လုပ်နေပါတယ် ခင်ဗျာ ....
အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
၏ သမီးဖြစ်သူ
အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ပါပြီ ...
(၁၂.၁၁.၂၀၁၀ နေ့ နေ့လည်မှ ၁၃.၁၁.၂၀၁၀ နေ့ ညနေ
အထိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပက်သက်ပြီး
သိရသမျှ သတင်း အချက်အလက်များ ... )
(၄၁)
မြန်မာစံတော်ချိန် ညနေ ၆ နာရီ (၁၃.၁၁.၂၀၁၀)နေ့ ...
၅ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ကို ထွက်လာတော့
အဝေးက လှမ်းကြည့်နေတဲ့သူတွေက သိပ်မမြင်ရဘူး၊ ခြံ ပတ်ဝန်း
ကျင်မှာလည်း လျှပ်စစ်မီး ကောင်းကောင်းမွန်မွန် မရှိဘူး၊ ကားမီး
တွေ ဆလိုက်မီးတွေနဲ့ ခြံပေါက်ဝကို ၀ိုင်းထိုးပေးထားရတယ်၊
မြင်ခဲ့ရတဲ့ သူတွေ အပြောအရ ခန္ဓာကိုယ် တော်တော် ပိန် သွား
တာက လွှဲရင် အရင်လိုပါ၊ နေအိမ် အကျယ်ချုပ် ချထားခဲ့တဲ့
ခြံတစ်ခုလုံး စစ်အစိုးရက စုတ်ပြတ်သတ်နေအောင် ပြစ်ထား
ခဲ့ပုံရတယ်လို့ သွားကြည့်ခဲ့တဲ့ လူတွေက ပြောပါတယ် ...
(၄၀)
မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်မှာ ဒေါ်အောင်ဆန်း
စုကြည်က နေအိမ်ခြံဝရှေ့ရှိ ပြည်သူလူထုကြီးအား နူတ်ဆက်
နေကြောင်း သတင်း အတိအကျ ရရှိ ...
(၃၉)
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့က သံဆူးကြိုးတွေကို စစ်တပ်က
သိမ်းလိုက်ပါပြီ (ညနေ ၅ နာရီ)....
(၃၈)
ခြံရှေ့ကလူထု သံဆူးကြိုးတွေနား ကပ်လာလို့ နောက်ဆုတ်ပေးဖို့
စစ်တပ်က လော်စပီကာနဲ့ အော်နေကြောင်း၊ တက္ကသိုလ်ရိပ်သာ
လမ်းပေါ်မှာ ထောင်ပေါင်းများစွာသောလူတွေ တက္ကသိုလ်ရိပ်သာ
လမ်း မီးပွိုင့် ဗဟန်းမြို့နယ်ဖက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံ
ညာဖက် အခြမ်းမှာ ရှိတဲ့ ကမာရွတ်မြို့နယ်ဖက်အခြမ်းတွေမှာ
အပြည့်ဖြစ်နေကြောင်း (ညနေ ၄ နာရီ ၂၀ မိနစ်) ....
(၃၇)
ကုက္ကိုင်းလမ်းဆုံ- ကမ္ဘာအေးဘုရားလမ်းဘက်ခြမ်းရှိ လူအုပ်ကြီး
က “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ် ချက်ချင်း လွှတ်”
ဆိုသည့် ကြွေးကြော်သံများကို ပြောင်းလဲကြွေးကြော်လာကြောင်း၊
ရွှေဂုံတိုင်ရှိ NLD ရုံးရှေ့တွင် စောင့်ဆိုင်းနေသည့် ထောင်နှင့်
ချီသောလူများ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးသို့ ရောက်ရှိ
လာပြီး ပိုမို ကြွေးကြော်လာသည့်အတွက် NLD လူကြီးများ
လာရောက် ထိန်းသိမ်းနေရကြောင်း၊ လမ်းပေါ်တွင် လူအပြည့်
ဖြစ်လာ၍ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်စေရန် ၁၉၉၀ ခုနှစ်
NLD လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းက လာရောက်
မေတ္တာ ရပ်ခံကြောင်း သိရသည်။ (ဧရာဝတီ သတင်းဌာန)
(၃၆)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြန့်ကြာနေမှုအပေါ်
ရန်ကုန်မှာ သတင်းအမျိုးမျိုး ထွက်ပေါ်နေပါတယ်၊ အတည်ယူလို့
မရသေးတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုး
ရ ကိုယ်စားလှယ်များက ခံဝန်လက်မှတ် ရေးထိုးပေးဖို့ ပြောနေ
ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုနေကြောင်း လူတချို့
ပြောနေပါတယ်၊ NLD ရဲ့ ထုတ်ပြန်ကြေညာချက် မဟုတ်တဲ့
သတင်းများကို အတည်ယူဖို့ ခက်ပါတယ် ...
