အားလုံး အားလုံး
လှုပ်လှုပ်ရှားရှား ဆူဆူညံညံ
ပွက်လော ရိုက်ကုန်ကြပြီ
ရာဇ၀င်ထဲက သမိုင်းထဲက
မြေကြီးထဲက ပြာပုံထဲက
လူတစ်ယောက် နိုးထ လာသတဲ့
ဘယ်သူများလဲ ဘယ်သူလဲလို့
မေးကြမြန်းကြ ပြေးလွှားကြည့်ကြ
မျက်လုံးတွေကို ပွတ်ကြည့်ကြတယ်
အသားတွေကို ဆိတ်စွဲကြည့်တယ်
ကျိန်းသေပါပြီ ဟုတ်နေပါပြီ
မားမားမတ်မတ် ရပ်နေသူက
ဂဠုန်ဦးစော ….
လှုပ်လှုပ်ရှားရှား ဆူဆူညံညံ
ပွက်လော ရိုက်ကုန်ကြပြီ
ရာဇ၀င်ထဲက သမိုင်းထဲက
မြေကြီးထဲက ပြာပုံထဲက
လူတစ်ယောက် နိုးထ လာသတဲ့
ဘယ်သူများလဲ ဘယ်သူလဲလို့
မေးကြမြန်းကြ ပြေးလွှားကြည့်ကြ
မျက်လုံးတွေကို ပွတ်ကြည့်ကြတယ်
အသားတွေကို ဆိတ်စွဲကြည့်တယ်
ကျိန်းသေပါပြီ ဟုတ်နေပါပြီ
မားမားမတ်မတ် ရပ်နေသူက
ဂဠုန်ဦးစော ….

ဦးစောတစ်ယောက် ပြုံးပြလိုက်တော့
အားလုံးအားလုံး ခေါင်းငုံ့သွားကြ
အားလုံးအားလုံး မှင်တက်သွားကြ
“ဟေ့လူတွေ ဘာကြည့်နေတာလဲဗျ
ကျုပ်ထက် အဆပေါင်းများစွာ ယုတ်မာတဲ့သူတွေကို
ရှင်သန်ခွင့်ပေးထားတဲ့ ကမ္ဘာဆီ
ကျုပ် ပြန်လာတာ ဘာဖြစ်သလဲ ….”
ဆဲကြဆိုကြ ကျိန်းကြမောင်းကြ
အော်ကြဟစ်ကြ ပြင်ကြဆင်ကြ
ဦးစောကတော့ အပြုံးမပျက်
“သြော် ဒီလူတွေနဲ့ ခက်တော့ နေပါပြီ
ဒိုမီနီယန်အဆင့်နဲ့ တန်တယ်လို့ တွက်ခဲ့မိတာ
ငတက်ပြားကိုတောင် ဘဏ္ဍာစိုး ခန့်ကြတယ်
အလီဘာဘာနဲ့ ခိုးသားလေးဆယ်ကို
များတယ်လို့ ထင်မိတာ
အခုတော့
သန်းအဆင့်ကို ရောက်နေပါလား
လေယာဉ်ပျံစီးပြီး အောက်က ဆံတော်ရှင်ကို
လှမ်းပြီးဖူးတော့ ဆဲလိုက်ကြတာ
ငတက်ပြားတည်ခဲ့တဲ့ ဘုရားဟာ
“မရှိခဏ” တစ်ဆူတည်း မဟုတ်တော့ပါလား
ကဲ့ … ကဲ့
ဆွေမျိုးပေါက်ဖော်တို့
လမ်းသစ်လေးများ ဖောက်ဖို့ရှိရင်
ကျုပ်နာမည်လေး ပေးကြပါအုံး …. ”
……
…
နေပြည်တော်က အကြိုတော်များဖြင့်
ဦးစောတစ်ယောက်
နူတ်ဆက်ထွက်ခွာ …. ။ ။
-စစ်ငြိမ်းဒီရေ
အားလုံးအားလုံး ခေါင်းငုံ့သွားကြ
အားလုံးအားလုံး မှင်တက်သွားကြ
“ဟေ့လူတွေ ဘာကြည့်နေတာလဲဗျ
ကျုပ်ထက် အဆပေါင်းများစွာ ယုတ်မာတဲ့သူတွေကို
ရှင်သန်ခွင့်ပေးထားတဲ့ ကမ္ဘာဆီ
ကျုပ် ပြန်လာတာ ဘာဖြစ်သလဲ ….”
