လွှင့်ချက်အရ ရန်ကုန်မြို့တော်ခန်းမ အနောက်ဖက် City Star
ဟိုတယ် အောက်ထပ်က အင်တာနက်ဆိုင်နံဘေးမှာ မပေါက်ကွဲ
ရသေးတဲ့ ဗုံးတစ်လုံး ရှာဖွေတွေ့ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကြောင့် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခါစ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပက်သက်ပြီး စိုးရိမ်မိ
ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်
လုံခြုံရေးနဲ့ ပက်သက်ပြီး တာဝန်ယူထားတဲ့ သူတွေလည်း အတတ်
နိုင်ဆုံး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
အသက် အန္တရာယ် လုံခြုံရေးနဲ့ ပက်သက်ပြီး NLD အဖွဲ့အစည်း
တစ်ခုတည်းမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး၊ စစ်အစိုးရ အပါအ၀င်
နိုင်ငံသား လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ တာဝန်ရှိတယ်လို့ ယုံကြည်
ပါတယ်။
အကြံပြုပါရစေ ….
NLD အဖွဲ့ချုပ်ကိုရော အဖွဲ့ချုပ်နဲ့ နီးစပ်တဲ့ မိတ်ဆွေများကို အကြံ
တစ်ခုလောက် ပြုပါရစေ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့
အများပြည်သူဆီက တိုက်ရိုက် အကြံဥာဏ်ကို ရယူဖို့ တယ်လီဖုန်း
မက်ဆေ့ခ်ျ (Message) လက်ခံနိုင်တဲ့ ဖုန်းနံပါတယ်တစ်ခု၊ အီမေးလ်
တစ်ခုလောက်တော့ အမြန်ဆုံး ဖွင့်လှစ်ထားသင့်တယ်လို့ ထင်ပါ
တယ်။
တခါက …
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် ၁၉၄၇
ခုနှစ် လွတ်လပ်ရေး မရခင် ပြည်ထဲရေးဌာန တာဝန်ယူသူတွေက
ဗိုလ်ချုပ်အောင်ဆန်း လုံခြုံရေးအတွက် ရန်ကုန်မြို့ အတွင်းဝန်ရုံးထဲမှာ
ရဲဘော်အချို့ကို တာဝန်ပေးခဲ့ဖူးပါတယ်။ တနေ့မှာ အစည်းအဝေး
ခန်းမထဲက ထွက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကင်းပုန်းဝပ်ပြီး
ထွက်လာတဲ့ ရဲဘော်တစ်ဦးကို သွားတွေ့ပါတယ်။ အဲဒီ ရဲဘော်ဟာ
တော်လှန်ရေးကာလများအတွင်း စာရေးဆရာ ရန်ကုန်ဘဆွေ ဦးဆောင်
တဲ့ လျှို့ဝှက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦးပါ။ ရဲဘော်တွေအပေါ်
မှာ သံယောဇဉ်ကြီးရှာတဲ့ ဗိုလ်ချုပ်က သူ့အတွက် အပင်းပန်ခံ ကင်းစောင့်
ပေးတဲ့ ရဲဘော်တွေကို ရုတ်သိမ်းပြစ်ဖို့ ပြောခဲ့ပါတယ် … ။
-အောင်ခင်မြင့်
12 comments:
တကမ္ဘာလုံးက အဲတာပဲစိတ်ပူနေတာ ကိုအောင်ရေ့
ဖြစ်ဖူးတဲ့ ကိစ္စတွေမို့ ဖြစ်သင့်ပါတယ်။
ဒီလို လုပ်ကြအုန်းမှာ သေချာတယ်
ရွှေစင်ဦး
ကိုအောင်ပြောသလိုပဲ အတော်ကို စိုးရိမ်ပူပန်မိပါတယ်...။ ညအိပ်ယာဝင်လဲ ဒီစိတ် မနက်မိုးလင်းလို့ မျက်စေ့ နှစ်လုံးပွင့်လဲ ဒီစိတ်နဲ့ပဲ ဖြစ်နေတယ်... ပြည်သူလူထုနဲ့ တိုင်းပြည်နိုင်ငံတစ်ခုလုံးအတွက် ကိုယ်စားပြုနေတဲ့ မိခင်တစ်ယောက်ဖြစ်လို့ အမြဲဘေးအန္ထရာယ်အပေါင်းက ကင်းဝေစေကြောင်းကိုပဲ ဆုတောင်းမေတ္တာပို့ကြရမယ် ..။
ဟိုတုန်းကတော့ ဗိုလ်ချုပ် ခင်ညွန့်ကပြောဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် ခလုပ်တိုက်လို့ ခြေမလေး နည်းနည်းပွန်းသွားရင်တောင် ဒါကျနော်တို့လုပ်တာပါလို့ လူတွေက ပြောကြမယ်တဲ့။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ခလုပ်တိုတ်မှာတောင် သူစိုးရိမ်တယ်တဲ့။
ပြည်သူတွေ စစ်တပ်ကို လုံးဝ အယုံအကြည် မရှိဘူးဆိုတာ ခင်ညွန့်က ဝန်ခံသွားတာပဲ။ သူက ထောက်လှန်းရေး သူသိမှာပေါ့။
ခက်တာက သူတောင် ခုအကျယ်ချုပ်နဲ့။
မအယ်
ဒီယုန်မြင်လို့ ဒီခြုံထွင်ပြီး လွတ်လိုက်တာမျိုး ဖြစ်လာမှာ စိုးမိတယ်.