(၃၅)
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုသည့် ကြွေးကြော်သံ
များကို လူ ၃၀၀၀ ကျော်ခန့်က ယခု မြန်မာစံတော်ချိန် နေ့လည်
၂ နာရီခွဲမှာ ကြွေးကြော်နေကြောင်း အတည်ပြုသတင်းများ ကြားရ ...
(၃၄)
ဒေါ်အောင်ဆန်းစုကြည် ယနေ့ ညနေ ပိုင်းတွင် လွတ်မြောက်
နိုင်သည်ဟု ခြံအနီးတွင် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးကို
NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်တင်က လာရောက်
ပြောဆိုကြောင်း သတင်းရသည်။ ယနေ့နံနက် ၇ နာရီ ၄၅
မိနစ်ခန့်တွင် သခင်အုန်းမြင့်၏သား ဦးနီက အစားအသောက်
များကို ပုံမှန်အတိုင်း သွားရောက်ပို့ပေး ကြောင်း၊ အကယ်၍
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ပထမဆုံး
သွားရောက်တွေ့ဆုံမည့် သူများမှာ ဒေါက်တာ တင်မျိုးဝင်းနှင့်
ဦးနီတို့ ဖြစ်သည်ဟု ပြောဆိုနေကြကြောင်း သိရသည်။
(ဧရာဝတီ သတင်းဌာန)
(၃၃)
တက္ကသိုလ်ရိပ်သာလမ်း ပတ်ဝန်းကျင်မှာ ဒေါ်အောင်ဆန်း
စုကြည် လွတ်မြောက်အလာကို စောင့်ဆိုင်းနေတဲ့ လူထုဟာ
တဖြေးဖြေးချင်း များလာတဲ့အတွက် လူထု စုစည်းမှုကို
ကြောက်ရွံ့တတ်တဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်
အား လွတ်မပေးမှာကို လူ တော်တော်များများက စိုးရိမ်း
နေကြပါတယ်၊ အခု နံနက် ၁၀ နာရီမှာ ခန့်မှန်းချေ
၂၅၀၀ လောက် ဖြစ်နေပါပြီ ...
(၃၂)
မြန်မာစံတော်ချိန် မနက် ၉ နာရီခွဲအထိ မလွတ်သေး ...
(၃၁)
ဒီနေ့ (စနေနေ့) နံနက်ခင်း သို့မဟုတ် ည ၇ နာရီလောက်မှ
ဒေါ်အောင်ဆန်းစုကြည် လွတ်နိုင်ကြောင်း NLD မှ ပြောရေး
ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက Burma Today မီဒီယာသို့
ပြောကြား ...
(၃၀)
ဒီနေ့ (၁၃)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၈) နာရီအထိ
ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးပါ၊ လွတ်နေပြီ ဆိုတဲ့
သတင်းများ အတည်ယူလို့ မရသေး ...
(၂၉)
ဒေါ်စု ခြံရှေ့ရှိ သံဆူးကြိုးခွေများ ရှင်းတယ်နေလို့ သိရ၊ မိုး
မလင်းသေးတော့ လှမ်းကြည့်တဲ့သူများအတွက် သဲသဲကွဲကွဲ
မမြင်ရ၊ သတင်းထောက်တချို့ ခြံရှေ့ ရောက်နေကြောင်း
သိရ ...
၁၃.၁၁.၂၀၁၀ ...
