Thursday, 4 November 2010

မီဒီယာများ စုံစမ်းကြည့်ကြပါအုံး

အတည်ပြုဖို့ မလွယ်ကူတဲ့ သတင်းတွေအရ ကြံ့ဖွတ်က “နှစ်ကျပ်ကွက်”
ရှာဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်တွေ
ဖြစ်တဲ့ စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်းနဲ့ ရန်ကုန်မြို့တော်ဝန်
အောင်သိန်းလင်းတို့က တိုင်းနဲ့ မြို့နယ်အဆင့် ကြံ့ဖွတ်အမာခံတွေကို
“ရွေးကောက်ပွဲ သပိတ်မှောက်” မှုကို ခုတုံးလုပ်ဖို့ ညွှန်ကြားထားကြောင်း
ပြောနေကြပါတယ်။ NO VOTE Campaign (မဲမပေးရေး) လှုပ်ရှားမှုကို
ဦးဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြား အဖွဲ့အစည်းများ
က ဖြန့်ဝေနေတဲ့ စာရွက်တွေကို “ပုံတူရိုက်” ထင်ယောင်ထင်မှား ပုံစံနဲ့
နိုဝင်ဘာလ (၅)ရက်နေ့ ညနေက စပြီး (၇) ရက်နေ့ မဲရုံ ပိတ်ချိန်အထိ
ဖြန့်ဝေမယ်လို့ ရန်ကုန် မြို့တော်ခန်းမရှိ စည်ပင်သာယာရုံးက ၀န်ထမ်း
အချို့ဆီမှ သိရပါတယ်။



မဲရုံတွေဆီ မဲလာပေးတဲ့သူ နည်းနေမယ်ဆို ဒို့အတွက် ပိုကောင်းတယ်၊
သူတို့ မဲလာပေးနေရင် ရေတွက်နေရအုံးမယ်၊ လာမပေးတော့ ဒို့မိသားစု
ဝင်တွေ ပေးတဲ့ မဲနဲ့ အပြတ်အသတ်နိုင်ဖို့ ကျိန်းသေသွားတာပေါ့ကွာ၊
သူတို့ အကွက်နဲ့ သူတို့ကို ဆော်လိုက်ရုံပဲ၊ နှစ်ကျပ်ကွက်ပေါ့ …

ဟု စစ်အစိုးရ အထက်အရာရှိများက အောက်ခြေ ၀န်ထမ်းများကို
ရှင်းပြနေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပက်သက်ပြီး သတင်း
မီဒီယာများအနေဖြင့် စုံစမ်းမေးမြန်းသင့်ပါကြောင်း …..

(မှတ်ချက်။ ။ ရွေးကောက်ပွဲမှာ မဲလာပေးနိုင်သလို မပေးပဲလည်း
နေခွင့်ရှိတယ်ပဲ ရေးထားတာ။ မဲပေးခွင့်ရသူများရဲ့ ရာခိုင်နှုန်း
ဘယ်လောက်ကျော် မဲပေးမှ ရွေးကောက်ပွဲ အထ မြောက်မယ်လို့
လုံးဝ မရေးထားဘူး။ နိုင်ငံတကာမှာလည်း အဲလို ပြဋ္ဌာန်းထား
တာ မရှိဘူး။ ကျွန်တော်လည်း ရွေးကောက်ပွဲကို လက်မခံဘူး။
သွားမပေးပြန်တော့လဲ ဘာမှ မဖြစ်ဘူး။ ကိုယ်ပေးချင်တဲ့ သူလဲ
မပါဘူး။ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ။
ရွေးကောက်ပွဲ အထမြောက်တယ် မမြောက်ဘူးဆိုတာ ဥပဒေ
မှာလဲမပါ။ နိုင်ငံတကာမှာလည်း ပြဋ္ဌာန်းထားတဲ့ နိုင်ငံက ပြဋ္ဌာန်း။
မပြဋ္ဌာန်းတဲ့ နိုင်ငံကမပြဋ္ဌာန်းတော့ စဉ်းစားရခက်တယ်။
.... comment လာရေးတဲ့ စာဖတ်သူတစ်ဦး၏ အမြင်။)


-စစ်ငြိမ်းဒီရေ

14 comments:

SHWE ZIN U said...

သြ နှစ်ကျပ်ကွက် တဲ့လား အကွက်တွေ များလွန်းလို့ မျက်စေ့တောင် လည်တယ်

ကြိုက်တာလုပ်ကြပါ ထူးမခြားနားးးးးးးးးးး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

နိုင်ငံတကာ စံနှုန်းအရ မဲထည့်မယ့် လူတွေရဲ့ ရာနှုန်း၅၀ ထက်မကျော်ခဲ့ရင် ဒီရွေးကောက်ပွဲ မအောင်မြင်ဘူးဖြစ်မယ် ....

