ်၊ ပျောက်ပါ ပျောက်နေတာ။ နိုင်ငံတော်အလံလည်း မသိဘူး၊
ဘာအလံ လာလာ သိလည်း မသိချင်တော့ဘူး။ ဖြစ်နိုင်ရင် ၀တ်စရာ
အ၀တ် မရှိတဲ့လူတွေအတွက် အဲဒီ တိုင်ထိပ်ပေါ်က အလံကို အ၀တ်
ချုပ်ဝတ်ဖို့ တက်ခိုးချင်စိတ်တောင် ပေါက်တယ်ဗျာ။ အားလုံးဟာ
ကိုယ့်အိမ်ထဲမှာ ကိုယ်နေပြီး ဘယ်နေ့ ဘယ်အချိန် ဘာဖြစ်ရမှန်းကို
မသိတဲ့ ဘ၀ထဲ လုံးလုံး ရောက်နေကြပြီ။ နိုင်ငံရေးလည်း မသိဘူး၊
ကိုယ့်ကိုယ်ကိုယ်လည်း မသိဘူး၊ ဘယ်သူ့ကိုမှလည်း မသိချင်
တော့ဘူးဆိုတဲ့ လူတွေ အရမ်းကို များနေပြီဗျို့ ….။

ခင်ဗျားရဲ့ အီမေးလ်လိပ်စာကို တွေ့လို့ စာရေးလိုက်တာဗျို့ …။

1 comments:

ကိုချစ်ဖေ said...

ကိုအောင် အထဲမှာ အားလုံးလိုလို အဲ့ဒီလိုခံစားနေကြတာကြာပြီဗျ ပိုပိုဆိုးလာတာမျိုးပဲ ဖြစ်လာတာ။ မတရားတယ် တရားတယ်တော့ အားလုံးသိကြပါတယ် အခြေအနေအရ ကြည့်ကျက်နေရတာရော ရှာဖွေစားသောက်နေရတာကော မခံနိုင်တဲ့တနေ့ ပြည်သူတွေ လုပ်သင့်တယ်လို့ ထင်တာ လုပ်ကြတဲ့တနေ့တော့ အားလုံးတာဝန်ကျေကြပြီးသားပါဗျာ။ အချို့သူတွေထင်သလို ကြောက်နေကြတယ်ဆိုတာ မဟုတ်ပါဘူး.