(၂၈)
ဒေါ်အောင်ဆန်းစုကြည် နှင့် နအဖ ကိုယ်စားလှယ်အချို့
(၁၂)ရက်နေ့က ဆွေးနွေးမှုအချို့ ပြုလုပ်သည်ဟု NLD
နှင့် နီးစပ်သော သတင်းရပ်ကွက်တွေက ပြောနေကြောင်း
အတည်ပြုလို့ မရသေးတဲ့ သတင်းများက ဆို ...
(၂၇)
ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် နံနက်(၉)နာရီကျော်မှ
အိမ်ပြင်ပ ထွက်ခွက်ရမည်ဟု သတင်းတချို့က ဆို ...
(၂၆)
“သိပ်တော့ မထူးသေးဘူး။ လူကတော့ တဖြေးဖြေး နည်းနည်း
သွားတယ်။ သတင်းထောက် အနည်းအကျဉ်းလောက်ပဲ ကျန်
တော့တယ်။ ကျနော်တို့တော့ ၁၂ နာရီ ကျော်တဲ့အထိ ထိုင်
စောင့်မယ်။ ထူးတာက ဘဘဦးလွင် အမျိုးသမီး ဒေါ်တင်တင်မလေး
၉ နာရီ ခွဲလောက်က ဆုံးသွားပြီ။ ဘာရောဂါဆိုတာ မသိရသေးဘူး။
ဆုံးတယ်လို့ ဦးဟန်သာမြင့်က ဖုန်းဆက်ပြောတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးတွင် စောင့်နေဆဲ NLD လူငယ်
တဦးက ပြောသည်။ (မဇ္ဈိမ သတင်းဌာန)
(၂၅)
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိချာချီဝ က ဒေါ်အောင်ဆန်းစုကြည်
လွှတ်လာမှသာ မြန်မာနိုင်ငံအတွင်း တင်းမာမှုတွေ လျော့ကျသွား
မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တယ်လို့ ထိုင်းသတင်းအေဂျင်စီ
MCOT က ဒီနေ့ ဖော်ပြပါတယ်။ (မဇ္ဈိမ သတင်းဌာန)
(၂၄)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက “အခုအချိန်ထိ
မလွတ်သေးပါဘူး။ ကျနော်လည်း အိမ်ပြန်ရောက်လို့ ထမင်း စားနေ
တုန်းပဲ ရှိသေးတယ်။ ကလေးတွေက ဒီနေ့လွတ်မှာပဲဆိုပြီးတော့
စောင့်နေကြတယ်။ ကျနော်တုန်းကလည်း ၉ နာရီ၊ ၁ဝ နာရီမှာ
လွတ်တယ်ဆိုတော့ အဲဒီအချိန်မှာ လွတ်မလားဆိုပြီးတော့ ကလေး
တွေ စောင့်ကြတယ်လို့ ထင်ရတာပဲလေ” လို့ ပြောပါတယ်။
(မဇ္ဈိမ သတင်းဌာန)
(၂၃)
စစ်အစိုးရ၏ ည ၈ နာရီ တီဗွီသတင်း မပြီးသေး၊ ရာနှင့် ချီသော
အမတ်စာရင်းများ ရွတ်ပြနေကြောင်း၊ သတင်းကြေညာနေသူ
သည် မကြာခဏ မှားယွင်းနေသောကြောင့် “သည်းခံပါ” ဟု
မကြာခဏ တောင်းပန်နေကြောင်း၊ သတင်းအပြီးတွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာ မလား ဟူသော
ယုံကြည်သူ ပြည်သူများက စစ်အစိုးရ တီဗွီသတင်းအား
စိတ်မရှည်စွာ စောင့်ကြည့်နေကြကြောင်း သိရ ...
(၂၂)
သံရုံးကားများ၊ လွတ်လပ်သော မီဒီယာများ၊ မြ၀တီ၊ MRTV အစ
ရှိသော အစိုးရ မီဒီယာများ အဆင့်သင် ရောက်ရှိနေကြောင်း၊
စစ်ကား(၄) စီး ရှိကြောင်း၊ လုံခြုံရေး တာဝန်ယူထားသော အစိုးရ
လုံခြုံရေး ၀န်ထမ်းများက ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်
ုယုံကြည်၍ ရောက်ရှိလာသူများအား တစုံတရာ နှောက်ယှက်
သည့် ပုံစံများ မပြုလုပ်ကြောင်း သိရ ...
