၂၃.၁၁. ၂၀၁၀ နေ့ BBC မြန်မာဌာန ညပိုင်း သတင်းအရ
NLD လူငယ်များ မင်္ဂလာဒုံ အမှတ် (၂) စစ်ဆေးရုံတွင် သွားရောက်
သွေးလှူဒါန်းတယ်လို့ သိရတယ်။
(ကောင်းတယ် အားပေးပါတယ် လေးစားပါတယ်၊ စေတနာနဲ့
ခန္ဓာကိုယ်ထဲက သွေးကို လှူဒါန်းကြတာပါ၊ ဒီသတင်းကို တခြား
မီဒီယာတွေမှာ သိပ် မဖော်ပြကြဘူး၊ ဒါဟာ ဟန်ဆောင်နေတာ
မဟုတ်ဘူး၊ နည်းဗျူဟာတွေ ပရိယာယ်တွေ မဟုတ်ဘူး တကယ့်ကို
မွန်မြတ်သန့်စင်မှုပါ။)

(၂)
ဒဂုံမြို့သစ် (တောင်ပိုင်း)က HIV/AIDS ဝေဒနာသည်တွေကို
(၂၅.၁၁.၂၀၁၀)နေ့ နောက်ဆုံးထားပြီး ပြောင်းရွေ့ပြစ်မယ်လို့
မြို့နယ်နဲ့ ရပ်ကွက်အဆင့် အာဏာပိုင်တွေက ခြိမ်းခြောက် အကြပ်ကိုင်
နေကြပြီ။
(၃)
၂၀၁၀ ခုနှစ် စစ်အစိုးရ ရွေးကောက်ပွဲမှာ တတိယမြောက်
ကိုယ်စားလှယ် အများစု အရွေးခံရတဲ့ သျှမ်း တိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)က NLD ရဲ့ ၂၁ ရာစု ပင်လုံညီလာခံ
ခေါ်ယူရေး အစီအစဉ်ကို လက်မခံကြောင်း ထုတ်ဖော်ပြောဆို။
(မဇ္ဈိမ သတင်း)
(နေရာရတော့ အသံတွေ ပြောင်းသွားပြီလေ၊ ကျား … ကျား … ကျား …)
(၄)
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်မှာ အနိုင်ရတဲ့
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ခေါင်းဆောင်တွေ
နဲ့ န.အ.ဖက ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ အလွတ်သဘော တွေ့ဆုံတယ်
လို့ သိရ။ (VOA မြန်မာဌာန သတင်း)
(ပြည်ထောင်စုအရေးထက် ကိုယ့်အရေးကို ပိုပြီး ဦးစားပေးတော့
မယ်နဲ့ တူတယ်။ “ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်” နေကြပြီ။
မြန်မာတွေကတော့ ရပ်တည်မှု တူတဲ့လူတွေတောင် ရန်ဖြစ်လို့
ကောင်းနေဆဲပါ …)
(၅)
နေ့ခင်းကြောင်တောင် သူခိုး ခိုး ခံရတဲ့ ကိုအေးလွင်ရဲ့ အသံဖိုင်
ဧရာဝတီ ဘလော့စာမျက်နှာပေါ်မှာ ရှိပါတယ်၊ နားထောင်ရတာ
ကောင်းတယ်လို့ ထင်ပါတယ်။ “ကျနော်တို့လည်း ခံခဲ့ရတယ်” တဲ့။
4 comments:
ကိုအောင်ရေ
သတင်းတွေ တောက်လျှောက်တင်ပေးနေတဲ့ စေတနာကို လေးစားတယ်
တွေ့ဆုံခန်းလေးလည်း နားထောင်လိုက်တယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အိပ်ဖောင်းတော့ စိတ်ပြောင်းတာပေါ့ ကျားတွေရဲ့ ကြပ်ပြေးမှာ ငါးနှစ်စာ တိုက်ခန်းအလကားနေရမယ်လေ ရေမီးမှန်နဲ့ စစ်မှန်တဲ့ပြည်ထောင်စုကြီးကို လက်ခံလိုက်တဲ့ စက္ကူကျားတွေ
ဆက်စပ် စဉ်းစားပြတာ ကောင်းတယ်ဗျာ။ ရုပ်လုံးတွေ ပေါ်လာတာပေါ့။ ကျေးဇူးပါပဲ အစ်ကို.
ရောက်တယ်ဗျ၊ ခုတော့ ဝင်လာရတာ ပြဿနာ မရှိတော့ဘူး။ ဒါနဲ့ ဆရာ ကျနော့်ကို “ဘန်” ထားတာတော့ မဟုတ်တန်ရာပါဘူးနော :-)
သွေးလှူတဲ့ကိစ္စက ကောင်းပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် ထုနဲ့ထည်နဲ့ ကြီးကြီးနဲ့ စိပ်စိပ် လုပ်ပေးနိုင်ရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။
ကျားဖြူတွေ ပြောတဲ့စကားကိုတော့ တွေးကြည့်မိတယ်၊ သူတို့အနေနဲ့ တကယ်ဖြစ်နိုင်တာကို တွက်ချက်ပြီးမှ အမြင်ကို ဖေါ်ထုတ်တာမျိုးများ ဖြစ်နေ မလားလို့။ ကိုယ်က အပြစ်တင်သွားစောနေရင် သွေးကွဲသလိုဖြစ်ပြီး ကိုယ့်အပြစ်ဖြစ်ဖို့ ပိုများနေမလားပဲ။
Post a Comment