Anonymous said...

မဲလာပေးတဲ့သူ နည်းရင် ရွေးကောက်ပွဲ ပျက်
မယ်ဆိုတာ သူတို့ မသိဘူးလား

MSA

Anonymous said...

အဲလိုပုံစံဆိုရင် မီဒီယာက ဖော်ထုတ်သင့်တယ်
ကိုအောင် တင်ပြထားတာကို ထောက်ခံတယ်
အပေါ်မှာ ပြောသွားတဲ့
“နိုင်ငံတကာ စံနှုန်းအရ မဲထည့်မယ့် လူတွေရဲ့ ရာနှုန်း၅၀ ထက်မကျော်ခဲ့ရင် ဒီရွေးကောက်ပွဲ မအောင်မြင်ဘူးဖြစ်မယ် ....

4 November 2010 08:15” ဟာက
မကျိန်းသေဘူး။ ရွေးကောက်ပွဲမှာ မဲလာပေး
နိုင်သလို မပေးပဲလည်း နေခွင့်ရှိတယ်ပဲ ရေး
ထားတာ။ မဲပေးခွင့်ရသူများရဲ့ ရာခိုင်နှုန်း
ဘယ်လောက်ကျော် မဲပေးမှ ရွေးကောက်ပွဲ
အထ မြောက်မယ်လို့ လုံးဝ မရေးထားဘူး။
နိုင်ငံတကာမှာလည်း အဲလို ပြဋ္ဌာန်းထား
တာ မရှိဘူး။ ကျွန်တော်လည်း ရွေးကောက်
ပွဲကို လက်မခံဘူး။ သွားမပေးပြန်တော့လဲ
ဘာမှ မဖြစ်ဘူး။ ကိုယ်ပေးချင်တဲ့ သူလဲ
မပါဘူး။ ဘယ်လို လုပ်ရမှန်းတောင် မသိ
တော့ပါဘူးဗျာ။ ရွေးကောက်ပွဲ အထမြောက်
တယ် မမြောက်ဘူးဆိုတာ ဥပဒေမှာလဲ
မပါ။ နိုင်ငံတကာမှာလည်း ပြဋ္ဌာန်းထားတဲ့
နိုင်ငံက ပြဋ္ဌာန်း။ မပြဋ္ဌာန်းတဲ့ နိုင်ငံက
မပြဋ္ဌာန်းတော့ စဉ်းစားရခက်တယ်။

လေးစားတယ် အကိုရေ
ခင်မောင်အေး

ကိုချစ်ဖေ said...

ရွေးကောက်ပွဲ အထမြောက်တယ် မမြောက်ဘူး ကြံဖွတ်က မဲနိုင်တယ်မနိုင်ဘူး အားလုံး မမြောက်ရင် မြောက်အောင်လုပ်မယ် မနိုင်ရင်လဲ နိုင်အောင်လုပ်မှာပါပဲ ပြည်သူလူထုက လွတ်လွတ်လပ်လပ် စစ်မှန်စွာ ရွေးချယ်တင်မြောက်ထားသော ပြည်သူ့အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ ပူးတွဲ၍ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြင့် ဖေါ်ဆောင်နေပါသည် လို့ သတင်းခေါင်းစဉ်မှာ စာလုံးမဲကြီးတွေနဲ့ သတင်းတွေ အစိုးရသတင်းစာမှာ မကြာခင် ဖတ်ရတော့မှာပါ

ARYONU said...

အဲဒါကြောင့်ပြောနေတာ သပိတ်မှောက်ရုံနဲ့မရဘူး(((ရွေးကောက်ပွဲ မပျက် ပျက်အောင်ဖျက်ရမယ်။))) မဲလာထဲ့သူရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ရွေးကောက်ပွဲနေ့အထိ အေးအေးဆေးဆေး ပြီးသွားရင် ၁ယောက်ဘဲလာလာ၊၂ ယောက်ဘဲလာလာ ကြံဖွတ် ၉၉% နိုင်ပြီးလို့ကြေငြာလိမ်မယ်။ ပျက်သွားရင်တော့ အောင်သောင်းတို့ဗိုလ်ပြုတ်တစု မျောက်သစ်ကိုင်းလွတ်ပြီးလို့သာမှတ်ပေတော့