(၂၁)
ညနေ ၅ နာရီခွဲနဲ့ ၆ နာရီကြားမှာ တက္ကသိုလ်ရိပ်သာလမ်း ပေါ်ရှိ
ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပတ်ဝန်းကျင်သို့ NLD ခေါင်းဆောင်
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် အခြား
၃ ... ၄ ဦးတို့ Taxi အဌားယာဉ်တစ်စီးဖြင့် ရောက်ရှိလာရာ
ဒေါ်အောင်ဆန်းစုကြည်အား စောင့်မျှော်နေသော ပြည်သူလူထု
ကြီးက “ဆုတောင်း” ကြွေးကြော်သံများဖြင့် တခဲနက် အော်ဟစ်
ထောက်ခံ အားပေးခဲ့ကြောင်း သတင်း အတိအကျ ရရှိ ...
(၂၀)
စစ်အစိုးရရဲ့ ည ၈ နာရီ တီဗွီသတင်းအပြီးမှာ လွတ်မြောက်နိုင်မယ်
ဆိုတဲ့ သတင်းတချို့ ထွက်ပေါ်လာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်
နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း ပတ်ဝန်းကျင်သို့ ရန်ကုန်မြို့ခံ
ပြည်သူများ ထပ်မံ စုဝေးလာကြကြောင်း သိရ ...
(၁၉)
တက္ကသိုလ်ရိပ်သာလမ်း ပတ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်
အား စောင့်မျှော်နေကြသော ပြည်သူ့အချို့ မျက်ရည်ဝဲလျက်ရှိပြီး
ငိုသံပါသော စကားသံများဖြင့် သတင်းထောက်များအား မိမိတို့၏
ခံစားချက်များကို ပြောပြနေကြကြောင်း သိရ ...
(၁၈)
ရန်ကုန်မှာ ၁၂ ရက်နေ့ ည ၇ နာရီခွဲပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်
မလွတ်မြောက်သေး ...
(၁၇)
ပြန်လည် လွတ်မြောက်လာလိမ့်မည်ဟု သတင်းကြီးနေသော
ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ချင်နေသည့် လူထုကြီး
NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင် အုတ်လမ်းမှ တက္ကသိုလ်ရိပ်သာ
လမ်းဖက်သို့ တဖြေးဖြေး ရောက်ရှိလာနေဟု သိရ ...
(၁၆)
ဒေါ်အောင်ဆန်းစုကြည် အပေါ် မျှော်လင့် ယုံကြည်နေတဲ့
လူထုများ တက္ကသိုလ်ရိပ်သာလမ်း ပတ်ဝန်းကျင်မှာ ဆက်လက်
စောင့်စားလျက်ရှိ၊ လူစု မကွဲသေး၊ မြန်မာစံတော်ချိန် ညနေ
(၆) နာရီကျော် ...
(၁၅)
ရန်ကုန်မှာ (၁၂)ရက်နေ့ မိုးချုပ်နေပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ခြင်းသတင်း အတည်ယူလို့ မရသေး ...
(၁၄)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု ပြောဆိုမှုများ
ရှိနေသော်လည်း ယနေ့ လွတ်မြောက်ရန် မသေချာကြောင်း
NLD ဒု- ဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုသည်။ NLD ရုံးချုပ်ရှေ့
တွင် ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုနေသည့် လူအုပ်ကြီး
မှာ များပြား လာသည့်အတွက် ရုံးကိုလည်း ပိတ်ခဲ့ရကြောင်း၊
ယင်းလူအုပ်သည် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်း
စုကြည်၏ အိမ်ရှေ့သို့ သွားရောက် စောင့်မျှော်နေကြောင်း
သိရသည်။“မနက်ကျမှ လာ၊ ရုံးကိုလည်း စောစောဖွင့်မယ်
ပြောထားတယ်”ဟု ဦးတင်ဦးက ဆို သည်။
(ဧရာဝတီ သတင်းဌာန)
(၁၃)
“တကယ်လို့ လွတ်လာရင်လည်း အခုချိန်ကျမှ ရုံးကိုလာဖို့ မဖြစ်
နိုင်တော့ဘူး။ မနက်ဖြန် မနက်ကျမှပဲ ရုံးလာဖို့ စီစဉ်မှာပါ။
မနက်ဖြန်ကျမှပဲ ပြန်လာဖို့ လာတဲ့သူတွေကို ပြောလိုက်ရတယ်။
အခု အခြေအနေထိတော့ မလွတ်လာသေးဘူးလို့ ပြောလို့ရမယ်”
လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင်က
ပြောပါတယ်။ (မဇ္ဈိမ သတင်းဌာန)
(၁၂)
မြန်မာစံတော်ချိန် ညနေ ၅ နာရီ ထိုးတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်
မလွှတ်မြောက်သေးကြောင်း သိရ ...
