Tuesday, 30 November 2010

ပျောက်ဆုံးမသွားတဲ့ ကျောက်တိုင်



ဦးအရိယကျောင်းတိုက်မှ လက်ခုပ်သံများ
မွန်ဂိုလွိုင်တွေမို့
ဒေါင်း’အလှ ကြိုက်ပါသလား
ကိုယ်တော်မှိုင်းရယ်မို့
ဒို့ဆရာအား
တော်လှန်သမိုင်းတွေရဲ့
သစ္စာတရား
ကျွန်မခံမျိုးနွယ်၏
မှတ်တိုင်များ
ကိုဘရှင်တို့ ရပ်တည်သွား
အစဉ်အလာကြီးစွာသော
မြန်ပြည်ကျောင်းတော်သား
ရွှေတိဂုံရောက်လေတိုင်း
ကြည်လင်အေးစေတအား ….။ ။


-စစ်ငြိမ်းဒီရေ

3 comments:

ahphyulay said...

အင်း ..
ဦးဆုံးထင်တာပဲ..။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့  နောင်တော့် နောင်တော်
ကျောင်းသားကြီးတွေကိုမမှီလိုက်ပေမဲ့  သူတို့ ရဲ့ 
မတရားမှု မှန်သမျှ၊ ကျွန်မခံ လို တဲ့ စိတ်ဓါတ်တွေနဲ့ 
အလံမလှဲစတန်း တွန်းလှန်ဖြိုဖျက်ခဲ့ တဲ့  စိတ်ဓါတ်တွေ
က ယနေ့ အထိ မြစ်ကြီးတစ်စင်းလို စီးစင်းနေဆဲပါလို့ ...။
( ငါ့  ကျွန်တော့  ခံနေရတုံးလေ..)

စော(အဝါရောင်မြေ) said...

သူများလက်အောက်ခံနေရမှ ကျွန်ဖြစ်တာမဟုပ်ပါဘူး ။
စာရိတ မထိန်းတာ၊ အမျိုးမစောင့်ရှောက်တာကလဲ
တဏှာကျွန်ဖြစ်နေတာပါပဲ ။
တရားပြသူတွေ တရားမရှာတာလဲ ...
ဘာသာ၊ သာသနာ၊ အမျိုးကို စောင့်ရှောက်ရမှာလို့  လူတိုင်း စိတ်မှာရှိရင်
အတိုင်းထက် အလွန်ပေါ့။
ကိုအောင်လဲ တရဲကြောင်းလေးတွေရေးတော့ဝူးလား

Anonymous said...

ငါ့ကျွန် လည်း ခံချင်ဘူး
သူ့ကျွန်လည်း မခံဘူး

ခင်တဲ့
ရွှေစင်ဦး