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ပဿနာမရှိလောက်ဘူးထင်ပါတယ် ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပေါ့ မရှက်တတ်လို့ သူတို့ မိသားစု မဲနဲ့ သူတို့ နိုင်လည်း ကျတော်တို့ အလုပ်ကျတော်တို့ ဆက်လုပ်ကြတာပေါ့
ဗမာပြည် အဓိက ပြဿနာဘာလည်း ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင် ပွဲက မပြီးသေးဘူး
ကျေးဇူးနော်

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ပဿနာမရှိလောက်ဘူးထင်ပါတယ် ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပေါ့ မရှက်တတ်လို့ သူတို့ မိသားစု မဲနဲ့ သူတို့ နိုင်လည်း ကျတော်တို့ အလုပ်ကျတော်တို့ ဆက်လုပ်ကြတာပေါ့
ဗမာပြည် အဓိက ပြဿနာဘာလည်း ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင် ပွဲက မပြီးသေးဘူး
ကျေးဇူးနော်

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ပဿနာမရှိလောက်ဘူးထင်ပါတယ် ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပေါ့ မရှက်တတ်လို့ သူတို့ မိသားစု မဲနဲ့ သူတို့ နိုင်လည်း ကျတော်တို့ အလုပ်ကျတော်တို့ ဆက်လုပ်ကြတာပေါ့
ဗမာပြည် အဓိက ပြဿနာဘာလည်း ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင် ပွဲက မပြီးသေးဘူး
ကျေးဇူးနော်

ကလူသစ် said...

တယောက်လာလဲ အထမြောက်၊ တဦးတည်းပြိုင်လဲ အနိုင်ပေး၊ ဆိုတော့ စုံစမ်းလဲမထူးတော့ပါဘူး။ win- win လို့ပြောရမယ်ထင်တယ်။ အန်အယ်ဒီလုပ်ချင်သလို ကြံ့ဖွတ်က လုပ်ပေးပြီး ကြံ့ဖွတ်နိုင်အောင် အန်အယ်ဒီက လုပ်ပေးနေတာဆိုတော့လေ။ ကြံဖွတ်နိုင်တော့ အစိုးရဖွဲ့သွားပြီး အန်အယ်ဒီဖြစ်ချင်သလို မဲပေးတဲ့ဦးရေ နည်းသွားတော့လဲ “တောင်းဆိုစာ၊ ကန့်ကွက်စာ၊ ကြေညာချက်” တွေထုတ်လို့ရတာပေါ့။ ဟုတ်ဘူးလား။

Anonymous said...

ဘယ်နှစ်ရာခိုင်နှုံးမဲပေးမှ ရွေးကောက်ပွဲအထမြောက်တယ်ဆိုတာမရှိပါဘူး...လူနှစ်ယောက်ရှိရင် တစ်ယောက်လာပေးရင်လည်း ဒါဟာ အထမြောက်တာပါပဲ..ဒီတော့ ဘာမှမလုပ်ခင်ကို အခုဆို ကြိုတင်မဲတွေက ပေးပြီးနေကြပြီ ဒီတော့ နောက်ဆုံးမြန်မာပြည်တွင်းမှ တစ်ယောက်မှမထည့်တောင်မှ(မဖြစ်နိုင်လည်းပဲ ဒီမိုငတုံးတွေစိတ်ချမ်းသာအောင်ပြောရချင်းဖြစ်တယ်)ကြိုတင်မဲတွေနဲ့ရင် ရွေးကောက်ပွဲက အထမြောက်နေပြီ...

ဒီတော့ မဲမပေးဖို့အော်နေတာ အလကားပဲ...ကြံ့ခိုင်ရေးကိုမကြိုက်ရင် အခြားပါတီတွေကို အားပေးကြလေ...ငုတ်တုတ်ထိုင် စောက်တင်းပြောနေလို့တော့ တစ်သက်လုံးဘာမှဖြစ်မလာဘူး...


ရွှေအညာသား

ကိုအောင် said...

ရွှေအညာသားရေ ..
အရမ်းကြီတော့ မဆဲပါနဲ့ဗျာ၊ ကောင်းကောင်း
မွန်မွန် ပြောပါ ရေးပါ၊ ခင်ဗျားရဲ့ ကော်မန့်ကို
ခွင့်ပြုမှာပါ။

ARYONU said...

http://soundcloud.com/aryonu/a0000019

"စစ်အုပ်စုကို ၆ရက်နေ့ည ၈နာရီမှာ တနိုင်ငံလုံး သံပုံတီးမောင်းထုတ်ကြစို့"

sosegado said...

ကောင်းလိုက်တဲ့ အကွက်၊
မထင်တာတွေဖြစ်လာနိုင်စရာရှိတယ်လို့ပြောနေကြတယ်