(၁၁)
“ညနေ ၄ နာရီ မထိုးကတည်းက စောင့်နေတာ၊ မလွှတ်သေးဘူး
ဗျ၊ အားလုံးမှာ မျှော်လင့်စရာ ဆိုလို့ သူ တစ်ယောက်တည်းပဲ ရှိ
တယ်” ... ဟု ရန်ကုန်ပြည်သူတစ်ဦးက ပြောဆို ...
(၁၀)
ဒေါ်အောင်ဆန်းစုကြည်အား လွတ်မပေးရင် သတင်းစာ ရှင်းလင်းပွဲ
လုပ်မည်ဟု NLD နှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆို ...
(၉)
ရန်ကုန် NLD ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်
စောင့်ဆိုင်းနေသည့် ပရိသတ်ကြီးကို လူစုခွဲပြီး မိမိတို့ နေအိမ်များသို့
ပြန်ရန်နှင့် နောက်တနေ့မှလာရောက်ကြရန် NLD က မေတ္တရပ်ခံသည်ဟု
သတင်းရသည်။ ရုံးရှေ့တွင် လူအုပ်ကြီးမှာ များပြားပြီး ကားများ သွားလာ
ရန်ပင် ခက်ခဲသည့်အတွက် လမ်းရှင်းပေးနေရကြောင်း သိရ ...
(ဧရာဝတီ မီဒီယာ သတင်း ...)
(၈)
တက္ကသိုလ်ရိပ်သာလမ်းနှင့် ဆရာစံလမ်းသွယ် ထိစပ်ရာ
မီးပွိုင့်အနီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ထောင်နဲ့
ချီသော လူထုများ စောင့်ဆိုင်းလျက်ရှိကြောင်း သိရ ...
(၇)
ယနေ့ နေ့လည် (၁) နာရီ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်
အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်းတွင် လုံခြုံရေးတာဝန်
ယူထားသော အာဏာပိုင် မရှိတော့ပါဟုသိရှိရ ...
(မြတ်လေးငုံ - ဘလော့)
(၆)
လွန်ခဲ့တဲ့ ၂ နာရီအတွင်း ကမ္ဘာတဝှန်း လူမှုဆက်သွယ်ရေး
ကွန်ယက်တခုဖြစ်တဲ့ တွစ်တာ Twitter သုံးစွဲသူတွေကြား
ဆွေးနွေးမှုအများဆုံး အကြောင်းအရာ ထိပ်ဆုံးတန်းဝင်စာရင်း
မှာ ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်ပါတယ်။ အများဆုံး
ပြောကြတဲ့ အကြောင်းအရာ ၁ဝ မျိုးထဲမှာ အဆင့် ၄ လိုက်
ပါတယ် ... (မဇ္ဈိမ သတင်း)
(၅)
ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ရောက်ရှိနေသော တောင်ငူမြို့နယ်
NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က “ဒီနေ့မနက်
ဒေါ်အောင်ဆန်းစုကြည်လည်း လက်မှတ်ထိုးပြီးပြီ။ ညနေ ၄ နာရီ
လောက်တော့ လွတ်မယ်” ဟု ဧရာဝတီ မီဒီယာသို့ ပြော ...
(၄)
ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရန် ယနေ့ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ က လက်မှတ်ထိုးသည်ဟု NLD ဒု ဥက္ကဌ ဦးတင်ဦး က
ပြောကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားသတင်းထောက် တဦးက
ပြောဆို ....