မချော
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုတကမ္ဘာလုံးက
ဝိုင်းပြီး စိုးရိမ်မကင်းဖြစ်နေကြပြီ ..... ။
စစ်အုပ်စုဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအကောက်
ကြံဘို့ အစီအစဉ်ရှိမှာသေချာတယ် လတ်တလောသူတို့
ဘက်က ရွေးကောက်ပွဲရလဒ်ကို လိုသလိုပြင်ဆင်ချိန်
ရဘို့ အခိုက်အတန့်လွတ်လပ်စွာလှုပ်ရှားခွင့်တွေပေး
ထားတာ ..... ။
ဒါကိုသတိကြီးစွာနဲ့ကိုယ့်ဘက်က အလျှင်အမြန် အိအရ
ကိုင်ကစားဘို့လိုတယ် သိပ်အချိန်မစွဲသင့်ဘူး ..... ။
လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပွဲငယ်တွေရဲ့
အစကိုကိုင်ပြီး UN လုံခြုံရေးကောင်စီကို တိုင်တည်ပြီး
မကြာခင်မှာ ပြည်တွင်းစစ်ကြီးဖြစ်လာနိုင်ဖွယ်ရှိ အပြစ်မဲ့
ပြည်သူတွေသေကြ အိုးမဲ့အိမ်မဲ့ဖြစ်ကြရတော့မဲ့အရေးက
ကင်းဝေးပပြောက်အောင် စစ်အုပ်စုနှင့် ဒေါ်အောင်ဆန်း
စုကြည်အပါအ၀င်ဒီမိုကရေစီအင်အားစုများ ၊ တိုင်းရင်း
သားအင်အားစုများ အမြန်ဆုံးတွေဆုံညှိနိုင်းအဖြေရှာနိုင်
ရေးကို UN လုံခြုံရေးကောင်စီကို ထောက်ပြတိုင်
တည်ပြီး စစ်အုပ်စုအားဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
စတင်ကမ်းလှမ်းခြင်းဖြင့် နိုင်ငံရေးလက်ဦးမှုယူရန်
အကြံပြုလိုသည် ။
အောင်မြင့်ထွန်း (စစ်အာဏာရှင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုကော်မတီ)

အဲဒါပဲ ကြောက်နေတာ ... တော်ကြာ သူလိုလို ... သူလိုလို ဖြစ်ကုန်မှ ကိုယ်ကျိုးနည်းရ ချည်သေးရဲ့
ဆရာဘဲလားလေဘာတီက ဒေါ်စုဆီ စာတစ်စောင် ပို့လိုက်ပြီလို့ သိရပါတယ်.. ဘာအကြောင်းတွေလဲ ဘာတွေ အကြံပြုထားသလဲ ဆိုတာကတော့..
စိုးရိမ်ကြောင့်ကြမှုတွေများနေရတုန်းပါပဲ..
သုခုမနန်းတော်
အင်း....
အားလုံးနဲ့  ပြောင်းပြန် ပြောကြည့် ချင်ပါတယ်။
ခုချိန်မှာ သူ့ ကို အကျယ်ချုပ်ပြန်ထားတာကပိုပြီး
သူ့ အတွက် စိတ်ချရတော့ မယ်လို့ ။ ဒါမှ လက်သည်
ပေါ်မှာ လေ ။
( စိတ်ပူပူ စိတ်ပေါက်ပေါက်နဲ့  ပြောမိတာပါ )
Post a Comment