ဆဲကြဆိုကြ ကျိန်းကြမောင်းကြ
အော်ကြဟစ်ကြ ပြင်ကြဆင်ကြ
ဦးစောကတော့ အပြုံးမပျက်
“သြော် ဒီလူတွေနဲ့ ခက်တော့ နေပါပြီ
ဒိုမီနီယန်အဆင့်နဲ့ တန်တယ်လို့ တွက်ခဲ့မိတာ
ငတက်ပြားကိုတောင် ဘဏ္ဍာစိုး ခန့်ကြတယ်
အလီဘာဘာနဲ့ ခိုးသားလေးဆယ်ကို
များတယ်လို့ ထင်မိတာ
အခုတော့
သန်းအဆင့်ကို ရောက်နေပါလား
လေယာဉ်ပျံစီးပြီး အောက်က ဆံတော်ရှင်ကို
လှမ်းပြီးဖူးတော့ ဆဲလိုက်ကြတာ
ငတက်ပြားတည်ခဲ့တဲ့ ဘုရားဟာ
“မရှိခဏ” တစ်ဆူတည်း မဟုတ်တော့ပါလား
ကဲ့ … ကဲ့
ဆွေမျိုးပေါက်ဖော်တို့
လမ်းသစ်လေးများ ဖောက်ဖို့ရှိရင်
ကျုပ်နာမည်လေး ပေးကြပါအုံး …. ”
……
…
နေပြည်တော်က အကြိုတော်များဖြင့်
ဦးစောတစ်ယောက်
နူတ်ဆက်ထွက်ခွာ …. ။ ။
-စစ်ငြိမ်းဒီရေ
8 comments:
မိုက်တယ်ကွာ...
ခေတ်သစ် ဦးစော ဆယ်ယောက်လောက်ဆိုရင် ဒီကောင်တွေကို ဖြိုနိုင်လောက်တယ် တကယ်ဘဲ ဦးစောလို လူမျိုးတွေထပ်ပေါ်လာပြီး ပစ်သွားစေချင်တယ်
ငတက်ပြား သိက္ခာကျတယ်...ဖွီ......
ငတက်ပြားက ခိုးပြီးရင် ပြည်သူတွေကို ဝေပေးတာ...
ဒင်းက....
ငတက်ပြားနဲ့ မနှိုင်းကောင်းမနှိုင်းရာဗျာ...
ဟုတ်ပါ့ ငတက်ပြား သိက္ခကျအိ... ကိုကျောက်တောင် စိတ်ဆိုးသွားပြီ... :P
အင်း....
ကျွန်တော်လဲ ဒါပဲစိုးရိမ်နေတာ။
သူ့ အတွက် ဘာမဆိုဖြစ်လာနိုင်တယ်လေ။
ပစ်ဖို့  ကွင်းထဲမောင်းထုပ်ခံရသလို ဖြစ်နေပြီ။
ထီးထီးကြီး ...။
တလောကလုံးနဲ့  ဆန့် ကျင်ပြီးပြောခဲ့  ချင်တယ်။
အကျယ်ချုပ်ပြန်ကျရင်တောင်ခပ်ကောင်းကောင်း ..။
ခု.၂၁ ရာစုဆိုတော့ ခြင်္သေ့ကိုသန်း ဖြစ်မယ်ဗျ ဒီပဲရင်းမှာထဲက နာမည်ရပြီးပြီ အန်တီစုက ကံသီလို့ ကိုအောင်ရေ
ရေးခဲ့တဲ့ကဗျာတွေထဲမှာ ဒီကဗျာက တည်တည်ငြိမ်ငြိမ်နဲ့
အရှိုက်ထိတဲ့ ကဗျာပေပဲဗျို့.......
ဒီလို အတွေးဆန်းလေးတွေနဲ့
ကိုအောင်တို့လုပ်တတ်တယ်နော်။
အတွေးကောင်းတဲ့ ကဗျာကောင်းလေးတွေ ဆက်မျှော်နေတယ်။
မိုက်တယ်...
Post a Comment