(၃)
ရွှေဂုံတိုင် NLDရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို
ကြိုဆိုရန် လူပေါင်း တထောင်ခန့် ရောက်ရှိနေပြီး လုံခြုံရေး
တပ်ဖွဲ များ နှင့် စွမ်းအားရှင် အင်အား စုစုပေါင်း ၂၀၀ ခန့်က
လည်း လမ်းတဘက်ရှိ ယုဇန တာဝါဘက်တွင် နေယူထား
သည်ဟု သတင်းရ သည်။ ရုံးရှေ့ရှိ လူအုပ်ကြီးမှ
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဆိုသည့် ကြွေးကြော်
သံများကို ကြွေးကြော်ပြီး စောင့်ဆိုင်း နေသည်။
(ဧရာဝတီ မီဒီယာ ...)
(၂)
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ရန်ကုန်တိုင်း ဗဟန်း
မြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး
ရဲ့ အတွင်းအပြင်မှာ တိုင်းနဲ့ ပြည်နယ် အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊
လူငယ်တွေ၊ ပရိသတ်တွေနဲ့ စည်ကားနေပါတယ် ...
(၁)
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်
ဝင်းထဲကို ရန်ကုန်အခြေစိုက် သံရုံးတချို့မှ သံတမန်တွေ ဝင်
ထွက်သွားလာတာကို တွေ့ရတယ်လို့ အခြေအနေကို စောင့်ကြည့်
နေတဲ့ မဇ္ဈိမ သတင်းထောက်တွေက ပြောပါတယ်။ ကုက္ကိုင်းလမ်း
ဆုံအနီးမှာလည်း သတင်းစာဆရာတွေ အပါအဝင် စောင့်ဆိုင်းသူ
၈ဝ လောက်ရှိတယ်လို့ သိရပါတယ်။
31 comments:
သတင်းကြားရတာ ဝမ်းသာတယ်ဗျာ။ ဒါပေမဲ့ ဘယ်နေ့ပြန်ဖမ်းအုံးမလဲ မသိဘူး။
စိတ်ပူတာက လူအုပ်နဲ့အတူ
ရောင်တော်ပြန်တွေက ဆူပူမှုကို အစဆွဲမှာ
ကြောက်ရတယ်ဗျာ။ လူတွေက သိပ်များနေရင်
ဘယ်သူ ဘာဆိုတာ မသိနိင်ဘူးလေ။
ကလိန်စေ့ငြမ်းစင်နေကြတာလားမသိဘူးဗျာ အခုထိအောင် မလွတ်သေးဘူးဆိုတော့ မဲအာရုံမရှိအောင်များလုပ်နေသလားသိဘူးဗျာ
မဖြစ်သင့်ဘူးဗျာ လုံးဝမဖြစ်သင့်ဘူး။
ကြိုဆိုတယ် ဆိုပေမဲ့ ဒီလို မလုပ်သင့်ဘူး။
အခုမှ လွတ်လပ်လာမဲ့သူ တစ်ယောက်ကို အေးဆေး နေဖို့ အရင် ခွင့်ပြုပါဦး။ လူတွေကလည်း အုပ်အုပ်ရောရောနဲ့ လုပ်တတ်တာ ခက်တာပဲဗျာ။
ကိုအောင်ခင်မြင့်ရေ..ကျွန်တော်တော့ဒေါ်စုလွတ်လာတာကိုဝမ်းသာပေမဲ့ဗျာသူ့လုံခြုံရေးကိုစိတ်ပူတယ်။ဒီကောင်တွေကဘုန်းကြီးတောင်သတ်တဲ့ကောင်တွေလေ။လူစိတ်ရှိတာမဟုတ်ဖူးဗျာ။
အမှန်တကယ် ထာဝရ လွတ်မြောက်လာပါစေ...
လွတ်လိုက်ပြန်ဖမ်းလိုက် လုပ်တာမျိုးတော့ မဖြစ်ပါစေနဲ့။
အပြစ်မရှိအပြစ်ရှာသူများလက်မှ ရာသက်ပန်လွတ်မြောက်ခွင့်ရပါစေ....
ချော
သတင်းကို စောင့်မျှော်မောရပါသည် ...
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
the Nobel Peace Prize in 1991
ဒေါ်အောင်ဆန်းစုကြည် အား ဂါရ၀ပြုပါသည်
သန့် ငြိမ်း ကြယ်စင် စံ
ယက္ခ ကု မ္ဘာန် ဘီလူး ပြန်
နေခြည် အောင်ပွဲ ခံ ... ။
ငြိမ်းစိုးဦး
( Nov ; 1 ; 2010 )
ယနေ့ တင်သော ပို့စ် ဖြစ်ပါသည်
nyeinsoeoo.multiply.com
update news တင်လို့ လူစည်အောင် လုပ်တာ ကောင်းပေမယ့် သတင်းလေးတွေ မှန်ဖို့တော့ လိုတယ်နော် ;)
ပေါက်ကြိုင်း
သတင်းကို စောင့်မျှော်မောရပါသည် ...
From Singapore.
I am updating .
Ko Nay Linn
From Singapore
ကိုဇော်ပြောတာထောက်ခံတယ်။ သူ့သားလေးတွေနဲ့ လွတ်လပ်စွာလေးတွေ့ပါစေအုံး။ ချစ်လို့ကြိုဆိုကြတာ မှန်ပေမဲ့လို့ ဒီလိုအုပ်နဲ့ကျင်းနဲ့ တရုံးရုံးဖြစ်တာမျိုးကျတော့လဲ လုံခြုံရေးကိစ္စကပါ ပိုစိုးရိမ်ရသလိုဖြစ်နေတာပေါ့။ ဒီတစ်ညတာလောက်ကလေးတော့ လွတ်လပ် အေးဆေးစွာနဲ့ နေပါစေဦးတော့လားနော်။
သူ့ရမှ သိရမမျှ မျှဝေပြီးတင်ပေးနေတာပဲ ပေါက်ကြိုင်းရယ် မှန်မမှန်တော့ ကိုယ့်ဘာသာ ချင့်ချိန်ပေါ့ ကိုအောင်က နာမည်ကြီးသတင်းဌါနကြီးမှမဟုတ်တာ ခင်ဗျားလဲ သူလောက်ပဲ လုပ်ကြည့်စမ်းပါဦးဗျာ..
ပြည်သူတွေကို မျှော်လင့်ချက်ပေးပြီး အချိန်ဆွဲထားတာမျိုးမဖြစ်ပါစေနဲ့ ..
အမေစု တကယ် လွတ်မြောက်ပါစေ လို့ ဆုတောင်းနေမိတယ် ..
(တကယ် လွှတ်ပေးပါ့မလားလို့  စိတ်ပူနေမိတယ်)
I am updating on every minute.....
Release on time ......
Ko Nay Linn
From Singapore.......
ကိုအောင် ရေ
မျှော်ရတာမောလှပြီဗျာ
The world is waiting for her freedom
အားလုံးငြိမ်းချမ်းပါစေ
ရွှေစင်ဦး
ကြိုဆိုကြတဲ့သူတွေ သိပ်များနေလို့များ လွှတ်မပေးသေး တာလားဆိုတာလဲ စဉ်းစားကြပါအုံး။ စောင့်နေတဲ့လူအုပ်ကို အကျိုးအကြောင်း မေတ္တာရပ်ခံပြီး နဲနဲရှင်းလို့များ မရနိုင်ကြဘူးလား။ တော်ကြာ မပြောကောင်းမဆိုကောင်း လုံခြုံရေးစိတ်မချရဘူး ဘာညာ အကြောင်းပြပြီး မလွှတ်ပေးဘဲ ရက်ထပ်တိုးနေမှဖြင့်....
ကျွန်တော် လည်းပျော်ပါတယ် ဒေါ်အောင်ဆန်းဆုကြည် လွတ်လာလို့လေ
Anonymous 13 November 2010 09:02 ပြောသလိုပဲ မလွှတ်ချင်လို့ သူတို့လူတွေထည့်ပြီး အော်ခိုင်း၊ နောက်ကလူထုကလိုက်အော်ရင် တိုင်းပြည်ဆူပူမှာစိုးရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်ပြီးသက်တမ်းတိုးအုန်းမှာ။
Kindly forward the below message to her,pls."She still need to ALIVE & to BE SAVED for our country. Taking care in every step seriously, pls."
ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာ အလွန်ပဲ ၀မ်းသာပါတယ်။ သူ့လုံခြုံရေးအတွက် သေချာ စီစဉ်ထားကြ ပြီးသားရှိ မရှိမသိရသေးလို့ စိတ်ပူမိပါတယ်ဗျာ။ လူအုပ်ကြီးက များတော့ လူဆိုးလူကောင်းခွဲဖို့က မလွယ်ပါ။
သူ့  ကို ငြိမ်ငြိမ်လေးခဏလောက်နေစေချင်ပါတယ်။
ပြင်ပလေကလေး ဝဝရှုပရစေဦး..လို့ ။
အဖိုးတန်ဆိုလို့  သူတစ်ယောက်ထဲ ရှိတော့ တယ်။
အားလုံးဝိုင်းထိန်း ကြစေလိုပါတယ်။
ဖြစ်ခဲ့ တာတွေကို သတိပြု ကြပါတော့  ။
တဆင့်ချင်း တက်ကြ သွားကြပါတော့  ။
ကိုအောင်ရေ.....
ဝမ်းသာတာပဲသိတယ်....
ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးအတွက် အထူးပဲ စိတ်ပူတယ်ဗျာ။ သူမရဲ့အဖေ ကျွန်တော်တို့ရဲ့ ဗိုလ်ချူပ်အောင်ဆန်းလို သူတစ်ပါးလုပ်ကြံခံရတာမျိုး အဖြစ်မခံနိုင်ဘူး ဗျ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးအတွက် အထူးပဲ စိတ်ပူတယ်ဗျာ။ သူမရဲ့အဖေ ကျွန်တော်တို့ရဲ့ ဗိုလ်ချူပ်အောင်ဆန်းလို သူတစ်ပါးလုပ်ကြံခံရတာမျိုး အဖြစ်မခံနိုင်ဘူး ဗျ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးအတွက် အထူးပဲ စိတ်ပူတယ်ဗျာ။ သူမရဲ့အဖေ ကျွန်တော်တို့ရဲ့ ဗိုလ်ချူပ်အောင်ဆန်းလို သူတစ်ပါးလုပ်ကြံခံရတာမျိုး အဖြစ်မခံနိုင်ဘူး ဗျ။
သတင်းတွေအပြည့်အစုံဖတ်ရတဲ့အတွက် ကျေးဇူးအထူးပါ ကိုအောင်ပျူရေ..
ကိုအောင်ရေ
မင်္ဂလာပါ။
ကျွန်မက ဗဟန်းမသွားနိုင်လို့ တစ်ချိန်လုံးဒီဘလော့ဂ်ကိုပဲလာနေပါတယ်။
ခင်မင်စွာဖြင့်
ကိုပေါက်ကြိုင်းရေ... ကိုချစ်ဖေပြောတာ ဟုတ်တယ်ဗျ.. အဲ့လိုကြီး ပြောတာတော့ မကောင်းဘူးထင်ပါတယ်
မြန်မာနိုင်ငံရဲ့  တော်ဝင် စံပြ အမျိုးသမီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကည် လွတ်မြောက်တာကို လှိုက်လှိုက်လဲလဲ ဝမ်းသာပါတယ် ...
သူ့ သားနဲ့ ပြန်တွေ့ ပါစေလို့ ...
မြန်မာပြည်သူတွေရဲ့ မိခင်ဖြစ်သလို ၊ သူ့ သားတွေရဲ့  မိခင်လဲ ဖြစ်လို့ ပါ...
ကျွန်မရေးထားတဲ့ကဗျာလေးနဲ့ သူငယ်ချင်းတွေအားလုံးကို မျှဝေပေးလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။
" To Our Beloved Mother"
Nov 13th makes us history.
The hopes rise again like a dawn.
Cause of you,
We can see our future clearly.
Cause of you,
We can laugh with our pains.
We will stay straight as you said.
We will try to forgive The Heartless China as you said.
We will obey whatever you said.
We don't want to be orphans anymore.
Please..........
Don't make us orphans again.
J.B (Mogoke)
15th Nov 2010
7:40 A.M
May God Bless You Forever and More..........!
ဒေါ်အောင်ဆန်းစုကြည် ကို
အားကိုးပါတယ်..
အမေစု...
အကောင်းဆုံးလုပ်နိုင်ပါစေ...
Post a Comment